Wednesday, May 21, 2008

Cooking Fresh Meat

အမဲသားကောက်စိုက်မချက်

*ချက်ပြုတ်ပုံ

အမဲသားကောက်စိုက်မချက်ကို ချက်မယ်ဆိုရင် အမဲသားကို အသားချည်းမ၀ယ်ပါဘူး။ အသားနဲ့ အရွတ်အကြော တွဲလျက်ဝယ်ပါတယ်။ အဲဒီ အကြောအရွတ်ပါတဲ့ ပြုတ်လုံးလုံးပြီးသား အမဲသားအဖတ်လေးတွေကို ပါးပါး သေးသေးလေးလှီးတယ်။ ပြီးတော့ ခရမ်းချဉ်သီးလေးတွေလည်း ပါးပါးလှီးတယ်။ အညာ ငရုတ်သီးတောင့်ပွတွေကို လေးစိပ်စိပ်၊ ကြက်သွန်နီကိုရိတ်ရိတ်လေးတွေ လှီး၊ ကြက်သွန်ဖြူလေးတွေကို ထောင်း၊ အားလုံးလည်း ပြီးရော ဒယ်ပိုင်းလေးထဲ အသားနဲ့ အဆာပလာတွေ အကုန် ရောထည့်၊ ဒယ်အိုးထဲ ရေသုံးပုံ နှစ်ပုံလောက်ထည့် ဆီလေးပါလေကာ လောင်းထည့်၊ မီးဖိုပေါ်တင် ရေတွေပွက်ပွက်ဆူလာတော့ အကုန်လုံးရောမွှေ၊ ပြီးတော့ အပေါ်ရေ ကိုသောက်ကြည့်၊ အပေါ့အငန် မြည်း၊ ဆားလို၊မလိုကြည့်၊ ခဏကြာရင် ဒန်အိုးအဖုံးလေး လှပ်ကြည့်၊ရေ အနေတော်လောက်ဆိုရင် ချလိုက်။ အမဲသားဖတ်လေးတွေ ဟင်းရည်ထဲ မြှုပ်နေပြီး ခရမ်းချဉ်သီး ကြက်သွန်ဖြူ ၊ နီတွေကလည်း ကြေသွားပြီး ငရုတ်သီး အပွအဖတ်တွေဘောလောပေါ်နေတဲ့ ]အမဲသား ကောက်စိုက်မချက်} ကိုတွေ့ရပါလိမ့်မည်။

*ပြင်ဆင်ပုံ

အမဲသား ကောက်စိုက်သမချက် ချက်ဖို့ ပထမဆုံး အမဲသားကိုပြုတ်လုံးလုံးပုံကို ပြောပြပါ့မယ်။ အမဲသားကို သင့်ရုံ တော်ရုံလေးတွေတုံး၊ ပြီးတော့ ဆားလေး နနွင်းလေးတော်ရုံနဲ့နယ်၊ ရေကို အမဲသားတုံးတွေ မြှုပ်နေအောင်ဖြည့်၊ မီးသွေး မီးအေးအေးပေါ်မှာတင်၊ ရေခန်းခါနီးတော့ ဆီလေးနည်းနည်းထည့်ပြီး မွှေပေးလိုက်တယ်။ ရေခန်းသွားတော့ ဟင်းအိုးကို မီးဖိုပေါ်ကချလိုက်ရော။ နနွင်းလေးပါလေကာ ဆိုတော့ အမဲသားအညှီပျောက်သွားပြီး အမဲသား အတုံးလေးတွေကလည်း ခပ်ဝါ၀ါလေးတွေဖြစ်နေပါလိမ့်မယ်။နနွင်းသိပ်များသွားရင်တော့ အမဲသားအတုံး အ၀ါကြီးတွေ ဖြစ်နေပါလိမ့်မယ်။ အသားတုံးတွေ နယ်တုန်းမှာ ဆားကိုလျှော့ထည့်ပြီးနယ်ရတယ်။ ဘာလို့လဲဆိုတော့ ဆားအပေါ့အငန်ကို နောက်မှ ကြည့်ပြီးပြင်တာပါ။ဟင်းအိုးကို ရေအပြည့်နဲ့ မီးဖိုပေါ်တင်လိုက်ပြီး ရေတွေ တပွက်ပွက်ဆူလာတော့ ဒန်အိုးဖုံးလေး ၈လပ် ဂလပ်ဆိုမြည်လာမယ်။ အဲဒီအခါရောက်တော့မှ အဖုံးကို အသာလေးလှပ်ပြီး အပေါ်ရေလေးကို မြည်းကြည့်လိုက်၊ပေါ့သေးတယ်ဆိုရင် ဆားထပ့်ထည့်လိုက်လို့ရတယ်။ အစကတည်းက ဆားက သိပ်များသွားမယ်ဆိုရင်တော့ အမဲသားအတုံးတွေကို ဆားအငန်ဓာတ်ဝင်သွားပြီး ပြန်ပြင်လို့ ခက်သွားပါပြီ။ ဒါကြောင့် အသားတုံးတွေကို စပြီးနယ်ကတည်းက ဆား၊နနွင်းကို လျှော့ထည့်ရတယ်။ နောက်ဆုံး ရေခန်းခါနီး ဆီထည့်တော့လည်း အများကြီးမထည့်ရဘူး။ အိုးအောက်ခြေမှာ ဆီလေးနည်းနည်းပဲရှိနေပြီး အသားတုံးတွေ အိုးဖင်မှာ ကပ်မနေရုံလောက်ပဲဆီကို တည့်ရတာ။ အဲလိုဟင်းချက်ဆီဆိုတာမှာလည်း ပဲဆီကို သုံးရပါတယ်။ နှမ်းဆီကို အဲလို အသားလုံးဖို့ သုံးလိုက်ရင် အသားတွေ ခါးသွားမယ်။ အဲဒီလို အသားတွေကို ရေနြဲ့ပုတ် ပဲဆီလေးနဲ့ လုံးတာကို ပြုတ်လုံးလုံးတယ်လို့ ခေါ်ပါတယ်။

No comments: