ဂန္တ၀င်မေမေ
ကိုးလလွယ်လို့၊ဆယ်လဖွားကာ
သားငယ်လူလှ၊ကျန်းမာစေဖို့
မတည့်စာရှောင်၊တည့်စာအောင်လို့
ကျေးဇူးတင်တဲ့၊မွေးမေမေ။
သားငယ်လူလှ ၊အားရှိအောင်ပ
မေတ္တာနို့ရည်၊ သွန်းကာဝေတဲ့
ကျေးဇူးကြီးတဲ့၊မဟာမေမေ။
သားငယ်လူလှ၊အိပ်မောကျဖို့
မေတ္တာပုခက်၊ လွှဲကာယှက်လျှက်
နေ့စဉ်တာဝန်၊မပျက်ခဲ့တဲ့
ကျေးဇူးကြီးတဲ့၊မြင့်မိုရ်မေမေ။
သားငယ်လူလှ၊ အငိုတိတ်ဖို့
တေးသံသာဖြင့်၊ချော့ကာသိပ်တဲ့
ကျေးဇူးကြီးတဲ့၊ကောင်းကင်မေမေ။
နေ့စဉ်သားချီ၊ ဈေးကိုနှင်ပြီး
ဝတ္တရားမပျက်၊အားလုံးစားဖို့
နေ့စဉ်ချက်တဲ့၊အနှိုင်းမဲ့မေမေ။
သားလူလှပေါ်၊များပြားလှတဲ့
မွေးမေကျေးဇူး၊မဆပ်နိုင်သော်မှ
ကျေးဇူးမသိ၊မဖြစ်လိုပါ
သားငယ်လူလှ၊အနာဂတ်ကို
ရွှေချပေးတဲ့၊ဂန္တ၀င်မေမေ။
- ဇွဲမာန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment