Monday, November 6, 2017

Razer Phone လေးရယ် Nokia Steel နာရီ လေးရယ်

Razer ၏ Mobile Ph ကို မိတ်ဆက် 


Mobile for Gamer ဟုဆိုသည့် Razer Phone ကို မိတ်ဆက်ခဲ့ပြီဖြစ်ပါသည်။

မျက်နှာပြင်အနေဖြင့် Ultra Motion နည်းပညာဖြင့် 5.7 လက်မရှိသော မျက်နှာပြင် ပါရှိပြီး IGZO LCD ကိုသုံးထားပါသည်။ 1440 x 2560 အရည်အသွေးရှိပြီး Gorilla Glass 3 ကို သုံးထားခြင်းဖြစ်သည်။

အသံပိုင်းစနစ်တွင်တော့ THX ထောက်ခံချက် ရရှိထားပြီး Dolby ATMOS နည်းပညာပါဝင်သော front-facing stereo speaker စနစ် ပါဝင်လာပါသည်။

Qualcomm Snapdragon 835 ကို သုံးထားပြီး 8GB RAM စွမ်းဆောင်ရည်က ဂိမ်းကစားဖို့အတွက် အထူးပြည့်စုံ နေမှာပါလို့ Razer က ပြောထားပါတယ်။ သိမ်းဆည်းမှုအတွက်တော့ 64 GB သိမ်းဆည်းနိုင်မည်ဖြစ်ပြီး 2TB အထိ ထပ်မံတိုးချဲ့နိုင်မည် ဖြစ်ပါသည်။

ရှေ့မျက်နှာပြင် ကင်မရာကတော့ 8MP ရှိပြီး နောက်ဘက် အဓိက ကင်မရာကတော့ဖြင့် 12Mp ကင်မရာ ၂ လုံး တပ်ဆင်ထားပါသည်။ f1.75 Wide angel ကင်မရာတစ်လုံးနှင့် 2x telephoto ကင်မရာ ၂ လုံးကို တွဲဖက်ထားခြင်း ဖြစ်ပါသည်။

ဘတ္ထရီအနေဖြင့် 4,000 mAh ထည့်သွင်းထားပြီး တစ်နေ့တာလုံး ဂိမ်းဆော့ခြင်း၊ မူဗွီကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းတို့ကို ပြုလုပ်နိုင်မည်လို့ ဆိုထားပါသည်။

ဈေးကတော့ US$ 700 ရှိမှာပဲ ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များကို Razer website တွင် ဖတ်ရှုနိုင်ပါသည်။
https://www.razerzone.com/mobile/razer-phone

#MLeak #Update

Smart Watch မဟုတ်တဲ့ Nokia Steel. 


Smart Watch မဟုတ်ဘဲ ဘယ်လိုနာရီတွေ ထုတ်လိုက်တာလဲ ကွီး Nokia !!!

Smart Watch သာ မဟုတ်တာဗျ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ လှုပ်ရှားမှု (လတ်တလော ၁၀ ခု) နဲ့ အိပ်စက်မှုတို့ကို မှတ်တန်းတင် စောင့်ကြည့်နိုင်တယ်တဲ့ဗျ။ အဲ့တာတွေအပြင် ကယ်လိုရီ ဘယ်လောက်ကုန်သွားလဲ၊ အကွာအဝေး ဘယ်လောက်ထိ သွားလာခဲ့ သလဲဆိုတာကိုပါ မှတ်တမ်း တင်နိုင်သတဲ့။

၈ လတိတိ အားပြန်သွင်းစရာ မလိုတဲ့ ဘတ္ထီ၊ Classic ဖြစ်တဲ့ နာရီ လက်တံ Design တို့ကြောင့် စွဲမက်ဖွယ်ရာပါဘဲ။ သီးသန့် Fitness tracker တွေလဲ မပတ်ချင်ဘူး၊ smart watch design တွေက ထူလို့ မကြိုက်ဘူး ဆိုသူတွေအတွက်တော့ Nokia Steel ကတော့ သင့်တော်မှာဗျ။

Black, White, Full Black & Rose Gold ဆိုပြီး အရောင်လေးရောင် ခွဲထားကာ Rose Gold အတွက် 149.95 US $ နဲ့ ကျန် ၃ ရောင်အတွက် 129.95 US $ ပဲရှိလို့ လက်ဆောင်ပေးဖို့ဆိုရင်လဲ သင့်တော်တဲ့ ပမာဏပဲဗျ။

ဖုန်းနဲ့ ချိတ်ဆက် သုံးဖို့အတွက် Bluetooth နဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပြီး IOS ဆို Iph 4s နှင့်အထက် IOS 8.0 အထက်ဆို တွဲသုံးလို့ရမှာဖြစ်ပြီး၊ Android ဆိုရင်တော့ Version 5.0 အထက်ဆို ချိတ်ဆက်သုံးလို့ရမှာပါ။ ဖုန်းမှာတော့ Health Mate app လေး သွင်းရမှာပါ။

အပြည့်အစုံ ဖတ်ချင်လျှင် Nokia website မှာ ဖတ်လို့ရပါတယ်။
https://health.nokia.com/us/en/steel-limited-edition

#MLeak #Update

Credit: MLeak နည်းပညာသတင်း Page

No comments: