Friday, May 30, 2008

Tuna Dish

တူနာငါးထောင်း

ပါဝင်သည့်ပစ္စည်းများ
တူနာငါးသေတ္တာ - (၁) ဘူး
ပုစွန်ခြောက် - စားပွဲတင်ဇွန်း ၁ဇွန်း (ညက်ပြီးမွနေအောင် ထောင်းထားပါ။)
ငရုတ်သီးတောင့် - ၄တောင့်
ကြက်သွန်နီဥသေး - ၅လုံး (အခွံနွှာထားပါ။)
ကြက်သွန်ဖြူ - ၁၀မွှာ (အခွံနွှာထားပါ။)
ငါးငံပြာရည် - စားပွဲတင်ဇွန်း ၂ဇွန်း
သံပုရာရည် - စားပွဲတင်ဇွန်း ၁ဇွန်း
သကြား - ဇွန်းတစ်ဝက်
ရေနွေးဆူဆူ - ၁^၄ ခွက်

ပြင်ဆင်ပုံ

ကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့် ငရုတ်သီးများကို အပူပေးထားသောအိုးထဲထည့်ပြီးလှော်ပါ။ ကျက်လောက်သည့်အခါ အိုးပေါ်မှချပါ။
လှော်ထားသော ငရုတ်သီး၊ကြက်သွန်နီ ၊ ကြက်သွန်ဖြူများကို ညက်အောင်ထောင်းပါ။ တူနာငါးထည့်ပြီး ဆက်ထောင်းပါ။ ပြီးလျှင် ငံပြာရည်၊ သံပုရာရည်နှင့် သကြားရောထည့်ပါ။ အရသာအနေတော် ဖြစ်မဖြစ် မြည်းကြည့်ပါ။
ရေနွေးအနည်းငယ်လောင်းထည့်ပြီး သမအောင်မွှေပေးပါ။ ၄င်းတို့ကို ပန်းကန်ထဲပြောင်းထည့်ပြီး အပေါ်မှာ ပုဇွန်ခြောက်မှုန့်ဖြူးပေးပါ။ မိမိနှစ်သက်ရာ ဟင်းသီးဟင်းရွက်များနှင့် တွဲဖက်၍ အတိုးအမြှုပိလုပ်ပြီး စားသုံးနိုင်ပါသည်။

No comments: