Friday, July 13, 2018

Xiaomi Mi 8 Review???



ခုချိန်လောက်ဆို Mi 8 နဲ့ပတ်သက်တဲ့ အဆိုး၊အကောင်း အကြောင်းအတော်များများကို Fan တွေအနေနဲ့လည်း ကြားကြ၊ သိကြပြီးလောက်ပြီထင်ရဲ့။ ကိုယ်တိုင်လည်း Mi 8 ကိုသဘောတွေ့ခဲ့သူတစ်ယောက်မို့ အဲဒီသတင်းတွေဟာ ကျွန်တော့်ကို ကိုယ်တိုင်စမ်းသပ် Review ရေးစေဖို့ အများကြီးတွန်းအားဖြစ်စေခဲ့တယ်။ ဒီတော့ Xiaomi ရဲ့ Mi 8 ဟာ 2018 မှာ Flagship Killer ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ဖုန်းတစ်လုံး ဖြစ်ရဲ့လားဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော်လေ့လာ၊ စမ်းသပ်ထားသမျှကို တစ်ချက်ချင်း ရှင်းပြပေးသွားမှာပါ။

ဈေးနှုန်းအနေနဲ့ ကျွန်တော်တို့စမ်းသပ်ခဲ့တဲ့ 128GB/ 6GB RAM အဖြူ ရောင်ကို မြန်မာငွေ ၅သိန်း ၆သောင်း၇ထောင် ကျပ်နဲ့ Mobile Image မှာ ဝယ်ယူနိုင်ပါတယ်။

Design & Build Quality

iPhone Clone လို့ အခေါ်ခံရတဲ့ဒီ Design ကို Fan တွေကိုယ်တိုင်လည်း အနည်းနဲ့အများစိတ်ပျက်မိကြမှာပါ။ ကျွန်တော်လည်း ထိုနည်းတူပါပဲ။ iPhone X မှာလို ချွတ်စွပ်တူနေတဲ့ Vertical Camera Design, တခြား Android ဖုန်းတွေထက် ထူးခြားပြီးကြီးနေတဲ့ Notch စတာတွေက ရုတ်တရက်ဆို iPhone X လို့တောင် အမှတ်မှားစရာလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် Design ပိုင်းတူညီမှုက ဒီမှာတင် ပြီးပါပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ခုရဲ့ မတူညီတဲ့ ကျောဘက် Design ကြောင့်ပါ။

Mi 8 ဟာ သူတို့ Back Design ကို Mi Note မှာ စခဲ့တဲ့ ဘေးနှစ်ဖက်အခုံးပုံစံအတိုင်း ရိုးရာမပျက် ဆက်သုံးထားတယ်။ Fingerprint က ကျောဘက် အလယ်နားမှာရှိတယ်။ တိုတိုပြောရရင် Minimalistic Design ပါပဲ။

Notch အကြီး၊ အသေးဟာ ထောက်ပြစရာတစ်ခုဖြစ်သည့်တိုင် Notch ကြိုက်သူရော၊ မကြိုက်သူတွေအတွက်ပါ ထူးထူးခြားခြား စိတ်အနှောင့်အယှက်ဖြစ်စရာလို့ မမြင်မိဘူး။ ပိုရှည်သွားတဲ့ Notch ထဲမှာ Infrared Sensor လို Face Unlock ကိုအထောက်အကူပြုမယ့်ပစ္စည်းပါလာတယ်။ Chin လည်း ပါနေသေးတယ်ဆိုပေမယ့် ပါးသင့်သလောက်ပါးတယ်။ ဒီလောက်ပါပဲ။

ဟုတ်ပြီ၊ Design ပိုင်းဂွမ်းတယ်လို့ပြောရင်လဲ လက်ခံရမှာပါ။ ဒါပေမယ့် Copy Design ဖြစ်နေလို့ Build Quality က မညံပါဘူး။ Mi 8 ရဲ့ Glass နှစ်ခုကြား Aluminium Frame နဲ့ Sandwitch Design ဟာ Unibody Design လို့တောင်အမှတ်မှားစေလောက်ပါတယ်။ ဘာလို့လဲဆိုတော့ Metal Frame ရဲ့အနားသတ်တွေဟာ အတော်လေး Smooth ဖြစ်ပြီး Glass Layer နဲ့ဆက်စပ်မှုဟာ တစ်သားတည်းလို့ခံစားရလောက်အောင် သေသပ်တယ်။ ပြီးတော့ Reflective Sticker ကို ကျောဘက်မှာကပ်ထားရင် လက်ဗွေ၊ အပွန်းအစင်းထင်မှာမစိုးရိမ်ရတဲ့အပြင် အလင်းရောင်အောက်မှာဆို အတော်လှလို့ အဖြူ မကြိုက်တဲ့ကိုယ်တွေတောင် ဖုန်းစမ်းတဲ့အချိန်အတော်များများမှာ Cover မတပ်ပဲကိုင်ဖြစ်ခဲ့တဲ့အထိပါပဲ။

ထုံးစံတိုင်း Power နဲ့ Volume Button တွေက ဖုန်းရဲ့ညာဘက်မှာရှိတယ်။ ခလုတ်တွေနဲ့နေတာမျိုးမရှိပဲ တင်းတင်းရင်းရင်းနဲ့ Feedback ကလည်း ကျေနပ်စရာကောင်းတယ်။ ဘယ်ဘက် အပေါ်နားမှာ Dual Nano Sim Slot ပါတယ်။ 3.5mm Jack မပါတာကို အပြစ်မတင်ချင်တော့ပေမယ့် Mid-range ဖုန်းတွေမှာတောင်ပါတဲ့ IR Blaser ပါမလာတာတော့ အတော်ဂွမ်းတယ် (အခြားသော Flagship တွေလည်း မပါတော့ဘူး) ဖုန်းအလေးအချိန်ကတော့ အရမ်းမပေါ့၊မလေးအနေအထားပါပဲ။

ဒီတော့ Overall ပြောရရင် Xiaomi ရေ၊ ခင်များတို့ Design ပိုင်းကို အတော်လေးအာရုံစိုက်ဖို့လိုနေပါပြီ။ ဒီအတိုင်းပေကပ်ပြီးဆက်သွားရင်တော့ တစ်ခြား Fan တွေတင်မကပဲ အမာခံ Mi Fan တွေကိုယ်တိုင်ရဲ့ ငြိုငြင်မှုကိုပါ ခံရလိမ့်မယ်။ Mi 8 အနေနဲ့တော့ Design ကို 👎 Build Quality ကို 👍 ပါ။

Display & Security

Super AMOLED Display နဲ့ Flagship တွေပဲဆက်တိုက်သုံးလာတဲ့သူတစ်ယောက်အဖို့ Mi 8 က သိပ်မဆန်းပေမယ့် Mi Fan တွေအတွက်တော့ မျှော်လင့်ခဲ့ရတဲ့ ဆန္ဒ ခုမှတကယ်ပြည့်ဝတာပါ။ Mi 8 မှာ 18:7.9 Ratio, 6.2" 1080P+ AMOLED Display ကို သုံးထားတယ်။ Xiaomi နဲ့ AMOLED ဓာတ်ပြုမှုကတော့ ဒီတစ်ခေါက် အောင်မြင်ပြီလို့ဆိုရမယ်။

သူ့ရဲ့ Color တွေက အတော်စိုရွှန်းပြီး Accurate လည်း ဖြစ်တယ်။ ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့ချိန်တွေမှာ အတော်ကျေနပ်ဖို့ကောင်းတယ်။ Notch မကြိုက်သူတွေအတွက် Setting မှာ ဖျောက်ထားနိုင်ပေမယ့် ဒုံးတိဆန်လွန်းတယ် (ကိုယ်တွေတော့ Notch ပါတာပိုသဘောကျမိ) ဒါ့အပြင် YouTube, Media Player စတာတွေနဲ့ Video ကြည့်တဲ့အခါမှာ Notch အထိ Full Screen ချဲ့ကြည့်နိုင်တာ ကျေနပ်စရာပါ။ Full Screen Support မလုပ်သေးတဲ့ တစ်ချို့ App တွေကတော့ 16:9 Ratio နဲ့ပဲ ပေါ်နေမှာပါ။ S.AMOLED နဲ့မို့ နေရောင်အောက်မှာအေးဆေး။ Always on Display ပါပေမယ့် Message နဲ့ Noti ကလွဲလို့ တခြား Function, Widget စတာတွေ ပါမလာသေး။ Samsung ရဲ့ Flagship ဖုန်း Display တွေကိုမမှီပေမယ့် 1080p Level မှာတော့ ကိုယ်တွေအကြိုက်မိဆုံးပါပဲ။

Security အနေနဲ့ Fingerprint အပိုင်းကိုထွေထွေထူးထူးပြောမနေတော့ဘူး။ ကြိုက်တဲ့သူရှိမယ်၊ မကြိုက်တဲ့သူရှိမယ်၊ ဒီလောက်ပဲ။ တကယ်တမ်းအံ့အားသင့်စေခဲ့တဲ့အချက်က သူ့ရဲ့ Face Unlock ပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Unlock Speed က Lock Screen တောင် မမြင်လိုက်ရပဲ Home Screen ဆီ တန်းရောက်သွားတဲ့အထိ မြန်နေလို့ပါ။ အစက မျက်နှာကို Scan မလုပ်ပြီးမချင်း Screen မဖွင့်ပေးပဲ ခိုထားတာလားလို့တောင် သံသယဝင်ပြီး မျက်နှာလွှဲပြီး ဖွင့်လိုက်တော့ Lock Screen တကယ်ပွင့်လာတယ်။

ဆိုလိုတာက Infrared Sensor ရဲ့အကူအညီကြောင့်ကို သူ့ရဲ့ Speed က ရိုးရိုး Face Unlock တွေထက် ပိုမြန်နေတာပါ။ ဒါ့အပြင် Low Light မှာလည်း Screen Light ကို အားကိုးနေစရာမလိုတော့။ ဒါပေမယ့် 3D Face Unlock လောက်တော့ Secure ဖြစ်မယ်မထင်မိ (Xiaomi ကတော့ Mi 8 ရဲ့ Face Unlock ကို ဓာတ်ပုံ၊ Video, Mask စတာတွေနဲ့စမ်းပြီး ကြွားပြထားလေရဲ့ 😅) Face Unlock အတွက် Double Tap အပြင် iPhone မှာလို ဖုန်းကောက်ကိုင်တာနဲ့ Screen ပွင့်တဲ့ Function မျိုးလည်းပါလို့ တွဲသုံးရအတော်လေးအဆင်ပြေတယ်။ Mi 8 ဝယ်ဖြစ်သူတွေ Face Unlock ကိုသုံးဖြစ်အောင်သုံးကြည့်စေချင်တယ်။

Speaker & Audio Quality

Mi 8 မှာ မကြိုက်ဆုံး၊ အားအနည်းဆုံးအချက်ကိုပြောပါဆိုရင် သူ့ Speaker ကိုပဲထောက်ပြမိမှာပါ။ ဘာကြောင့်လဲဆိုတော့ Mi 6 မှာ Dual Stereo Speaker ပါခဲ့ရက်နဲ့ ခုကျမှ Single Speaker ပြန်သုံးတာကြောင့်ပါ။

ဟုတ်ပြီ၊ ဈေးသက်သာအောင် တစ်ချို့အပိုင်းတွေ ဝိတ်လျှော့တယ်ထားဦး၊ Mi 6X မဟုတ်တောင် Mi 5X မှာသုံးခဲ့တဲ့ Single Speaker ကို သုံးမယ်ဆိုရင်တောင် အတော်ဝမ်းသာမိမှာပါ။ ခုဟာက Mi 8 ရဲ့ Speaker Quality က Redmi Note 5 Level လောက်ပဲရှိတယ်။

Volume ပိုင်းမှာမဆိုးလှပေမယ့် Mi 5X ကိုမမှီသလို Clarity ပိုင်းမှာလည်း အတော်အားနည်းတယ်လို့ ခံစားရတယ်။ ပြီးတော့ သီချင်းဖွင့်ရင် Tone Color တွေက ကြမ်းရှရှ ဖြစ်နေတာ အတော်လေးသဘောမတွေ့စရာပါ။ (အဲဒီလိုပြောနေလို့ သူ့ Speaker က လွှင့်ပစ်ရလောက်အောင် စုတ်နေတာမျိုးတော့မဟုတ်၊ 5X ရဲ့ Speaker ကိုက Single Speaker Phone တွေကြားမှာ အတော်ကြီးကောင်းနေတာကြောင့်ပါ။) ဘယ်လိုပဲဖြစ်ဖြစ် Mi 6 မှာသုံးခဲ့တဲ့ Stereo Speaker ကနေ Downgrade ဖြစ်သွားတာကတော့ အတော်လေးခံပြင်းဖို့ကောင်းတယ်ထင်မိ။

Mi 8 ရဲ့ Audio Quality ကတော့ Speaker နဲ့ပြောင်းပြန်ပါပဲ။ စကားတစ်လုံးထဲနဲ့ ချီးကျူးပါလို့ပြောခဲ့ရင် "Harmonic" ဆိုတဲ့စကားကိုသုံးဖြစ်မှာပါ။ Clarity ကောင်း၊ Sound Separation တွေလန်းတဲ့ Flagship ဖုန်းတွေကို ကျွန်တော်စမ်းခဲ့ဖူးတယ်။ ဒါပေမယ့် အသံတစ်ခုနဲ့တစ်ခုကြား စည်းချက်ညီညီချိတ်ဆက်မှု၊ Colorful & Lively ဖြစ်တဲ့ Feeling မျိုးကိုတော့ Mi 8 မှာမှ အပြည့်အဝရခဲ့တယ်ဆိုရမှာပါ။ သူ့ရဲ့အဓိကအားသာချက်တွေက အစွန်းနှစ်ဖက်လို့ပြောလို့ရတဲ့ Bass & Treble Sound တွေပါ။ ဒါပေမယ့် တကယ်နားထောင်တဲ့အခါ အားသာချက်တွေက သပ်သပ်ကြီးချွန်ထွက်နေတာမျိုးမဟုတ်ပဲ သူ့နေရာနဲ့သူ ဟန်ချက်ညီညီချိတ်ဆက်သွားပုံက MCU ရဲ့ Infinity War ကို အရသာရှိရှိကြည့်လိုက်ရသလိုပါပဲ။

အဲလိုခံစားချက်မျိုးရဖို့ Type C adaptor, နားကြပ်ကောင်းကောင်း (Mi တံဆိပ်ထဲကဆို ပိုအဆင်ပြေမယ်) နဲ့ Mi Sound Enhancer ကို On ထားဖို့လိုပါလိမ့်မယ်။ Bluetooth Earphone နဲ့စမ်းကြည့်တာမှာတော့ Loudness ကျသွားပြီး Tone တွေကလည်း Colorful သိပ်မဖြစ်တာတွေ့ရတယ်။ ဒါပေမယ့် ခုနောက်ဆုံးထွက်ထားတဲ့ MIUI 10 Beta မှာ LDAC Audio Codec ကို Support စပေးပြီဆိုတော့ MIUI 10 မှာ ပိုကောင်းတဲ့ Bluetooth Audio Quality ကိုခံစားရနိုင်ဖို့ရှိနေပါတယ်။ လောလောဆယ်မှာတော့ "Plug-in ur Earphone, Enjoy Music and Feel the Colors" ပါ။

Vibration ပိုင်းမှာတော့ Glass Body ပေါ်က Sensation ဟာ Mi Note 3 တို့ Mi 6X တို့မှာရခဲ့တဲ့ Feeling မျိုးကိုတော့ မမှီသေး။ အလယ်အလတ်လောက်ပါပဲ။

Battery & Charging

Mi 8 မှာ 3400 mAh Battery ကို သုံးထားတယ်။ ဒါဟာ 6.2" ဖုန်းတစ်လုံးအနေနဲ့ နဲတယ်ထင်ရပေမယ့် တကယ့် Real Life Usage မှာတော့ အတော်အသုံးခံတာတွေ့ခဲ့ရတယ်။ S.AMOLED Display နဲ့ Snapdragon 845 Chipset ရဲ့ Efficiency ကြောင့်-
1hr Video ကို 5%
1hr Social Media ကို 8%
1hr ML ဆော့ရင် 12% (High Frame Rate Mode နဲ့ဆိုရင် နည်းနည်းပိုကုန်နိုင်)
30min PUGB (HDR, Ultra Setting) with Bluetooth Earphone ကို 15%
စသည်ဖြင့်ကုန်တယ်။ အားအရဆုံးကတော့ AOD ကို 8:30 hr ဖွင့်ထားတာတောင် Battery 2% ပဲကုန်တာပါ။

Charging အနေနဲ့ ဘူးထဲမှာ Original Quick Charge Adaptor (Reviewer တွေကတော့ QC 2 Standard Adaptor လို့ပြောကြတယ်။) နဲ့အားသွင်းကြည့်တဲ့အခါ 10-80% ကို 42min နဲ့ပြည့်တာ သွားတွေ့ရတယ်။ ဒီ Result က အတော်အားရစရာပါ။ ဒါပေမယ့် စိတ်မကောင်းစရာက 80-100 အားပြည့်ဖို့ သေမတတ်ကြတာပါပဲ။ ဒီတော့ Final Result က 0-100% ကို 1hr 40min ပါ။ Mi 8 မှာ QC 4+ Support လုပ်တယ်ဆိုပေမယ့် လောလောဆယ်တော့ Support လုပ်နိုင်မယ့် Adaptor မတွေ့မိသေး။ 3rd Party Quick Charge Adaptor သုံးမယ်ဆိုရင်တော့ Result အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါလိမ့်မယ်။

Camera

ဒီနှစ်အတွင်းမှာ Xiaomi ဟာ Camera ပိုင်းမှာ အတော်ကြီးတိုးတက်လာတာတွေ့ရတယ်။ မနှစ်က Mi 6 နဲ့ယှဉ်မယ်ဆိုရင်တော့ Mi 8 ရဲ့ Camera Quality ဟာ Great Improvement လို့ ဆိုရမှာပါ။ Mi 8 ရဲ့ Back Camera မှာ (12+12) Wide & Telephoto ကို သုံးထားတယ်။ Primary Camera မှာ f/1.8 Aperture ကို 1.4µm Pixel Size နဲ့ Sony Sensor သုံးထားတယ်။ Secondary Camera မှာတော့ f/2.4, 1µm Pixel Size နဲ့ Samsung Sensor သုံးထားတယ်။ ဆိုတော့ကာ Image Quality က ဘယ်လိုရှိမလဲ?

Daylight မှာ Image Quality ဟာ Flagship ဖုန်းတွေနဲ့ အသာလေးရင်ပေါင်တန်းနိုင်တယ်။ Color ပိုင်းမှာ နည်းနည်း Saturate ဖြစ်တာက ပြောစရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် Over ကြီးဖြစ်နေတာတော့မဟုတ်။ (Sample တွေမှာကြည့်ပြီးကြပြီလို့ထင်ပါတယ်) Detail နဲ့ Sharpness အတော်ကောင်းတယ်။ Dynamic Range ကတော့ တကယ့်ရှယ်ပါပဲ။ HDR On ထားရင်တော့ Exposure ပိုကောင်းတဲ့ပုံတွေရနိုင်မယ်ဆိုပေမယ့် တော်ရုံအခြေအနေလောက်မှာတော့ Normal Mode နဲ့တင်အဆင်ပြေတယ်။

Low Light ဟာ Mi 8 Camera အတွက် အစွမ်းပြနိုင်ဆုံးအချိန်ဆိုလည်း မမှားပါဘူး။ ဒီနေရာမှာ Low Light Photo တွေကို Smartphone တွေ Handle လုပ်တဲ့ နည်းနှစ်နည်းရှိတယ်။ ပထမတစ်နည်းက Noise ကို အတတ်နိုင်ဆုံးလျှော့ချပြီး Detail နည်းနည်း အကျခံတာပါ။ (ဥပမာ Samsung နဲ့ Huawei တို့လိုပေါ့) နောက်တစ်နည်းက Noise များပေမယ့် Detail နဲ့ Sharpness ကို အကောင်းဆုံးထိန်းပေးတာပါ။ (ဥပမာ HTC တို့ Google HDR+ တို့ပေါ့) Xiaomi က ဒုတိယလမ်းကို ရွေးထားတယ်။ ဒါကြောင့် Noise ပါရင်မကြိုက်တတ်သူတွေအတွက်တော့ Mi 8 Camera ကို စိတ်ညစ်ကောင်းညစ်ကြပါလိမ့်မယ်။ ဒါပေမယ့် Mi 8 ရဲ့ Low Light Photo တွေဟာ Color နဲ့ Detail ကောင်းရုံမကပဲ Exposure ပိုင်းမှာလည်း အတော်စိတ်ကျေနပ်ဖို့ကောင်းတဲ့ Result မျိုး ပေးစွမ်းနိုင်တာ တွေ့ရမှာပါ။

Noise နည်းစေချင်ရင်တော့ နည်းနှစ်မျိုးရှိတယ်။ ပထမတစ်နည်းက Focus အဝိုင်းလေးဘေးက ISO အတန်းကို လျှော့ချပြီးရိုက်တာပါ။ နောက်တစ်ချက်က Manual Mode ကိုသုံးတာပါ။ Manual Mode မှာ Shutter Speed ကို 1 sec လောက်ထားပြီး ISO 100-200 ကြားထားရိုက်ရုံနဲ့ Noise အတော်ရှင်းပြီး Detail ကျတဲ့ Low Light Photo တွေရနိုင်မှာပါ။ (Tripod recommanded)

Mi 8 ရဲ့ Telephoto Lens ကတော့ Mi 6 တို့ Mi Note 3 တို့တုန်းကထက်တော့ နည်းနည်းပိုကောင်းလာတယ်။ အလင်းကောင်းတဲ့နေရာမျိုးမှာ Main Lens နဲ့ Level တူလောက်နီးနီး Image Quality ကို ပေးစွမ်းနိုင်တယ်။ ဆိုးတာက Low Light မှာ Portrait Shot တွေရိုက်ဖို့အဆင်မပြေတာပါ။ ဒီအတွက် Xiaomi အနေနဲ့ Mi 6X မှာလို Low Light Lens သုံးရင်သုံး၊ မဟုတ်ရင်လည်း Google Pixel မှာလို Main Lens နဲ့ Portrait ရိုက်နိုင်မယ့် Solution တစ်ခုခုရှာသင့်ပြီလို့ ထင်တယ်။ (Selfie မှာတောင် Camera တစ်လုံးထဲနဲ့ Portrait ရိုက်နိုင်အောင် လုပ်နိုင်သေးတာပဲ) အလင်းကောင်းတဲ့နေရာမှာတော့ Edge Detection ကောင်းကောင်းနဲ့ Portrait Shot တွေရိုက်ကူးနိုင်မှာပါ။

Selfie Camera ကတော့ Mi 6X နဲ့ Hardware ရော Quality ပါ အတူတူပါပဲ။ ကွာသွားတာက Skin Tone မှာ Mi 8 က အဖြူ ဘက်ပိုသမ်းပြီး Mi 6X က အသားရောင်ဘက် ပိုရောက်တာတစ်ခုပါပဲ။ Image Quality ကတော့ Thumbs Up ပါ။

Video ပိုင်းမှာတော့ Mi 8 အနေနဲ့ Maximum 4K 30fps ထိ ရိုက်ကူးနိုင်တယ်။ Youtube Comparison Video တွေမှာတော့ EIS ပါတယ်ပြောပေမယ့် ကိုယ်တိုင်ရိုက်ကြည့်တာတော့ သိပ်မငြိမ်လှ။ Detail နဲ့ Exposure ပိုင်းမှာတော့ အတော်လေးကောင်းတယ်။ 1080p မှာတော့ Quality ပိုင်းရော Stabilization ပိုင်းမှာပါ Perfect ပါပဲ။ Selfie Camera ရဲ့ Video Quality ပိုင်းမှာတော့ 6X ထက် ပိုကောင်းတာတွေ့ရတယ်။

Mi 8 ရဲ့ AI နဲ့ပတ်သက်ပြီးသိပ်တော့ သဘောမကျလှ။ သူ့ AI က ဓာတ်ပုံတွေကို Oversaturated ဖြစ်စေရုံမကပဲ တစ်ချက်တစ်ချက်မှာ Detail ပါကျကုန်တာတော့ဆိုးတယ်။ အရင် Camera Setting ထဲက HHT Mode အစား AI မှာ Night Mode ကို အစားထိုးထားတာတွေ့ရတယ်။ သူ့ Night Mode က မဆိုးလှပေမယ့် သိပ်အသုံးဝင်တယ်မခံစားရ။ ခြုံပြောရရင် Mi 8 မှာ Camera Hardware ပိုင်းကောင်းသလောက် Software Support မှာ လိုအပ်ချက်တွေရှိနေသေးတာတွေ့ရတယ်။ (MIUI 10 မှာတော့ Camera Mode အသစ်တွေပါလာတော့မှာမို့ ပိုပြီးသုံးရအဆင်ပြေလာဖို့ရှိတယ်။) အဲဒါနဲ့ Low Light Portrait ကိုဖယ်လိုက်ရင် Mi 8 Camera ဟာ DXO mark ကပေးတဲ့ ရမှတ်နဲ့ ထိုက်တန်မှုရှိတယ်လို့ ယူဆမိတယ်။

System

Mi 8 မှာ Android Oreo ကိုအခြေခံထားတဲ့ MIUI 9.5 ကို သုံးထားတယ်။ ဒီနေရာမှာတော့ MIUI 9 ဟာ Mi 8 အတွက်မဟုတ်ဘူးလို့တောင် အားမနာတမ်းပြောလိုက်ချင်ရဲ့။ Freeze ဖြစ်သွားတာ၊ Apps တွေ သုံးရအဆင်မပြေတာမျိုးတော့ မရှိပေမယ့် Animation ပိုင်းမှာ Delay ခဏခဏဖြစ်သွားတာကတော့ High End ဖုန်းတစ်လုံးအနေနဲ့ သုံးရ Feel ကျဲစေတယ်။ Apps အဖွင့်အပိတ် Animation တွေ (အထူးသဖြင့် Camera) မှာ Delay ခဏခဏဖြစ်သလို Full Screen Gesture Mode မှာလည်း လိုအပ်ချက်တွေရှိနေသေးတယ်။ တကယ်တော့ MIUI 10 ကို Stable ဖြစ်အောင်ပြုပြင်ပြီးမှ Mi 8 နဲ့တစ်ပါတည်းမိတ်ဆက်ပေးသင့်တယ်လို့ထင်မိတယ်။ ကောင်းကွက်အနေနဲ့ RAM Management တော့ အတော်ကောင်းလာတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ MIUI 10 Stable ရတဲ့အခါမှာ Mi 8 ကို တစ်ခါတစ်ခေါက်လောက် ပြန်ပြီးစမ်းကြည့်ချင်မိရဲ့။


ဒီလောက်ဆို Mi 8 အကြောင်း အတော်စုံပြီလို့ယူဆပါတယ်။ သူ့မှာ Flagship Level ကိုရောက်ဖို့ လိုအပ်ချက်တွေအများကြီးရှိနေပါသေးတယ်။ ဒါ့အပြင် Design ပိုင်း၊ Speaker နဲ့ Camera Software ပိုင်း (ရှာကြံဖြည့်စွက်ရရင် Google Servie Build-in မပါတာ၊ Chinese Bloatware တွေနဲ့ ဇော်ဂျီဖောင့်) စတဲ့ အားနည်းချက်တွေ ရှိနေပါသေးတယ်။ သို့ပေမယ့် 1080P Level မှာ အတော်ကောင်းတဲ့ Display, Amazing Audio Quality, Great Performance & Battery Life, Flagship Grade Camera စတာတွေဟာ ၆သိန်းဆိုတဲ့ဈေးမှာ Price to Performance Ratio အကောင်းဆုံးဖုန်းတစ်လုံးလို့ပြောရင် လွန်မယ်မထင်မိ။ ဒါကြောင့် Xiaomi ရဲ့ Mi 8 ကို 2018 အတွက် Flagship Killer တစ်လုံး ဟုတ်သလားလို့မေးခဲ့ရင် နှစ်ခါမစဉ်းစားပဲ ခေါင်းညိတ်မိမှာ အသေချာပါပဲ။

****(Planet X နည်းပညာ Page မှ ကူးယူဖော်ပြခြင်း ဖြစ်သည်။)

#planetx #review #xiaomi #mi8 #dual #camera #face #unlock

No comments: