Saturday, May 21, 2011

ကိုယ်အပူချိန် နှင့် အသည်းရဲ့ချေဖျက်နိုင်မှု

သင့်ကိုယ်အပူချိန်က ဘာကိုဖော်ပြနေသလဲ 

၃၇ ဒီဂရီစင်တီဂရိတ် (၉၈.၆ ဒီဂရီဖာရင်ဟိုက်) - ဒါကပုံမှန်ကိုယ်အပူချိန်ဖြစ်တယ်။

ဒါပေမယ့် လူတစ်ဦးနှင့်တစ်ဦး ပုံမှန်ကိုယ်အပူချိန် မတူဘူး။ ပုံမှန်ကိုယ်အပူချိန် ၃၅.၆ ဒီဂရီမှ ၃၇.၈ ဒီဂရီစင်တီဂရိတ်၊ ဒါမှမဟုတ် ၉၆ ဒီဂရီမှ ၁၀၀ ဒီဂရီဖာရင်ဟိုက်အထိ အပြောင်းအလဲရှိနိုင်တယ်။

၃၇.၅ ဒီဂရီစင်တီဂရိတ် (၉၉.၅ ဒီဂရီဖာရင်ဟိုက်) - အဖျားရှိတယ်ဆိုတဲ့ ယေဘုယျ စံဒီဂရီဖြစ်တယ်။

၃၇.၅ ဒီဂရီစင်တီဂရိတ် (၉၉.၅ ဒီဂရီဖာရင်ဟိုက်) - ၃လအောက် ကလေးငယ်များအတွက် အန္တရာယ်ရှိတဲ့ အဖျားအမှတ်ဖြစ်တယ်။

၃၉ဒီဂရီစင်တီဂရိတ် (၁၀၂ဒီဂရီဖာရင်ဟိုက်) - အသက် ၃နှစ်မှ ၆နှစ်အရွယ်ကလေးများအတွက် အန္တရာယ်ရှိတဲ့အဖျားအမှတ်ဖြစ်တယ်။

၄၁ ဒီဂရီစင်တီဂရိတ် (၁၀၆ ဒီဂရီဖာရင်ဟိုက်) - အရွယ်ရောက်သူများအတွက် အန္တရာယ်ရှိတဲ့ အဖျားအမှတ်ဖြစ်တယ်။ ယင်းအဖျားအမှတ်မှာ အရွယ်ရောက်သူအများစုက တက်တတ်တယ်။ (သတိမေ့မြောနိုင်)

၄၃ဒီဂရီစင်တီဂရိတ် (၁၁၀ ဒီဂရီဖာရင်ဟိုက်) - အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အဖျားအမှတ်ဖြစ်တယ်။

ဦးလှမြင့် (ဂန္ဓမာ) Ref: Health Today Jan, 2011

အရက်နှင့် အသည်းရဲ့ဆောင်ရွက်နိုင်မှု

အရက်သည် အခြားသော ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံး၌ ရောဂါဖြစ်စေနိုင်သော်လည်း၊ အသည်းရောဂါဖြစ်ပွားမှုမှာ ပိုမိုများပြား သည်။ အရက်ကို အန္တရာယ်မရှိသောပစ္စည်းဖြစ်စေရန် အသည်းက ချေဖျက်ပေးရသည်။ ထိုသို့ချေဖျက်ရာတွင် အဆင့်ဆင့်ဆောင်ရွက် ရသည်။ အရက်မှ အဆင့်ဆင့်ကူးပြောင်းလာသော ပစ္စည်းများသည် အဆိပ်ဓာတ်များပင်ဖြစ်သဖြင့် အရက်ကို ဓာတ်ပြုပျက်ပြယ်စေရာ အသည်းကို ဒုက္ခပေးသည်။ အသည်းမှစွန့်ထုတ်သောအခါ အန္တရာယ်မရှိသောပစ္စည်းအဖြစ် ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

အရက်ကို နိုင်ငံအသီးသီးတွင် ပမာဏကိုပြဆိုရာ၌ ယူနစ်ကိုအသုံးပြုသည်။ မြန်မာနိုင်ငံတွင် တစ်ပက်၊နှစ်ပက်စသဖြင့် သုံးသော်လည်း ကမ္ဘာ့စံအဖြစ်ယူနစ်ကို တွေ့ရမည်။ တစ်ယူနစ်သည် ရှစ်ဂရမ်နှင့်ညီမျှသည်။

အများသောက်သုံးလျက်ရှိကြသော အရက်များ၏မည်မျှသော ပမာဏသည် တစ်ယူနစ်နှင့်တူညီသည်ကို အောက်တွင်ဖော်ပြ ပေးထားပါသည်။

၁။ ၃ ဒသမ ၅ရာခိုင်နှုန်းရှိသော ဘီယာ ၂၂၀ မီလီမီတာ သို့မဟုတ် ၁/၂ ပိုင့်

၂။ ၉ ဒသမ ၀ ရာခိုင်နှုန်းရှိသော ဘီယာ ၁၁၀ မီလီလီတာ သို့မဟုတ် ၁/၄ပိုင့်

၃။ ၁၀ ရာခိုင်နှုန်း ၀ိုင်အရက် ၁၂၅ မီလီလီတာ

၎။ ဗောလ်ကာ ၃၄ ဒသမ၅ရာခိုင်နှုန်း ရမ်အရက် ၂၅မီလီလီတာ

၅။ ၆ရာခိုင်နှုန်းရှိ အခြားအရက်များ ၁၆၅ မီလီလီတာ

အရက်ကို ပက်ဖြင့်ခြင်တွယ်ရာတွင် တစ်ပက်သည် ၄၄မီလီလီတာခန့်ရှိပါသည်။ ၇၀၀မီလီလီတာရှိသော ပုလင်းတစ်လုံးတွင် ၁၆ပက်ပါ သည်ဟုဆိုသဖြင့် တွက်ချက်ကြည့်ရာ၌ အထက်ပါကိန်းဂဏန်းရရှိခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျန်းမာရေးအတွက် အန္တရာယ်မဖြစ်စေ ရန် အရက်ကိုနှစ်ပက်ထက်ပို၍ မသောက်သင့်ကြောင်း တင်ပြလိုက်ရပေသည်။

ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

No comments: