Thursday, November 14, 2019

Talent Acquisition & Talent Management



ဒီနေ့ခေတ်မှာ Talent နဲ့ ပတ်သတ်တဲ့ အသုံးအနှုန်းတွေ တော်တော်များများ လုပ်ငန်းအဖွဲ့အစည်းတွေမှာ သုံးလာတာ တွေ့သလို ၊ တကယ်လည်း Talent War (or) War for Talent ဖြစ်နေတဲ့ခေတ်မှာ အရည်အသွေးပိုင်းနဲ့ ပတ်သတ်ပြီး လုပ်ငန်းခွင်မှာ ၀န်ထမ်းတွေအတွက် မေးခွန်းထုတ်စရာဖြစ်စရာ ဖြစ်လာပါတယ် ။

ဒီတော့ Talent Management ဟာ အရေးပါဆုံးသော လူသားအရင်းအမြစ်ကို ဘယ်လို ဖွံ့ဖြိုးအောင် လုပ်မလဲ ဆိုတာကို ၀န်ထမ်းရေးရာ ကျွမ်းကျင်သူတွေအတွက် ခေါင်းခဲစရာ ဖြစ်သလို ၊ လွယ်ကူလှတဲ့ လုပ်ငန်းစဉ်လည်းမဟုတ်ပါဘူး ။

Talent ကို အဘိဓာန်မှာ ဖွင့်ဆိုထားတာက ပင်ကိုစွမ်းရည် ၊ပါရမီထူးသော  လို့ဆိုထားပါတယ် ၊ ဒီတော့ Talent Person ဆိုတာက ပါရမီထူးသော ပင်ကိုအရည်အသွေးကို ပိုင်ဆိုင်ထားသူလို့ဆိုရပါမယ် ။  တော်တော်များများ ဒီအပိုင်းမှာ ကွဲပြားနေတာက  Talent ဆိုတာကို ပင်ကိုအရည်အချင်း (သို့) မွေးရာပါ စွမ်းဆောင်ရည်လို့ သတ်မှတ်ကြတာပါပဲ ။

လူမှုစိတ်ပညာနဲ့ ဆင့်ကဲဖြစ်စဉ်အရ လူဟာ မွေးရာပါ ကျွမ်းကျင်မှုပါဝင်တဲ့ အမျိုးအစားထဲ မပါဝင်ဘူးလို့ ဆိုထားတာလည်း တွေ့ရပါတယ် ။ ဥပမာအားဖြင့် မွေးရာပါ ရေးကူးတတ်တဲ့ ပျံသန်းနိုင်တဲ့ ၊ အစရှိတဲ့ အခြားသော သတ္တဝါတွေ အများကြီးရှိကြပေမဲ့ လူသားဟာ သင်ယူလေ့လာခြင်းအားဖြင့်သာ ကျွမ်းကျင် တတ်မြောက်နိုင်တယ်လို့ စိတ်ပညာဆိုင်ရာ အယူအဆတွေမှာ တွေ့ရပါတယ် ။ တစ်ချို့သော လူသားတွေမှသာ ချွင်းချက်အနေနဲ့ ထူးခြားသော စွမ်းရည်များ ပါဝင်လာတာကို တွေ့ရမှာပါ ။ ဥပမာ အားဖြင့် မှတ်ညဏ်အားအရမ်းကောင်းတယ် ၊ အသံပါဝါအရမ်းအားကောင်းတယ် ၊ တစ်ခြားသော ထူးခြားသော ဝိသေသများနဲ့ လူသားတွေလည်း ရှိကြပါတယ် ။

အနှစ်ချုပ်ပြောရရင် ပါရမီထူးခြားသော ပင်ကိုအရည် အချင်းဆိုတာကို လေ့ကျင့်သင်ကြားခြင်းဖြင့်သာ ကျွမ်းကျင်တတ်မြောက်နိုင်ပါတယ် ။

Talent is Right Practice လို့ သတ်မှတ်လို့ရပါတယ် ။

အောင်မြင်ကျော်ကြားပြီး ပါရမီထူးခြားတဲ့ စွမ်းရည်ပိုင်ဆိုင်ထားသူတွေက များစွာသော လေ့ကျင့် သင်ကြားမှုတွေကို ဇွဲ အပြည့်နဲ့  ကြိမ်ဖန်များစွာ လေ့ကျင့်ထားသူတွေပါ ။ တနည်းဆိုရရင် လေ့ကျင့်သူတိုင်း Talent Person မဖြစ်ပေမဲ့ Talent Person တိုင်းကတော့ Practice ရှိသူတိုင်းဖြစ်ကြမှာပါ ။ ဒါကတော့ Talent နဲ့ပတ်သတ်ပြီး တစ်ဦးတည်း ဖွင့်ဆိုချက်ဖြစ်ပါတယ် ။

လုပ်ငန်းခွင်ထဲမှာလည်း အရည်အချင်းရှိတဲ့ ပါရီမီရှိတဲ့ ပင်ကိုစွမ်းရည်ကို ပိုင်ဆိုင်ထားသူဝန်ထမ်းတွေကို ပိုင်ဆိုင်ထားနိုင်ဖို့ အရေးကြီးပါတယ် ။ Talent War လို့ ခေါ်တဲ့ ပင်ကိုစွမ်းရည်ရှိသူတွေ ၊ ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေ အလုအယက်အပြိုင်အဆိုင် ခေါ်ယူနေရတဲ့ ခေတ်ထားမှာ ၀န်ထမ်းရေးရာ လုပ်ငန်းဆောင်ရွက်နေရသူတွေ အနေနဲ့ အဓိကထားလုပ်နေရတဲ့ အပိုင်းက  Talent Person တွေကို ရှာဖွေစုဆောင်းတာနဲ့ သူတို့ရဲ့ အရည်အချင်းတွေကို ဖော်ထုတ်မွေးမြူ ရတဲ့ အပိုင်းက  လုပ်ငန်းတွေအတွက် အရေးကြီးတဲ့ အပိုင်းဖြစ်လာပါတယ် ။

အရင်တုန်းကတော့ Recruitment and Selection လို့ သုံးခဲ့ပေမဲ့ တစ်ချို့ နိုင်ငံတကာ လုပ်ငန်းတွေမှာ  Talent Acquisition ဆိုတဲ့  စကားရပ်တွေအဖြစ် အသုံးချလာတာကို တွေ့နေရပါတယ် ။ ဒါဆိုရင် Talent ရှိသူတွေ မိမိအဖွဲ့အစည်းကို ရောက်ဖို့ အရေးကြီးနေတဲ့ အချိန်အခါမှာ ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒီနေ့ ဆောင်းပါကနေ တစ်ဆင့်တင်ပြချင်ပါတယ် ။ Recruitment and Selection တစ်ခုထက် ပိုပြိး ကျယ်ပြန်လို့ ထိရောက်ပြီး အရည်အချင်းရှိသူတွေကို ရွေးချယ် စုဆောင်းရတဲ့လုပ်ငန်းစဉ်တွေက  Recruitment နဲ့ ကွဲပြားခြားနားနေတာကို တွေ့ရမှာပါ ။

The Recruitment is a part of Talent acquisition လို့ ဆိုထားတာကြောင့်  Recruitment Function ထက်ပိုပြိး နက်နဲပါတယ် ။ မိမိလုပ်ငန်းအတွက် လိုအပ်တဲ့ သူကို ခေါ်ယူနိုင်ဖို့ ၊ ထမ်းဆောင်ရမယ့် တာဝန်တွေ  ၊ လုပ်ငန်းတာဝန်သတ်မှတ်ချက် (JD) တွေနဲ့ ပြည့်စုံယုံတင်မကပဲ အဖွဲ့အစည်းအတွက် လိုအပ်တဲ့  အနာဂတ်ကာလကို မျှော်မှန်းပြီး ရောက်ရှိလာမယ့် Talent Person ကို လုပ်ငန်းအတွက် အသုံးပြုနိုင်ဖို့ ရွေးချယ် စုဆောင်းရတာမို့  လွယ်ကူတဲ့ လုပ်ငန်းစဉ်တော့မဟုတ်ပါဘူး  ၊ ဒီတော့ အခြေခံကျနဲ့ လုပ်ငန်းစဉ်တွေကို တင်ပြပေးချင်ပါတယ်။

1️⃣Planning and Strategy

အရင်ဆုံး မိမိလုပ်ငန်းရဲ့ လိုအပ်ချက် ၊ အနာဂတ်ကာလအတွက် Workplace ရဲ့ လိုအပ်ချက်ကို နက်ရှိင်းစွာ
နားလည်သဘောပေါက်ရမှာဖြစ်သလို ၊ စီးပွားရေးဆိုင်ရာ
ရပ်တည်မှုအတွက်  အနာဂတ်ကာလမှာ ဖြစ်လာမယ့် Local and Global Labor Markets ကိုလည်း ကြိတင် ရှမြင်သုံးသပ်နိုင်ဖို့ လိုပါတယ် ။ ဒါတွေကို သေချာစွာ ချိန်ဆနိုင်ပြီဆိုရင်တော့ လိုအပ်တဲ့ Planning and Strategy ကို မိမိအဖွဲ့အစည်းအနေနဲ့ ဘယ်လို သုံးသပ်ဆောင်ရွက်မလဲ ဆိုတာကို ရေးဆွဲ ပြင်ဆင်ထားရမှာပါ ။

2️⃣Workforce Segmentation

Talent Acquisition အတွက် Workforce Segmentation အပေါ် ဘယ်လောက်နားလည်ထားသလဲ ဆိုတဲ့ အပေါ်မူတည်ပါတယ် ။ မိမိလုပ်ငန်းခွင်အတွင်းက ကွဲပြားခြားနားတဲ့ Workforce Segment တွေကို ကောင်းစွာ နားလည်သဘောပေါက်ဖို့လည်း လိုအပ်ပါတယ် ။ လုပ်ငန်းခွင်ထဲက မတူကွဲပြားတဲ့ လုပ်ငန်းစဉ်တွေ ၊ ရာထူး နေရာတွေ ၊  Skill and Competencies တွေ လုပ်ငန်းအတွေ့အကြုံတွေက  အောင်မြင်မှုအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို   position တစ်ခုချင်းစီအလိုက် ကောင်းစွာ ပြင်ဆင်ထားဖို့လိုပါတယ် ။

3️⃣Employer Branding

ဒီဘက်နှစ်ထဲမှာ Employer Branding နဲ့ပတ်သတ်ပြီး Award တွေ ပေးလာတာကို တွေ့ရမှာပါ ။ ဘာကြောင့်လဲဆိုတော့ Employer Branding ကို ဦးစားပေးတာဟာ အဖွဲ့အစည်းရဲ့ ပုံရိပ်ကို မြှင့်တင် စေတာဖြစ်သလို Talent Employee တွေကို ဆွဲဆောင် နိုင်တာတွေ ၊ Top Candidates တွေကို မိမိအဖွဲ့အစည်းအတွင်းရောက်လာအောင် လုပ်ဆောင်နေကြခြင်းပါပဲ ။ မိမိလုပ်ငန်းအဖွဲ့အစည်းအပေါ် ကောင်းမွန်တဲ့ ပုံရိပ်နဲ့   ဂုဏ်သတင်းအတွက် တည်ဆောက်နေကြတာပါပဲ ။ နောက်တစ်ချက်ကို Marketing အတွက်လည်း ကြီးမားတဲ့ လုပ်ငန်းအထောက်အပံ့ဖြစ်စေမှာပါ ။ နိုင်ငံတကာ လုပ်ငန်းတွေက  Employee Branding ကိုပိုပြိး အလေးထား ဆောင်ရွက်ကြတာဟာ ဒီအခြေခံကျနဲ့ အချက်တွေကြောင့်ပါပဲ။

4️⃣Talent Scoping and Management

အရည်အချင်းရှိသူ ၀န်ထမ်းလောင်းတွေက  မတူကွဲပြားတဲ့ နေရာများစွာမှာ ရှိကြပါတယ်။ Internal & External မှာလည်း ရှိတတ်ပါတယ်၊ လုပ်ငန်းခွင်မှာ Talent ရှိပါလျက်နဲ့ မကျွမ်းကျင်တဲ့ နေရာမှာ လုပ်ကိုင် ဆောင်ရွက်နေရတဲ့ ၀န်ထမ်းတွေလည်း ရှိကြပါတယ် ။ဒါကြောင့်မို့  အလားအလာရှိတဲ့ ၀န်ထမ်းလောင်း တွေကို ရွေးချယ်ရှာဖွေရာမှာ  လိုအပ်တဲ့ ဆက်သွယ်ချိတ်ဆက်ရမယ့် နေရာတွေ ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ရှာဖွေ သိရှိထားနိုင်ဖို့လိုအပ်ပါတယ်။ သူတို့တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။ မိမိအဖွဲအစည်းအတွက် လိုအပ်တဲ့အချိန်မှာ  သူတွေကို  မှန်ကန်စွာ ရွေးချယ်နိုင်ဖို့  သင့်တော် အခြေအနေတစ်ရပ်မှာ ထည့်သွင်းနိုင်ဖို့ စီစဉ်ထားနိုင်ဖို့ပါ။

5️⃣Matrices and Analytics

နောက်ဆုံးအချက်အနေနဲ့ မိမိရဲ့   Talent Acquisition Strategy ဟာ Key Matrices ကို အသုံးမပြုပဲ မပြည့်စုံဘူးလို့ဆိုထားပါတယ် ။ ဒါကြောင့် မိမိရဲ့  Strategy ကို ပြန်လည်သုံးသပ်  Analysis လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ မိမိလုပ်ငန်းဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ၊ ရွေးချယ်စုဆောင်းထားခဲ့တဲ့ Talent Person တွေက Organization Goals အတွက် Effective  ဘယ်လောက်အထိဖြစ်သလဲ ဆိုတာမျိုး ကအစ တိုင်းတာ လေ့လာလို့ရပါတယ် ၊  နောက်ပိုင်း Talent Matrices တွေနဲ့ နှိုင်းယှဉ်ချိန်ဆပြီး မိမိ ရဲ့ Talent Acquisition Strategy ကို ပြန်လည်လေ့လာသုံးသပ်ရမှာပါ

ဒီအပိုင်းအထိကတော့ Talent Acquisition ရဲ့ အခြေခံကျတဲ့ အချက်လောက်တွေကိုသာ အနည်းငယ်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ် ။ ဒိထက်ပိုမိုကျယ်ပြန်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရတာမို့ အရည်အချင်းရှိသူ ၊ပင်ကိုစွမ်းရည်ရှိသူတွေကို ရှာဖွေရတာ လွယ်ကူတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ပါဘူး ။ ဒါတွေအားလုံးကတော့  Talent Management ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ  ဆောင်ရွက်ရတာမို့ Talent Management အကြောင်းကိုလည်း အနည်းငယ် ရေးသားလိုပါသေးတယ်။

Talent Management Process မှာ အခြေခံအားဖြင့်  သိထားရမယ့် Process တွေကတော့

1. Understanding the Requirement
2. Sourcing the Talent
3. Attracting the Talent
4. Recruiting the Talent
5. Selecting the  Talent
6. Training and Development
7. Retention
8. Promotion
9. Competency Mapping
10. Performance Appraisal
11. Career Planning
12. Succession Planning  ဆိုပြီး process တွေ
သတ်မှတ်ထားတာရှိပါတယ် ။


ဒါကတော့ အခြေခံအားဖြင့် လုပ်ရတဲ့ လုပ်ငန်းစဉ်တွေပါ ။ မိမိ အဖွဲ့အစည်းအတွက် အရေးအချင်းရှိသူတွေ ရွေးချယ်ရတာ မလွယ်ကူသလို ၊ ဖွံ့ဖြိုးတိုးတတ်အောင် လုပ်ပြီး ထိန်းသိမ်းရတာ မလွယ်ကူလှပါဘူး  ။ ၀န်ထမ်းတွေမှာ ပါလာတဲ့ တစ်ဦးချင်းစီတိုင်းရဲ့ Talent ကို ဖော်ထုတ်အကောင်အထည်ဖော်ခြင်း အားဖြင့် အဖွဲ့အစည်းအတွက် အရေးပါအတဲ့ ပန်းတိုင်ကို ရောက်ရှိစေဖို့ဆိုတာ Human Resource Management ကို အကောင်အထည်ဖော်နေရတဲ့ HR သမားများအတွက်  စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့အနာဂတ်ဆိုတာကို  ကြိုတင် တွေးတော စဉ်းစားစေချင်ပါတယ် ။

#ထိန်လင်းကျော် (HR)

Ref : Talent Management : A Focus on Excellence ( Managing Human Resource in a Knowledge Economy ) Patrick Merle

No comments: