Wednesday, May 21, 2008

Fried Rice with Crabmeat

ကဏန်းသားထမင်းကြော်

*ပါဝင်သည့်ပစ္စည်းများ

ထမင်း - ခွက် ၄ခွက်စာ
ကဏန်းသား - ခွက်တစ်ခွက်စာ၊ ချက်ပြီးအခွံနွှာထားပြီး
ကြက်ဥ - ၂လုံး
ကြက်သွန်နီ - ခွက် ၃ပုံ ၁ပုံစာ၊ အတုံးတုံးထားရန်
ပဲငံပြာရည် - စားပွဲတင်ဇွန်း ၃ဇွန်း
ဆော့ - စားပွဲတင်ဇွန်း တစ်ဝက်
သကြား - စားပွဲတင်ဇွန်း၂ဇွန်း
ဆီ - စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သွန်ဖြူ - စားပွဲတင်ဇွန်း၂ဇွန်း၊ တောက်တောက်စင်းထားရန်
ငရုတ်ကောင်း - အနည်းငယ်
ကြက်သွန်မြိတ်နှင့် သခွားသီး - အနည်းငယ်

*အဆင့်ဆင့်ချက်ပြုတ်ပုံ

- ကြက်သွန်ဖြူကို ဆီအိုးထဲတွင် ရွှေရောင်သန်းလာအောင် ကြော်ပါ။ပြီးလျှင် ကြက်သွန်နီ အရင်ထည့်ကာကြော်ပြီး ကဏန်းသားထည့်ကြော်ပါ။ ထို့နောက် အိုးဘေးဖက်သို့ အသာကပ်ထားပါ။
- ထို့နောက် ဆီအနည်းငယ်ဖြင့် ကြက်ဥကို ခလောက်ကြော်ကာ၊ ထမင်းကိုပါထည့်ကြော်ပါ။
- ပဲငံပြာရည်၊သကြားတို့ကိုထည့်ကာ နှံ့စပ်အောင် ရောမွှေပြီးကြော်ပါ။
- ပြီးလျှင် ပန်းကန်ပြားထဲသို့ထည့်ပြီး ငရုတ်ကောင်း၊ကြက်သွန်မြိတ်တို့ဖြူးကာ သခွားသီးရံပြီး အရသာရှိသော ကဏန်းသားထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ။

No comments: