Wednesday, May 7, 2008

Me and my boyfriends (1)

မင်းအဲဒီလိုမနေစမ်းနဲ့ အဲဒီလိုနေတာ၊ပြောတာတွေက မိန်းမဆန်တဲ့ စိတ်အမူအရာတွေပဲ။
အချိန်တွေကို မဖြုန်းစမ်းနဲ့ မင်းရန်ကုန်ကိုဆင်းလာတာ အကျိုးရှိအောင်နေစမ်း။
စိတ်ခံစားချက်ကို အလိုမလိုက်စမ်းနဲ့ညီ ကိုယ့်ဘ၀ရှေ့ရေးအတွက်အရင်ကျိုးစား ၊ ပြီးမှစိတ်ပျော်ရွှင်ဖို့အတွက် ခံစားချက်ကို နောက်မှအသားပေး...စတဲ့ စကားများစွာဟာ ကိုဆန်နီနဲ့ ပတ်သက်မိခဲ့တဲ့ အချိန်အတွင်းရရှိမှတ်သားမိလိုက်တဲ့ နွေးထွေးလှိုက်လှဲစကားများပါ။ ရပ်ဝေးမြေမှာ အလုပ်လာလုပ်နေတယ် ပြီးတော့ အကြင်နာတွေ ရိုင်းပင်းမှုတွေ နွေးထွေးမှုတွေ လိုအပ်နေချိန်မှာ ရရှိခဲ့တယ်ဆိုတော့ ကြာလာတာနဲ့အမျှ သူနဲ့မခွဲနိုင် ကိုယ့်ကိုခွဲသွားမှာ ထားရစ်ခဲ့မှာ အရမ်း ကိုကြောက်လန့်မိပြီး ညညမျက်ရည်ကျသည်အထိ ချစ်ခင်စွဲလန်းမိခဲ့တာ ကိုယ့်ကိုယ်ကိုတောင် မထိန်းချုပ်နိုင်အောင်ပါပဲ။

ကျွန်တော့်အနေနဲ့ လူတစ်ယောက်ကို ချစ်ခင်နှစ်သက်မိတာအမှန်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အချစ်ဒီဂရီတစ်ဖြည်းဖြည်း မြင့်တက်လာတတ်တဲ့အကျင့်ရှိပါတယ်။ ဒီဂရီမြင့်လေ အပူရှိန်ပြင်းလေပါ။
မင်းဟာ အခုလက်ရှိရရှိနေတဲ့ နေရာ ခံစားချက် အချိန်တွေကို တန်ဖိုးမထားဘူး...ဟုတ်တယ် ကျွန်တော်ဟာ အတိတ် ပစ္စုပ္ပန် အနာဂတ်နေရာဟူသမျှ ကျွန်တော်သာပိုင်စိုးလိုခဲ့တာ။ အဆင်ပြေနေတဲ့ အခုလက်ရှိအခြေမှာ မကျေနပ်သေးတဲ့အပြင် ကိုဆန်နီရဲ့ အချစ်ဦးနေရာကိုတောင် မနာလိုစိတ်နဲ့ ဖြစ်နိုင်ရင် ဖယ်ရှားပစ်ချင်ခဲ့တာ....အချစ်ဒီဂရီရဲ့ အမြင့်ဆုံးလောင်မြိုက်မှုတွေပါပဲ။

ကိုဆန်နီကိုချစ်တာ ကျွန်တော့်ဘ၀မှာ ရင်အခုန်ဆုံး အစစ်အမှန်ဖြစ်ဆုံးပါပဲ။လေးစားစိတ်လည်းပါဝင်ခဲ့တာပါ။ ဒါပေမဲ့ ဘာကြောင့် လမ်းခွဲခဲ့ကြတာလည်းမေးရင် ကျွန်တော်က အချစ်ပိုလေ သူ့မှာစိတ်အနှောင့်အယှက်ဖြစ်လေ ။
ကြာလာရင် ကျွန်တော်ပဲစိတ်ဆင်းရဲရမှာဖြစ်သလို သူ့အနေနဲ့ ကျွန်တော့်အပေါ် ကိုယ်ချင်းမစာနာရာ ရောက်မယ်လို့ ခံစားမိကြောင်း ...ဒီလိုနဲ့ပဲ အဆင်ပြေစွာ အမုန်းမလိုတဲ့ လမ်းခွဲမှုမျိုးနဲ့ မိတ်ဆွေအဖြစ်ပြောင်းလဲဖြစ်တည်ခဲ့တယ်ဆိုပါတော့။

ရန်ကုန်မှာ အလုပ်လုပ်ပြီး နေထိုင်တာနည်းနည်းကြလာတော့ လူအမျိုးမျိုး စိတ်အထွေထွေ တွေ့ကြုံဆက်ဆံလာရတာများ လာပေမယ့် အထီးကျန်တဲ့ခံစားမှုမျိုးရရှိလာခဲ့ပါတယ်။ လူတွေများစွာအလယ်မှာ အထီးကျန်တဲ့သူပါ။ ကိုယ့်နာမည်ကို အသုံးပြုပြီး ဘယ်သူပြောတာပါ။ သူကလူရှုပ်လေ စသည်ဖြင့် ကိုယ့်ပုံရိပ်ကို ဖျက်ဆီး အသုံးချသူတွေက အများသားပါ။ တစ်ချို့တွေက ဒီအကြောင်းအရာတွေကိုကြားထားပြီး ကိုယ်နဲ့ဆက်ဆံရမှာ သူငယ်ချင်းအသိမိတ်ဆွေဖြစ်ရမှာကို အဆိပ်သီးကို ထိမှာကြောက်သလို ရွံကြောက်ကြီးဖြစ်ကြသတဲ့။ အကြားနဲ့တင် ဆုံးဖြတ်တတ်ကြတဲ့ အသုံးချပြီးရင် အသုံးမပြုချင်တော့တဲ့ ဆက်ဆံရေးမျိုးတွေ ကကြာလာတော့ အထီးကျန်သလိုခံစားလာရပြီး အထီးကျန်ပဲနေထိုင်ချင်တော့တယ်။

အဲဒီလိုအချိန်လေးနည်းနည်းကြာလာတော့ ကျွန်တော်နဲ့ခင်ချင်လို့ပါ အပြင်မှာတွေ့ရအောင် ဆိုလာသူတစ်ယောက်နဲ့ တွေ့ပြန်တယ်။

No comments: