Friday, April 1, 2011

အရက်နာကျခြင်းအတွက် ကော်ဖီသာအကောင်းဆုံး

မိုးလင်းအောင်ပုလင်းထောင်ခဲ့ပြီးမှ ခေါင်းပေါက်လုမတတ်
ခေါင်းကိုက်နေပါသလား။ အဲဒီလိုအရက်နာကျလာပြီဆိုရင် ကောက်ဖီတစ်ခွက် နဲ့
အကိုက်အခဲပျောက်ဆေးသောက်လိုက်ကြတာများပါတယ်။
အခုတော်တော်အလုပ်ဖြစ်မယ့်နည်းသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါ တယ်။

အဲဒီနည်းလမ်းကို အွန်လိုင်းဂျာနယ်တစ်ခုဖြစ်တဲ့ Plos One မှာ
ဒီဇင်ဘာလကုန်ပိုင်းကဖော်ပြခဲ့တာဖြစ်ပါတယ်။ ဂျာနယ်မှာဖော်ပြခဲ့တာ ကတော့
အရက်အလွန်အကျွံသောက်ပြီး အလွန်အမင်းခေါင်းကိုက်ခြင်းဖြစ်လာတဲ့အခါ
အကိုက်အခဲပျောက်ဆေးနဲ့ ကာဖင်းဓာတ်ကို သက်သာစေဖို့သုံးစွဲတတ်ကြောင်းနဲ့
အဲဒီနည်းလမ်းတွေသုံးတဲ့အခါ အက်ဆီတိတ်ပမာဏကို ပိတ်ဆို့ထားလိုက်တဲ့အတွက်
ခေါင်းကိုက် ခြင်းကို ပိုမိုအားပေးရာရောက်ပါတယ်တဲ့။ ဒါကြောင့်
အရက်သောက်ပြီး(၄)နာရီအကြာမှာ ကော်ဖီသောက်ခြင်းကသာ အကောင်းဆုံး
နည်းလမ်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အရက်နာကျခြင်း ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ဆိုရင် ခန္ဓာကိုယ်အတွင်း
ရေဓာတ်ကုန်ခမ်းခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ ဖျားနာခြင်းနဲ့တူသော
ရောဂါလက္ခဏာများဖြစ်တတ်ပါတယ်။ အရက်နာကျခြင်း ဆိုးဆိုးရွားရွားမဖြစ်စေဖို့
ရှောင်ကြဉ်ရမယ့်အချက်တွေကိုလည်း ဖော်ပြထား ပါတယ်။ အဲဒါတွေကတော့
တစ်နာရီအတွင်းမှာပဲ အရက်အမျိုးအစားတစ်မျိုးထက်ပိုမသောက်ဖို့၊
ရေနဲ့ရောပြီးသောက်တတ်တဲ့အကျင့် လုပ်ဖို့၊ အရက်သောက်ပြီး မူးလာပြီဆိုရင်
ရှန်ပိန်၊ ကော့တ်တေးလ်နဲ့ အခြားအချိုရည်များကိုပါ ဆက်မသောက်ဖို့
စတဲ့အချက်တွေဖြစ် ပါတယ်။

No comments: