Friday, May 23, 2008

10 Easy Steps To A Helathier Heart

သင့်နှလုံးကျန်မာရေးအတွက် လွယ်လွယ်ကူကူလုပ်နိုင်တဲ့ အချက်(၁၀)ချက်
၁။ နေ့စဉ်မိနစ် ၃၀လမ်းလျှောက်ခြင်းဟာ နှလုံးတိုက်ခိုက်ခံရမှု အန္တာရယ်ကို ၃၀% လျှော့ချနိုင်ပါသည်။
၂။ သွေးပေါင်ချိန်အမြဲချိန်ပါ။ သွေးပေါင်ချိန်ကို အမြဲတမ်း 115/75 mmHg အတွင်းထိန်းထားပါ။
၃။ နေ့စဉ် အစေ့အဆန်တစ်အောင်စ (အစိတ်သားခန့်) စားပါ။ အစေ့အဆန်စားခြင်းဖြင့် ကောင်းသော ကိုလက်စထရော(လ်) ပမာဏကို မြင့်တက်စေပြီး သွေးကြောများ ရောင်ရမ်းမှုကို ကျစေပါတယ်။
၎။ ကောင်းသော ကိုလက်စထရော(လ်) (HDL)ပမာဏ ကိုအမြဲစစ် ဆေးနေပြီး(HDL) ပမာဏ ၅၀နှင့်အထက် ရှိနေပါစေ။
၅။ တစ်ပတ်လျှင် ခရမ်းချဉ်သီးဆော့(စ်) ထမင်းစားဇွန်း ၁၀ဇွန်းထက် မနည်းစားပါ။ ခရမ်းချဉ်သီးဆော့(စ်)မှာပါတဲ့ ပိုတက်စီယမ်ဟာ သွေးပေါင်ချိန်ကို သိသိသာသာကြီး လျှော့ချပေးမှာဖြစ်ပါတယ်။
၆။ သွားကြားမှန်မှန်ထိုးပါ။ သွားသန့်ရှင်းရေး ပုံမှန်ပြုလုပ်ပါ။ သွားဖုံးများ ကျန်းမာရေးကောင်းမှ သွားခြေပိုးဝင်မှုမရှိဘဲ သွေးကြော ရောင်ရမ်းမှုများမဖြစ်ကာ နှလုံးကျန်းမာရေးကို ရှေးရှုနိုင်မှာဖြစ်ပါတယ်။
၇။ နေ့စဉ်စားသုံးနေတဲ့ အဆီများ၌ ပြည့်ဝအဆီကို တစ်နေ့လျှင် 20gm (တစ်ကျပ်ခွဲသား) ထက်မပိုပါစေနဲ့။ တစ်ဝက်တစ်ပျက် အကြော် ခံဆီတွေကို တတ်နိုင်သမျှရှောင်ပါ။
၈။ အစားအသောက်တွေကို မစားသုံးမီအစားအစာဘူးခွံတွေ အပေါ်မှာ ရေးထားတဲ့ ပါဝင်ပစ္စည်းစာရင်းကို သေချာဖတ်ပါ။ အစားအစာပါဝင်စာရင်း၌ အများဆုံးပါဝင်သောစာရင်း ၅ခုတွင် သကြားပါဝင်မှုသည် ထိပ်တန်းကပါဝင်နေပါက ထိုအစားအစာကို အမှိုက်သရိုက်စာ(Junk Food) အဖြစ်မစားပါနှင့်။
၉။ နေ့စဉ် ၀ိုင်တစ်ခွက်(သို့မဟုတ်) ဘီယာတစ်ခွက်သောက်ပါ။ သို့သော် တစ်ပတ်စာ ၇ခွက်ကို တစ်ရက်တည်းထိုင်သောက် တာမျိုး မဖြစ်ပါစေနဲ့။
၁၀။ နေ့စဉ် ဟင်းသီးဟင်းရွက်သီးနှံအစုံအလင် ၉မျိုးခန့်ကို စားသုံးပါ။
အဆိုပါအချက်၁၀ချက်အနက် အမှတ်စဉ် ၁ မှ ၇ အထိကို ဆေးလိပ် ရှောင်ကြဉ်ခြင်းနှင့်အတူ တွဲဖက်ကျင့်ကြံပါက နှလုံးတိုက်ခိုက်ခံရခြင်း အန္တရယ် ၉၀%အထိ လျှော့ချနိုင်ပါကြောင်း အဆိုပါ အချက်၁၀ချက် အကြံပြုချက်ကို ရေးသားသော ဒေါက်တာ မိုက်ကယ်အက်(ဖ်)ရိုဇန်က ဆိုပါတယ်။
Ref: Reader' Digest

No comments: