Sunday, May 5, 2019

Amazon Kindle Storeကနေ စာအုပ်တွေ ဘယ်လို ဝယ်မလဲ...

Amazon Kindle Storeကနေ စာအုပ်တွေ ဘယ်လို
ဝယ်မလဲ...


မနေ့က ပို့စ်ထဲမှာ Amazon Kindle အကြောင်းကို
အနည်းငယ်ပြောပြခဲ့ပြီး ဒီနေ့ပို့စ်မှာတော့
အကျယ်ရှင်းပြချင်ပါတယ်။ Amazon Kindle မှာ
စာအုပ်ဝယ်ချင်တဲ့သူတွေအတွက် အဆင်ပြေအောင်
လို့ပါ။

✍Amazon Kindle(ကင်းဒဲလ်) ဆိုတာ ဘာလဲ...✍

Amazon Kindle ဆိုတာကတော့ Amazon ဆိုတဲ့
အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုဒ်ကြီးက ထုတ်တဲ့
စာဖတ်Talet တစ်မျိုး ဖြစ်ပါတယ်။ Amazon Kindle
ဟာ အခြား Tablet တွေနဲ့ မတူပါဘူး။ သူက စာဖတ်
ဖို့ အဓိကထုတ်ထားတဲ့ Tablet ဖြစ်ပါတယ်။ အခြား
Entertainment Feature တွေ ဖြစ်တဲ့ ဗီဒီယိုကြည့်
တာတို့၊ ဂိမ်းဆော့တာတို့ ပါဝင်ပေမယ့် အဲ့ဒီအပိုင်းတွေ
မှုာ အခြား Tablet တွေလောက် Performance
မကောင်းတတ်ပါဘူး။ Amazon Kindle Tablet
တွေဟာ ဈေးလည်း သက်သာလေ့ရှိပါတယ်။
ဒေါ်လာ ၁၀၀ ဝန်းကျင်ဆိုရင် Amazon Kindle
ကောင်းကောင်း တစ်လုံးရပါတယ်။ အဲ့ဒီ Tablet
ဝယ်ပြီးရင်တော့ Tablet ပေါ်မှာ Kindle Store နဲ့
ချိတ်ပြီး စာအုပ်တွေ ကိုဝယ်ယူလို့ရပါတယ်။ (Visa
Card သို့မဟုတ် Master Card တော့ ရှိရပါမယ်။)

✍Amazon Kindle မဝယ်ချင်ဘူး။ ကိုယ့်မှာရှိတဲ့
iPad သို့မဟုတ် Android Tablet နဲ့ ရောဖတ်လို့
မရဘူးလား....✍

ရပါတယ်။ Amazon Kindle Store က Kindle
Ebook တွေကို ဝယ်ဖတ်ဖို့ဆိုတာ Kindle Tablet
ရှိမှ မဟုတ်ပါဘူး။ ကိုယ့်မှာ ရှိပြီးသား iPad, iPhone,
Android Phone, Android Tablet နဲ့လည်း ဖတ်လို့
ရပါတယ်။ အရင်ဆုံး ကိုယ့်ရဲ့ iPad သို့မဟုတ် Tablet
ပေါ်ကနေ Kindle App ကို ဒေါင်းလုပ်လုပ်ထားပါ။
App Store or Google Play Store မှာ အလွယ်
တကူ ရှာလို့ရပါတယ်။ ဒေါင်းလုပ်လုပ်ပြီးသွားရင်
ဘာမှ မလုပ်ပဲ ခဏထားလိုက်ပါ။

ပြီးတာနဲ့ ကိုယ့် iPad သို့မဟုတ် Tablet ရဲ့ Web
Browser ကို ဖွင့်ပါ။ (ကွန်ပျူတာပေါ်မှာ လုပ်ချင်
လည်း ရပါတယ်။) https://www.amazon.com
မှာ Sign Up လုပ်ပါ။ ပြီးရင် Payment Method
မှာ ကိုယ့်ရဲ့ Visa Card အချက်အလက်တွေထည့်
ပါ။ အကောင့်ဖွင့်တာ အောင်မြင်သွားပြီဆိုရင်
စာအုပ်တွေ စဝယ်လို့ရပါပြီ။
www.amazon.com/Kindle-eBooks/ ကိုသွားပြီး
Kindle Ebook တွေ ဝယ်လို့ရပါတယ်။ တစ်အုပ်
ဝယ်ပြီးသွားပြီဆိုပါစို့။

အဲ့ဒီအချိန်မှာ အစောပိုင်းက ဒေါင်းလုပ်လုပ်ထား
တဲ့ Kindle App ကို ဖွင့်လိုက်ပါ။ Sign In လုပ်
ခိုင်းပါလိမ့်မယ်။ ကိုယ်ဖွင့်ထားတဲ့ Amazon Account
နဲ့ Sign In လုပ်လိုက်ပါ။ အဲ့ဒီ App ထဲမှာ ကိုယ်ဝယ်
ထားတဲ့ Ebook လေး အလိုလို ရောက်နေပါလိမ့်မယ်။
App ထဲကနေ တိုက်ရိုက်တော့ Ebook တွေကို ဝယ်လို့
မရပါဘူး။ Sample ပဲ ဒေါင်းလုပ်လုပ်လို့ရပါတယ်။
Ebook ဝယ်ချင်တဲ့အခါတိုင်း Browser ကနေ Sign
In လုပ်ပြီး သွားဝယ်ရပါလိမ့်မယ်။ ပြီးမှ App ထဲမှာ
အလိုလို လာပေါ်နေမှာ ဖြစ်ပါတယ်။ ဒါဟာ Amazon
က ထုတ်တဲ့ Kindle Tablet ကို မသုံးခြင်းရဲ့ အားနည်း
ချက်ပါ။


✍Amazon မှာ တွေ့ရမယ့် စာအုပ် Version များ✍

Amazon ဝက်ဘ်ဆိုဒ်မှာ စာအုပ်တွေကို Format
၅ မျိုးလောက်နဲ့ ရောင်းလေ့ရှိပါတယ်။ Kindle,
Audible Audiobook, Hardcover, Paperback,
Audio CD စသဖြင့်ရောင်းချလေ့ရှိပါတယ်။ Kindle
ဆိုတာကတော့ ကျွန်တော်အပေါ်မှာ ရှင်းပြသွားပြီး
ပါပြီ။ Digital Version Ebook တစ်မျိုး ဖြစ်ပါတယ်။
Audible Audiobook ဆိုတာကတော့ အသံစာအုပ်
ဖြစ်ပါတယ်။ မျက်လုံးနဲ့ စာမဖတ်ချင်ပဲ နားနဲ့ပဲ နား
ထောင်ချင်သူတွေအတွက် ဖြစ်ပါတယ်။ Hardcover
ဆိုတာကတော့ စာအုပ်အဖုံးမှာ အမာကြီးတွေနဲ့
ကောင်းကောင်းချုပ်ထားတဲ့ စာအုပ်တွေဖြစ်ပါတယ်။
Paperback ဆိုတာကတော့ မြန်မာနိုင်ငံမှာ အတွေ့
ရ အများဆုံးစာအုပ်တွေ ဖြစ်ပါတယ်။ ကျွန်တော်
ထွက်ပြီးတဲ့စာအုပ်တွေ အားလုံးဟာ Paperback
ထဲမှာ ပါဝင်ပါတယ်။ Audio CD ဆိုတာကတော့
CD ချပ်ဖြစ်ပါတယ်။ Hardcover, Paperback နဲ့
Audio CD ကို ဝယ်ရင်တော့ အကုန်အကျများပါ
လိမ့်မယ်။ မြန်မာနိုင်ငံကို Shipping ရောက်ဖို့ဆိုရင်
ပိုက်ဆံတွေ အများကြီးထပ်ပေးရပါတယ်။ အကုန်
ခံနိုင်တယ်ဆိုရင်တော့သင့်သဘောပါ။ ကျွန်တော်
တော့ တစ်ခါမှ မဝယ်ဖူးပါဘူး။ ကျွန်တော်ကတော့
Kindle Version ပဲ ဝယ်ဖတ်ပါတယ်။ Kindle
Version က Hardcover တို့ Paperback တို့ထက်
လည်းဈေးသက်သာလေ့ရှိပါတယ်။


✍Kindle Version မှာ ဈေးအရမ်းကြီးနေရင် ဘယ်လို
လုပ်မလဲ...✍

စာအုပ်တစ်အုပ် မဝယ်ခင်မှာ Sample ကို အရင်
ဒေါင်းလုပ်လုပ်ပါ။ Kindle App ထဲမှာ Search Box
လေးပါပါတယ်။ အဲ့ဒီမှာ ကိုယ်လိုချင်တဲ့စာအုပ်အမည်
ကို ရိုက်ရှာကြည့်ပါ။ Sample တွေ ကျလာပါလိမ့်မယ်။
အချို့ Sample တွေက စာအုပ်ရဲ့ ပထမ ၂ခန်းလောက်
အထိ ပြသထားပါတယ်။ ကြိုက်တယ်ဆိုမှ ဝယ်လို့ရပါ
တယ်။ ဒါပေမယ့် အချို့ Sample တွေက အရမ်းတိုပါ
တယ်။ အဲ့ဒီမှာ ဒုက္ခရောက်တတ်ပါတယ်။ စာအုပ်က
လည်း 15$ လောက်ဖြစ်နေတယ်။ မြန်မာငွေ ၂သောင်း
ကျော် လောက်ဖြစ်နေပြီး Sample ကလည်း နည်းနေရင်
စဉ်းစားရ ကြပ်တတ်ပါတယ်။ သူများနိုင်ငံသားတွေ
အတွက် 15$ ဟာ ဈေးမကြီးပေမယ့် ကျွန်တော်တို့
အတွက်တော့ စဉ်းစားရမယ့် ပမာဏဖြစ်နေတတ်ပါ
တယ်။ စာအုပ်က ဝယ်ပြီးမှ မကောင်းရင် ဒုက္ခဆိုပြီး
တွေးတတ်ကြပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ
ကျွန်တော်ကတော့ ဒီလို ဖြေရှင်းပါတယ်။ အဲ့ဒီ စာအုပ်
ကို Google မှာ Free Download ရှာကြည့်ပါတယ်။
သို့မဟုတ် Ebook တွေ တင်ပေးတဲ့ ဝက်ဘ်ဆိုဒ်
တွေမှာ ရှာကြည့်ပါတယ်။ အဲ့ဒီလို အရင်ဖတ်ပြီး
ကောင်းတယ်၊ ကြိုက်တယ်၊ အခန်း(၂) လောက်
အထိ မိုက်တယ်ဆိုရင် Amazon မှာ ဝယ်လိုက်ပါ
တယ်။ Free Ebook ရလိုက်တယ်ဆိုပေမယ့်
ကိုယ်ကြိုက်တဲ့ စာအုပ်ကို ဝယ်ဖတ်တာက ပိုကောင်း
ပါတယ်။ ပိုပြီးလည်း တန်ဖိုးထားဖြစ်ပါတယ်။ စာရေး
သူကိုလည်း အထောက်အပံ့ပေးရာရောက်ပါတယ်။
အရင်တုန်းက ကျွန်တော်လည်း Free Ebook တွေ
ရှာဒေါင်းပါတယ်။ Free Ebook က ပိုက်ဆံ မကုန်
တာ မှန်ပါတယ်။ ဒါပေမယ့် အလေးထားမိဖို့လည်း
မလွယ်ပါဘူး။ အလကားရထားတော့ သိပ်တန်ဖိုး
မထားဖြစ်ပါဘူး။ ၅ ဒေါ်လာလောက်ပေးပြီး Amazon
Kindle မှာ ဝယ်ဖတ်ကြည့်ပါ။ Free စာအုပ်ထက်ပိုပြီး
အလေးထားမိလာပါလိမ့်မယ်။ အဲ့ဒီစာအုပ်ကိုဖတ်ဖြစ်
ဖို့လည်း ရာခိုင်နှုန်းပိုများပါတယ်။ ကိုယ့်လစာ သို့မဟုတ်
မုန့်ဖိုးထဲက ဖဲ့ဝယ်ထားရတာ ဖြစ်တဲ့အတွက် ပိုပြီး
တန်ဖိုးထားမိလာပါလိမ့်မယ်။

#မိုးရှင်း (I.M.T)

အင်္ဂလိပ်စာအုပ်တွေ ဖတ်ချင်တဲ့ Beginner များအတွက်...


ဒီပို့စ်က Beginner တွေအတွက် ဖြစ်ပါတယ်။ အင်္ဂလိပ်
စာအုပ်တွေ ဖတ်ချင်ပေမယ့် ဖတ်တိုင်း နားမလည်လို့
စိတ်ဓာတ်ကျနေသူတွေ ရှိမှာပါ။ ကျွန်တော်ကိုယ်တိုင်
လည်း ဖြစ်ခဲ့ဖူးပါတယ်။ စာအုပ်အဟောင်းတန်းက
အင်္ဂလိပ်ဝတ္ထုကြီးတွေ ဝယ်လာပြီး စဖတ်တော့မှ
တစ်မျက်နှာက မတက်တာ ဖြစ်ခဲ့ဖူးပါတယ်။ ဒီတော့
အင်္ဂလိပ်စာအုပ်တွေကို ဘယ်လိုဖတ်မလဲ...ကျွန်တော့်
အတွက် အသုံးဝင်ခဲ့တဲ့ အကြံပြုချက်များကို ဖော်ပြ
ပေးလိုက်ပါတယ်။

(၁) ခက်တာတွေက မစနဲ့။

စဖတ်စအချိန်မှာ အဟောင်းတန်းက ဝတ္ထုကြီးတွေနဲ့
မစပါနဲ့။ စိတ်ဓာတ်ကျသွားပါလိမ့်မယ်။ လွယ်တဲ့စာအုပ်
လေးတွေနဲ့စပါ။ ကလေးစာအုပ်တွေ ဖတ်ပါ။ ကလေး
စာအုပ်အဆင့်ဖတ်ရတာကို မရှက်ပါနဲ့။ ကိုယ့်မိခင်
ဘာသာစကားမဟုတ်တဲ့အတွက် ကလေးလိုပဲ သင်ယူ
ရမှာ ဖြစ်ပါတယ်။ ကလေးဖတ်တဲ့ ပုံပြင်စာအုပ်လေး
တွေ ဖတ်ပါ။ BC Library မှာတော့ ကိုယ့် Level နဲ့
ကိုက်တဲ့ စာအုပ်တွေကို ဖတ်နိုင်ဖို့ စာအုပ်စင်တွေမှာ
Level တွေ ကပ်ပေးထားပါတာတွေ့ခဲ့ဖူးတယ်။ အဲ့ဒါ
မျိုးဆိုရင်တော့ စာအုပ်ရှာရတာ ပိုကောင်းပါတယ်။

(၂) အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ရေးထားတာတွေ
မဖတ်နဲ့။

ဒီအကြံပေးချက်ကိုတော့ လက်မခံချင်သူတွေလည်း
ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်ကျွန်တော်ကတော့
အဲ့ဒီလို စာအုပ်မျိုးတွေ မဖတ်စေချင်ပါဘူး။ အကြောင်း
ကတော့ အဲ့ဒီလိုစာအုပ်မျိုးတွေ ဖတ်ရင် လွယ်တဲ့
မြန်မာလိုရေးထားတဲ့အပိုင်းကို အရင်ဖတ်လေ့ရှိကြ
ပါတယ်။ မြန်မာလိုဖတ်ပြီးရင် အင်္ဂလိပ်လို ပြန်ဖတ်
မယ်လို့ စဉ်းစားထားပေမယ့် တကယ်တမ်းမှာ အင်္ဂလိပ်
လိုရေးထားတာကို ပြန်မဖတ်မိကြပါဘူး။

(၃) မသိတဲ့ စကားလုံးတွေ့တိုင်း Dictionary မကြည့်နဲ့။

မသိတဲ့ စကားလုံးတွေ့တိုင်း Dictionary မကြည့်ပါနဲ့။
စကားလုံး တစ်လုံးရဲ့ အဓိပ္ပါယ်ကို မသိပေမယ့် အဲ့ဒီ
စကားလုံးရဲ့ ရှေ့မှာပါတဲ့ ဝါကျ၊ နောက်မှပါတဲ့ ဝါကျ၊
ဖတ်နေတဲ့ စာအုပ်ရဲ့အကြောင်းအရာ စတာတွေကို
စဉ်းစားလိုက်ရင် အဲ့ဒီမသိတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်
ကို ခန့်မှန်းလို့ ရတတ်ပါတယ်။ ခန့်မှန်းပြီး ဆက်ဖတ်
လို့ အဆင်ပြေရင် ဆက်ဖတ်ပါ။ မဖြစ်မနေ Dictionary
ကြည့်မှ ဆက်ဖတ်လို့ ရမယ့် စကားလုံးမျိုး ဆိုရင်
တော့ Dictionary ကြည့်ပါ။ အကယ်ရွေ့ မသိတဲ့
စကားလုံး မှန်သမျှ Dictionary လှန်ကြည့်နေရင်
စာဖတ်ခြင်းဆိုတဲ့ အရသာပျောက်သွားပြီး စကားလုံး
အသစ်ရှာဖွေရေး လုပ်သလို ဖြစ်နေပါလိမ့်မယ်။
စာဖတ်တာ များလာတဲ့အခါ စာဖတ်ရတာ ပျော်လာ
ပြီး စကားလုံး အသစ်တွေလည်း သိလာပါလိမ့်မယ်။

(၄) စာအုပ်တွေကို ဝယ်ဖတ်ပါ။

စာအုပ်တွေ ဝယ်ဖတ်ပါလို့ ပြောတာ အကြောင်းရှိပါ
တယ်။ ကျွန်တော်တို့ လူသားအများစုက ပိုက်ဆံပေး
လိုက်ရတာကို ပိုပြီးတန်ဖိုးထားလေ့ရှိပါတယ်။ ဥပမာ
PDF တွေ အုပ်ရေ ၅၀၀၀ လောက် သူငယ်ချင်း
တစ်ယောက်ဆီက ကူးလာတယ်ဆိုပါစို့။ ကိုယ့်မှာရှိတဲ့
ဖုန်း သို့မဟုတ် Tablet ထဲကို စာအုပ် ၅၀၀၀ ကူးထည့်
လိုက်တယ်။ ဒါပေမယ့် စာအုပ်စဖတ်ဖို့ ရွေးတဲ့အခါ
တော်တော်လေး ဒုက္ခရောက်ပါလိမ့်မယ်။ ကျွန်တော်
သင်္ဘောသားဘဝက Hard Disk ထဲမှာ PDF စာအုပ်
တွေ အများကြီးပါသွားပါတယ်။ ဒါပေမယ့် တကယ်တမ်း
ဖတ်ဖို့ ရွေးတဲ့အခါ ဘာဖတ်လို့ ဖတ်ရမှန်းမသိပါဘူး။
တစ်အုပ်ကို တစ်ရွက်နှစ်ရွက်ဖတ်လိုက်၊ နောက်တစ်အုပ်
ပြောင်းလိုက်၊ နောက်ဆုံး ဘာမှ မဖတ်ဖြစ်တော့ပါဘူး။
အလကားရထားတဲ့ PDF တွေ ဖြစ်တဲ့အတွက် မဖတ်
ဖြစ်ရင် ဘာမှ ဆုံးရှုံးသလို မခံစားရပါဘူး။

ဒါပေမယ့်လွန်ခဲ့တဲ့ ၄နှစ် လောက်က စပြီး Free PDF တွေ
မဖတ်ဖြစ်တော့ပါဘူး။ မြန်မာလိုရေးထားတဲ့ စာအုပ်
တွေဆိုရင် အပြင်မှာ ဝယ်ဖတ်တယ်။ အင်္ဂလိပ်လိုရေး
ထားတဲ့ စာအုပ်တွေဆိုရင် Amazon မှာ Kindle
Version ဝယ်ဖတ်တယ်။ Visa card ရှိရင် Amazon
မှာ Kindle Version တွေ အလွယ်တကူဝယ်လို့ရပါ
တယ်။ Kindle App ကို Android မှာရော iOS မှာရော
ထည့်သွင်းလို့ရပါတယ်။ ပြီးရင် ကိုယ်က ကွန်ပြူတာ
ပေါ်မှာ သို့မဟုတ် ဖုန်း Browser ပေါ်မှာ Amazon
အကောင့်နဲ့ Sign In ဝယ်ပြီး စာအုပ်ဝယ်လို့ရပါတယ်။
ဝယ်ထားတဲ့ စာအုပ်က ကိုယ့် Kindle App ရှိတဲ့
ဖုန်း သို့မဟုတ် Tablet ပေါ်ကို အလိုလို ရောက်လာ
ပါလိမ့်မယ်။ ပိုက်ဆံနဲ့ ပေးဝယ်ထားရတဲ့ စာအုပ်တွေ
ဖြစ်တဲ့အတွက် ပြီးအောင် ဖတ်ဖြစ်ပါတယ်။


ဒါကြောင့်အင်္ဂလိပ်စာအုပ်ပဲ ဖြစ်ဖြစ်၊ မြန်မာစာအုပ်ပဲ
ဖြစ်ဖြစ်၊စာတကယ်ဖတ်ဖြစ်ချင်ရင် ဝယ်ဖတ်ပါ။ စာအုပ်
တွေတစ်ပုံတစ်ပင်ကြီး ဝယ်တာထက် ကိုယ်ဖတ်နိုင်မယ့်
ပမာဏလောက်ကို အရင်ဝယ်ပြီးဖတ်တာ ပိုကောင်း
ပါတယ်။ ဥပမာ ကိုယ်က ၅ အုပ်ဝယ်ထားပြီးရင် အဲ့ဒီ
၅ အုပ်ကို အရင်ဖတ်ပြီးမှ နောက်ထပ် ဝယ်တာမျိုး
လုပ်တာ ပိုကောင်းပါတယ်။ ဒါဟာ စာအုပ်တွေ တစ်ပုံ
တစ်ပင်ဝယ်ပြီး မဖတ်ဖြစ်တဲ့သူတွေကို အကြံပေးတာ
ဖြစ်ပါတယ်။ ဘယ်လောက်ဝယ်ဝယ် အကုန်ဖတ်ဖြစ်
တယ်ဆိုတဲ့ သူတွေ အတွက် အကြံပေးတာ မဟုတ်ပါ
ဘူး။

#မိုးရှင်း (I.M.T)

No comments: