Friday, November 22, 2019

ကြက်ဆီဖတ်ထောင်း _ ပြောင်းဖူးနှင့် ကင်းမွန်သုပ်_ ၀က်သားမုန်ညှင်းချဉ်ပေါင်း

ကြက်ဆီဖတ်ထောင်း
--------------------------


 ကြက်ဆီဖတ်ထောင်းစပ်စပ်လေးက ထမင်းဝိုင်းမှာ ထမင်းမြိန်စေတဲ့ အရန်ဟင်းလေး တစ်ခွက်ပါ။ ပန်းခရေရဲ့အိမ်မှာတော့ ကလေးတွေက ကြက်သားဟင်းချက်ရင် အရေခွံ မစားကြတော့ အရေခွံတွေ စုမိနေတတ်တယ်။ တစ်ခါတစ်ရံ ကြက်ဆီထမင်းချက်ဖို့ရယ် အများကြီးဖြစ်နေရင်တော့ ကြော်ပြီး ဒီလိုလေးထောင်းရင် စားကြပြန်ရော... အဲဒါကြောင့် မကြာခဏထောင်းဖြစ်နေတတ်တဲ့ အရန်ဟင်းထောင်းလေးပါရှင်။

ပါဝင်ပစ္စည်းများ
• ကြက်အရေခွံ  -  ၂၀ ကျပ်သား
• ကြက်သွန်ဖြူဗမာဥ  -  ၁ လုံး
• ငရုတ်သီးစိမ်း  -  ၁၀ တောင့်
• ဆား  -  လက်ဖက်ရည်ဇွန်း ၁  ဇွန်း
• အရသာ  -  အနည်းငယ်
• ပဲဆီစိမ်း  -  ၂  ၁/၂ ကျပ်သား

ပြုလုပ်နည်း
 ကြက်အရေခွံကို ရေမဆေးခင် ဆားနဲ့သေချာနယ်ပြီး ရေနဲ့သန့်စင်အောင်ဆေးပါ။သန့်စင် ပြီးတဲ့ ကြက်အရေခွံကို မီးအေးအေးနဲ့ မွှေးပြီး ကြွပ်ရွနေအောင် ကြော်ပါ။ ငရုတ်သီးစိမ်းကို လှော် ထားပါ။ ငရုတ်သီးစိမ်းလှော်နှင့် ကြက်သွန်ဖြူကို မညက်တညက် ထောင်းပြီး ကြက်ဆီဖတ်ကြော် ထည့်ထောင်းပါ။ ကြက်ဆီဖတ်ညက်သည်အထိ ထောင်းပါ။ ဆားနှင့် အရသာထည့်ပါ။ အရသာ မှန်ပြီဆိုလျှင် ပန်းကန်ထဲ ဆယ်ထည့်ပြီး ပဲဆီမွှေးမွှေးဆမ်းပါ။ အဲဒါက ထမင်းမြိန်စေတဲ့ အရန် ဟင်းတစ်ခွက်ပါရှင်။
--------------------------------
ပန်းခရေ

ပြောင်းဖူးနှင့် ကင်းမွန်သုပ်
--------------------------------


 ဒီဟင်းလျာလေးက ရိုးရှင်းလွယ်ကူပြီး အရသာ
ရှိတဲ့ အသုပ်လေးပါ။ ကုန်ကျစရိတ်လည်း သက်သာ
သလို အရသာလည်း တစ်မူထူးခြားတဲ့ ဟင်းလျာလေးပါ။

ပါဝင်ပစ္စည်းများ
• ပြောင်းဖူး  -  ၁ ဖူး
• ကင်းမွန်  -  ၂ဝဝ ဂရမ်
• ဆီချက်  -  စားပွဲဇွန်း ၁ ဇွန်း
• နှမ်း  -  စားပွဲဇွန်း ၁ ဇွန်း
• ဆား  -  လိုအပ်သလို
• မြေပဲထောင်း  -  စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူကြော်  -  စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့်  -  လိုအပ်သလို
• ခရမ်းချဉ်သီး  -  ၁ လုံး
• ကြက်သွန်နီ  -  ၁ လုံး
• သံပရာသီး  -  ၁ လုံး
• ကြက်သွန်မြိတ်  -  အနည်းငယ်
• နံနံပင်  -  အနည်းငယ်
• ငံပြာရည်  -  အနည်းငယ်

ပြုလုပ်နည်း
 ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို ပါးပါးလှီးပါ။ သံပရာသီးကို လှီးပါ။ ကြက်သွန်မြိတ် အနေတော်လှီးပါ။ နံနံပင်ကို ပါးပါးလှီးပါ။ ပြောင်းဖူးပြုတ်ကို လှီးပါ။ ကင်းမွန် ကို အကွင်းလိုက်လှီးပါ။ ကင်းမွန်ကို ရေနွေးပူပူမှာ ဆား အနည်းငယ်၊ သံပရာရည်နှင့် ရေနွေးဖြောပါ။ ပါဝင် ပစ္စည်းများကို ဇလုံထဲ ထည့်ပြီး အရသာများအဖြစ် နှမ်း၊ ကြက်သွန်ဖြူကြော်၊ မြေပဲ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငံပြာ ရည်နှင့် ဆီချက်တို့ကို ထည့်ပြီး သုပ်ပါ။ အနံ့အရသာနှင့် ပြည့်စုံပါက ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
----------------------------
Eant Wint Htut

Unicode and Zawgyi font (Zawgyi ဖြင့်ဖတ်လိုပါက အောက်မှာရေးထားပါတယ်။)

ဝက်သားမုန်ညှင်းချဉ်ပေါင်း


တချို့တရုတ်ဆိုင်တွေမှာရောင်းတဲ့လူကြိုက်များတဲ့ဝက်သားမုန်ညှင်းချဉ်ပေါင်းပါ။ အိစံတို့အိမ်ကလူတွေတော့ တအိမ်လုံးကြိုက်ကြတဲ့ ဟင်းတခွက်ပါ။ ဒီဟင်းမှာ အဓိက က ဟင်းချက်ဆန်ဝိုင်အနံ့လေးသင်းသင်းလေးနဲ့အတွင်းထဲမှာ မုန်ညှင်းချဉ် ချဉ်ချဉ်လေးနဲ့အရမ်းကို စားကောင်းတဲ့ ဟင်းပါ။ ပါဝင်ပစ္စည်းပါဝင်တာနည်းပြီး လုပ်နည်းလဲ လွယ်ကူလို့လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဝက်သား သုံးထပ်သား - ၁ ပေါင် (သို့) ၂၅ ကျပ်သား
၂။ မုန်ညှင်းချဉ် (သို့) ရှမ်းချဉ် - ၁၀ သား (အချဉ်ကို အသုံးပြုလျှင် ပို အအီပြေပါတယ်။)
၃။ ကြက်သွန်ဖြူ - ၂ တက်
၎။ ဂျင်း - ၁ တက်
၅။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၆။ ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၇။ ဟင်းချက်ဆန်ဝိုင်(cooking rice wine) - ထမင်းစားဇွန်း ၂ ဇွန်း
၈။ ကြာညို့(ပဲငံပြာရည်အပစ်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၉။ ဆီ ထမင်းစားဇွန်း ၁ ဇွန်း

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပါ။ ဂျင်းကို အချောင်းလေးတွေလှီးထားပါ။ (မထောင်းပါနဲ့ နှပ်တာမှာပဲထည့်ပြီး ပြီးလျှင်ပစ်မှာမို့ပါ။)
၂။ သကြား၊ ပဲငံပြာရည်၊ ဟင်းချက်ဆိုင်ဝိုင်၊ကြာညို့တို့ကို ခွက်တခုထဲထည့်ရ်ျ သကြားများအရည်ပျော်သည် အထိ သမအောင်လုပ်ပါ။
၃။ ဝက်သားအတုံးလိုက်ကို သန့်စင်အောင်ဆေးပါ။ ပြီးလျှင် သမအောင်လုပ်ထားသော အရည်ကို ဝက်သားထည့်ထားသော ဇလုံတခုထဲထည့်၊ ဂျင်း နှင့် ကြက်သွန်ဖြူကို ထည့်ရ်ျ အနည်းဆုံး ၁ နာရီခန့်နှပ်ထားပါ။
၎။ ဒယ်အိုး ကို အပူပေးပြီး ဆီထည့်ပါ။ဆီပူလာလျှင် နှပ်ထားသော ဝက်သားအတုံးလိုက်ကို ဝက်ခေါက်မျက်နှာပြင်ကို ဒယ်အိုးမှာ အပူပေးပါ။ (နှပ်ထားသော အရည်များကို မသွန်ပစ်ပါနဲ့။ဂျင်းနှင့် ကြက်သွန်ဖြူများကိုတော့ ဖယ်ပစ်လိုက်ပါ။)
၅။ ပြီးလျှင် ဝက်သားကို နောက်တဖက်လှန်ရ်ျ အိုးပူတိုက်ပါ။ ပြီးလျှင် မီးဖိုပေါ်မှချရ်ျ ရေခဲသေတ္တာအပေါ်ထပ်တွင် ၃၀ မိနစ်ခန့်ထည့်ပါ။ (ပါးပါးလေးတွေလှီးလို့ကောင်းအောင်လို့ပါ။ )
၆။ ဝက်သားကို ရေခဲသေတ္တာထဲမှ ထုတ်ရ်ျ ပါးပါးလေးတွေလှီးပါ။ ပြီးလျှင် ခုနက နှပ်ထားသော အရည်များဖြင့် ၁၅ မိနစ်ခန့်ပြန်နှပ်ပါ။
၇။ ပန်းကန်လုံး အကြီးတခုထဲကို ပါးပါးလှီးထားသော ဝက်သားများကို ဘေးပတ်ပတ်လည် ထည့်ပါ။ ဝက်ခေါက်ကို အောက်ဖက်ထားပြီးထည့်ပါ။ အလည်တွင် မုန်ညှင်းချဉ်များထည့်ပါ။ နောက်ဆုံး အပေါ်မှ လှီးထားသော ဝက်သားများဖြင့် ပိတ်ပါ။
၈။ ပြီးလျှင် ပန်းကန်ပြားတခုဖြင့် အုပ်ရ်ျ ပေါင်း အိုးတွင် ၁ နာရီခန့်ထည့်ပေါင်းပါ။ ဝက်သားနူးမနူးကြည့်ပြီးလိုချင်သော အနေအထားတွင် ပေါင်းအိုးပေါ်မှချပါ။
၉။ ပန်းကန်လုံး အပေါ်ကို ပန်းကန်ပြားအကြီးတခုမှောက်ချပါ။ ပြီးလျှင် အထက်အောက်လှန်လိုက်ပါ။ ပန်းကန်ပြားပေါ်တွင် ပုံထဲကလို မျိုးလေး ဝက်သားမုန်ညှင်းချဉ်ပေါင်းကို ၇ပါပြီ။ ထမင်းပူပူလေးနဲ့ချဉ်ချဉ်ချိုချို ဝက်သားမုန်ညှင်းချဉ်ပေါင်းကို သုံးဆောင်နိုင်ပါပြီ။
=====================================

ဝက်သားမုန်ညှင်းချဉ်ပေါင်း

တချို့ တရုတ်ဆိုင်တွေမှာရောင်းတဲ့ လူကြိုက်များတဲ့ ဝက်သားမုန်ညှင်းချဉ်ပေါင်းပါ။ အိစံတို့ အိမ်ကလူတွေတော့ တအိမ်လုံးကြိုက်ကြတဲ့ ဟင်းတခွက်ပါ။ ဒီဟင်းမှာ အဓိက က ဟင်းချက်ဆန်ဝိုင်အနံ့ လေးသင်းသင်းလေးနဲ့ အတွင်းထဲမှာ မုန်ညှင်းချဉ် ချဉ်ချဉ်လေးနဲ့ အ၇မ်းကို စားကောင်းတဲ့ ဟင်းပါ။ ပါဝင်ပစ္စည်းပါဝင်တာနည်းပြီး လုပ်နည်းလဲ လွယ်ကူလို့ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ၀က်သား သုံးထပ်သား - ၁ ပေါင် (သို့ ) ၂၅ ကျပ်သား
၂။ မုန်ညှင်းချဉ် (သို့ ) ရှမ်းချဉ် - ၁၀ သား (အချဉ်ကို အသုံးပြုလျှင် ပို အအီပြေပါတယ်။)
၃။ ကြက်သွန်ဖြူ - ၂ တက်
၎။ ဂျင်း - ၁ တက်
၅။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၆။ ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၇။ ဟင်းချက်ဆန်ဝိုင်(cooking rice wine) - ထမင်းစားဇွန်း ၂ ဇွန်း
၈။ ကြာညို့ (ပဲငံပြာရည်အပစ်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၉။ ဆီ ထမင်းစားဇွန်း ၁ ဇွန်း

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း 
၁။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပါ။ ဂျင်းကို အချောင်းလေးတွေလှီးထားပါ။ (မထောင်းပါနဲ့ နှပ်တာမှာပဲထည့်ပြီး ပြီးလျှင်ပစ်မှာမို့ ပါ။)
၂။ သကြား၊ ပဲငံပြာရည်၊ ဟင်းချက်ဆိုင်ဝိုင်၊ကြာညို့ တို့ ကို ခွက်တခုထဲထည့်ရ်ျ သကြားများအ၇ည်ပျော်သည် အထိ သမအောင်လုပ်ပါ။
၃။ ၀က်သားအတုံးလိုက်ကို သန့် စင်အောင်ဆေးပါ။ ပြီးလျှင် သမအောင်လုပ်ထားသော အရည်ကို ၀က်သားထည့်ထားသော ဇလုံတခုထဲထည့်၊ ဂျင်း နှင့် ကြက်သွန်ဖြူကို ထည့်ရ်ျ အနည်းဆုံး ၁ နာရီခန့် နှပ်ထားပါ။
၎။ ဒယ်အိုး ကို အပူပေးပြီး ဆီထည့်ပါ။ဆီပူလာလျှင် နှပ်ထားသော ၀က်သားအတုံးလိုက်ကို ၀က်ခေါက်မျက်နှာပြင်ကို ဒယ်အိုးမှာ အပူပေးပါ။ (နှပ်ထားသော အရည်များကို မသွန်ပစ်ပါနဲ့ ။ဂျင်းနှင့် ကြက်သွန်ဖြူများကိုတော့  ဖယ်ပစ်လိုက်ပါ။)
၅။ ပြီးလျှင် ၀က်သားကို နောက်တဖက်လှန်ရ်ျ အိုးပူတိုက်ပါ။  ပြီးလျှင် မီးဖိုပေါ်မှချရ်ျ ရေခဲသေတ္တာအပေါ်ထပ်တွင် ၃၀ မိနစ်ခန့် ထည့်ပါ။ (ပါးပါးလေးတွေလှီးလို့ ကောင်းအောင်လို့ ပါ။ )
၆။ ၀က်သားကို ရေခဲသေတ္တာထဲမှ ထုတ်ရ်ျ ပါးပါးလေးတွေလှီးပါ။ ပြီးလျှင် ခုနက နှပ်ထားသော အရည်များဖြင့် ၁၅ မိနစ်ခန့် ပြန်နှပ်ပါ။
၇။ ပန်းကန်လုံး အကြီးတခုထဲကို ပါးပါးလှီးထားသော ၀က်သားများကို ဘေးပတ်ပတ်လည် ထည့်ပါ။ ၀က်ခေါက်ကို အောက်ဖက်ထားပြီးထည့်ပါ။ အလည်တွင် မုန်ညှင်းချဉ်များထည့်ပါ။ နောက်ဆုံး အပေါ်မှ လှီးထားသော ၀က်သားများဖြင့် ပိတ်ပါ။
၈။ ပြီးလျှင် ပန်းကန်ပြားတခုဖြင့် အုပ်ရ်ျ ပေါင်း အိုးတွင် ၁ နာရီခန့် ထည့်ပေါင်းပါ။ ၀က်သားနူးမနူးကြည့်ပြီးလိုချင်သော အနေအထားတွင် ပေါင်းအိုးပေါ်မှချပါ။
၉။ ပန်းကန်လုံး အပေါ်ကို ပန်းကန်ပြားအကြီးတခုမှောက်ချပါ။ ပြီးလျှင် အထက်အောက်လှန်လိုက်ပါ။ ပန်းကန်ပြားပေါ်တွင် ပုံထဲကလို မျိုးလေး ၀က်သားမုန်ညှင်းချဉ်ပေါင်းကို ၇ပါပြီ။ ထမင်းပူပူလေးနဲ့ ချဉ်ချဉ်ချိုချို ၀က်သားမုန်ညှင်းချဉ်ပေါင်းကို သုံးဆောင်နိုင်ပါပြီ။

***၀က်သားမုန်ညှင်းချဉ်ပေါင်း (တချို့ကတော့ကြံမဆိုင်နဲ့ပေါင်းပါတယ်။)
ဝက်သားမုန်ညှင်းချဉ်ပေါင်း (တချို့ကတော့ကြံမဆိုင်နဲ့ပေါင်းပါတယ်။)

မုန့်လုံးကြီးကြော် (Fried Big Dumpling) 


(၁၂-၁၆ လုံး )(12-16 dumpling)

မုန့်လုံးကြီးကြော်ကို မြန်မာမုန့်နှစ်သက်သူတိုင်း အားလုံး ကြိုက်ကြပါတယ်။ စားပြီးလျင် စားချင်အောင် မွှေးပြီး ဆွဲဆောင်မှုရှိသော မုန့်လဲဖြစ်ပါတယ်။ လုပ်စားရတာလွယ်ကူမယ့် နည်းလမ်းဖြင့် ပြန်လည်မျှဝေထားပါတယ်။

When you love Myanmar dessert and snack, you will also love fried big dumpling. The fried big dumplings have most attractive fragrant which made you want to eat. So I want to share with you the easiest way to make.

ပါဝင်ပစ္စည်း / Ingredients
ဂျုံကြမ်း ၄ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
All purpose flour 4 cup (544 g)
ဆန်မှုန့် ၂ ဇွန်း စားပွဲဇွန်း
Rice Flour 2 tablespoon
ဆား ၁ ဇွန်း လက်ဖက်ဇွန်း
Salt 1 teaspoon
ဆော်ဒါ မှုန့် ၁ ဇွန်း စားပွဲဇွန်း
Soda powder 1 tablespoon
ဌက်ပျောသီး ၁ လုံး
Banana 1 No
နို့စိမ်း ခွက်တစ်ဝက် (မုန့်လုပ်ရန်တိုင်းသောခွက်)
Condense milk ½ cup
ကြံသကာ(သို့) သကြားညို ၁၀၀ ဂရမ်
Palm sugar (or) brown sugar 100 g
ရေ ၈၀ မီလီ
Water 80 ml
အသီးအရွက်ဆီ ၃ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်၊ မုန့်ကြော်ရန်)
Vegetable oil 3 Cups (for frying dumpling ball)
အုန်းသီးယို ၁ ခွက်
Coconut jam 1 cup

ပြုလုပ်နည်း/Method
၁။ ပထမဆုံး ဇလုံကြီး တခု ထဲ ဂျုံကြမ်း ၃ ခွက်၊ဆန်မှုန့်၊ ဆားနှ င့်ဆော်ဒါတို့ကိုထည့်ပြီးသမအောင်မွေထားပါ။ ငှက်ပျောသီးမှည့်တလုံးကိုကြေအောင်ချေပြီးဂျုံအရောထဲထည့်ပါ။ နို့စိမ်း ထည့်ပြီး သမအောင် မွှေပါ၊ ကျန်ဂျုံမှုန့်များ ထပ်ထည့်ပြီး ဂျုံသား ချောညက်ပြီး မုန့်နှစ်ပျစ်ပျစ်ခဲခဲရတယ့်အထိနယ်ပါ။
1.In a mixing bowl, combine 3 cups flour, sugar, salt and baking powder mix well. Add mash banana with flour mixed. Add condense milk and continue mixing, then add the remaining flour and knead well until it forms smooth dough.
၂။ ကြံသကာမှုန့် (သို့) သကြားညို ကို ဌက်ပျောဂျုံနယ်ထဲ ထည့်ကာ ရေကိုဖြည်းဖြည်းဆီ ထည့်ပြီးသမအောင်နယ်ပေးပါ။
2.Add palm sugar (or) brown sugar into banana mixed and add water slowly and mix well.
၃။ မုန့်နှစ်ပျစ်ပျစ်ရပါက ၃၀ မိနစ် ခန့်လေလုံစွာအဖုံးအုပ်ထားပါ။
3.Put dough to relax in a covered air tight container for 1/2 an hour.
၎။ မုန်နှစ် အသင့်ဖြစ်ပါက စောက်နက်အိုးထဲ ဆီပူကို အနေတော်မီး ဖြင့်အပူပေးထားပါ။
4.Heat vegetable oil in a large deep pot with medium heat.
၅။ ဆီပူပါက မုန့်သားများကို လက်ထဲ ထည့်ပြီး အုန်းယို အစာသွပ်ပြီးလုံးပါ။ မုန့်လုံးများကို တခုစီ ဆီပူတွင်ချကြော်ပါ။ ရွှေရောင်သန်းလာသည် အထိ ၁၀ မိနစ်လောက်ကြော်ပေးပါ.
5.Shaped dough and stuffed coconut jam and rolled into ball shape in the hands and drop into the heated oil and fry for about 10 minutes or until golden brown. Roll dough into individual pieces and add to oil one by one.
၆။ ဆီစစ်စက္ကူပေါ်တင်ပြီး ဆီစစ်ပါ။ အနည်းငယ် အအေးခံပြီး မှ သုံးဆောင်ပါ။
6.Drain on absorbent paper towel. Let it cool a bit before serve.
*This recipe calorie: 4.08416 kcal

No comments: