Friday, June 21, 2019

အဆီချေဖျက်တဲ့ ဖျော်ရည်လေးတွေ

(Fat Destroying Smoothies to Try Out)


ကိုယ်ခန္ဓာမှာရှိနေတဲ့ အဆီအဆိုင်အခဲတွေကို ကျေပျက်လွယ်စေပြီး ဖြစ်တည်လာမည့်အဆီတွေကို ချေဖျက်ပေးမယ့် ကိုယ်လက်လှုပ်ရှားမှုတွေလုပ်နေစဉ်မှာ အထောက်အပံ့လည်းဖြစ် ပါးစပ်အာသာပြေစေမယ့် Smoothies လေးတွေကို ဖျော်မသောက်ချင်ဘူးလား။ အချို့သစ်သီးတွေက ၀ယ်ယူဖို့လွယ်ပေမယ့် အချို့သစ်သီးတွေကတော့ စူပါမားကတ်တွေမှာ သေချာရှာဝယ်မှရမယ့်အနေအထားတော့ရှိပါတယ်။

Smoothies တွေကချိုပါတယ်။ ဒါကိုသတိထားဖို့လိုတဲ့လူတွေလည်းရှိတယ်။ ဥပမာ ဆီးချိုသွေးချိုသမားတွေအတွက်ပေါ့။ သည်လိုလူတွေအတွက်ကတော့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်ကအစ ဒိန်ချဉ်အဆုံး ပါဝင်ပစ္စည်းတွေကို ရွေးချယ်ပြီး ဖျော်စပ်သောက်သုံးရမှာတော့ အသေအချာနော်။

(၁) ဘယ်ရီသီးတွေ (Berry good smoothie)
သည် Smoothie က ကိုယ်အလေးချိန်လျော့သမားတွေအတွက် whey protein လိုပဲ အဆီဖြိုခွဲရာမှာ အခက်မတွေ့စေမယ့် ဘယ်ရီသီးတွေနဲ့ ပေါင်းစပ်ထားပါတယ်။ ပါဝင်ပစ္စည်းတွေကို လတ်လတ်ဆတ်ဆတ် ချက်ချင်းဆေးကြော Blender ထဲအကုန်ထည့်ပြီး စက္ကန့်အနည်းငယ်အတွင်း ကြိတ်ခြေဖျော်စပ်သောက်သုံးရမှာပါ။

လိုအပ်ပစ္စည်း -
စတော်ဘယ်ရီ ၂ခွက်စာ 2 cups of strawberries (fresh or frozen),

ချယ်ရီသီး တစ်ခွက်စာ (a cup of cherries),

ဘလူးဘယ်ရီ တစ်ခွက်စာ (a cup of blueberries),

Whey Protein မှုံ့ တစ်အောင်စ (an ounce of whey protein),

နို့ တစ်ခွက် (a cup of milk)

ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေအကုန် ကြိတ်စက် (Blender) ထဲတပြိုင်နက်လိုလို ထည့်ခြေကာ လတ်လတ်ဆတ်ဆတ်သောက်သုံးနိုင်ပါပြီ။

(၂) သရက်သီး (Mango smoothie surprise)

အဆီတွေကို ခြေဖျက်စေမယ့် smoothie တစ်ခွက်ဖျော်သောက်ဖို့စဉ်းစားနေရင် သရက်သီးကိုလည်း မမေ့ထားသင့်ပါဘူး။

လိုအပ်ပစ္စည်း -
အခွံခွာပြီးလှီးထားသော သရက်သီးအတုံးလေးတွေ - ခွက်ရဲ့ လေးပုံတစ်ပုံ (1/4 cup of mango cubes),

သရက်သီးရည် ခွက်တစ်ဝက် (1/2 cup of mango juice),

လတ်လတ်ဆတ်ဆတ်ညှစ်ထားသော သံပရာရည် စားပွဲတင်ဇွန်းတစ်ဇွန်း (1 tablespoon of freshly squeezed lime juice),

ကြိတ်ခြေထားသော ထောပတ်သီး တစ်ခြမ်းစာအနှစ်၊

အဆီလွတ် ဗနီလာနံ့ ဒိန်ချဉ်၊

ရေသန့်ရေခဲ ၆တုံး၊

ပြုလုပ်ပုံ
Blender ထဲကို ပါဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခုထည့်ကာ ကြိတ်ခြေပြီး လည်ရှည်ဖန်ခွက်ထဲထည့်လျှက်သုံးဆောင်နိုင်ပါပြီ။

(၃) အုန်းသီး (Coconut smoothie)

အဆီတွေကို ဖြိုဖျက်နိုင်တဲ့နောက်ထပ် smoothies ကတော့ အုန်းသီးထွက်ကုန်တွေဖြစ်ပါတယ်။ သဘာဝအုန်းသီးပြောတာနော်။

လိုအပ်ပစ္စည်း -
အုန်းနို့ ၈အောင်စ (8 ounces of coconut milk),

သန့်စင်ထားသော အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်း (a tablespoon of extra virgin coconut oil),

ဘယ်ရီသီး ခွက်ရဲ့လေးပုံတစ်ပုံ (1/4 cup of berries),

ငှက်ပျောသီး တစ်လုံး (a frozen banana),

ကြက်ဥ နှစ်လုံး ( 2 eggs)

ပြုလုပ်ပုံ
Blender ထဲကို ပါဝင်ပစ္စည်းအကုန်ထည့်ပြီး စက္ကန့်အနည်းငယ်ကြာအောင် သေချာကြိတ်ခြေပေးပါ။ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။ အချိုထပ်ထည့်လိုပါက သဘာဝပျားရည် (Raw organic honey) ထပ်ပေါင်းထည့်နိုင်ပါသေးတယ်။

(၄) ကျန်းမာစေမယ့် အစိမ်းရောင် (Skinny gut healthy green smoothie)

အဆီဖြိုဖျက်မယ့်နောက်ထပ် Smoothies ဖျော်သောက်ဖို့လိုတာတွေက

သခွားသီးအသေး ခွက်ရဲ့ သုံးပုံတစ်ပုံ (1/3 small cucumber),

ဖြတ်တောက်လှီးချွတ်ထားသော ကိုက်လန် တစ်ခွက်စာ (1 cup of trimmed kale),

နံနံအရွက် ၃ ရွက် ( 3 sprigs of parsley),

အစိမ်းရောင်ပန်းသီး ခွက်ရဲ့ လေးပုံတစ်ပုံ ( ¼ green apple),

တရုတ်နံနံရိုးပွ နှစ်ချောင်း ( 2 ribs of celery),

ဟင်းနုနွယ်ရွက်နု တစ်ခွက်စာ (a  cup of baby spinach),

သံပရိုသီး အူတိုင် တစ်ခု (1 lemon wedge) နဲ့ သံပရိုရည်။

ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများကို Blender ထဲထည့်ကာ ကြေညက်ချောမွေ့သွားသည်အထိ ကြိတ်ခြေလိုက်ပါ။

(၅) ချောကလက် (Chocolate fruit smoothie)
ချောကလက်….ချောကလက်ဟုတ်လားလို့ မမေးပါနဲ့။ နို့တွေ အခြားပစ္စည်းတွေအထွေအထူးမပါတဲ့ အနက်ရောင်ချောကလက်ကို ဆိုလိုတာ ပြောချင်တာပါ။

ပါဝင်ပစ္စည်း
Whey Protein မှုန့် ချိန်တွယ်ဇွန်းနဲ့ တစ်ဇွန်းစာ (a scoop of whey protein),

ရေသန့်ရေခဲ ၄-၅တုံး (4 to 5 ice cubes),

ရေ တစ်ခွက် (a cup of water)

အချိုမပါသော ကိုကိုးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း (a teaspoon of unsweetened cocoa)

Chitosan အမှုန့် ၁၀၀၀ မီလီဂရမ် (1,000mg of chitosan)

ခပ်ကြီးကြီး ငှက်ပျောသီး တစ်ဝက် (½ of a large banana)

ဘလူးဘယ်ရီသီး ခွက်တစ်ဝက်စာ (half a cup of frozen blueberries)

Flaxseed အထုပ် တစ်ဝက်စာ (half a pack of milled flaxseed)

ပြုလုပ်ပုံ
ပါဝင်ပစ္စည်းတွေကို Blender ထဲသေချာထည့်ပြီး စိတ်ကြိုက်အနေအထားရသည်အထိကြိတ်မွှေပါ။ ဖျော်ပြီးပြီးခြင်းသုံးဆောင်နိုင်ပါပြီ။ အချို့သောပါဝင်ပစ္စည်းတွေကတော့ အဟာရဖြည့်စွက်စာရောင်းသော ဆိုင်များမှာရနိုင်ပါတယ်။

(၆) ခပ်မြန်မြန်လေး (Mood boosting breakfast blast)

ပြုလုပ်ဖို့လည်းလွယ်။ ပါဝင်ပစ္စည်းတွေကလည်း သိပ်ရှာဖို့မခက်တဲ့အမယ်တွေပါပဲ။

ပါဝင်ပစ္စည်းတွေ
ဘလူးဘယ်ရီ ခွက်ရဲ့လေးပုံတစ်ပုံ (¼ cup of blueberries)

သစ်ကြားသီး ၅ခု (5 walnuts)

အချိုမပါသော ဗာဒံသီးစေ့ရည် တစ်ခွက်ခွဲ (1 ½ cups of unsweetened almond milk)

ငှက်ပျောသီး တစ်လုံး (a banana)

မြင်းစားဂျုံ ခွက်တစ်ဝက်စာ (half a cup of oats)

ပြုလုပ်ပုံ
Blender ထဲကို ပါဝင်ပစ္စည်းများထည့်ပြီး စက္ကန့်အနည်းငယ်ကြာသည်အထိ ကောင်းကောင်းကြိတ်မွှေကာ သောက်သုံးနိုင်ပါသည်။


စာကြွင်း ။ ပါဝင်ပစ္စည်းအမည်လေးတွေမှာ အဓိပ္ပာယ်ရှင်းလင်းချက်တွေသိဖို့ လင့်ခ်ချိတ်ပေးထားပါတယ်။ click လုပ်ပြီး ဆက်စပ်ဖတ်ရှုနိုင်ပါတယ်။  အတိုင်းအတာတွေက ၁ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် တစ်ခွက်၊ ထမင်းစားဇွန်း = 1 tablespoon = 15ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5ml ဖြစ်ပါတယ်။

No comments: