Sunday, March 31, 2019

ပြည်ထောင်စု Font (Pyidaungsu Font)


(Myanmar Unicode)FAQ
***************************

(၁) ပြည်ထောင်စုဖောင့် ဆိုတာ ဘာလဲ?
ပြည်ထောင်စုဖောင့် ဆိုသည်မှာ ကွန်ပျူတာသုံး မြန်မာစာစနစ် ဖောင့် အမျိုး အစား တစ်ခု ဖြစ်ပါသည်။ ပြည်ထောင်စုဖောင့်သည် ယူနီကုဒ်စနစ် (Unicode) ကို လိုက်နာထားသည့် စနစ်တစ်ခု ဖြစ်ပါသည်။ ယူနီကုဒ် ဆိုသည် မှာ နိုင်ငံတိုင်းတွင် အသုံးပြုလျက်ရှိသော အက္ခရာစာလုံးများ အတွက် မည် သည့် Platform တွင်ဖြစ်စေ၊ မည်သည့် Program တွင် ဖြစ်စေ၊ မည်သည့် ဘာသာစကား Language တွင် ဖြစ်စေ အက္ခရာတစ်ခုချင်းစီကို သီးခြား သတ် မှတ်ပေးထားသည့် ကုဒ်နံပါတ်များဖြစ်သည်။ ယူနီကုဒ် ဆိုသည်မှာ ကမ္ဘာတွင် အသုံးပြုသည့် စကားများအားလုံးမှ အက္ခရာစာလုံး တစ်လုံးတိုင်းအတွက် တိကျသော နံပါတ်တစ်လုံးတည်းသာ သတ်မှတ်ပေးထားသော ဘုံသုံး စံ စနစ် ဟူ၍လည်း ခေါ်ဆိုကြသည်။

(၂) Myanmar 3 နဲ့ ဘာကွာခြားသလဲ?
ထိုသို့သော ယူနီကုဒ်စနစ်ကို လိုက်နာရေးသားထားသည့် ပြည်ထောင်စုဖောင့် ကွန်ပျူတာသုံး မြန်မာစာစနစ်သည် ယခင် Myanmar 3 ဖောင့် ကို အဆင့်မြှင့်ထားသည့် ဖောင့် ဟု ခေါ်ဆိုနိုင်ပါသည်။ (Myanmar 4 ဟု မခေါ်တွင်ဘဲ ပြည်ထောင်စုဟု ပြောင်းလဲ ခေါ်တွင်စေခြင်း ဖြစ်ပါသည်) ။ ပြည်ထောင်စုဖောင့်တွင် ယခင် Myanmar 3 ဖောင့် နှင့် အဆင်မပြေ မကိုက် ညီသည့် ကွန်ပျူတာ လည်ပတ်မှုစနစ် (Operation System) များ၊ Office များ အတွက် ပိုမို အဆင်ပြေစေရန် ဆောင်ရွက်ထားပါသည်။ ထို့အပြင် Myanmar 3 တွင် မပါဝင်သေးသည့် တိုင်းရင်းသား ဘာသာစကားများ ပါဝင်လာပါသည်။

(၃) Keyboard Layout ပြောင်းသွားသလား?
ပြည်ထောင်စုဖောင့် စာရိုက်ရသည့် Keyboard Layout သည် ယခင် Myanmar 3 Keyboard Layout အတိုင်း ပြောင်းလဲစရာမလိုဘဲ ရိုက်နိုင် ပါသည်။ ယခင် Myanmar 3 နှင့် ရိုက်ထားသည့် စာများကိုလည်း ပြည်ထောင်စုဖောင့်အဖြစ် ပြောင်းလဲလိုပါက မိမိပြောင်းလိုသည့် စာများကို ရွေးချယ်၍ Office ၏ ဖောင့် နေရာတွင် ပြည်ထောင်စုဖောင့်ကို ပြောင်းလဲပေးနိုင် ပါသည်။ ဖောင့်အမည် နှင့် စာလုံးပုံစံ သာ ပြောင်းသွားမည်ဖြစ်ပါသည်။ အခြား ပြောင်းလဲမှု မရှိပါ။

(၄) Version ဘယ်လို ရွေးရမလဲ?
မိမိ အသုံးပြုသည့် ကွန်ပျူတာ လည်ပတ်မှုစနစ်၏ Version ပေါ် မူတည်၍ ဖောင့် Version ရွေးချယ် အသုံးပြုရမည် ဖြစ်ပါသည်။ Windows OS (7 or XP) နှင့် Office (2007, 2010) တို့အတွက် ပြည်ထောင်စုဖောင့် Version 1.8 ကို အသုံးပြုရမည် ဖြစ်ပါသည်။ Window 10 နှင့်အထက် Office (2013, 2016) စသည် အထက်တို့တွင် ပြည်ထောင်စုဖောင့် Version 2.5 ကို အသုံးပြုရမည် ဖြစ်ပါသည်။ Adobe နောက်ဆုံးထွက် Version များတွင်လည်း ယူနီကုဒ်စနစ်ကို အသုံးပြုနိုင်ပါသည်။
https://www.unicode.today/fonts-download/ နှင့် http://mcf.org.mm/download-center/pyidaungsu-font.html?fbclid=IwAR2YXNrPua9218y8KF7dxipPsfxxcPTUs2a9FLmn0vTJwE5LObHt22xhhJQ တွင် လေ့လာနိုင်ပါသည်။


(၅) ပြည်ထောင်စုဖောင့်က ဘာတွေ ပိုထူးလို့လဲ ?
သို့ဖြစ်ပါ၍ ပြည်ထောင်စုဖောင့်သည် အမည်ကို မရင်းနှီးသေးသည့် ကွန်ပျူတာသုံး မြန်မာစာစနစ် တစ်ခုဖြစ်ပြီး နိုင်ငံတကာ Unicode စံ ကို ပိုမို ကိုက်ညီစွာ လိုက်နာထားပြီး၊ တိုင်းရင်းသားဘာသာ စကားများ အသုံးပြုနိုင်ခြင်း၊ နောက်ဆုံးထွက် ကွန်ပျူတာ လည်ပတ်မှု စနစ်၊ Office, Google, Facebook အစရှိသည့် ဆိုရှယ်မီဒီယာများနှင့် အခြား Applications, Softwares များတွင် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

[Source-NCSC]

https://www.internetjournal.media/egovernment-%E1%80%85%E1%80%94%E1%80%85%E1%80%B9-%E1%80%91%E1%80%AD%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%85%E1%80%BC%E1%80%AC%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%82%8F%E1%80%AF/

ပြည်ထောင်စု Font လိုချင်သူများ 

ဒီမှာ Down ပါ ။ 

http://www.mcf.org.mm/download-center/pyidaungsu-font.html?fb_comment_id=1317268894999165_1356835447709176

PyiDaungSu Font ကို iPhone, iPad တွေမှာ ဘယ်လိုသုံးရမလဲ => https://isuremyanmar.com/blogs/tips-tricks/iphone-ipad-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%99%E1%80%BD%E1%80%AC-zawgyi-font-%E1%80%99%E1%80%BD-pyidaungsu-font-%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8

***Pyidaungsu Font Error ဖြစ်နေသူများအတွက်

ပြည်ထောင်စု Font ကို အစိုးရရုံးဌာနတွေမှာ ဧပြီလ (၁) ရက်နေ့မှ စတင်သုံးစွဲရမှာဖြစ်ကြောင်း ညွှန်ကြားချက်တွေ ထွက်ရှိလာပါတယ်။ အဲဒီအတွက် ကွန်ပျူတာတွေမှာ ပြည်ထောင်စု Font တွေ ထည့်သွင်းကြရပါတယ်။ ကိုယ်တိုင်လည်း ထည့်သွင်းပေးနေရလို့ တစ်ချို့စက်တွေက ဒီအတိုင်း Font File လေးကို သက်ဆိုင်ရာ Font Folder လေးထဲ Copy ကူးထည့်လိုက်ရင် အဆင်ပြေသွားပေမယ့် တစ်ချို့စက်တွေမှာ အဲဒီလိုလေး လုပ်လိုက်ရုံနဲ့ အဆင်မပြေတာတွေ တွေ့ရလို့ လုံးဝမလုပ်တတ်သူတွေအတွက် အတွေ့အကြုံလေးကို မျှဝေပါတယ်။ ပထမဆုံး Font File လေးအလွယ်တကူ Copy ကူးထည့်နည်းကို ပြောပါမယ်။ ကိုယ့်ကွန်ပျူတာနဲ့ ကိုက်ညီမယ့် Pyidaungsu Font ကို ဒီ Link မှာ  download လုပ်ပါ။ http://mcf.org.mm/download-center/pyidaungsu-font.html  ။ ပြီးရင် Keyboard က Windows Key နဲ့ R ကို တွဲနှိပ်ပြီး Run Box ကို ခေါ်ပါ။ Run box မှာ fonts လို့ရိုက်ပြီး Enter နှိပ်ပါက Font Folder ပေါ်လာပါမယ်။ အဲဒီထဲကို download ဆွဲထားတဲ့ Font File ကို Copy Paste လုပ်ရုံပါပဲ။ Myanmar 3 တုန်းကအသုံးပြုခဲ့တဲ့ Keymagic v 1.5 နဲ့ အသုံးပြုစမ်းသပ်ရိုက်ကြည့်ပါ ။ အဆင်မပြေရန် အပေါ်က Link မှာ ပေးထားတဲ့ Keymagic ကို download လုပ်ပြီး Install လုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ Keymagic အသစ်ကို Install မလုပ်မီ အရင် အဟောင်းကို Uninstall လုပ်ပါ။ ပြီးမှ  Keymagic v 2.0 ကို Install လုပ်ပါ။ Install လုပ်တဲ့အခါ Internet Explorer 8 ဖြစ်နေရင် Upgrade ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Internet Connection ရတဲ့ ကွန်ပျူတာတွေမှာ Auto Upgrade ပြုလုပ်နိုင်ပေမယ့် မရတဲ့ ကွန်ပျူတာတွေအတွက် ဒီ Link မှာ download ဆွဲပြီး Upgrade Install ပြုလုပ်နိုင်ပါတယ်။ https://offlinefreewarefiles.com/version/download-internet-explorer-offline-installer/internet-explorer-web-browser/
အားလုံးပြီးသွားရင် Pyidaungsu Font ကို စမ်းသပ်ရိုက်ကြည့်နိုင်ပါတယ်။ Microsoft Word မှာ စာရိုက်လို့ စာမမှန်တာတွေရှိခဲ့ရင် https://mcf.org.mm/myanmar-unicode/61-windows-users/358-ms-word.html မှာ ၀င်ရောက်ကြည့်ရှုပြီး ပြင်ဆင်နိုင်ပါတယ်။
နောက်တစ်ချက်ကတော့ စာရိုက်တော့ အမှန်ပြနေပြီး Print ထုတ်တဲ့အချိန်စာတွေ မမှန်ပါက ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ Printer ကို Control Panel\All Control Panel Items\Devices and Printers ထဲမှာ Right Click နှိပ် Remove Device ပြုလုပ်ပါ။ Printer ကို Computer နဲ့ ချိတ်ဆက်ပြီး Power On ထားဖို့လိုပါတယ်။ ပြီးရင် Computer ကို Restart ချပါ။ ကွန်ပျူတာပြန်ပွင့်လာချိန်မှာ Printer Driver ကို အလိုအလျောက် Install ပြုလုပ်သွားပါလိမ့်မယ်။ Install မလုပ်ရင် Printer Driver ပြန်တင်ပေးပြီး Print ထုတ်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ ကွန်ပျူတာနဲ့ Pyidaungsu Font အသုံးပြုသူ အားလုံးအဆင်ပြေကြပါစေ။

*** Pyidaungsu Font အခက်အခဲ နှင့် ဖြေရှင်းနည်းများ
--------------------------------------------------------
(၁) Windows 7 တွင် Keyman 11.0 ထည့်မရဘူး
(၂) Office 2010 တွင် Pyidaungsu font မမှန်ပါ
(၃) Office 2013, 2016 တို့တွင် အမှန်မထွက်ခြင်း
(၄) စာမျက်နှာ နံပါတ် တပ်မရဖြစ်ခြင်း
(၅) Execl 2016 တွင် စာအပြည့်အစုံ မပေါ်ပါ
(၆) Excel Cell ကွက်တွင် Keyman က English ပြောင်းသွားခြင်း
(၇) Number Keypad တွင် KeyMagic မြန်မာ ဂဏန်းမရခြင်း
(၈) Excel Cell ကွက်တွင် စာနှင့် ဂဏန်းကို series ဆွဲရာ English ဂဏန်းပြောင်းသွားခြင်း
(၉) Office 365 မှာ အဆင်မပြေဘူး
(၁၀) Print ထုတ်ရင် စာတွေလွဲကုန်တယ် မမှန်တော့ဘူး
(၁၁) Bold သို့မဟုတ် Regular တမျိုးမျိုးတွင် စာမမှန်ဘူး
(၁၂) KeyMagic တင်ပြီး ဇော်ဂျီဖောင့် သုံးမရတော့ဘူး
(၁၃) ယပင့်ရိုက်ရင် အသတ်ထွက်တယ်၊ ရရစ်ရိုက်ရင် ယပင့်ထွက်နေတယ်
(၁၄)အင်္ဂလိပ်လက်ကွက် ရိုက်မရတော့လို့ပါ
(၁၅) သုညပေါ်တွင် လုံးကြီးတင်ဖြင့် (ကျပ်) သင်္ကေတအဖြစ် သုံးမရခြင်း
(၁၆) ဝစ်စနှစ်လုံးပေါက်ကို (နာရီ၊ မိနစ်) သင်္ကေတအဖြစ် သုံးမရခြင်း
(၁၇) သင်္ချာသင်္ကေတ (× ÷) ဘယ်လိုရိုက်ရသလဲ

User Manual pdf file ကိုရယူပါ
http://www.unicodetoday.org/downloads/Pyidaungsu_Font_User_Manual_05.pdf

#CRD အောင်မျိုးချစ်


Android စနစ်သုံး မိုဘိုင်းဖုန်းမှာ Unicode standard ဖောင့်ကို ဘယ်လိုပြောင်းမလဲ ???? 

 

မခက်ဘူး။

ယူနီကုဒ် အဆင့်သတ်မှတ်ချက်ဆိုတာ တစ်ကမ္ဘာလုံးက သတ်မှတ်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ မိုဘိုင်းဖုန်း အသစ်ဝယ်သမျှထဲမှာ ယူနီကုဒ်အဆင့်သတ်မှတ်ချက် ပြည့်မှီတဲ့ မြန်မာဖောင့်ဟာ တစ်ခါထဲ ပါပြီးသား ဖြစ်ပါတယ်။

ဖုန်းစဝယ်ကာစက မြန်မာစာ မမှန်ဘူးဆိုပြီး ဆိုင်မှာ Root လုပ်ကာ မြန်မာစာ (Zawgyi) မှန်အောင် လုပ်ထားတဲ့ ဖုန်းတွေကလွဲရင် ကျန်ဖုန်းတွေမှာ ယူနီကုဒ် သတ်မှတ်ချက်အတိုင်း ပြောင်းသုံးဖို့ လွယ်ကူပါတယ်။


သင့်ဖုန်းရဲ့ Setting ထဲသို့သွားပါ > General Management (သို့) Language ထဲသို့ သွားပါ > အဲ့ကနေမှ Language ထဲက Add Language ထဲမှာ English (United States) or English (Any Country) or မြန်မာ (Unicode) ကို ရွေးလိုက်ပါ။ အကယ်၍ သင့် Language ထဲတွင် English (Zawgyi) ရှိနေပါက ထို English (Zawgyi) ကို ဖျက်လိုက်ပါ။ သင့်ဖုန်းဟာ ယူနီကုဒ် သတ်မှတ်ချက်ကို လိုက်နာထားသည့် ဖုန်းတစ်လုံး ဖြစ်သွားပါပြီ။


***Keyboard နှင့် အသုံးပြုနည်းများ ဆက်ဝေမျှပေးပါ့မည်။

#iUseUnicode
#နိုင်ငံတကာအဆင့်မြန်မာစာ
#ယူနီကုဒ်သုံးပါ
#မြန်မာစာကိုအဆင့်မြှင့်ကြစို့

2 comments:

Da Da said...

How to get Pyidaungsu font for Android

အရှင်ရာဇိန္ဒာနန္ဒာလင်္ကာရ said...

ပညာရှင်များကို လေးစားကျေးဇူးတင်ပါတယ်
ဆင်ကောင်ကြီးအမြီးကျမှတစ်ဆိုသလို မဖြစ်ရအောင်
ဖောင့်စတိုင်တွေ များများထုတ်ပေးစေချင်ပါတယ် အဝိုင်းတစ်မျိုးတည်းဆိုတော့ အသုံးတွင်ကျယ်သင့်သလောက် မတွင်ကျယ်ပါ