Monday, December 5, 2016

အသားအ​ရေ လှပစေရန်

ပျိုမေများ အသားအရေလှပစိုပြည်စေရန် ရှောင်သင့် ဆောင်သင့်သည့် အစားအစာ
==================================================
♠ မင်းချမ်းမြေ့(ပုသိမ်)


ကမ္ဘာပေါ်တွင် လူမျိုးအသီးသီး တိုင်းနိုင်ငံအစုံရှိကြရာတွင် အသားအရောင် ကွဲပြားမှုတို့လည်း ရှိကြပါသော်လည်း အသားရောင် ““ဖြူ””သည် ““ညို””သည်ဖြစ်စေ၊ အသားအရောင် မရွေးလူတိုင်းလက်ခံထားသည့် စံနှုန်းတစ်ခုမှာ ““အသားအရေ စိုပြည်ချောမွေ့ခြင်း””ဆိုသည့် ဂုဏ်အင်္ဂါတစ်ခုသည် အလှကမ္ဘာ၏ တော်ဝင်““စံ””သတ်မှတ်ချက်တစ်ခုအဖြစ် ထင်ရှားလှပါသည်။

အသားဖြူသော်လည်း အသားရေခြောက်သွေ့၍ ညစ်နွမ်းကြမ်းတမ်းနေလျှင် ခန္ဓာကိုယ်အချိုးအဆစ် လှနေပါသော်လည်း  တစ်ခုခုလိုနေသလို ပြီးပြည့်စုံသည့် အလှတရားကို မသိမ်းပိုက် နိုင်ပါ။

ထို့ကြောင့် လှပခြင်းကို မြတ်နိုးကြကုန်သော ပျိုမေများသည် မိမိတို့၏ မျက်နှာနှင့် အသားအရေလှပစိုပြည်ရွှန်းလဲ့စေရန် အလှပြင်ပစ္စည်း ကော့စ်မက်တစ်များ၊ ဓာတုဒြပ်ပေါင်းဖော် မြူလာများနှင့် ဖော်စပ်ထုတ်လုပ်ထားသော အသားအရေ ထိန်း အလှပစ္စည်းများကိုချည်း အားကိုးမနေကြဘဲ မိမိတို့၏ ပတ်ဝန်းကျင်တွင် နေ့စဉ်တွေ့မြင်နေရပြီး အလွယ်တကူရှာဖွေယူငင်၍ အသုံးပြုနိုင်ကြသည့် သဘာဝပစ်္စည်းအော်ဂဲနစ် အပင်ထွက် သီးနှံများကိုသာ သုံးစွဲ၍ ပျိုမေတို့၏မျက်နှာနှင့် အသားအရေကို မိမိတို့ကိုယ်တိုင်စိတ်တိုင်းကျ ပြုပြင်ထိန်းသိမ်းနိုင်ကြမည့် နည်းစနစ်များကို စာရေးသူသည် အဓိကထားတင်ပြပေးပါမည်။

ထိုသို့ ပျိုမေများ မျက်နှာနှင့် အသားအရေကို သဘာဝ နည်းကျ ထိန်းသိမ်းကြမည်ဆိုလျှင် ပထမဦးစွာ ပျိုမေများ၏ ခန္ဓာကိုယ်တွင်း ကိုယ်တွင်းရောင်ရမ်းမှု
Inflammation ကို မဖြစ်ပေါ်စေရန် အထူးဂရုပြုရမည်ဖြစ်ပါသည်။
အကြောင်းမှာ လူ့ခန္ဓာကိုယ်တွင် ကိုယ်တွင်းရောင်ရမ်းမှု (Inflammation) အစပြုလာခဲ့ပြီဆိုလျှင် ရှေးဦးစွာ မျက်နှာပြင်တွင် ပြောင်းလဲမှုများ စတင်လာပါသည်။

အထူးသဖြင့် မျက်နှာအစ်လာခြင်း၊ မျက်ခွံမို့လာခြင်း၊ မျက်ကွင်းညိုလာခြင်း၊ ၀က်ခြံ၊ အဖုအပိမ့်၊ မှဲ့ခြောက်၊ တင်းတိပ်ထွက်ခြင်း၊ ချွေးပေါက်များပိတ်၍ အသားအရေခြောက်သွေ့လာခြင်း၊ ကိုယ်သားကိုယ်ရေ အေးမြမှုမရှိခြင်းတို့နှင့်အတူ မီးယပ်သွေး မမှန်ခြင်း မီးယပ်ဖြူအဆင်းများခြင်း၊ ဆီး၊ ၀မ်း၊ သွေး၊ လေတို့ မျှတမှုမရှိ၊ ချို့ယွင်းမှုများဖြစ်ပေါ်လာခြင်း စသည်အကြောင်း အချက်များဖြစ်ပေါ်လာပြီး။ မှန်ကန်သင့်လျော်သည့် နည်းလမ်း များဖြင့် ကိုယ်တွင်းရောင်ရမ်းမှုကို မလျှော့ချနိုင်ခဲ့ကြလျှင် ရောဂါ ဝေဒနာစွဲကပ်လာသည့် အဆင့်သို့ ကူးပြောင်းလာနိုင်ပါသည်။

ထိုသို့ ကိုယ်တွင်းရောင်ရမ်းမှုကို အားပေးလှုံ့ဆော်စေတတ်သည့် အစာအာဟာရများကို ရှောင်ကြဉ်ရန် အထူးလိုအပ်ပါသည်။

#ကိုယ်တွင်းရောင်ရမ်းမှုကိုဖြစ်ပေါ်အားပေးစေသည့်ရှောင်ရမည့်အစားအစာများ

(၁) ပြည့်ဝတဲ့ ဖက်တီးအက်စစ် (Fatty Acid) ဓာတ်အများ ဆုံးပါဝင်ဖွဲ့စည်းထားသော အမဲဆီ၊ ၀က်ဆီ၊ မလိုင်၊ ထောပတ် စသည့်တိရစ်္ဆာန်ထွက်အဆီများနှင့် အုန်းဆီ (Coconut Oil) များ၊ သာမန်အခန်းအပူချိန်တွင် ဒီအတိုင်းထားလိုက်လျှင်ပင် ခဲသွားစေသည့် အဆီများသည် ပြည့်ဝဆီများဖြစ်ပြီး ရောင်ရမ်းမှုကို ပိုဆိုးစေ၍ ရှောင်ကြဉ်ရပါမည်။

(၂) Fatty Acid ဓာတ်များတဲ့ ပြည့်ဝဆီတွေကိုရှောင်ပြီး ““မပြည့်ဝတဲ့ဆီ””တွေကို ရွေးချယ်စားသောက်ပါသော်လည်း ထို ““မပြည့်ဝဆီ””များသည် အဖုံးဖွင့်ထားတာကြာ၍ လေ သလပ်မှုများခြင်း၊ အပူရှိန်များသည့်နေရာတွင် ထားမိ ခြင်း၊ နေရောင်ထိုးမှုများခြင်း စသည့်အခြေအနေများကြောင့် (Oxidized) ဖြစ်၍ ဓာတ်ပျက်သွားစေပြီး ၎င်းဆီကို စားသုံးမိခဲ့လျှင်လည်း ရောင်ရမ်းမှုကို အားပေးတဲ့ (Proinflammatory) အာနိသင်ရှိကြ၍ ရှောင်ကြဉ်ရပါမည်။

(၃) အသားကင်များ၊ ယမ်းစိမ်းနှင့် ပြုပြင်ထားသော ၀က်အူချောင်း၊ အမဲသားခြောက်၊ ငါးခြောက်စသည်တို့ကိုသတိပြု ရှောင်ကြဉ်ပါ။

(၄) အချိုဓာတ်သကြားများစွာပါဝင်သော အစားအသောက်များနှင့် အသင့်စား (Ready Made)အစားအစာများကို ရှောင်ပါ။

(၅) မျှစ်ချဉ်၊ ပုစွန်ချဉ်၊ ငါးချဉ်၊ တညင်းသီး၊ ဆူးပုပ်ရွက်၊ ငါးပိကောင်၊ ဒူးရင်းသီး စသည်တို့ကို ရှောင်ပါ။

(၆) အရက်၊ ဘီယာနှင့် ကဖင်းဓာတ် (Caffeine) များများပါဝင်သော အချိုရည်များသောက်သုံးခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။

(၇) စည်သွတ်ဘူးများ၊ တာရှည်ခံအောင် မှိုသတ်ဆေးသွင်း ထားသောအစားအစာများကိုရှောင်ပါ။

(၈) ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးဓာတ်ကြွင်း များပြားစွာ ပါဝင်နေသော သီးနှံများကိုရှောင်ပါ။

(၉) ဆေးတို့၍ အမှည့်ခံထားသည့် အသီးများကိုရှောင်ပါ။
 (သဘာဝအတိုင်းရင့်မှည့်ခြင်း၊ မဟုတ်သည့် သစ်သီးများ စသည်တို့ကို ပျိုမေများ၊ အထူးရှောင်ရှားသင့်သည့်အစား အစာများဖြစ်ပါသည်။)

#ရောင်ရမ်းမှုကို တားဆီးလျှော့ချပေးနိုင်သည့် သဘာဝထွက်အစားအစာများ

အစာလည်းဆေး၊ ဆေးလည်းအစာဆိုသကဲ့သို့ သဘာဝက ဖန်တီးလက်ဆောင်ပေးထားသည့် ရောင်ရမ်းမှုကို လျှော့ချတားဆီးပေးနိုင်သည့် (Anti-inflammatory Property) အာနိသင်ဓာတ်ပေါကြွယ်ဝတဲ့ အစားအစာများကို ဂရုပြုစားသောက် ပေးကြမည်ဆိုလျှင် သဘာဝက ဖန်တီးပေးထားသည့် ရောင် ရမ်းမှုကို တားဆီးလျှော့ချပေးနိုင်တဲ့ အစားအစာတွေဟာ ဆေးအဖြစ် သက်ရောက်မှုရှိရုံသာမက အရသာလည်းရှိပြီး ခန္ဓာကိုယ်အတွက်လိုအပ်နေတဲ့ ဗီတာမင်နှင့်သတ်္ထုဓာတ်တွေလည်း များစွာပါဝင်နေကြပါသည်။
၎င်းင်းတို့မှာ . . .

(၁) အမျှင်ဓာတ်ကြွယ်ဝသည့် သီးနှံများဖြစ်ကြသော လတ်ဆတ်သည့် သစ်သီးဝလံများ ဥပမာ သစ်တော်သီး၊ ပန်းသီး၊ ငှက်ပျောသီး၊ သရက်သီး၊ မာလကာသီး၊ သံပရာသီး၊ ကျွဲကောသီး၊ လိမေ်္မ်ာသီး စသည့် ဟင်းသီးဟင်းရွက်များ၊ ကညွတ်၊ ပန်းမုံလာ၊ မုံညင်း၊ ဟင်းနနွယ်၊ ပြောင်းဖူး၊ ရဲယိုရွက်၊ ပဲသီးမျိုးစုံ၊ မုန်လာဥ၊ ခရမ်းသီး စသည့် သီးနှံများ(ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းသည့် သီးနှံဖြစ်ဖို့တော့လိုအပ်ပါသည်)

သစ်သီးခြောက်များ (Dired Fruits) များဖြစ်သည့် တရုတ် ဆီးသီးခြောက်၊ စပျစ်သီးခြောက်၊ စွန်ပလွံသီးခြောက်၊ ကတွတ် သီးယို၊ သရက်သီးခြောက်၊ မရမ်းသီးခြောက်စသည်တို့သည် အမျှင်ဓာတ်ပေါကြွယ်ဝပြီး ရောင်ရမ်းမှုကို လျှော့ချတားဆီး ပေးနိုင်ပါသည်။

(၂) မပြည့်ဝဆီပါဝင်မှုရာနှုန်းများကြသည့် သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ ပြောင်းဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီ၊ ဆူးပန်းဆီ၊ ချဉ်ပေါင်စေ့ဆီစသည့် လတ်ဆတ်ပြီး အရည်အသွေးကို ထိန်းသိမ်းထားသည့် ဆီကောင်း၊ ဓာတ်မပျက်သေးသည့် ဆီတို့ကို သာစားသုံးပါ။

(၃) ဗီတာမင်စီ (Vitamin C) ဓာတ်များစွာပါဝင်သော သစ်သီးဝလံများသည် အင်တီအောက်ဆီးဒင့် (Anti-Oxidant)  အာနိသင်ရှိသည့် ဗီတာမင်ဓာတ်ဖြစ်သောကြောင့် ရောင်ရမ်း ခြင်းကို ထိန်းသိမ်းပေးနိုင်စွမ်း (Anti-inflammatory Pro­perty) အာနိသင်များစွာပါဝင်နေကြသည်။

မာလကာသီး၊ တရုတ်နံနံ ၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီးစိမ်း၊ သံပရိုသီး၊ ဂေါ်ဖီထုပ်(အနီ ရောင်)၊ လိမ္မော်သီး၊ ဆီးဖြူသီး၊ လိုင်ချီး၊ သရက်သီးစိမ်း၊ နာနတ်သီး၊ သလဲသီး၊ ဂွေးသီးစသည့် သစ်သီးဝလံများ ကို စားသုံးပေးရမည်။

(၄) ပင်လယ်ရေမှော်၊ ကျောက်ပွင့်၊ ငါးသေတ်္တာငါး၊ ငါးကွမ်းရှပ်၊ ငါးပါးနီစသည်တို့သည် ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည့် အစားအစာများဖြစ်ပါသည်။

(၅) နနွင်း၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ နံနံစေ့၊ ဇီယာ၊ ပျဉ်းတော်သိမ်ရွက်၊ ပူစီနံစသည် ဟင်းခတ်အမွှေး အကြိုင်များသည်လည်း အာနိသင်ထက်ကြပါသည်။

(၆) ရေနွေးကြမ်း တွင် ဖလေဖိုနွိုက်ဓာတ်ပါဝင်နေသောကြောင့် ရောင်ရမ်းမှုကိုလျော့ နည်းစေပြီး နှလုံးရောဂါနှင့် ကင်ဆာဖြစ်နိုင်တဲ့ ဓာတ်တွေကိုလည်း လျှော့ချနိုင်ကြောင်း သုတေသနတွေ့ရှိထားပြီးဖြစ်၍ ရေနွေးကြမ်းကို နေ့စဉ်(၇/၈)ရွက်ခန့် သောက်သုံးသင့်ပါသည်။

ထို့အတူ မြန်မာများအကြိုက် လက်ဖက်အသားကို သုပ်စားခြင်းကလည်း အလားတူအကျိုးများကို ရစေပါသည်။

သို့သော် ပျိုမေများ မီးယပ်သွေးသားဖြစ်ခါနီး ၇ ရက် အလိုနှင့် သွေးသားပေါ်နေစဉ်အတွင်းမှာတော့ လက်ဖက်စားသုံးခြင်းကို ခေတ္တရှောင်ထားလျှင် ပို၍သင့်တော်ပါသည်။ လက်ဖက်တွင် ပါဝင်သည့် အဖန်ဓာတ်က သွေးသားကိုချုပ်စေသည့် သတ်္တိရှိသောကြောင့်ဖြစ်ပါသည်။

(၇) သင်္ဘောသီးတွင် ပါပိန်း (Papain)  ဓာတ်ပါဝင်နေလျှင် ပရိုတင်းဓာတ်ကို ချေဖျက်ပေးနိုင်သည့် အင်ဇိုင်းမျိုးဖြစ်ပါသည်။ ဗီတာမင်စီ၊ Vit E ဓာတ်တို့လည်း ပါဝင်နေပါသေးသည်။

ထို့ကြောင့် Papain ဓာတ်က ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေသောကြောင့် ဆီး၊ ၀မ်း မှန်ကန်မှုကိုလည်း အကျိုးပြုပြီး အသားအရေကို ကြည်လင် တောက်ပစေသည့်ရောင်ခြယ်ဓာတ်ကလည်း ဖြည့်စွက်ထားပါ သေးသည်။

သင်္ဘောသီးကဲ့သို့ အကျိုးပြုစေသည့် အသီးတစ်မျိုးမှာ နာနတ်သီးဖြစ်ပါသည်။ နာနတ်သီးမှာ ဘရိုမီလိန်း (Bromelain)  အင်ဇိုင်းဓာတ်ပါဝင်နေ၍ အစာခြေစနစ်ကိုအားပေးပြီး အဆစ်ရောင်၊ လေးဖက်နာရောဂါများနှင့် အခြားရောင်ရမ်းမှုတို့ကို လျှော့ချပေးနိုင်စွမ်းရှိပါသည်။

(၈) စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘရန်ဘယ်ရီ ၊ ရက်စ်ဘယ်ရီ ၊ ဘလက်ဘယ်ရီစသည် ဘယ်ရီသီးအုပ်စုဝင်တို့သည် အင်တီအောက်ဆီးဒင့် ဓာတ်ပေါများကြွယ်ဝကြ၍ ကင်ဆာရောဂါ၊ ကာကွယ် ခြင်းနှင့် ရောင်ရမ်းမှုတို့ကိုလျှော့ချနိုင်သည့် အစွမ်းသတ်္တိပြည့်စုံကြသဖြင့် စားသောက် ပေးရပေမည်။

(၉) သံလွင်ဆီ (Extra Virgin Olive Oil)ကိုစပိန်တို့က ကျန်းမာ၍ အသက်ရှည်စေသည့် ဆေးအဖြစ် သတ်မှတ်ထားကြပါသည်။

သံလွင်ဆီမှာ ပေါ်လီဖီနောလ်(ခ်)ဓာတ်ပါဝင်ပြီး နှလုံးနှင့် သွေးကြောများအတွင်း ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်ပြီး မိုနိုအန်ဆက်ကျူးရေး တစ်အက်စစ်ဓာတ် (Mono-Unsaturated Fatty Acid-M.U.F.A) ပါဝင်နေ၍ လေးဖက်နာ၊ အဆစ်ရောင်ခြင်းကိုလည်း လျှော့ချစေနိုင်ပါသည်။

(၁၀) ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်သည့် ထိပ်တန်းအစားအစာများတွင် ဂေါ်ဖီပန်းအစိမ်း (Broccoli) ကလည်း အစွမ်းထက်ပါသည်။ ၎င်းတွင် ဆဲလ်ဖိုရာကိန်း (Sulforaphane) ဓာတ်က ကင်ဆာကိုဖြစ်စေနိုင်သည့် ဓာတ်များကို ချေဖျက်ပေးနိုင်သည့် အစွမ်းရှိပါသည်။

ပန်းဂေါ်ဖီစိမ်းကို စားပေးခြင်းဖြင့် ကိုယ်တွင်းအဆိပ်ဓာတ်တွေကို ချေဖျက်ပေးပြီး ရောင်ရမ်းမှုကို လျှော့ကျသွားစေပါသည်။

ယခုဖော်ပြပါသစ်သီးဝလံ၊ အသီးအနှံများသည် ပျိုမေတို့မျက်နှာပြင် နှင့် ခန္ဓာကိုယ်အသားအရေစိုပြည်နုပျိုစေပြီး ကျန်းမာကျစ်လျစ်သည့်အလှ တရားများကို အစွမ်းကုန်ဖော်ထုတ်ပေးစေမည့် အစွမ်းထက်အစားအစာ၊ သစ်သီးဝလံများဖြစ်ပါသည်။

အထက်ဖော်ပြပါ ၁၀ မျိုးတို့အနက် မိမိတို့နှင့် အဆင်ပြေအလှမ်းမီ သည့်အစားအစာများကို အထူးဂရုပြုစားသောက်ပေးမည်ဆိုလျှင် လွန်စွာ အကျိုးများလှပါသည်ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ယခုနောက်ဆုံးပိတ်လက်ဆောင်အနေဖြင့် ပျိုမေများအတွက် အသားအရေလှပစေခြင်းအတွက် အကောင်းဆုံး ရိုးရာတိုင်းရင်း ဆေးနည်းတစ်ခုကို ဖော်ပြပေးလိုက်ပါသည်။

အဲဒါကတော့

(၁) နနွင်းစစ်စစ်အမှုန့် ၁၀ကျပ်သား
(၂) ချင်းခြောက်အမှုန့် ၁ ကျပ်သား
(၃) ပျားရည်စစ်စစ် ၅၀ကျပ်သား

၎င်းဆေးသုံးမျိုးကို သေချာသမ မျှတသွားအောင်ဖျော်စပ်၍ နေနှင့် သုံးရက်လှန်းပါ။ (ချက်ပါ) ပြီးလျှင် လေလုံစွာထားပြီး နံနက်ည စားပွဲ ဇွန်း(၁)ဇွန်း၊ ရေကျက်အေးဖြင့် ပုံမှန်သောက်ပေးသွားပါက ပျိုမေများ ရွှေသားရုပ်သွင်နှိုင်းမမီသည့် အလှတရားများကို ပိုင်ဆိုင်နိုင်ကြပြီး သွေးသားမှန်ကန်၍ ““ရေကြည်သောက်လျှင်မြင်ရမလောက်ပင်””ဆိုသည့် မင်းဂံဘုတ်ရွာသူ သီချင်းစာသားထဲကလို လှပဂေးကြွယ်နိုင်ကြမည်မှာ မလွဲပေ။

(THE CHIC MAGAZINE - November 2016 Issue မှ)

No comments: