Monday, July 9, 2018

Xiaomi Mi 6X Review



2017 မှာ Mi 5X ဟာ Mid Range မှာ Dual Camera ကို Telephoto Lens အသုံးပြုထားပြီး ဈေးတန်တဲ့ဖုန်းတစ်လုံးအဖြစ် Fan တွေကို ဆွဲဆောင်နိုင်ခဲ့တယ်။ ခု 2018 အရောက်မှာတော့ သူ့မျိုးဆက်သစ်အဖြစ် Mi 6X ဟာ Camera အသားပေးဆိုတာထက် ပိုတဲ့ Mid Range ဖုန်းတစ်လုံးဖြစ်လာခဲ့ပါပြီ။ ဆိုတော့ကာ "၃သိန်း၁သောင်း" ဝန်းကျင်တန်ဖိုးနဲ့ဒီဖုန်းတစ်လုံးဟာ သူ့နောင်တော်ထက် ဘာတွေထူးပြီးကောင်းမွန်သွားမလဲဆိုတာ ဒီ Review လေးနဲ့ပြောပြပေးသွားမှာပါ။

Design & Build Quality

2018 ရဲ့ Trend အတိုင်း Mi 6X ဟာ Fullview Design နဲ့ဖုန်းတစ်လုံး ဖြစ်လာခဲ့ပြီ။ Display Size ပိုကြီးလာသလို ဖုန်းအရှည်ကလည်း 5X ထက် နည်းနည်းပိုလာတယ်။ ဒီနေရာမှာ သဘောမတွေ့တာက Screen To Body Ratio ကို သိပ်ပြီး Fullview ဖြစ်တယ်မခံစားရတာပါ။ Notch Design မကြိုက်သူတွေအတွက် ကျေနပ်စရာဆိုပေမယ့် အပေါ်၊အောက်ဘောင်တွေက ထူသေးတယ်လို့ခံစားရ။

Camera ဒေါင်လိုက် Design ကို Allergic ဖြစ်သူတွေကတော့ Mi 6X ကျောဘက် Design ကို သိပ်သဘောကျမယ်မထင်။ ပိုဆိုးတာက Camera Bump ကြီးက အတော်လေးကြီးပါတယ်။ OIS မပါတဲ့ Camera အနေနဲ့ ဒီလောက်ကြီးနေတာကတော့....😒 ဒါကလည်း 0.29" ပဲရှိတဲ့အထူနဲ့ Slim Design အတွက်ပေးဆပ်လိုက်ရတာလို့မြင်မိတယ်။ (အထူကိုနည်းနည်းလေးတိုးပြီး Battery ပမာဏတိုးလိုက်ရင် ပိုပြီးအဆင်ပြေသွားမယ်လို့ထင်မိ)

ဒါပေမယ့် Mi 6X Design ကို အမြင်တစ်ခုထဲနဲ့မဆုံးဖြတ်လိုက်ပါနဲ့။ (ဆိုင်ရောက်ရင်လည်း ကိုယ်တိုင်ကိုင်ကြည့်ပါ) Aluminium Back Body ရဲ့ နူးညံ့တဲ့ထိတွေ့မှုက တကယ်စွဲလမ်းစရာပါ (5X ကိုလည်း အဲဒီအချက်ကြောင့် Cover မတပ်ပဲကိုင်ဖြစ်တယ်) Camera ဖုထွက်နေလို့ပွန်းမှာကြောက်ရင်တော့ Cover တပ်ကိုင်ပါ။ (သူ့ Original Cover လေးက Camera ဘောင်တွေကို ကာပေးထားတဲ့ Design မို့ အတော်အဆင်ပြေတယ်) Fingerprint က အပေါ်ဘက်၊ Mi logo ကတော့ အောက်ဘက်နားမှာပါ။

Bulid Quality ပိုင်းမှာတော့ 5X ထက် ပိုကောင်းလာတယ်ခံစားရ။ ဖုန်းရဲ့ညာဘက်က Volume နဲ့ Power Button တွေဟာ High End ဖုန်းမှာရတဲ့ Tactile Sensation လိုမျိုး တင်းတင်းရင်းရင်းဖြစ်လာတယ်။ ဘက်ဘက်အပေါ်နားမှာ Dual Nano Sim Tray ကို Aluminium အပြည့်နဲ့လုပ်ပေးထားတယ်။ အပေါ်မှာ Remote Function သုံးနိုင်ဖို့IR Blaster ပါပြီး အောက်ဘက်မှာတော့ Type C အပေါက်နဲ့ Single Speaker ပါရှိတယ်။

Display & Audio Quality

Mi 6X မှာ 5.99" 18:9 Ratio နဲ့ 1080p+ LCD Display ကို သုံးထားတယ်။ 5X နဲ့ ကွာတာက သူ့ Display Color က အနီဘက်သမ်းပြီး Warm ပိုဖြစ်တယ်ခံစားရ။ Viewing Angle အရ ဒေါင်လိုက် အတော်လေးစောင်းကြည့်ရင်တော့ နည်းနည်း အနီဘက်သမ်းတာကလွဲရင် အတော်လေးအဆင်ပြေတယ်။ Color Accurate ဖြစ်ပြီး Black Level ကလည်း LCD အနေနဲ့ နက်သင့်သလောက်နက်တယ်။ နေရောင်အောက်မှာထားကြည့်ရင်တော့ 5X နဲ့ Level တူ ပုံမှန်လောက်ပါပဲ

5X မှာကတည်းက လူအတော်များများသတိမထားမိတဲ့ အားသာချက်က သူ့ရဲ့ Speaker Quality ပါ။ သူ့ရဲ့ Single Speaker ကထုတ်ပေးနိုင်တဲ့ Sound Quality ဟာ High End Smartphone တစ်ချို့ထက်တောင် သာလွန်တဲ့အနေအထားမှာရှိပါတယ်။ Mi 6X မှာလည်း အဲဒီဂုဏ်ကို ဆက်ထိန်းထားနိုင်ရုံမက ပိုတိုးတက်မှုလည်းရှိလာတယ်။ Clarity ပိုကောင်းလာရုံမက Sound Quality ဟာ 5X မှာလို Flat ဖြစ်မနေတော့ပဲ ပိုပြီး Colorful ဖြစ်လာတယ်။ (6X နဲ့ယှဉ်ပြီးထပ်စမ်းဖြစ်ခဲ့တဲ့ နောက်ထပ်ဖုန်းတစ်လုံးကိုလည်း အတော်လေး အားမလိုအားမရဖြစ်ခဲ့ရတယ်)

5X တုန်းကပါခဲ့တဲ့နားကြပ်ပေါက် 6X မှာ မပါတော့ပါ။ (Why, Xiaomi?) ဒီတော့ Adaptor နဲ့ညားရောပေါ့။ ဒါပေမယ့်ထူးခြားတာက Audio Quality မှာ Loudness မဆိုစလောက် ကျသွားတာကလွဲလို့ တခြားနေရာတွေမှာ ပိုပြီးတိုးတက်မှုတွေ တွေ့လာရတယ်။ ဆိုတော့ "Well Done" ပေါ့။ Bass တွေပိုပြီး Deep ဖြစ်လာတယ်။ Highs and Treble သံတွေ ပိုပေါ်လာတယ်။ Sound Separation တွေ ပိုကောင်းလာတယ်။ ကြံကြံဖန်ဖန်အပြစ်ရှာရရင် Instrumental Sound တစ်ချို့မှာ နည်းနည်း Dull ဖြစ်တာကလွဲရင် ကျန်တာလုံးဝ အလန်းဇယားပါပဲ။

Alumiuium Body ပေမယ့် သူ့ Vibration Sense လေးက အတော်လေးမိုက်တယ်။ တစ်ဖက်ကဖုန်းကိုင်လိုက်ရင် နားနားမှာ တုန်သွားတဲ့ Feeling လေးက သဘောကျစရာပါ။

Performance & Battery Life

5X မှာမပြည့်ဝတဲ့ဆန္ဒတစ်ခုကိမှာပြည့်ဝသွားတဲ့ခံစားချက်မျိုးပါ။ Snapdragon 660 ကို 6GB RAM နဲ့တွဲသုံးရတဲ့ခံစားချက်က Social App ပဲသုံးသုံး၊ Multitasking ပဲလုပ်လုပ်၊ ဂိမ်းပဲဆော့ဆော့ အဆင်ပြေချောမွေ့ချက်ပဲ။ PUBG မှာ HD Graphic ကို Medium Setting နဲ့ မထစ်မငေါ့ဆော့နိုင်တာကိုက Mid Range ဖုန်းတစ်လုံးအနေနဲ့အားရစရာပါ။ Mi5X မှာဆော့ဖို့အဆင်မပြေတဲ့ Mobile Legand ရဲ့ High Frame Rate Mode ကလဲ 6X မှာ သာသာယာယာပါပဲ။

ပိုကြီးလာတဲ့ Display, ပို Powerful ဖြစ်လာတဲ့ Chipset နဲ့ဖုန်းတစ်လုံးမှာ မပြောင်းလဲတဲ့ Battery ပမာဏက အားနည်းချက်တစ်ခုဖြစ်လာတာပါပဲ။ Facebook သုံး၊ Youtube ကြည့် ဆိုရင် 1hr ကို 12% လောက် ကုန်တယ်။ 480p Video ကို Brightness တစ်ဝက်၊ Volume တစ်ဝက်လောက်နဲ့ကြည့်ရင် 1hr ကို 7-9%, Mobile Legand 1hr ကို 16% (High Frame Rate Mode မှာ ပိုကုန်နိုင်), PUBG 1 hr ကို 23% ထိ ကုန်တယ်။ Stand by 8 hr ကျော်လောက်ကို 3-4% လောက် ကုန်တယ်။ ဆိုတော့ကာ အဆိုးကြီးမဟုတ်ပေမယ့် Battery အခံကြီးတော့မဟုတ်လှ။

Charging အနေနဲ့ Mi 6X မှာ Quick Charge 3.0 Support လုပ်တယ်။ (အားငယ်ရပါတယ် 5X User တွေရယ်) အဲဒီတွက် Charging Speed က 0-100% ကို 1:35 hr ပဲကြာတယ်။ 1hr အားသွင်းရင် 79% ထိ အားဝင်တော့ Battery ကိစ္စ စိတ်ပူစရာမလိုတော့ဘူးပေါ့။ စိတ်မကောင်းစွာနဲ့ပဲ သူ့မှာ Original ပါတဲ့ Adaptor က ရိုးရိုး 5V 2A ပါပဲ။ ဒီတော့ အားဝင်မြန်ချင်ရင် Xiaomi ရဲ Quick Charge Adaptor ပါ တစ်ခါတည်းဝယ်လာကြပါလေ။

Fingerprint & Security

ထွေထွေထူးထူးမရှိပါဘူး။ Mi 5X တုန်းကလိုပဲ မြန်တယ်၊ တိကျတယ်။ Face Unlock ကတော့ အပျော်လောက်ပဲသုံးသင့်တယ်။ မျက်လုံးစုံမှိတ်ထားရင်မပွင့်ပေမယ့် အလင်းအားနည်းလာချိန်မှာဆို Unlock Speed ကြာတာ၊ Recognize သိပ်မလုပ်နိုင်တာတွေ့ရတယ်။ ပိုလွယ်၊ ပိုစိတ်ချရတဲ့ Fingerprint ကိုပဲ Suggest လုပ်ပါတယ်။

Camera

ဒီအပိုင်းမှာ 6X ဟာ 5X တုန်းကထက် ပိုမြင့်တဲ့ Level ကို တက်လှမ်းနိုင်ခဲ့တာပါ။ (12+20) MP Back Camera နှစ်ခုလုံးမှာ Sony Sensor တွေပါလာပြီး f/1.75 Aperture တွေနဲ့ဖြစ်ကုန်ပါပြီ။ ပိုပြီးရင်နာရတာက HDR Auto Mode ပါလာတဲ့အပြင် Manual Mode မှာလည်း Exposure ကို 32sec ထိ ရိုက်ကူးနိုင်ပါပြီ။ (ရေးရင်းနဲ့ရင်နာလာပြီ)

ဒီတော့ Image Quality ကရော? 
5X တုန်းကထက်ပိုများတဲ့ တိုးတက်မှုတွေရှိလာတယ်။ Detail နဲ့ Sharpness ပိုင်းမှာ သိသိသာသာပိုကောင်းလာပြီး 5X တုန်းကလို ကောင်းကင်ကြီးအရောင်များသွားတာမျိုး၊ အောက်ကရှုခင်းတွေ အလင်းသေချာမရတာမျိုး သိပ်မဖြစ်တော့။ Dynamic Range ကတော့ ပုံမှန်ပါပဲ။ သူ့ HDR Mode ရဲ့ထူးခြားချက်က တခြားဖုန်းတွေမှာလို အရောင်ပိုလင်းတာ၊ ပိုလွင်လာတာမျိုးမဟုတ်ပဲ Color တွေက ပိုပြီး Deep ဖြစ်သွားတာပါ။ အဲဒီတွက် Detail ပိုကောင်းလာပေမယ့် မျက်စိပဓာသတော့ သိပ်မဖြစ်လှ။

အလင်းရောင်နည်းလာချိန်မှာတော့ f/ 1.75 Aperture ရဲ့အစွမ်းကို စမြင်ရပါပြီ။ Mi နဲ့ Noise ဟာ ငယ်ပေါင်းကြီးဖော်လို့တောင် ပြောရမလားပဲ။ Low Light မှာ Noise တွေကို သိသိသာသာတွေ့လာရတယ်။ ဒါပေမယ့် Detail နဲ့ Color Accuracy အတော့်ကိုကောင်းလာတယ်။ နောက်ပိုင်းမှာ Xiaomi ဟာ သူတို့အားနည်းတဲ့ Camera ပိုင်းကို အတော်လေးဂရုစိုက်လာတာကို Mi 6X မှာတွေ့မြင်ရမှာပါ။ တစ်ခုရှိတာက အလင်းနည်းလာလေလေ၊ Camera က ISO ကိုမြှင့်ပြီး Shutter Speed ကို မြန်အောင် ထိန်းနေရလို့ Noise ပိုထလေလေပါပဲ။ Auto သမားတွေတွက် Focus အဝိုင်းလေးဘေးက အတန်းလေးမှာ အလင်းကို အတတ်နိုင်ဆုံးလျှော့ရိုက်ရင်တော့ Noise အသင့်တင့်နဲ့ အဆင်ပြေတဲ့ပုံတွေရမှာပါ။

ဓာတ်ပုံအရိုက်များပြီး Nigh Shot ကောင်းကောင်းလိုချင်သူတွေအတွက် Manual Mode ကို Strongly Recommand ပေးပါတယ်။ ဘာလို့လဲဆိုတော့ Mi 6X Camera ရဲ့အစွမ်းအပြနိုင်ဆုံး Mode မို့ပါ။ ISO 200 လောက်ထားပြီး Exposure 1 sec လောက်ထားရိုက်ရုံနဲ့ Auto Mode ထက် အများကြီးပိုကောင်းတဲ့ Low Light Photo တွေကို ရပါလိမ့်မယ်။ အဲလိုရိုက်ဖို့အတွက် Tripod or Stabilizer တစ်ခုခုတော့ ဆောင်ဖို့လိုပါလိမ့်မယ်။

Mi 6X ရဲ့ Secondary Lens က 5X တုန်းကလို Telephoto Lens မဟုတ်တော့ပါဘူး။ အဲဒီအစား OnePlus မှာသုံးသလို Low Light Lens ကိုသုံးထားတယ်။ သူ့ရဲ့အဓိကရည်ရွယ်ချက်က Pixel Binning ကိုသုံးပြီး Low Light Portrait Mode မှာ Main Camera အဖြစ် သုံးဖို့ပါ။ အဲဒီတစ်နေရာကလွဲလို့ စမ်းရိုက်ခဲ့သမျှပုံတွေမှာတော့ OnePlus မှာလို Ultra Low Light မှာ Auto ပြောင်းပြီးအလုပ်လုပ်ပေးတာမျိုးကိုမတွေ့ရ၊ Optical Zoom လို Function မျိုးလည်းမရဆိုတော့ အစပိုင်းမှာစိတ်ပျက်ခဲ့မိတယ်။ ဒါပေမယ့် အဲဒီ 20MP Camera ရဲ့ အသုံးဝင်တဲ့အခြားတစ်နေရာရှိနေပါတယ်။ အဲဒါကတော့ Manual Mode မှာပါပဲ။

Manual Mode မှာ Low Light Camera ကိုပြောင်းသုံးနိုင်ပေမယ့် Exposure Time က 1 sec ပဲခွင့်ပြုထားလို့ Light Trail လို Function မျိုးတော့ ရနိုင်မှာမဟုတ်။ ဒါပေမယ့် Main Camera နဲ့ 1 sec ချင်းယှဉ်ရိုက်ရင်တော့ သူ့ Image Qualityက သိသိသာသာပိုကောင်းနေတာ တွေ့ရမှာပါ။ အဲဒီတစ်ချက်တော့သဘောကျမိတယ်။

Mi 6X ရဲ့ Selfie Camera မှာလည်း Low Light Lens လိုပဲ 20MP f/1.75 Camera ကိုသုံးထားတယ်။ ဒါ့အပြင် LED Flash Light လည်းအဆစ်ပါပါသေးတယ်။ ရလဒ်ကတော့ အလင်းရောင်မရွေး Selfie စိတ်ကြိုက်ဆွဲလို့ရပါပြီ။ Pixel Binning အစွမ်းကြောင့် Daytime တွေမှာ Image တွေဟာ Detail အတော်ကျပြီးကျေနပ်စရာကောင်းလွန်းတယ်။ Low Light မှာတော့ Detail မဆိုစလောက်လျော့သွားပေမယ့် ဓာတ်ပုံတွေကို Zoom ဆွဲကြည့်ရင်တောင် P20 Pro တုန်းကလို Artificial ဆန်တဲ့ခံစားချက်မျိုးမခံစားရ။ Beauty Effect ကလည်း အတော်လေးအသေးစိတ်တယ်။ Selfie Camera တွေထုံးစံအတိုင်း Overexposed နည်းနည်းဖြစ်တတ်တဲ့အားနည်းချက်ကလွဲရင် အတော့်ကိုသဘောကျမိတယ်။ Selfie Portait Mode မှာလည်း Edge Detection တွေမှာ အကောင်းဆုံးအနေအထားလို့ဆိုရမှာပါ။

AI Mode ကိုတော့ အတော် ကို့ယို့ကားယားနိုင်တဲ့ Function အဖြစ်ယူဆထားလို့ အများကြီးထည့်မရေးတော့ပါ။ (အစားအသောက်တွေဘာတွေရိုက်ရင်တော့ သုံးချင်သုံးကြပေါ့😐)

Video Quality ကတော့ အတော်လေးသဘောမတွေ့မိတဲ့အထဲပါတယ်။ အထူးသဖြင့် 4K ဆို အဖြစ်လောက်ထည့်ထားသလားခံစားရတယ်။ 1080p ကတော့ သိပ်မဆိုးလှ၊ EIS ကြောင့်ထင်ရဲ့၊ ငြိမ်သင့်သလောက်ငြိမ်တယ်။ 720p Slo.mo ပါမယ်။ Selfie Video တွေ Quality ကောင်းကောင်းရိုက်လို့ရမယ် ဒီလောက်ပါပဲ။

System

Mi 6X မှာ Android Oreo ကို base ယူထားတဲ့ MIUI 9ကို သုံးပေးထားတယ်။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် MIUI က Android မှာ ကိုယ့်အကြိုက်ဆုံး UI လို့တောင် ပြောလို့ရတယ်။ သူ့ရဲ့ Smooth & Snappy ဖြစ်တဲ့ Feeling ကိုက MIUI ရဲ့ Attraction တစ်ခုဖြစ်နေတာပါ။ Bug အနေနဲ့ ဖုန်းဖွင့်ခါစရယ်၊ App တစ်ခုအကြာကြီးသုံးပြီးပြန်ထွက်ရင် Icon တွေချက်ချင်းမပေါ်လာတာရယ်၊ Hiccup မဆိုစလောက်ရယ်ကလွဲရင် အတော်လေးအဆင်ပြေတယ်။ Full Screen Gesture Mode က iOS ဆန်ပြီး တစ်ချက်တစ်ချက် Smooth မဖြစ်တာလေးတွေရှိနေသေးတယ်။ Recent App တစ်ခုကတစ်ခုကို အမြန်ပြောင်းနိုင်မယ့် Gesture လေး ထပ်ပြီးပါလာစေချင်မိတယ်။ Screen ဘေးအစွန်းနှစ်ဖက်ကနေဆွဲပြီး Back Key သုံးရတဲ့ Idea ကိုသဘောအကျဆုံးပဲ။ Gesture Mode သုံးရင်တော့ Navigation Bar မှာ Long Press နဲ့သုံးနိုင်မယ့် Function တွေတော့ သုံးလို့ရတော့မှာမဟုတ်ပါ။ ဒီလောက်ပါပဲ။

ဆိုတော့ကာ Overall ပြောရရင် Mi 6X ကို ပြစ်ချက်နဲတဲ့ Mid Range ဖုန်းတစ်လုံးအဖြစ်မြင်မိတယ်။ Mid Range Level မှာတောင် အမြင့်ပိုင်းရောက်တဲ့ Quality မျိုးကို ခံစားရမှာပါ။ ဒီတော့ ကိုယ့်အနေနဲ့ညွှန်းရရင် Mid Range Level မှာ ၄သိန်းလောက်ထိလည်းမသွားချင်၊ Design အရလည်း ခေတ်မှီချင်သူတွေအတွက် Mi 6X ဟာ အသင့်တော်ဆုံး All Rounder Smartphone တစ်လုံး သေချာပေါက်ဖြစ်လာပါလိမ့်မယ်။


***(PlanetX နည်းပညာ Pageမှ ကူးယူဝေငှသည်။)

#planetx #tech #review #xiaomi #6x #5x #budget #midrange

No comments: