Tuesday, June 11, 2019

"မြန်မာဗုဒ္ဓဘာသာ အမျိုးသားနှင့် ခရစ်ယာန် အမျိုးသမီးတို့၏ ထိမ်းမြားရေး"

----------------------

အခြားဘာသာဝင် အမျိုးသားတစ်ယောက်နှင့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတစ်ယောက်တို့ လက်ထပ်ထိမ်းမြားလိုလျင် ၁၉၅၄ခုနှစ် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ အထူးထိမ်းမြားခြင်း ဥပဒေအရ အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှာ ထိမ်းမြားခွင့်အာဏာ ပေးအပ်ထားပါသည်။ သို့ဆိုလျှင် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသားတစ်ယောက်နှင့် ခရစ်ယာန်ဘာသာဝင် အမျိုးသမီးတစ်ယောက်တို့ လက်ထပ်ထိမ်းမြားလိုလျှင် သက်ဆိုင်ရာတာဝန်ရှိသူများထံ ထိမ်းမြားရမည်။ မည်သူတို့ထံတွင် လက်ထပ်ထိမ်းမြားနိုင်သနည်း လေ့လာကြည့်ကြပါစို့-

မြန်မာဗုဒ္ဓဘာသာ အမျိုးသားတစ်ယောက်သည် ခရစ်ယာန် ဘာသာဝင် အမျိုးသမီး တစ်ယောက်နှင့် အကြင်လင်မယားအဖြစ် လူသိရှင်ကြား ပေါင်းသင်းနေထိုင်လိုလျှင်ဖြစ်စေ၊ ခင်မင်ရင်းနှီးသည့် ဆွေမျိုးမိတ်ဆွေများကို ဧည့်ခံကျွေးမွေးပြီး ထိမ်းမြားလက်ထပ်လျှင်ဖြစ်စေ၊ ယင်းထိမ်းမြားလက်ထပ်မှုသည် တရားဝင်ပါသလော။


၁၉၇၂ ခုနှစ် ခရစ်ယာန် ထိမ်းမြားလက်ထပ်ခြင်း အက်ဥပဒေပုဒ်မ ၄ နှင့် ၅ တို့အရ သက်ဆိုင်ရာ ထမ်းမြားလက်ထပ်ရေး၊ မှတ်ပုံတင်အရာရှိ၊ ထိမ်းမြားလက်ထပ်ရန် လက်မှတ်ရေးထိုးပေးပိုင်ခွင့်ရှိသူ၊ သက်ဆိုင်ရာ ဘာသာဘုန်းတော်ကြီး အစရှိသူတို့ရှေ့တွင် ခရစ်ယာန် ထိမ်းမြားလက်ထပ်ခြင်း အက်ဥပဒေအရ ထိမ်းမြားလျှင် ဘာသာကူးပြောင်းရန်မလိုပါ။ ထိမ်းမြားလက်ထပ်မှုသည် တရားဝင်ပါသည်။ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်းမပြုလုပ်ခဲ့ပါက မြန်မာဗုဒ္ဓဘာသာ အမျိုးသားတစ်ယောက်နှင့် ခရစ်ယာန် ဘာသာဝင် အမျိုးသမီးတစ်ယောက်တို့သည် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေစေကာမူ တရားဥပဒေအရ တရားဝင် အကြင်လင်မယားအဖြစ် မရောက်ရှိပေ။

***ဦးအေးလှိုင် နှင့် ဒေါ်နာတာလျာ(ခ)ဒေါ်ဘူးသီး၊၁၉၇၇ခုနှစ်_တရားမ_ပထမအယူခံမှုအမှတ်_၂၈_တရားရုံးချုပ်(မန္တလေး)***

--------------------------------
ခရစ်ယာန် ဘာသာဝင်များ ထိမ်းမြားလက်ထပ်မင်္ဂလာပြုခြင်း အက်ဥပဒေ (၁၈၇၂)



ပုဒ်မ-၄။ ထိမ်းမြားလက်ထပ်မင်္ဂလာများကို အက်ဥပဒေနှင့်အညီ ပြုလုပ်ခြင်း

လက်ထပ်ထိမ်းမြားမင်္ဂလာပြုလုပ်သူတို့အနက် တစ်ဦးဦးဖြစ်စေ၊ နှစ်ဦးလုံးဖြစ်စေ၊ ခရစ်ယာန်ဘာသာဝင်သူ ဖြစ်သည့်အချက်တွင် ၎င်းထိမ်းမြား မင်္ဂလာပြုလုပ်ခြင်း အရပ်ရပ်မှာ အောက်၌ဆက်လက်ပါရှိသည့် ပုဒ်မပါပြဌာန်းချက်များနှင့်အညီ ပြုလုပ်ရမည်။ ၎င်းပြဌာန်းချက်များနှင့်အညီမှတပါး အခြားနည်းဖြင့်ပြုလုပ်သည့် မည်သည့်ထိမ်းမြားလက်ထပ်မင်္ဂလာမဆို အတည်မဖြစ်စေရ။

ပုဒ်မ-၅။ ထိမ်းမြားလက်ထပ်မင်္ဂလာပြုလုပ်ပေးနိုင်သည့် ပုဂ္ဂိုလ်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ထိမ်းမြားလက်ထပ်ခြင်းကို အက်ဥပဒေထုံးစံနှင့်အညီ ဆောင်ရွက်ပေးနိုင်သည့် ပုဂ္ဂိုလ်များမှာ -

(၁) ခရစ်ယာန်ဂိုဏ်းအုပ်၏ခန့်ထားခြင်းခံရသော သိက္ခာတော်ရ ဆရာတော်များ၊ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်းကို မိမိနှင့် သက်ဆိုင်ရာအသင်းတော်၏စည်းမျဉ်းများ၊ ဝတ်ပြုကိုးကွယ်နည်းများ၊ အခမ်းအနားများ၊ ထုံးတမ်းအစဉ်အလာများနှင့်အညီ ထုံးပုံနည်းလမ်းတကျ ဆောင်ရွက်ပေးရမည်။

(၂) စကော့တလန်အသင်းတော်မှ ဘုန်းကြီး သို့မဟုတ် စကော့တလန်အသင်းတော်၏ ဥပဒေစည်းမျဉ်းများ၊ ဝတ်ပြုကိုးကွယ်နည်းများ၊ အခမ်းအနားနှင့်ဓလေ့ထုံးတမ်းများနှင့်အညီ ထိမ်းမြားလက်ထပ်ပေးရမည်။

(၃) ဤဥပဒေအရ ထုံးတမ်းနည်းလမ်းတကျ ထိမ်းမြားမှုလက်ထပ်ပေးရန် လိုင်စင်ရရှိသော မည်သည့်သင်းအုပ်ဆရာတော်များမဆို။

(၄) ယခုဥပဒေအရခန့်ထားသော ထိမ်းမြားလက်ထပ်ခြင်းမှတ်ပုံတင်အရာရှိ သို့မဟုတ် ၎င်း၏ရှေ့မှောက်တွင် လက်ထပ်ထိမ်းမြားခြင်း

(၅) တိုင်းရင်းသားခရစ်ယာန်ဝင်များ ထိမ်းမြားလက်ထပ်မှုတွင် ယခုဥပဒေအရ ထိမ်းမြားလက်ထပ်ခြင်း လက်မှတ်ထုတ်ပေးရန် လိုင်စင်ရသူ မည်သူမဆို။


ကောက်နုတ်ချက်..ဦးမြစိန် (မြန်မာဓလေ့ထုံးတမ်းဥပဒေ)
                           မောင်စိန် (ဥပဒေ) ခရစ်ယာန်ဘာသာဝင်များဆိုင်ရာ ဥပဒေ

လက်ထပ်ထိမ်းမြားပေးနိုင်သော မှတ်ပုံတင်အရာရှိများကို  ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားချက်အမှတ်(၂/၂၀၁၃)ဖြင့် အောက်ပါအတိုင်း ခန့်အပ်တာဝန်ပေးထားပါသည်။

#crdမူရင်း

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ လက်ထပ်ခြင်း ထိမ်းမြားခြင်း လင်မယား ကွာရှင်းပြတ်စဲရေးနှင့် ပစ္စည်းခန်းခွဲဝေရေး ဓမ္မသတ်နှင့် စီရင်ထုံးများ (ကျော်မောင်မောင်) (ဥပဒေ) (1,200 Ks)


http://www.myanmaronlinesales.com/MyanmarBooks/BookDetails/36187

No comments: