Friday, May 16, 2008

Love story write with SOng Lyrics.

အိပ်လို့မရဘူး မျက်လုံးတွေ မမှိတ်သေးဘူး
မြင်နေတယ် အခုထိ မင်းရဲ့ နှုတ်ခမ်းပါးလေးပဲမြင်ယောင်ရင်း
လွှဲလို့မရဘူး အာရုံက ဒီစက်ကွင်းထဲ
အကြိမ်ခါတွေ မနည်းဘူး အခုထိ မင်းအကြောင်းစဉ်းစားခါနေတုန်း ။
(အခုထိ အိပ်မရဘူးသေးဘူးကွာ… အိပ်မပျော်သေးတဲ့အတွက် အိပ်မက်လို့မဆိုသာပေမဲ့ မင်းရဲ့ အပြုံးမျက်လုံး၊ နမ်းခဲ့ဖူးတဲ့ မင်းနှုတ်ခမ်းပါးလေးကို အကြိမ်ကြိမ်အခါအခါမြင်ယောင် မိနေတယ်။ မင်းနာမည်ကြားရုံနဲ့ ရင်ခုန်တတ်ခဲ့သူ ကိုယ့်အတွက် အဆွေးအတွေးများစွာနဲ့ပေါ့။)
- ခံစားစိတ်အစဉ်ကြည်နူးမိခဲ့နှစ်ယောက်တည်းညတွေမှာ
လေထဲ အမြင့်ပျံလှော်ခတ်ကြမယ် အနာဂတ်ဘ၀ရဲ့နေ့ရက်တွေ
အတူလိုက်ခဲ့ပါ သာယာသောကောင်းကင်အောက်
ထာဝရ မင်းနဲ့လက်တွဲပြီး ငါနေချင်တယ်။
(အတူကြည်နူးခဲ့ကြတဲ့ညတွေ ၊ ကမ်းနားမှာ အတူထိုင်ပြီးပြောဖြစ်ကြတဲ့ ဘ၀အကြောင်းတွေ၊ အဲဒီလိုနေခဲ့ကြစဉ်က လေထဲမှာ ၀ဲပျံနေသလို….. ဟိုးအဝေးကြီးမှာ…..အသက်ကြီးတဲ့ ဘ၀အထိ ထာဝရ မင်းနဲ့ လက်တွဲနေထိုင်ချင်ခဲ့တယ်။ ဒါဟာ ကိုယဆန္ဒသက်သက်ပါလေ။)
- လှည့်စားနိုင်သလား မိုင်တွေဟာ အချစ်ကို
ငါလေမတွေးတတ်ဘူး
တို့ဝေးကွာခြင်း ပိုဝေးစေသလားချစ်သူ
တကယ် မတွေးတတ်ဘူး မတွေးတတ်ဘူး
အဖြေကို ပြန်ရှာကြည့်ရင်း မျှော်လင့်ခြင်းပိုဝေးလွင့်ရင်း..။
(ကိုယ်နေတာက မန္တလေး မင်းနေတာက ရန်ကုန်….မိုင်တွေအများကြီးခြားထားကြတယ် ကိုယ်တို့နှစ်ဦးအကြားမှာ။ အနေဝေးရင် ချစ်သူနှစ်ဦးအကြားသွေးအေးသွားစေသလား… ကိုယ်တော့ မတွေးတတ်တော့ဘူး။ အနေဝေးတာတစ်ခုတည်းတော့ ဟုတ်မယ်မထင်ပါဘူး တစ်ခြားအကြောင်းတော့ရှိမယ်ဆိုတဲ့ အဖြေကိုတော့ မမျှော်လင့်ပါရစေနဲ့….ကွာ။ ဒါပေမဲ့ တို့တွေ…။)
- မိုးလင်းတိုင်း မင်းရဲ့အနမ်းများနဲ့
နိုးခဲ့သော ငါ့ရဲ့နေ့သစ်များက
ခွဲခွာခြင်း တစ်နေ့ကို ကြုံလာခဲ့ပေါ့
မေ့မရသော အတိတ်က တို့နှစ်ယောက် အမှတ်တရ
မင်းနှုတ်ခမ်းဖျားက အပြာရောင် မနက်ခင်းတွေ
ငါပြန်လည် တမ်းတရင်း ဘယ်အချိန်ပြန်ဆုံနိုင်မှာလည်း။
(မိုးလင်းလာတဲ့အချိန်တွေမှာ နွေးထွေးခဲ့ရတဲ့ နှုတ်ခမ်းလေး..။ မျှော်လင့်ချင်းများစွာဖြင့် အတူနိုးထဖြစ်ခဲ့သော နေ့သစ်များ၊ ဒီလိုနေ့သစ်များစွာကို လိုချင်စိတ်ပြင်းစွာဖြင့်ရပ်ဝေးမြေမှာ အလုပ်လာလုပ်ခဲ့သော ကိုယ်။ အခုချိန်မှာတော့ မင်းက မင်းရဲ့ ချစ်သူသစ်ရှိရာ နိုင်ငံသစ်ဆီ ရှေ့ရေး အစီအစဉ်သစ်တွေနဲ့ သွားခဲ့ပြီကော….။ တို့ခွဲခွာခြင်းက အမုန်းမပါခဲ့ဘူး..။ မင်းအဆင်ပြေပါစေကွာ..။ ဒါပေမဲ့…ရင်ခုန်မနက်ခင်းလေးတွေကို သတိရမိတယ်…ဖြစ်နိုင်ရင် မင်းနဲ့ ဘယ်အချိန်ပြန်ဆုံရမလဲ…..မျှော်လင့်ခွင့်ရှိမလား…..ကိုယ်မသိတော့ဘူး..။)
- မိုးဖွဲများကို....ဂရုမစိုက်ဘဲနဲ့ ....စိတ်ရှိအတိုင်း
ငါလျှောက်လိုက်သွားမလို့.....လွမ်းမောမှုတွေ..ခဏခွာချချင်တယ်....ရေး...ဆုံးရှုံးဖူးတာ ...ငါ့တစ်ယောက်တည်းမဟုတ်
ဖြစ်ခဲ့သမျှတွေ မေ့ပစ်လိုက်ဖို့ ...မိုးသည်းထဲမှာ လမ်းလျှောက်ရင်းနေမယ်......။
(ချစ်သူခင်သူနဲ့ ခွဲခွာရတာ ဘယ်လိုခံစားမိကြသလဲ မသိပါ။ မျက်ရည်များကော… ကျမိလောက်အောင် ခံစားကြရသလား ။ တော်ပြီကွာ……သည်းသည်းမည်းမည်းရွာနေတဲ့ မိုးရေထဲမှာ ငါလျှောက်သွားတော့မယ်..။ ဆုံးရှုံးမှုဆိုတာကို မတွေးချင်တော့ဘူး..။ သွားမယ်…မိုးရေထဲမှာ….သည်းတန်စွာရွာနေတဲ့ မိုးရေထဲမှာ…ကိုယ်ခံစားရမှုတွေမျောပါသွားမလား။)
- လူဆိုတာ ဘယ်နေရာမဆို အတ္တွနဲ့ပေါ့
ကိုယ်မှန်မယ်ထင်တာတွေကို လုပ်တတ်ကြတော့
ငါတို့နှစ်ယောက် အတူနေတာတွေ ကြာမြင့်လေလေ
တဖြည်းဖြည်းနဲ့မိုင် တွေထောင်ချီကာ (ဝေးကွာလေ)၂ ဝေးကာနေရင်း.......
(လူမှန်ရင် အတ္တရှိတတ်ကြသလို အရာရာ အတ္တနဲ့ ဆုံးဖြတ်တတ်ကြတာအမှန်ပါပဲ။ ဒါပေမဲ့ ချစ်သူနှစ်ဦးကြားမှာ အတ္တစိတ်လေးနည်းနည်းမလျှော့သင့်ဘူးလား..။ ဘ၀နေထိုင်မှုပုံစံမတူ ရည်မှန်းချက်မတူမိကြတဲ့ ကိုယ်တို့တွေဟာ အချိန်ကြာလာတာနဲ့အမျှ မိုင်တွေများစွာဝေးကွာသလို ကွာဝေးခဲ့ကြတယ်။ ဒီတော့လည်းကွာ ကိုယ်တို့လမ်းခွဲဖြစ်ကြတာ မဆန်းပေမယ့် ကိုယ့်ဘက်ကတော့ မဖြစ်ချင်ခဲ့တာ အမှန်ပါ။ မင်းနဲ့ အမြင်တူ ချစ်သူသစ်ဖြစ်ပါစေ….မင်းအတွက် ကိုယ့်ဆုတောင်းပါ….။)
- အလင်းနှစ်သန်းပေါင်းများစွာရယ် ဝေးလွန်းတယ်
ဘယ်တော့များ အချစ်စစ်တွေ့ရမလဲ
အလင်းနှစ်များစွာ ဝေးလွန်းတယ် ဘယ်တော့များ
တွေ့ရမယ်...ငါဘယ်တော့များတွေ့ရမလဲ.........
(လူတစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတဲ့ အချစ် ၊ ဘယ်လိုအချစ်က စစ်မှန်သလဲ…အဲဒီလိုအချစ်ကိုရဖို့ကိုရော မျှော်လင့်နိုင်သလား….။ ဟူး….အချစ်…နားလည်မှု စာနာမှုပါတဲ့အချစ်….အလင်းနှစ်များစွာဝေးကွာနေပါသလား….ကိုယ့်အတွက်..။)

No comments: