Wednesday, November 29, 2017

ရာထူးတိုးချင်ရင်ဒါလေးတွေတော့ပြင်ဆင်ထားပါ

2018 မှာ ရာထူးတိုးဖို့အတွက် ပြင်ဆင်ထားကြပါ။
---------------------------------------------


#ရာထူးတိုးချင်ရင်ဒါလေးတွေတော့ပြင်ဆင်ထားပါ

လုပ်ငန်းခွင်တွေမှာရှိတဲ့ ဝန်ထမ်းအ ချို့ဟာ သူတို့လက်ရှိရာထူးမှာပဲ ပိတ်ဆို့ နေပြီး တိုးတက်မှုမရှိဘူးလို့ ယူဆတတ်ကြ ပါတယ်။ ဒီလိုပိတ်ဆို့နေတယ်၊ တိုးတက်မှု မရှိဘူးဆိုတဲ့နေရာမှာ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေ မှာ အဲဒီဝန်ထမ်းတွေဟာ တစ်ဆင့်မြင့်ရာ ထူးတာဝန်တွေကိုထမ်းဆောင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုတာ သူတို့ ကိုယ်တိုင်သတိမမူမိဘဲ ရှိနေတတ်ပါ တယ်။

 တကယ်လို့စာဖတ်သူဟာ တစ် ဆင့်မြင့်တဲ့ ရာထူးတာဝန်တွေကို ထမ်း ဆောင်ဖို့အတွက်ရာထူးတိုးချင်တယ်ဆို ရင် ထိုက်သင့်သလောက်တော့ စိတ်ရှည် တတ်တဲ့သူတစ်ဦးဖြစ်ဖို့လိုအပ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ မိမိသက်ဆိုင်ရာ နယ်ပယ်မှာ ဘယ်နေရာအထိအရောက် သွားမယ်ဆိုတဲ့ရည်မှန်းချက်မျိုးရှိပြီး တိုး တက်လိုစိတ်၊ ကြိုးစားလိုစိတ်ရှိဖို့လိုအပ်ပါ တယ်။ ဖြစ်တတ်တာက တချို့ဝန်ထမ်း တွေဟာ ဘာမှတာမလုပ်တာ ရာထူးမတိုး တာကိုထိုင်ညည်းနေတတ်မျိုးတွေရှိတတ် ပါတယ်။ မိမိရာထူးတိုးချင်ရင် ဘာတွေကို ပြင်ဆင်ရမလဲဆိုတာကိုသိထားမယ်ဆိုရင် ဒီလိုထိုင်ညည်းနေတာထက် ရာထူးတိုးဖို့ အလားအလာပိုမိုများလာမှာဖြစ်ပါတယ်။

- Make sure people know you are doing a great job.
 မိမိကအကောင်းဆုံးစွမ်းဆောင်နိုင် တယ်ဆိုတာ မိမိရဲ့ကြီးကြပ်သူ၊ စီမံခန့်ခွဲသူ၊ မန်နေဂျာတွေနှင့် သက်ဆိုင်သူတွေသိ  အောင်လုပ်ပါ။ လုပ်ငန်းစွမ်းဆောင်ရည်အ ကဲဖြတ်အမှတ်တွေနှင့် မလုံလောက်ပါဘူး။ အကဲဖြတ်ချက်တွေလုပ်တဲ့နေရာမှာ လူ  တွေဖြစ်တဲ့အတွက် ဘက်လိုက်မှုတွေ၊ အ မှားအယွင်းတွေရှိနေလို့ပါပဲ။ ဒီလိုသိ အောင်လုပ်တဲ့နေရာမှာ မိမိမှာရှိတဲ့လူမှု ဆိုင်ရာဆက်ဆံရေးအရည်အချင်းဟာ လည်း အရေးကြီးပါတယ်။

- Make sure the right people know you want a promotion.
 မိမိအကောင်းဆုံးစွမ်းဆောင်နိုင် တယ်ဆိုတာ သိသွားရုံသက်သက်နဲ့တော့ စီမံခန့်ခွဲသူ၊ မန်နေဂျာတွေဟာ မိမိရာထူး တိုးတက်ချင်တယ်ဆိုတာသိမှာ မဟုတ်ပါ ဘူး။ လက်ရှိလုပ်ငန်းတာဝန်တွေကို အ ကောင်းဆုံးစွမ်းဆောင်နိုင်ပြီး တစ်ဆင့်မြင့် လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်လို ကြောင်းကို ပြောသင့်ပြောထိုက်တဲ့အချိန် မှာ မိမိမန်နေဂျာနှင့်ဆွေးနွေးဖို့ နှောင့်နှေး မနေပါနှင့်။ မိမိဘက်ကလုပ်ငန်းစွမ်း ဆောင်ရည်လည်းကောင်းတယ်၊ တစ်ဆင့် မြင့်တဲ့လုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင် ဖို့အတွက် လိုအပ်တဲ့ ဗဟုသုတ၊ အရည် အချင်းတွေကိုတတ်နိုင်သမျှလည်း ဖြည့် ဆည်းပြီးပြီ၊ တစ်ဆင့်မြင့်တဲ့ရာထူးနေရာမှာ လည်း လစ်လပ်နေတယ်ဆိုရင်တော့ မိမိ မန်နေဂျာကိုရာထူးတိုးခြင်းကိစ္စနှင့်ပတ် သက်ပြီးဆွေးနွေးပါ။

- Seek out new skills.
 ပေါက်ဆိန်ကိုသွေးပါ။ လက်ရှိရာထူး မှာရှိနေတဲ့ လုပ်ငန်းတာဝန်တွေကိုအ ကောင်းဆုံးစွမ်းဆောင်နိုင်ရုံနှင့် အဆင်မ ပြေနိုင်ပါဘူး။ မိမိမှာရှိတဲ့အရည်အသွေး တွေပိုမိုတိုးတက်လာအောင် လိုအပ်တဲ့လေ့ လာမှုတွေ၊ သင်ယူမှုတွေပြုလုပ်ပါ။ ပေါက် ဆိန်ဟာ သစ်ပင်တွေခုတ်ပါများလာရင် တုံးလာတတ်ပါတယ်။ ဒါကိုမသွေးဘဲ ဒီအ တိုင်းပဲ ဆက်ဆက်ခုတ်နေရင်တော့ လုပ် ငန်းစွမ်းဆောင်ရည်ကျကျလာပါလိမ့်မယ်။

- Groom a successor.
 မိမိအောက်ရာထူးတစ်ဆင့်နိမ့်တဲ့ ဝန် ထမ်းတွေအထဲကမှ မိမိတာဝန်ကိုထမ်း ဆောင်နိုင်သူတစ်ယောက်ရှိအောင် လုပ် ထားပါ။ လက်ရှိရာထူးနေရာမှာ မိမိဟာ မရှိမဖြစ်ကိုအရေးပါနေတယ်လို့ သက်ဆိုင် ရာစီမံခန့်ခွဲသူတွေက သတ်မှတ်ခံနေရပြီ ဆိုရင် ရာထူးတိုးဖို့အလားအလာကို ဟန့် တားစေနိုင်ပါတယ်။ အကြောင်းကတော့ မိမိကိုလက်ရှိထက် တစ်ဆင့်မြင့်တဲ့ရာထူး တာဝန်ကိုတိုးပေးလိုက်ရင် မိမိနေရာမှာ အစားထိုးမယ့်သူ အဆင်သင့်မရှိပါက တိုးမ ပေးတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိအရိုက်အရာခံမယ့်သူတစ်ယောက်ကို လက်ရှိလုပ်ငန်းတာဝန်တွေကျွမ်းကျင်မှုရှိ လာအောင် စနစ်တကျသင်ကြားပေးထား ပြီး အခြေအနေပေးလာရင် မိမိဟာ တစ် ဆင့်မြင့်ရာထူးတာဝန်ကိုထမ်းဆောင် လိုကြောင်း၊ ထမ်းဆောင်ရန်လည်း အ ထိုက်အလျောက်ပြင်ဆင်ပြီးကြောင်း၊ မိမိ ရာထူးနေရာကိုလည်း အစားထိုးနိုင်သူအ တွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောဆို ဆွေးနွေးရပါမယ်။ ဒီနေရာမှာတစ်ခုရှိတာ က မိမိထက်တစ်ဆင့်မြင့်ရာထူးနေရာဟာ လစ်လပ်နေဖို့ Vacancy ဖြစ်နေဖို့တော့ လို အပ်ပါတယ်။

- Knock your opportunity door.
 အခွင့်အလမ်းတံခါးကိုခေါက်ပါ။ မိမိ ဘက်ကလိုအပ်တဲ့ အရည်အသွေး၊ ဗဟုသု တ၊ လုပ်ငန်းကျွမ်းကျင်မှုတွေရှိလာပြီဆိုရင် အခွင့်အလမ်းတံခါးကိုခေါက်ပါ။ တစ်ခါ တလေမှာ မပြောမပြီးမတီးမမြည်အခြေ အနေတွေရှိတတ်ပါတယ်။ အခွင့်အလမ်း တံခါးကိုတည်ဆောက်ခဲ့ပြီး မိမိဟာရာထူး တိုးတက်မှုတံခါးပေါက်အတိုင်းလျှောက် လှမ်းလိုကြောင်းကို သက်ဆိုင်ရာစီမံခန့် ခွဲသူတွေသိအောင် တံခါးခေါက်ဖို့ လိုအပ် ပါတယ်။ မိမိလိုချင်တဲ့အခြေအနေကို ပြေ တတ်ဆိုတတ်တဲ့အရည်အချင်း Assertiveness Skills  ဟာ ဒီနေရာမှာအရမ်းအ ရေးကြီးပါတယ်။

အကြံပြုချက်များ
---------------------
• မိမိမှာ တိကျသေချာတဲ့အသက်မွေး ဝမ်းကြောင်းဆိုင်ရာရည်မှန်းချက်တွေ ရှိ တယ်ဆိုရင်တော့ ကွာဟချက်ဆန်းစစ်မှု  Gap Analysis ကိုလုပ်ကြည့်ပါ။ မိမိမြော်မှန်းထားတဲ့ ရည်မှန်းချက်တွေကိုရောက်ရှိ ဖို့အတွက် လိုအပ်တဲ့အတွေ့အကြုံ ဗဟု သုတ၊ အရည်အချင်းတွေနှင့် လက်ရှိ မိမိမှာရှိနေတဲ့ဗဟုသုတ၊ အရည်အချင်း တွေရဲ့လိုအပ်ချက်၊ ကွာဟချက်ကိုဆန်း စစ်ကြည့်ပါ။ မိမိမသိသေး၊ မကျွမ်းကျင် သေးတဲ့အကြောင်းအရာတွေမှာ မိမိကိုယ် မိမိရိုးရိုးသားသား ဆန်းစစ်ဝေဖန်ပြုပြင်ဖို့ ကြိုးစားပါ။

- စိတ်ရှည်ခြင်းဟာ အောင်မြင်မှုဆီကို အရောက်ပို့ပေးနိုင်ပါတယ်။ ဒါပေမဲ့ အချိန် ကာလတစ်ခုအထိပဲ စိတ်ရှည်ဖို့လိုအပ် တာပါ။ အချိန်တွေလိုအပ်တာထက်ပိုပြီး စိတ်ရှည်းသီးခံရင်လည်း မျှော်fမှန်းထားတဲ့ ပန်းတိုင်တွေကနေလွဲချော်သွားတတ်ပါ တယ်။

• မိမိကိုယ်ကို စိတ်ဓာတ်အင်အားတွေ တိုးတက်နေအောင် အမြဲဖန်တီးထားပါ။
-အခွင့်အလမ်းရလာပါက အမိအရဖမ်းယူ ပါ။
- အထက်အောက်ဆက်ဆံရေး၊ ရေပြင်ညီ ဆက်ဆံရေးတွေကောင်းမွန်အောင် နေ ထိုင်ပြုမူပြောဆိုပါ။
 ဖော်ပြခဲ့တဲ့ အကြောင်းအရာအချက် အလက်တွေဟာ သေချာပေါက်ရာထူး တိုးတက်မယ်လို့ မပြောနိုင်ပေမဲ့ ရာထူးတိုး တက်ဖို့ အခွင့်အလမ်းတွေမှာ အများထက် သာလွန်စေမှာဖြစ်ပါတယ်။

ပိုင်စိုး (Management)
Ref:
www.wikihow.com/How to Get a Promotion

(HR Journal မှာရေးခဲ့ပြီးဖြစ်ပါတယ်။)

Credit: ဆရာပိုင်စိုးရဲ့ Page

No comments: