Thursday, May 8, 2008

Me and my boyfriends (2)

အပြင်မှာတွေ့ဖြစ်ကြတော့ အရမ်းကိုခင်မင်စရာကောင်းပြီး နွေးထွေးတဲ့ ဆက်ဆံရေးကောင်း တဲ့ သူငယ်ချင်းတစ်ယောက်ရခဲ့ပြန်ပါတယ်။ သူ့အလုပ်အကိုင် ပတ်ဝန်းကျင်က သူငယ်ချင်းတွေနဲ့ တွေ့ဆုံဆက်ဆံပေးတယ်။ လှုပ်ရှားလည်ပတ်မှုတွေမှာ လိုက်ပါလှုပ်ရှား စေတယ်။
ကိုယ်ရန်ကုန်ကလူတွေကို မကြိုက်ဘူး၊နေထိုင်ရတာကိုလည်း မကြိုက်ဘူးတဲ့….
ဟုတ်တယ် သူဟာ ရန်ကုန်ဇာတိမဟုတ်ဘူး လားရှိုးကပါ။ အလုပ်အကိုင်ရာထူးကြောင့် ပြောင်းရွှေ့နေထိုင်နေသူဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းမှာ ရာထူးမြင့် သူပါ။ သူနဲ့ ဖြစ်တည်မှု အစပိုင်းမှာ ကျွန်တော့်ဘက်က လှိုက်လှိုက်လှဲလှဲ မခံစား မိသေးပါဘူး ။ မင်းငါ့ကို သံယောဇဉ်တွေပေးတယ် ၊ သူ့ကို ခွဲသွားမယ်ဆိုရင် မနှုတ်ဆက်ပဲတိတ်တိတ်လေး ထွက်ခွာသွားပေးပါ စတဲ့စကားတွေကို သာမန်ပဲနားထောင်မိခဲ့ပါတယ်။ သူ့အလုပ်သဘော သဘာဝအရ ရန်ကုန်မှာ တစ်လ နယ်တွေမှာ တစ်လစသည်ဖြင့် လုပ်ကိုင်နေထိုင်ရပါတယ်။
မတွေ့ဖြစ်ကြတဲ့ လတွေမှာ ကျွန်တော့်ဘက်က သူ့ကို အရမ်းလိုအပ်နေတယ်ဆိုတာ ခံစားမိလာတယ်။ လူဆိုတာ အထီးကျန်မနေနိုင်တဲ့ သတ္တ၀ါတွေပဲ …အချစ်ကိုရတော့ စွဲလန်းမှု အချစ်ဒီဂရီတွေ..မတွေ့ရတဲ့ ကာလမှာ မြင့်တက်လာရပြန်တယ်။ ရန်ကုန်မရောက်ခင် သူမေးလ်မပို့ဘူး ၊ဖုန်းမဆက်ဘူး အလုပ်များနေလို့ ဆိုပြီးနားလည်ပေးခဲ့ပါတယ်။ ရန်ကုန်ပြန်ရောက်တော့လည်း သူ့အမေနဲ့ သူ့ညီက ရန်ကုန်အိမ်မှာလာနေတော့ ကိုယ်တို့ နေ့တိုင်းတွေ့လို့မဖြစ်ဘူးတဲ့။ တစ်ပတ်မှာ သူတွေ့မယ်လို့ပြောတဲ့အချိန်မှာမှ တွေ့ခွင့်ရပါတော့တယ်။ ကိုယ့်ကိုထားသွားချင်လို့ ဒီလိုပြုမူတာလားလို့ တစ်ခါတစ်ရံ သံသယ၀င်ပေမဲ့ သူ့အလုပ်အကိုင် သဘာဝကို နားလည်နေသူ ကျွန်တော့်အနေနဲ့ အစွမ်းကုန် စိတ်ရှည်နားလည်ပေးနေမိပြန်ပါတယ်။
အချစ် တစ်ခုဖြစ်တည်မှုအပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက်ချစ်နေယုံနဲ့ မပြီးဘဲ နားလည်မှုဆိုတာလိုအပ်ကြောင်း နားလည်လာမိတဲ့ အချိန်ကာလတစ်ခုပါ။ အဆင်ပြေစွာနဲ့ တစ်သက်လုံး အတူနေထိုင်ဖို့ မျှော်မှန်းပါတယ်။ မဖြစ်နိုင်မှန်း သိပေမဲ့ ချစ်ကြပြီဆိုရင် အတူနေချင်မိတာ အပြစ်တော့ မဆိုသာပါဘူးနော်။
မင်းကို ကိုယ်ချစ်ပါတယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်နေတတ်တာ ကိုယ့်သဘာဝပဲ။ တစ်ချိန်ချိန်မှာ သင့်တော်တဲ့ အရာအားလုံးမမှားဘူး ကောင်းမွန်သင့်တော်တဲ့ မိန်းကလေးတစ်ယောက်ကို ကိုယ်လက်ထပ်ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ မင်းနဲ့လည်း ဆက်ဆံရေးကို သံယောဇဉ်မဖြတ်ပါဘူး ဆိုတဲ့စကားတွေ အတည်မဖြစ်လာခင်အထိ ကျွန်တော်ဆက်ချစ် နေနိုင်မှာပါ။
ရေးခဲ့သောအကြောင်းအရာတွေက ကျွန်တော့်ရဲ့ ရှိခဲ့ဖူး ရှိနေခဲ့တဲ့ ချစ်သူများနဲ့ ကျွန်တော့်ရဲ့အကြောင်းပါပဲ။ လူတစ်ဦး ပုံစံတစ်မျိုးစီဆိုပေမဲ့ သူတို့ဆီမှာ အခြေခံတူညီချက် လေးတွေ တော့ရှိပါတယ်။ အဲဒီအခြေခံစိတ်လေးတွေက ကျွန်တော့်ဆီမှာလည်းရှိတာ အမှန်ပါပဲ။ အတ္တ ကိုယ့်အတွက်သာ ကြည့်တတ်တဲ့ အတ္တ အရာရာ ကိုယ့်အတွက်သာဆို တာမျိုးတွေ ၊ ခံစားချက်တွေကို ချစ်သူနှစ်ဦးကြားမှာ အလျော့အတင်းရှိသင့်ကြောင်း ၊ နားလည်မှုဆိုတာ အမှန်အကန်လိုအပ်ကြောင်း အသိရရှိခဲ့မိသလို ၊ သတိနဲ့ ကိုယ့်အတ္တကို လျော့ပေးပြီး ချစ်တတ်မှာသာ အဆင်ပြေမှာအမှန်လို့ အခုတော့ ကျွန်တော်လက်ခံပါပြီ။
"Neo" မကြာခင်သူ့ချစ်သူအသစ်ရှိရာ စင်ကာပူကို ဘ၀ရှေ့ရေး အတွေးများစွာနဲ့ သွားတော့မယ်။
"Ko Sunny" သူ့အကြောင်း ဘာမှပြေစရာမရှိပါဘူး။အချစ်ရဆုံးကျွန်တော့်အစ်ကိုကြီးပါ။
"သူရ" အရမ်းအေးစက်တဲ့ အလုပ်ကို ဦးစားပေး ဂရုစိုက်တတ်တဲ့ချစ်သူ။ ဘယ်အချိန်မှာ လမ်းခွဲရမယ်မသိ……......

1 comment:

Anonymous said...

ဒါမျိုးတွေက ဖြစ်တတ်ပါတယ် ... ဒါကို စာလုံးတွေ နဲ့  ဘာသာပြန်လိုက်တော့ မြန်မာလူ မျိုးတွေရဲ့  ရှုထောင့်က ကြည့်ရင် စိန်ခေါ်မှုတစ်ခု ပါပဲ .။ ကိုယ်မကြည့်ဖူး သေး ပေမဲ့  နာမည်ကြီးခဲ့ တဲ့  '' Brockback Mountain'' ဖန်တီးတဲ့ သူလို အောင်မြင်ပါစေ ...။ စိတ်ခံစားမှု အနေနဲ့ ကတော့ ဘ၀ခရီးကို သက်တောင့်သက်တာ ဖြတ်သန်း လိုက်ပါ .. ။ ရိုးသားပွင့်လင်းပြီး .......လွတ်လပ်ဆန်းသစ်
တဲ့  ဖန်တီးမှု /တီထွင်မျိုးတွေနဲ့  စိတ်ခံစားမှု အသစ်တွေရရှိပါစေ ... ။အနည်းဆုံးတော့ ကိုယ့်ဘေးက လူတစ်ယောက်ကိုတော့ ငြိမ်သက်ခြင်းပေးနိုင်ပါစေ ...မင်းကိုယ်တိုင်လည်း ငြိမ်သက်ခြင်းရှိပါစေ သူငယ်ချင်း ...။ Ok thank you ..May God bless you .. May be peace ...