Saturday, March 23, 2019

နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု( Chronic Fatigue Syndrome )



Chronic ရဲ့ အဓိပ္ပာယ်က အချိန်အကြာကြီးကို ဆိုလိုတာပါ။Fatigue ဆိုတာ မောပန်းနွမ်းနယ်မှု။Syndrome က ရောဂါအစုအဝေးလို့ အဓိပ္ပာယ်ရပါတယ်။ Chronic Fatigue Syndrome ဆိုတာနာတာရှည်ရောဂါတစ်ခုဖြစ်ပြီး ခြောက်လအထက် အလွန်အမင်း မောပန်းနွမ်းနယ်နေတာပါ။ရောဂါရှာလျှင် မတွေ့တတ်ပါ။ဓာတ်ခွဲခန်း အဖြေတွေကလည်း ကောင်းနေလေ့ရှိပါတယ်။ နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome )  ဖြစ်နေပြီလို့ နာမည်တပ်ဖို့ ဆရာဝန်တွေ အတွက်တောင်အတော်ခက်ပါတယ်။သက်လုံမကောင်းတော့ဘူး။မှတ်ဉာဏ်တွေလျော့နေပြီ။အာရုံစိုက်လို့ မရတော့ဘူး။အချိန်အကြာကြီးမလုပ်နိုင်မကိုင်နိုင် ပင်ပန်းနေပြီ။စိတ်ဓာတ်လည်းကျနေပြီဆိုတာ နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome )  ရောဂါစုရဲ့လက္ခဏာတွေပါ။

ဖျားနာပြီဆို သိပ်မကြာဘူးပျောက်သွားတတ်ပေမယ့် နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome )  က တစ်ချိန်လုံးဖျားနေသလို ခံစားနေရတတ်တယ်။တစ်ခါတစ်ရံ အောက်မှာရေးပေးထားတဲ့ ရောဂါတွေလည်း ဖြစ်တတ်တယ်။

၁။အဆစ်တွေ နာကျင်နေတတ်တယ်။
၂။ကြွက်သားတွေ နာတတ်တယ်။
၃။သတိမကောင်းတော့ဘူး။
၎။တစ်ခုခုကို အာရုံမစိုက်နိုင်တော့ဘူး။
၅။အကျိတ်လေးတွေ ထွက်လာတတ်တယ်။
၆။ခေါင်းကိုက်တတ်တယ်။
၇။တစ်ခါတလေ ချမ်းတုန်တတ်တယ်။
၈။ညဘက်ချွေးထွက်တယ်။
၉။အိုင်ဘီအက်လို အူလမ်းကြောင်းမူမမှန်တာတွေဖြစ်တယ်။

နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome ) ဘာလို့ဖြစ်လဲဆိုတဲ့ အကြောင်းကို အခုထိရှာမတွေ့သေးပါ။ဟိုမုန်း မူမမှန်မှု၊ကိုယ်ခံအားစနစ် မပြည့်စုံမှု၊ဗိုင်းရပ်ပိုးကူးစက်ခံရခြင်း၊နာတာရှည်သွေးအားနည်းနေခြင်း နှင့် အစာအဟာရမပြည့်စုံခြင်းတို့ဟာ နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome )  ရောဂါကိုပိုဆိုးစေသော အကြောင်းတွေပါ။တစ်ချို့ရေးတာက oxidative stress, Celiac disease, အစာနှင့် ဓာတ်မတည့်မှုတွေနဲ့ အဆက်အစပ်ရှိတယ်ဆိုပါတယ်။ ဗိုင်းရပ်တွေကလည်း နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome )  ကိုဖြစ်စေတယ်ဆိုပါတယ်။

နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome ) ကို ဆေးရုံတွေမှာတော့ ရောဂါဇစ်မြစ်ကိုရှာလို့မရတာမို့ ဖြစ်လာတဲ့ ရောဂါလက္ခဏာကိုပဲ သက်သာအောင် ကုပါတယ်။စိတ်ရောဂါနဲ့ဆိုင်တဲ့ ဆေးတွေပေးမည်။အိပ်ဆေးတွေပေးမည်။ကုရတာလည်း သိပ်ကြာတာမို့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးလည်း ဖြစ်လာပါတယ်။

အနောက်တိုင်း Functional medicine မှာ အကြံပြုတာက ဗိုက်တာမင် B အုပ်စု၊ပိုတက်ဆီယမ်များတဲ့အစာ၊မက်ဂနီဆီယမ်တွေ ပိုစားခိုင်းပါတယ်။ Alternative and Complementary Medicine ဂျာနယ်အဆိုအရ အပ်စိုက်ကုခြင်း၊တရားထိုင်ခြင်းတို့က နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome )  ကိုသက်သာစေတယ်ရေးပါတယ်။

အခုရေးပေးမည့် ကုသနတွက functional medicine စာအုပ်က ယူရေးတာပါ။

၁။ အစာနဲ့ ဓာတ်မတည့်တာနဲ့ နာတာရှည် နွမ်းနယ်နေမှု တို့က အဆက်အစပ်ရှိတယ်လို့ ပြောတဲ့ သုသေတနတွေ သိပ်များလာပါတယ်Scandinavian Journal of Gastroenterology မှာရေးတာက IBS(အူလမ်းကြောင်းမူမမှန် လှုပ်ရှားမှုကြောင့် ဖြစ်သောရောဂါ),fibromyalgia (နာတာရှည် ကြွက်သားနာကျင်တောင့်တင်းသောရောဂါ) ,နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome ) တို့က အဆက်အစပ်ရှိနေတာတွေရတဲ့အခါ  ဆရာဝန်ကြီးတော်တော်များများ အံ့သြသွားတာတော့ အမှန်ပဲလို့ ဆိုပါတယ်။ အစာမကြေခြင်း နှင့် အစာနဲ့ ဓာတ်မတည့်တာဟာ အဓိက အကြောင်းဖြစ်နိုင်တယ်လို့ သူတို့ကောက်ချက်ချပါတယ်။ ဂလူတန်နဲ့ မတည့်တာ၊ နို့ နဲ့မတည့်တာအပြင် ပဲ နဲ့တစေး တို့ဖြင့်လည်း ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။

ဘာနဲ့ မတည့်ဘူးလဲဆိုတာ ငွေကြေးတတ်နိုင်လျှင် IgG (Immunoglobulin G) စစ်ဆေးမှုလုပ်သင့်တယ်။မတည့်တာကို ရှောင်လိုက်လျှင် IBS, ADHD, အဆစ်ရောင်ခြင်း နှင့် chronic fatigue syndrome တို့သက်သာသွားပါတယ်။Ig G စစ်ရင်း Candida albicans test လုပ်ကြည့်တာပိုကောင်းပါတယ်။

Orthomolecular Medicine ဂျာနယ်အဆိုအရ ပရိုဘိုင်အိုတစ် အများကြီးပါတဲ့ ကီဖာ၊ဒိန်ချဉ်၊နဲ့ ကင်ချီတွေကျွေးလိုက်လျှင် သက်သာသွားပါတယ်။မစစ်နိုင်လျှင်တောင် ဒီအစာတွေက စားသင့်ပါတယ်။ဟင်းရွက် စိမ်းစိမ်းတွေ၊နှမ်းကြပ်စေ့တွေ နဲ့ ချီးယားစေ့တွေလည်း စားပေးဖို့ လိုပါတယ်။

ရှောင်ရမဲ့အစာတွေက candida မှိုတွေကြိုက်တဲ့ သကြား၊အသီးချို၊အရက် နဲ့ ပြောင်းဖူးလို အစေ့အဆန်ပါ။candida မှိုကို မကုလျှင် leaky gut ရလာနိုင်ပါတယ်။H. pylori က ဘက်တီးရီးတစ်မျိုးပါ။ကမ္ဘာ့လူဦးရေရဲ့၂/၃ လောက်မှာ ရှိပါတယ်။ထိုပိုးက အစာအိမ်နံရံကို ဖျက်စီးတတ်တယ်၊မကုပဲထားလျှင် အစာအိမ်အနာဖြစ်တတ်တယ်။ထိုပိုးကလည်း နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome ) နဲ့ ဆက်စပ်နေပါတယ်။

၂။ ဗိုက်တာမင် B အုပ်စုတွေဖြစ်တဲ့ B1,B12,B 6,B 2,folate နဲ့ နာတာရှည်နွမ်းနယ်မှု တိုက်ရိုက်ပတ်သတ်နေတယ်လို့ တော်ဝင်ဆေးပညာအဖွဲရဲ့ ဂျာနယ်မှာရေးသားဖော်ပြခဲ့ပါတယ်။ ဗိုက်တာမင် B-6 က မောပန်းမှုကို မဖြစ်အောင်ကာကွယ်တယ်။ဖြစ်ပြီးလျှင်လည်း သက်သာပျောက်ကင်းစေတယ်။သွေးဖြူဥတစ်မျိုးဖြစ်တဲ့ T cell ရဲ့ကျန်းမာရေးကို ကောင်းမွန်စေပြီး ဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ပေးတယ်။နာတာရှည် နွမ်းနယ်တတ်သူတွေ ဗိုက်တာမင် B-6 ကြွယ်ဝတဲ့ ဆာလမွန်ငါး၊တူနာငါး၊ဌက်ပျောသီး၊အမဲသား၊ကန်စွန်းဥ၊ကြက်သွန်ဖြူ၊ဟင်းနုနွယ်တွေ များများစားပေးရမည်။တစ်လလောက်ဆို သိသာပါတယ်။

သူတို့နောက်ထပ်ညွှန်းတဲ့ ဗိုက်တာမင်တွေက folate နဲ့ B 12 ပါ။ဗိုက်တာမင် B6, folate, B12 သုံးခုပေါင်းပြီး မီသိုင်းလေးရှင်း (Methylation) ဆိုတဲ့ ဖြစ်စဉ်ကို ဆောင်ရွက်ပြီး ကိုယ်ခန္ဓာရဲ့ ခုခံအား၊စွမ်းအင်ထုတ်လုပ်မှု၊စိတ်အခြေအနေ၊အာရုံကြောကျန်းမာရေး၊ကိုယ်တွင်းသန့်စင်ခြင်း တို့ကိုတိုးတက်ကောင်းမွန်စေတယ်။နှစ်ခြိုက်စွာ အိပ်ပျော်စေတဲ့ မယ်လတိုနင် ဟိုမုန်းထုတ်လုပ်မှုလည်း တိုးတက်စေတယ်။

Methylation ကောင်းကောင်းမဖြစ်လျှင် နာတာရှည် နွမ်းနယ်ပင်ပန်း နေတတ်တဲ့အပြင် နာတာရှည်ရောဂါတွေဖြစ်တဲ့ ကင်ဆာ၊ဆီးချို၊နှလုံးရောဂါ၊ဓာတ်မတည့်ခြင်းများနဲ့ စိတ်ရောဂါတွေ ဖြစ်တတ်ပါတယ်။ ဗိုက်တာမင် B-12 ပါတဲ့အစာတွေက အမဲသား၊တူနာ၊ဆာဒင်း၊ချိစ်၊ဥအမျိုးမျိုးတွေပါ။supplement အနေနဲ့ဆို meth B12 လို့ ကျွန်တော်သူငယ်ချင်းတွေ အတိုခေါ်တဲ့ methylcobalamin ဝယ်သောက်ပါ။

၃။ ပိုတက်ဆီယမ် နဲ့ မက်ဂနီဆီယမ်က နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome ) ကို သက်သာစေပါတယ်။သုသေတနတွေမှာတွေ့တာက မက်ဂနီဆီယမ်များတဲ့အစာကို ခြောက်ပတ်လောက်စားပေးလျှင် နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome )  ကို သက်သာစေတယ်ဆိုပါတယ်။မက်ဂနီဆီယမ် ကြွယ်ဝတဲ့အစာတွေက ဟင်းနုနွယ်၊ဖရုံစေ့၊ကီဖာ၊ထောပတ်သီး၊ဌက်ပျောသီးတွေပါ။ပိုတက်ဆီယမ် က ကိုယ်ခန္ဓာရဲ့ ဓာတ်သတ္ထုတွေကို မှန်ကန်စေပါတယ်။ပိုတက်ဆီယမ်များတဲ့ အစာတွေ စားပေးလျှင် နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome )  ကို သက်သာစေတယ်။

၎။ နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome ) ဟာ စိတ်ရော ကိုယ်ပါ ပင်ပန်းတာကြောင့်ဖြစ်တာပါ။ဒါကြောင်း အနားယူပါ။အနားယူတယ်ဆိုတာ အိပ်တာထက်ပိုပါတယ်။အကောင်းဆုံး အကြံပေးလိုတာက တစ်ပတ် တစ်ရက် ဘာမှ မလုပ်ပဲနားပါ။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်ပါ။ အိပ်ပါ။ ယောဂကျင့်ပါ။ ဆီဖြင့် အနှိပ်ခံပါ။ တရားထိုင်ပါ။

ဒီလေးချက်ကို သေချာလုပ်လျှင် တစ်လလောက်အတွင်း နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါစု ( Chronic Fatigue Syndrome )  သက်သာသွားတတ်ပါတယ်။


ရေးသားတင်ဆက်သူDr. PHYO MAUNG

No comments: