Tuesday, April 5, 2011

နေပြည်တော်သင်္ကြန်အတွက် သတင်းများ

နေပြည်တော် သင်္ကြန်ပွဲတော် အတွက် ရေကစား မဏ္ဍပ်များ တည်ဆောက် နေပြီ။ ယခင်နှစ်ထက် ပိုမို စည်ကား ဖွယ် ရှိကြောင်း ဒေသခံများ ပြောကြား

နေပြည်တော် ၌ ဒုတိယ အ ကြိမ် ကျင်းပ မည့် သင်္ကြန် ပွဲတော် အတွက် ယခု အခါ ရေကစား မဏ္ဍပ် များ စတင် တည်ဆောက် နေပြီ ဖြစ် ကြောင်း နေပြည်တော် ဟိုတယ်ဇုန် ရှိ ဟိုတယ် တစ်ခုမှ မြန်မာပို့စ် ဂျာ နယ်သို့ ရှင်းပြ သည်။

ပြီးခဲ့သည့် နှစ်က ကျင်းပ ခဲ့သည့် နေပြည်တော် မဟာသင်္ကြန် ပွဲတော် တွင် ဟိုတယ်ဇုန် အမရ ဟိုတယ်၊ ရွှေမြန်မာ ဟိုတယ်၊ ရွှေနန်းတော် ဟို တယ်၊ တော်ဝင် နေပြည်တော် ဟို တယ်၊ မြတ်တော်ဝင် ဟိုတယ်၊ သင်္ဂဟ ဟိုတယ် နှင့် ရွှေဧည့်သည် စသည့် ဟိုတယ် ကိုးလုံး၏ အရှေ့ မျက်နှာ စာ များတွင် ရေကစား မဏ္ဍပ် နှင့် ဖျော် ဖြေရေး မဏ္ဍပ် များအား ပူးတွဲ ၍ အပြိုင် အဆိုင် ခမ်းနား ထည်ဝါ စွာ တည်ဆောက် ၍ ရေပက် ကစား ကြ ရာ နေပြည်တော် ရှိ သီရိ ငါးမြို့နယ် အပြင် နေပြည်တော် တပ်ကုန်း မြို့ နယ်၊ နေပြည်တော် လယ်ဝေး မြို့နယ်၊ နေပြည်တော် ပျဉ်းမနား မြို့နယ် များ အပါ အ၀င် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူ၊ ပဲခူး စသည့် မြို့ကြီး များက ပါ လာရောက် ၍ ရေကစား ခဲ့ကြသည်။ ထိုကဲ့သို့ ရေ ကစား နေစဉ် အတွင်း နိုင်ငံကျော် အဆိုတော် များနှင့် ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင် များက တေး သီချင်း များဖြင့် ဧည့်ခံ ဖျော်ဖြေ လျက်ရှိရာ သင်္ကြန် အကျနေ့ နှင့် အတက် နေ့ များတွင် နေပြည်တော် သပြေကုန်း အ၀ိုင်း မှ ကံ့ကော်ပန်း အ၀ိုင်း အထိ ရာဇ သင်္ဂဟ လမ်းမကြီး ပေါ်တွင် လူ၊ ကား၊ ဆိုင်ကယ် စသည့် ရေပက်ခံ ကား များမှာ ပြည့်ကျပ် လျက် ရှိသည်။

ယခုနှစ် တွင် ကျင်းပ မည့် ဒုတိ ယ အကြိမ် မြောက် နေပြည်တော် သင်္ကြန် ပွဲတော် တွင် တည်ဆောက် ပြီးစီး ခဲ့ပြီး ဖွင့်လှစ် လျက်ရှိသည့် ဟို တယ် အသစ် များဖြစ်သည့် တုံဂ ပူရိ ဟိုတယ်၊ Junction ဟိုတယ်၊ Sky Blueဟိုတယ် စသည့် ဟိုတယ် များ အပါအ၀င် ဟိုတယ် စုစုပေါင်း ၁၉ လုံး၏ ရှေ့မျက်နှာ စာများ တွင် ရေ ကစား မဏ္ဍပ် များနှင့် ဧည့်ခံ ဖျော်ဖြေ ရေး မဏ္ဍပ်များ ပူးတွဲ၍ တည်ဆောက် လျက် ရှိသည်။ ဟိုတယ် ဇုန်ရှိ ဟို တယ် တစ်ခုမှ တည်ဆောက် ရေး တာဝန်ခံ တစ်ဦး က ရှင်းပြ ရာတွင် "ကျွန်တော်တို့ ရေကစား မဏ္ဍပ်ကို အရင်နှစ် ကအတိုင်း နာမည် ပေး ထား ပါတယ်၊ မဏ္ဍပ်ရဲ့ အလျားက ပေ ၂၀၀၊ အနံ ပေ ၄၀ တည်ဆောက် ထား ပါတယ်။ အလယ် ဗဟိုမှာ ဖျော်ဖြေရေး စင်မြင့် ထားရှိပြီး ဘေး တစ်ဖက် တစ်ချက် မှာ ရေကစား ဖို့ နေရာ ထားရှိ ပါတယ်။ လိုအပ် တဲ့ ရေကို တော့ အရင်နှစ် က ရန်အောင် မြင်ဆည် က ပေးပါ တယ်။ တုံဂ ပူရိ ဟိုတယ်ရှေ့ မှာရှိတဲ့ ရေကန် နှစ်ကန် ထဲကို ရန်အောင် မြင်ဆည်က ရေ တွေ ထည့်ပြီး တုံဂပူရိ ဟိုတယ် ရှေ့က တစ်ဆင့် ပိုက်လိုင်းကြီး တွေနဲ့သွယ် ပြီး ပြန် ပေးခဲ့ တာပါ။ ဟိုတယ်က ၀န် ထမ်း တွေနဲ့ အပြင်က ဖိတ်ခေါ်ထား တဲ့ သူတွေကို  အသိအမှတ်ပြု လည် ဆွဲကဒ် တွေ ပေးထားပြီး ရေကစား စေခဲ့ ပါတယ်" ဟု ရှင်းပြသည်။

"ကျွန်တော်တို့ ဟိုတယ် အနေနဲ့ သင်္ကြန်မှာ ရေပက်ခံ ထွက်တဲ့ သူတွေ ကို ဧည့်ခံ ဖို့အတွက် တီးဝိုင်း နဲ့ အဆို တော် တွေကိုလည်း ငှားရမ်း ထားပြီး ပါပြီ။ အရင်နှစ် ကတော့ အတွေ့ အကြုံ သိပ် မရှိလို့ အခက် အခဲ တွေ ရှိခဲ့ ပေမယ့် ဒီနှစ် မှာ တော့ အားလုံး အဆင်ပြေ ပါတယ်။ အနု ပညာရှင် တွေနဲ့ အဆိုတော် တွေကလည်း နေ ပြည်တော် ကို လာရမယ် ဆိုလို့ ပျော် နေ ကြတယ်။ သူတို့ လည်း နေပြည် တော်မှာ ကျင်းပ မယ့် သင်္ကြန်ပွဲ ကိုနွှဲ ချင် နေကြတယ်" ဟု ဟိုတယ် တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ ယခု အခါ ဟိုတယ် ဇုန်ရှိ ဟိုတယ် ၁၉ လုံး၏ ရှေ့မျက်နှာ စာတွင် ရေကစား မဏ္ဍပ်များ တည်ဆောက် လျက်ရှိပြီး ယခင်နှစ် ကထက် ပိုမို စည်ကား ဖွယ်ရှိ ကြောင်း ဒေသခံ များ က ပြောကြား သည်။

ခိုင်မင်း(နေပြည်တော်)

Credit: http://www.themyanmarpost.com

No comments: