Thursday, November 7, 2019

ငါးပုဏ္ဏားဆူဆီ - မှိုအစပ်ချက် - လယ်ပတူရွက်သုပ် -ဆိတ်သားကုလားပဲဟင်း

ငါးပုဏ္ဏားဆူဆီ ... မော်လမြိုင်ချက်
-----------------------------------------

 မော်လမြိုင်ဘက်မှာ ငါးကို ဆူဆီချက်ကြသလို မြိတ်ဘက်မှာလည်း ဘဲဥဆူဆီလို့ အခေါ် အဝေါ်နဲ့ ချက်တာမျိုး တွေ့ရပါတယ်။ ငါးပုဏ္ဏားက ရေငန်ငါးမျိုးဖြစ်ပေမယ့် အရိုးပျော့ပြီး အသားနူးညံ့ကာ အရသာကောင်းတာကြောင့် ငါးကြီးငါးကောင်းထဲမှာ ထည့်သွင်းခံရတဲ့ တန်ဖိုးကြီးငါးမျိုး ဖြစ်ပါတယ်။ ငါးပုဏ္ဏားက အင်အားဖြစ်စေတယ်လို့ ယုံကြည်မှုရှိလို့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဓာတ်စာအနေနဲ့ အလေးထားပြီး ကျွေးကြပါတယ်။

ပါဝင်ပစ္စည်းများ
• ငါးပုဏ္ဏား - ၂၅ ကျပ်သား
• ဆီ - ၅ ကျပ်သား
• ကြက်သွန်နီ - ၃ လုံး
• ကြက်သွန်ဖြူ - ၂ လုံး
• ငရုတ်သီးခြောက် - ၃ တောင့်
• ဆား၊ နနွင်းမှုန့်၊ ငံပြာရည် - သင့်ရုံ

ပြုလုပ်နည်း
၁။ ငါးပုဏ္ဏားဆူဆီချက်မည်ဆိုလျှင် ငါးကို အကြေးထိုးပြီး ဆူးတောင်များဖြတ်ကာ ဝမ်းဗိုက်ထဲမှ အူများကို ငါးပါးဟက်ဘက်မှတစ်ဆင့် ဆွဲထုတ်ပါ။ ငါးကိုင်တဲ့အခါ ဥများပါတတ်လို့ ဝမ်းကိုမခွဲ၊ ဦးခေါင်းကို မဖြတ်ဘဲ အကောင်မပျက် ကိုင်ပါတယ်။ ငါးအကောင်ကြီးလျှင် ဓားဖြင့် မွှန်းပေးပါ။
၂။ ပြီးလျှင် ဆား၊ နနွင်းမှုန့်၊ ငံပြာရည်တို့နှင့်နယ်၍ အရသာသွင်းပြီး နှပ်ထားပါ။ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးခြောက်တောင့်များကို အသင့်ထောင်းထားပါ။
၃။ ပြီးလျှင် ဒယ်အိုးထဲမှာ ငါးများကိုြွကပ်မသွားစေရန် ခပ်ထပ်ထပ်ကလေး ကြော် ပြီး ငါးများကို ဆယ်ယူထားပါ။ ဆီကျန်မှာ ငရုတ်သီးခြောက်နှင့် ကြက်သွန်ဖြူ/နီ ထောင်းပြီးသား အရောကို ဆီသတ်ပါ။
၎။ အဆာများရွှေရောင်သန်းပြီး အနံ့မွှေးလာလျှင် ကြော်ပြီးသားငါးများကို ဒယ်အိုး ထဲ ထည့်၍ အထက်အောက် အနှံ့မွှေကာ ပန်းကန်တစ်ချပ်မှာ ပြင်ပြီး ထည့်ပါ။ အမြင်လှသလို အရသာထူးခြားတဲ့ ငါးပုဏ္ဏားဆူဆီက စားရန်အသင့်ဖြစ်ပါပြီ။
--------------------------------------------
ဦးစံလွင်

မှိုအစပ်ချက်
---------------------


 ပြည်ပမှာ နေသူအဖို့ သဘာဝမှိုစားရဖို့ အခွင့်အရေး အတော်နည်းပါးပါတယ်။ မိုးရာသီ  သဘာဝမှိုများ လှိုင်လှိုင်ပေါတဲ့အချိန်တွေမှာ ကိုယ့်နိုင်ငံက အသိမိတ်ဆွေများက နေ့တိုင်းလို အွန်လိုင်းပေါ်မှာ တင်နေကျချိန်မို့ အရမ်းစားချင်မိတာ။ ပြန်တဲ့အချိန်ကလည်း မတွေ့ခဲ့လို့ မစားခဲ့ရပြန်ဘူး။ တစ်နေ့ကမှ မြန်မာပြည်က လူကြုံမှာထားတဲ့ အန်တီကြီးက တွေ့လို့ တကူးတကသယ်လာခဲ့ပေးလို့ အရမ်းစားချင်နေတဲ့ မှိုဟင်းလေးကို စပ်စပ်လေး ချက်စားဖြစ်လို့ ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
• မှို  - ၅ဝဝ ဂရမ်    
• ကြက်သွန်နီ - ၂ လုံး
• ကြက်သွန်ဖြူ - လက်တစ်ဆုပ်
• ခရမ်းချဉ်သီး - ၂ လုံး
• ငရုတ်သီးစိမ်း - ၅ တောင့်
• ငရုတ်ပွအသေး - ၅ တောင့်
• နနွင်းမှုန့် - အနည်းငယ်
• အရောင်တင် - အနည်းငယ်
• ဆား  - စားပွဲဇွန်း ၁/၂ ဇွန်း
• ဟင်းခတ်မှုန့် - အနည်းငယ်
• ဆီ  -  ၃ ဇွန်း
• ကန်စွန်းရွက် - ၁ စည်း
• နံနံပင်/ပင်စိမ်း

ပြုလုပ်နည်း
၁။ မှိုကို ရေဆေးသန့်စင်ပြီး လိုသလို လှီးဖြတ်ကာ ရေစစ်ထားပါ။
၂။ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို သေးသေးစိတ်ထားပါ။ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ရောထောင်းထားပါ။ ကန်စွန်းရွက်ထည့်လိုက လှီးဖြတ်ပြီး သန့်စင်ထားပါ။
၃။ အားလုံးအသင့်ဖြစ်ပါက အိုးထဲ ဆီထည့်ပြီး ကြက်သွန်နီ ဆီသတ်ပါ။ အရောင်တင်၊ နနွင်းမှုန့် ထည့်ပါ။
၎။ ကြက်သွန်နီနွမ်းပါက ငရုတ်ပွ၊ ကြက်သွန်ဖြူ ထောင်းထားသည်ကို ထည့်ပါ။ ခရမ်းချဉ်သီး ထည့်ပြီး အနည်းငယ်နွမ်းပါက မှိုထည့်ပါ။ ဆား၊ ဟင်းခတ်မှုန့် ထည့်၍  အဖုံးအုပ်ပြီး တည်ပါ။
၅။ မှိုကျက်ပြီး အနည်းငယ်နူးအိပါက ကန်စွန်းရွက်ထည့်လိုက ထည့်၍ သမအောင် မွှေပါ။ အရသာအပေါ့အငန်မြည်းပြီး ငရုတ်သီးစိမ်း၊ နံနံပင်အုပ်ကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။
------------------------------------------
Sofia

ကျေးလက်ဟင်းလျာ ... လယ်ပတူရွက်သုပ်
-------------------------------------------


 လယ်ပတူဆိုတာက မိုးရာသီကာလမှာ လယ်ကွင်းတွေနဲ့ ရိုးချောင်းတွေထဲမှာ အလိုအလျောက် ပေါက်ရောက်တတ်တဲ့ ကျေးလက်ဒေသစာ သဘာဝဟင်းလျာ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ လယ်ပတူ၊ ကန်စွန်း၊ ကညို့၊ မှိုနတို၊ ပုစွန်စာ၊ ကနဖော့ အစ ရှိတဲ့ တောစာလေးတွေကို ဟင်းကျွေးအဖြစ်တစ်မျိုး၊ အကြော်၊ အသုပ်အဖြစ်တစ်ဖုံ စွယ်စုံချက်ပြုတ် စားသောက်ကြတာမို့ လယ်ပတူရွက်သုပ်နည်းလေးကို ဖော်ပြလိုက် ပါတယ်။

ပါဝင်ပစ္စည်းများ
• လယ်ပတူ - ၂ စည်း
• ပဲဆီ - ၂  ၁/၂ ကျပ်သား
• ကြက်သွန်နီ - ၂ လုံး
• ကြက်သွန်ဖြူ - ၁ လုံး
• နှမ်းလှော် - စားပွဲဇွန်း ၁ ဇွန်း
• ပုစွန်ခြောက်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်သီးစိမ်း - ၃ တောင့်
• ဆား၊ နနွင်းမှုန့်၊ ငံပြာရည် - သင့်ရုံ
• သံပရာသီး - ၁ လုံး

ပြုလုပ်နည်း
၁။ လယ်ပတူအရိုးအရင့်များကို ဖယ်၍ ရေစင်အောင် ဆေးပြီး ဒယ်အိုးမှာ မီးအပူဖြင့် အိုးကင်းပူတိုက်ပါ။ အရွက်များနွမ်းလာလျှင် မီးဖိုပေါ်က ချပြီး အသုပ်သုပ်ရန် အနေတော်ပိုင်းဖြတ်ထားပါ။
၂။ ကြက်သွန်ဖြူ/နီကို ဆီချက်ချက်ပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။
၃။ ပြီးလျှင် ပန်းကန်တစ်ချပ်မှာ အသင့်လှီးဖြတ်ထားတဲ့ လယ်ပတူရွက်များ ထည့်၍ ဆီချက်လောင်း၊ ပုစွန်ခြောက်မှုန့်ဖြူး၊ နှမ်းလှော်၊ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းနှင့် ငံပြာရည်ဖျန်းပြီး သမအောင် ဖွဖွနယ်ပါ။ အချဉ်ကြိုက်လျှင် သံပရာရည်လေး ညှစ်ပြီး သုပ်ပါ။
------------------------------------
ဦးစံလွင် (ငါးဦးစီး)

Unicode and Zawgyi (Zawgyi ဖြင့်လဲအောက်တွင်ရေးထားပါသည်။)

ဆိတ်သားကုလားပဲဟင်း

ဆိတ်သားကုလားပဲဟင်းကတော့ မြန်မာဟင်းထဲမှာလူကြိုက်များတဲ့ထဲမှာပါတဲ့ဟင်းတမျိုးပါ။ အနံ့လေးကမွှေးမွှေးလေးနဲ့ကုလားပဲကို အလုံးမပျက်ပဲအိအိလေးချက်ထားတော့ တကယ်ကိုစားလို့အရမ်းကောင်းပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဆိတ်သား - ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ကုလားပဲ - လက်တဆုပ်စာ
၃။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
၅။ ကြက်သွန်နီ - ၁ လုံးခွဲ
၆။ ကြက်သွန်ဖြူ - ၄ မွှာ
၇။ ဂျင်း - လက်တဆစ်
၈။ ဆနွင်း - လက်ဖက်ရည်ဇွန်း တဝက်
၉။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၀။ သစ်ကြမ်းပိုးခေါက် - ၁ ခု
၁၁။ ကရဝေးရွက် - ၃ ခု
၁၂။ လေးညှင်းပွင့် -၁၀ ခု
၁၃။ မဆလာ - လက်ဖက်ရည်ဇွန်း တဝက်
၁၄။ ဆီ - ထမင်းစားဇွန်း ၉ ဇွန်း
၁၅။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၁၆။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ဆိတ်သား (သို့) အမဲသားကို သန့်စင်အောင်ဆေးပြီး ရှာလကာရည်ထည့်ရ်ျ နယ်ပြီး အနည်းဆုံး နာရီဝက်ခန့်နှပ်ထားပါ။ ပြီးလျှင် ရေဖြင့် ၃ ခါပြန်ဆေးပါ။ (ဆိတ်သားအညှီနံ့များပျောက်ပါတယ်။) ကုလားပဲကို မချက်ခင်ရှေ့တရက် နေ့လည်ကတည်းက ဆော်ဒါ နှင့် ရေနွေးကိုထည့်ရ်ျ စိမ်ထားပါ။
၂။ နောက်နေ့မနက်ချက်မည်ဆိုမှ ရေစိမ်ထားသော ကုလားပဲကို ရေဖြင့် တခါပြန်ဆေးပြီး ရေစစ်ထားပါ။ ဂျင်း နှင့် ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။
၃။ သန့်စင်ထားသော အသားများထဲကို ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ ထည့်၊ ငံပြာရည်၊ သကြားတို့ကိုထည့်ရ်ျ နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါ။
၎။ ဒယ်အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်နီများကိုထည့်ကြော်ပါ။ ကြက်သွန်နီများ ရွှေဝါရောင်ပြောင်းလာလျှင် ဆနွင်း၊ အရောင်တင်မှုန့်နှင့် ငရုတ်သီးမှုန့်၊ သစ်ကြမ်းပိုးခေါက်၊ ကရဝေးရွက်၊ လေးညှင်းပွင့်တို့ကိုထည့်ရ်ျ ဆီသတ်ပါ။ ပြီးလျှင် လေးညှင်းပွင့်ကို ဖယ်ရ်ျလွှင့်ပစ်လိုက်ပါ။
၅။ ထို့နောက် နှပ်ထားသော အသားများကို ထည့်လုံးပါ။ အသားများလုံးပြီးလျှင် ရေကို အသားများမြုပ်အောင်ထည့်ပြီးတည်ထားပါ။
၆။ ပြီးလျှင် အသားနူးမနူးကိုကြည့်ရ်ျ မနူးသေးလျှင် ရေထက်ထည့်ပါ။ အသားနူးခါနီးတွင် ရေစစ်ထားသော ကုလားပဲများကိုထည့်ရ်ျ ကုလားပဲနှင့်အသားများမြုပ်အောင်ရေတခါထပ်ထည့်ပါ။ ထို့နောက် ဆီပြန်လာသည်အထိတည်ပါ။
၇။ ဆီပြန်လာလျှင် မီးဖိုပေါ်မှမချခင် မဆလာထည့်ပြီးမွှေပါ။ ထို့နောက်မီးဖိုပေါ်မှချပါ။
၈။ အနံ့မွှေးမွှေးနဲ့အရသာအလွန်ရှိတဲ့ ဆိတ်သားကုလားပဲဟင်းကို သုံးဆောင်နိုင်ပါပြီရှင်။

ဆိတ်သားကုလားပဲဟင်း


ဆိတ်သားကုလားပဲဟင်းကတော့ မြန်မာဟင်းထဲမှာလူကြိုက်များတဲ့ထဲမှာပါတဲ့ဟင်းတမျိုးပါ။ အနံ့ လေးကမွှေးမွှေးလေးနဲ့ ကုလားပဲကို အလုံးမပျက်ပဲအိအိလေးချက်ထားတော့ တကယ်ကိုစားလို့ အရမ်းကောင်းပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဆိတ်သား - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ကုလားပဲ - လက်တဆုပ်စာ
၃။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ သကြား (သို့ ) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
၅။ ကြက်သွန်နီ - ၁ လုံးခွဲ
၆။ ကြက်သွန်ဖြူ - ၄ မွှာ
၇။ ဂျင်း - လက်တဆစ်
၈။ ဆနွင်း - လက်ဖက်ရည်ဇွန်း တဝက်
၉။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၀။ သစ်ကြမ်းပိုးခေါက် - ၁ ခု
၁၁။ ကရဝေးရွက် - ၃ ခု
၁၂။ လေးညှင်းပွင့် -၁၀ ခု
၁၃။ မဆလာ - လက်ဖက်ရည်ဇွန်း တဝက်
၁၄။ ဆီ - ထမင်းစားဇွန်း ၉  ဇွန်း
၁၅။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၁၆။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ဆိတ်သား (သို့ ) အမဲသားကို သန့် စင်အောင်ဆေးပြီး ရှာလကာရည်ထည့်ရ်ျ နယ်ပြီး အနည်းဆုံး နာရီဝက်ခန့် နှပ်ထားပါ။ ပြီးလျှင် ရေဖြင့် ၃ ခါပြန်ဆေးပါ။ (ဆိတ်သားအညှီနံ့ များပျောက်ပါတယ်။) ကုလားပဲကို မချက်ခင်ရှေ့ တရက် နေ့ လည်ကတည်းက ဆော်ဒါ နှင့် ရေနွေးကိုထည့်ရ်ျ စိမ်ထားပါ။
၂။ နောက်နေ့ မနက်ချက်မည်ဆိုမှ ရေစိမ်ထားသော ကုလားပဲကို ရေဖြင့် တခါပြန်ဆေးပြီး ရေစစ်ထားပါ။ ဂျင်း နှင့် ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။
၃။ သန့် စင်ထားသော အသားများထဲကို ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ ထည့်၊ ငံပြာရည်၊ သကြားတို့ ကိုထည့်ရ်ျ နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
၎။ ဒယ်အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်နီများကိုထည့်ကြော်ပါ။ ကြက်သွန်နီများ ရွှေဝါရောင်ပြောင်းလာလျှင် ဆနွင်း၊ အရောင်တင်မှုန့် နှင့် ငရုတ်သီးမှုန့် ၊ သစ်ကြမ်းပိုးခေါက်၊ ကရဝေးရွက်၊ လေးညှင်းပွင့်တို့ ကိုထည့်ရ်ျ ဆီသတ်ပါ။ ပြီးလျှင် လေးညှင်းပွင့်ကို ဖယ်ရ်ျလွှင့်ပစ်လိုက်ပါ။
၅။ ထို့ နောက် နှပ်ထားသော အသားများကို ထည့်လုံးပါ။ အသားများလုံးပြီးလျှင် ရေကို အသားများမြုပ်အောင်ထည့်ပြီးတည်ထားပါ။
၆။  ပြီးလျှင် အသားနူးမနူးကိုကြည့်ရ်ျ မနူးသေးလျှင် ရေထက်ထည့်ပါ။ အသားနူးခါနီးတွင် ရေစစ်ထားသော ကုလားပဲများကိုထည့်ရ်ျ ကုလားပဲနှင့်အသားများမြုပ်အောင်ရေတခါထပ်ထည့်ပါ။ ထို့ နောက် ဆီပြန်လာသည်အထိတည်ပါ။
၇။ ဆီပြန်လာလျှင် မီးဖိုပေါ်မှမချခင် မဆလာထည့်ပြီးမွှေပါ။ ထို့ နောက်မီးဖိုပေါ်မှချပါ။
၈။ အနံ့ မွှေးမွှေးနဲ့ အရသာအလွန်ရှိတဲ့ ဆိတ်သားကုလားပဲဟင်းကို သုံးဆောင်နိုင်ပါပြီရှင်။

သီးစုံသနပ်
-----------------------------------


 သက်သတ်လွတ် ဟင်းလျာတစ်မျိုးဖြစ်တဲ့ သီးစုံသနပ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
• မုန်လာဥနီ - ၂ဝဝ ဂရမ်
• ငရုတ်သီးစိမ်း - ၅၀ ဂရမ်
• ဂျူးမြစ် - ၁ဝဝ ဂရမ်
• ဂေါ်ဖီပန်း - ၂ဝဝ ဂရမ်
• ဗိုလ်စားပဲတောင့် - ၂ဝဝ ဂရမ်
• ရှလကာရည် - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• အရသာမှုန့်  - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ချင်း - အနည်းငယ်
• ကြက်သွန်ဖြူ - ၁ လုံး
• ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆီ - ၃ဝဝ မီလီလီတာ

ပြုလုပ်နည်း
၁။ မုန်လာဥနီ၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီပန်း၊ ဂျူးမြစ်နှင့် ဗိုလ်စားပဲတောင့်တို့ကို အနေတော် အချောင်း ပုံစံလေးများ လှီးပြီး ဇလုံထဲ ထည့်ပါ။ ရှလကာရည်၊ ဆား၊ သကြားနှင့် အရသာမှုန့်တို့ကို ထည့်ပြီး သမအောင်နယ်ပါ။ နယ်ပြီး ၁ နာရီခန့် နှပ်ထားပါ။
၂။ မဆလာပြုလုပ်ရန်အတွက် မုန်ညင်းစေ့အမည်း၊ ပဲနံ့သာစေ့၊ စမုန်နက်၊ ဇီရာစေ့နှင့် နံနံစေ့တို့ကို မီးအေးအေးဖြင့် လှော်ပြီး အမှုန့်ဖြစ်အောင် ထောင်းပါ။
၃။ နှပ်ထားသောအသီးအရွက်ဇလုံထဲ နှစ်ခြမ်းခွဲထားသော ကြက်သွန်ဖြူ၊ ပါးပါးလှီးထားသော ချင်း၊ ငရုတ်သီးအစိမ်းမှုန့်၊ ထောင်းထားသောမဆလာအနည်းငယ်၊ ဆီတို့ကိုထည့်ပြီး သမအောင် နယ်ပါ။
၎။ လေလုံသောပုလင်းထဲ ထည့်ပြီး ၃ ရက်ခန့် နေလှန်းပေးပါ။ ၃ ရက်ပြည့်လျှင်ြွကရွတဲ့ သီးစုံသနပ်ကို ရရှိပါပြီ။

မဆလာပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများ
• မုန်ညင်းစေ့အမည်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• စမုန်နက် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဇီရာစေ့ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• နံနံစေ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
------------------------------------
ပန်းခရေ

No comments: