Wednesday, January 6, 2021

ဗုဒ္ဓ နဲ့ အမျက်ဒေါသကို အနိုင်ယူခြင်း

ဗုဒ္ဓ နဲ့ အမျက်ဒေါသကို အနိုင်ယူခြင်း

...................................................




ဗုဒ္ဓဟာ အယူအဆမတူတဲ့ အဖွဲ့အစည်းဂိုဏ်းဂဏတွေရဲ့ စွပ်စွဲမှုတွေကြားထဲ ဘယ်လိုရှင်သန် ရပ်တည်ခဲ့သလဲ။ 


အဲဒီစွပ်စွဲအပြစ်တင်မှုတွေကပဲ ဗုဒ္ဓကို ပိုပြီး သန်မာကြံ့ခိုင်စေခဲ့တယ်။ 


အဲဒီ စွပ်စွဲအပြစ်တင်လိုက်တဲ့အချက်တွေကပဲ ဗုဒ္ဓဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလည်း ဆိုတာကိုလည်း ပိုပြီး ထင်ရှားပေါ်လွင်သွားစေခဲ့တာတွေ့ရပါတယ်။ 


စွပ်စွဲအပြစ်တင်မှုတွေကို တွေ့တဲ့အခါ  ဗုဒ္ဓ ခံယူချက်သဘောထားနှုန်းစံနဲ့ တန်ဖိုးက  အတုယူလိုက်နာစရာကောင်းလှပါတယ်။ 


အိန္ဒိယလူ့ အဖွဲ့အစည်းထဲမှာ ဗုဒ္ဓ ဟာ

စကားအပြန်အလှန်ပြောတဲ့ Dialogue 

ကို အားပေးတာကို မဟာဝဂ္ဂ၊ ပါဝရဏာက္ခန္ဓက တွင် အတိအလင်းတွေ့ရပါတယ်။ 


ရဟန်းအချင်းချင်း စကားမပြောဆိုပဲ 

ဝါဆိုခဲ့တာကို ဗုဒ္ဓက မချီးကျူးတဲ့အပြင်

အဖွဲ့အစည်းထဲမှာ စကားမပြောတာဟာ သံသယ များစေတဲ့ အမှုကိစ္စဖြစ်တဲ့အတွက် မလုပ်သင့်မလုပ်ထိုက်ကြောင်း ဆုံးမပဲ့ပြင်ခဲ့ပါတယ်။ 


စကားအပြန်အလှန်ပြောခြင်းကနေ နားလည်မှုကို အတူတကွတည်ဆောက်ယူဖို့ ဆိုပါတယ်။ 


ဒီအချက်ဟာ စကားအပြန်အလှန်ပြောခြင်းရဲ့ အရေးပါပုံပါ။ 


ဗုဒ္ဓက လိုအပ်ရင် စကားအပြန်အလှန်ပြောဖို့လိုအပ်တယ် ဆိုတဲ့ သက်သေကို တွေ့ရတာ ဖြစ်ပါတယ်။ 


ဗုဒ္ဓကို ပိဋကတ်ထဲ တူးဆွလေ့လာကြည့်တဲ့အခါ ဗုဒ္ဓဟာ စကားပြောကောင်းသူ တစ်ဦးအဖြစ်  တွေ့ရပါတယ်။ 


ဗုဒ္ဓရဲ့  စကားလုံးစွမ်းအား Word power တွေက အခုထက်ထိလတ်ဆတ်တုန်း၊ အမှန်တရားတန်ဖိုးတွေကလည်း လေ့လာချည်းကပ်စရာကောင်းတုန်းလို့ ဆိုရပါမယ်။ 


ဗုဒ္ဓ အနေနဲ့ စကားပြောခြင်းကို ယုံယုံကြည်ကြည်ရှင်သန်ပြီး အိန္ဒိယ လူ့အဖွဲ့အစည်းကို ဖြတ်သန်းခဲ့ရတာကြောင့် ဗုဒ္ဓရဲ့ တန်ဖိုးရှိတဲ့စကားတွေဟာ လူ့အဖွဲ့အစည်းထဲ ယနေ့ထက်ထိရှင်သန်ကျန်ရစ်နေခဲ့တာဖြစ်ပါတယ်။ 


မတူညီတဲ့ အယူအဆအလွှာတွေရှိတဲ့ 

အိန္ဒိယလူမှု့အဖွဲ့အစည်းထဲမှာ 

ဗုဒ္ဓက သံဃာ့အဖွဲ့အစည်းကို ထူထောင်တဲ့အခါ ယဉ်ကျေးမှုတွန်းတိုက်မှုတွေ ကြုံရပါတယ်။ 


ဗုဒ္ဓခေတ်မှာ ဗြာဟ္မဏအဖွဲ့အစည်းက အားကောင်းတဲ့အခါ အယူအဆရေးရာပွတ်တိုက်မှုတွေဟာ ဗြဟ္မဏ အဖွဲ့အစည်းနဲ့ ပိုအထိတွေ့များခဲ့ပါတယ်။ 


အိန္ဒိယလူ့အဖွဲ့အစည်းထဲမှာ အထင်ကရအဖြစ်နေရာရှိခဲ့တဲ့ ဗြာဟ္မဏအများစု သံဃာ့အဖွဲ့အစည်း ဝင်ရောက်လာတဲ့အခါ 

ဗြာဟ္မဏဝါရဲ့ ယုံကြည်မှုတွေ ဖဲ့ယူခံရတယ်ဆိုတဲ့ အတွေးအမြင်တွေရှိခဲ့ကြတာလည်းပါတယ်။ 


 ဘာသာတရားယုံကြည်မှုတန်ဖိုးတွေကနေ ဗုဒ္ဓကို ကြည့်မြင်တဲ့အခါ ဗုဒ္ဓဟာ အခြားသောအယူအဆတွေကို ဖြိုချသူအဖြစ်သတ်မှတ်ကြပါတယ်။ 


ဗုဒ္ဓကို ဘာသာတရားဆိုတဲ့ ဘောင်တစ်ခုထဲ မသွတ်သွင်းကြည့်ဘဲ အိန္ဒိယလူ့အဖွဲ့အစည်းက ရလိုက်တဲ့ အတွေးအခေါ်ဆိုင်ရာ ကြီးမားတဲ့ အမြတ်အစွန်းအဖြစ် ရှုမြင်ဖို့ပါပဲ။ 


ဘက်မတူတဲ့ ဘာသာရေးဂိုဏ်းဂဏတွေက ဗုဒ္ဓကို သတိထားရမဲ့ ပြိုင်ဖက် ရန်သူတစ်ဦးလို့သတ်မှတ်ကြတာမျိုးပါတွေ့မြင်ရပါတယ်။ 


အခြားသောဂိုဏ်းဂဏတွေအတွက် 

ဗုဒ္ဓဟာ တန်ဖိုးထားလေးစား ရမယ့် 

ပြိင်ဖက်ရန်သူ တစ်ဦးအဖြစ် ရှိနေခဲ့ပါတယ်။ 


အနောက်နိုင်ငံသား ဆာ အက်ဒွက်

အာန်းဒ် (Sir Edwin Arnold) တောင်မှ ဗုဒ္ဓကို အာရှတိုက်ရဲ့ အလင်းအရောင် The light of the Asia အနေနဲ့ မြင်ခဲ့တာ တွေ့ရပါတယ်။ 


ဗုဒ္ဓ ကို အိန္ဒိယနိုင်ငံ ဂိုဏ်းဂဏထူထောင်သူ အဖြစ်မရှုမြင်ဘဲ အာရှတိုက်ရဲ့  လွတ်မြောက်ရေးဆိုင်ရာ အတွေးအခေါ် ခံတပ်တစ်ခုလို့ ရှုမြင်စေချင်ပါတယ်။ 


အနောက်နိုင်ငံသားတွေရဲ့ ရှုမြင်ပုံမျိုး အမြင်ကျယ်ကျယ်ရှုမြင်နိုင်မှ ဗုဒ္ဓ အနေနဲ့  အိန္ဒိယ လူအဖွဲ့အစည်းထဲမှာ ဘယ်လို ရှင်သန်ရပ်တည်ခဲ့ သလဲဆိုတာ ကို လေ့လာစူးစမ်းနိုင်မှာမို့လို့ပါ။ 


ဗုဒ္ဓကို အဝေးမြင်ကွင်းပုံစံတွေနဲ့ရှုမြင်လေ့လာမှသာလျင် ဗုဒ္ဓဖြေရှင်းခဲ့ လူ့အဖွဲ့အစည်းထဲမှာ မတူညီတဲ့အယူအဆတွေကြားထဲ ဖြေရှင်းတုတုံ့ပြန်ခဲ့ပုံကို မြင်တွေ့နိုင်ပါတယ်။ 


ဘာကြောင့်ဒီအချက်ကို ခပ်ရှည်ရှည်ပြောနေရသလဲဆိုရင် ဗုဒ္ဓကို လှမ်းမြင်နိုင်မှလည်း ဗုဒ္ဓရဲ့ စကားလုံးဝေါ ဟာရတွေကို ပိုပြီး ဖမ်းဆုပ်နားလည်နိုင်မှာ မို့လို့ပါပဲ။ 


ဗုဒ္ဓရဲ့  နှလုံးသားကို မြင်ချင်ရင် 

ကိုးကွယ်မှု ဆိုတဲ့ စကားလုံးထက်ပိုတဲ့ ဆန်းစစ်လေ့လာမှု (Analytical Study) ဆိုတာကို  တည်ဆောက်နိုင်မှ ရနိုင်တာမျိုးလို့မြင်မိပါတယ်။ 


ဗုဒ္ဓရဲ့  အိန္ဒိယလူ့အဖွဲ့အစည်းထဲမှာ တုန့်ပြန်လှုပ်ရှားခဲ့ပုံတွေကို အနှစ်ချုပ်ကြည့်ရင်   Soft power သဘောတရားကို တွေ့ရပါတယ်။ 


Hard power က ကျောက်တုံးနဲ့တူပြီး

Soft power ကရေနဲ့ အလားသဏ္ဍာန် တူပါတယ်။


Soff power သဘောတရားက မပျက် စီးသွားဘူး၊ မပြိုပျက်သွားဘူး။ သိမ်မွေ့တယ်။ နူးညံ့တယ်။ 


ဗုဒ္ဓကို လာရောက်ဆဲဆိုတဲ့ ပုဏ္ဏားတွေကို ဘယ်လို့ တုန့်ပြန်သလဲဆိုတာကို 

သံယုတ္တနိကာယ် ဗြာဟ္မဏသံယုတ် ၊ အရဟန္တဝဂ်မှာ တွေ့ရပါတယ်။ 


ဗုဒ္ဓဟာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ လှုမှုသဘာဝနဲ့ တွေ့အခါ ဗုဒ္ဓခံယူပုံက ပြဿနာတွေကို တွန်းပို့ နေတဲ့ လူမှုအဖွဲ့အစည်းအတွင်းငြိမ်းအေးသွားစေတယ်လို့ ဆိုရပါမယ်။ 


ဗုဒ္ဓကို  အိန္ဒိယလူ့အဖွဲ့အစည်းက ဂုဏ်တော်တွေနဲ့ ချီကျူးစကားထောပနာ ပြုကြတဲ့အခါ  အချို့သောအယူဝါဒရေးရာ ဆုပ်ကိုင်သူတွေအတွက် သူတို့ရဲ့တည်ရှိမှု ကိုထိပါးနေတယ်လို့ စိတ်ထဲပူလောင်ကြရတာတွေ့ပါတယ်။ 


နှိုင်းယှဉ်ခြင်း၊ ပြိုင်ဆိုင်ခြင်းဆိုတာ မိမိကိုယ်ကို လောင်မြိုက်တဲ့ အရာဆိုတာ တွေ့ရပါတယ်။ 


ဗြာဟ္မဏသံယုတ်၊ အရဟန္တဝဂ်၊ ဓနဉ္စာနီသုတ်မှာ အကြားနဲ့ နှိုင်းယှဉ်လိုက်ပြိုင်မိလို့ ဒုက္ခရောက်ရပုံကို တွေ့ရပါတယ်။ 


ဗုဒ္ဓက ရာဇဂြိုဟ်ပြည် ၊ ဝေဠုဝန်ကျောင်းမှာ  သီတင်းသုံးအခါ  ဘာရဒွါဇအနွယ်ဖြစ်တဲ့  ပုဏ္ဏားတစ်ယောက်ရဲ့ 

ဓနဉ္ဇာနီလို့ခေါ်တဲ့  ပုဏ္ဏေးမဟာ  ဗုဒ္ဓရဲ့ ဂုဏ် ကျေးဇူး ကြည်ညိုပြီး တဖွဖွ ရေရွတ်ပါတယ်။ 


ယောင်ပြီး တစ်ခုခု ချွတ်ချော် လုပ်မိရင်တောင်မှ  ''နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ'' ဆိုပြီးတော့ ယောင်ပါတယ်။ 


အဲသလိုရွတ်ဆိုတာကို  ဘာရဒွါဇ ပုဏ္ဏားက ဓနဉ္ဇာနီပုဏ္ဏေးမကို 

''ဒီသူယုတ်မ ဟာ အရာရာတိုင်းမှာ ဒီလိုမျိုးရဟန်းရဲ့ ဂုဏ်ကျေးဇူးကို ဆိုတယ်။  သူယုတ်မ အခုတော့ သင်ရဲ့ ဆရာဖြစ်တဲ့ ဘုရားကို အယူဝါဒ တင်မယ်''လို့  ဆိုပါတယ်။


ပုဏ္ဏေးမကလည်း ပုဏ္ဏားကို ဗုဒ္ဓနဲ့အတူ

သွားရောက် ဝါဒတင်ဆွေးနွေးဖို့ တိုက်တွန်းပါတယ်။ 


အဲဒီတိုက်တွန်းချက်ကို ဘာရဒွါဇအနွယ်ဖြစ်တဲ့ ပုဏ္ဏားဟာ ပိုပြီးအမျက်ထွက်ပါတယ်။ 


ဗုဒ္ဓဆီရောက်တဲ့အခါ ပုဏ္ဏားက မေးမြန်းဆွေးနွေးပါတယ်။ 


''ဂေါတမ 

(၁) ဘာကို ဖြတ်တောက်ရင် ချမ်းချမ်းသာသာ နေရသလဲ၊ 

(၂) ဘာကို ဖြတ်တောက်ရင် မစိုးရိမ်ရ သလဲ၊ 

(၃) ဘာအမည်ရှိတဲ့ တရားကို  ဖြတ်တောက်တာကို ဘယ်သူတွေက နှစ်သက်ပါသလဲ ''ဆိုပြီး မေးပါတယ်။ 


ဗုဒ္ဓက အရေးကြီးဆုံး ဗုဒ္ဓဘာသာအယူအဆ Concept ကို ဒီမှာ တွေ့ရပါတယ်။ 


ဗုဒ္ဓက 

(၁)  အမျက် 'ဒေါသ'ကို ဖြတ်တောက်ရင် ချမ်းသာစွာ နေရတယ်။

(၂) အမျက် 'ဒေါသ'ကို ဖြတ်တောက်ရင် မစိုးရိမ်ရဘူး။ 

(၃) အဆိပ်လျှင် အရင်းအမြစ်ရှိပြီး  ချိုမြိန်ခြင်းလျှင် အဖျားရှိတဲ့ အမျက် 'ဒေါသ'အား ဖြတ်တောက်ခြင်းကို အရိယာတွေကက  ချီးမွမ်းနှစ်သက်ကြတယ်။ အဲဒီအမျက် 'ဒေါသ'ကိုပင်လျှင် ဖြတ်တောက်ရင် မစိုးရိမ်ရလို့ ဆိုပါတယ်။ 


လူအဖွဲ့အစည်းတစ်ခုလုံး လောင်မြိုက်

ရတဲ့ ပြဿနာ အရင်းအမြစ် problem rootcause က အမျက် ဒေါသ ဆိုတာ ကို ဗုဒ္ဓက ဆိုပါတယ်။ 


ကောဓ လို့  ခေါ်တဲ့ အမျက်က စိတ်ထဲမှာ ပူပြီး လောင်မြိုက်နေတာကို ပြဿနာအရင်းအမြစ်ဆိုတာ ဗုဒ္ဓက ထုတ်ပြခြင်းဖြစ်တာတွေ့ရပါတယ်။ 


ဘယ်သူကမှ လာရှို့တာ မဟုတ်ဘဲ 

မာနနဲ့နှိုင်းယှဉ်တာတွေကြောင် လောင်မြိုက်ခြင်းဒေါသဖြစ်ရခြင်းဖြစ်ပါတယ်။ 


တစ်ပါးသူဖြစ်တည်မှုထဲမှာ ကိုယ်က

အငှားပါလိုက်ပါရတဲ့ဖြစ်စဉ်ပါ။  


သူများဘဝထဲ ကိုယ့်ဘဝကို  မဆန့်မပြဲလိုက်ထည့်ရတာလောက် လောင်မြိုက်ပင်ပန်းတာမျိုးမရှိဘူးဆိုတာပါပဲ။ 


ဒေါသကို ဘာနဲ့ လျော့ချရသလဲဆိုရင်

(၁) မိမိနဲ့ထပ်တူချစ်ခြင်း မေတ္တာ

(၂) သနားကြင်နာပေးခြင်း ကရုဏာ

(၃) မိမိထက်သာသူကို ဝမ်းမြောက်ခြင်း မုဒိတာ

(၄)  လူ ပုဂ္ဂိုလ် သတ္တဝါဆိုတဲ့ ပညတ်ရုပ်များပေါ် ဘက်မလိုက်ဘဲ မျှတသောစိတ်ဖြင့်ရှုမြင်ခြင်း ဥပေက္ခာ ဆိုတဲ့ 

ဗြဟ္မစရိယတရား ၄-ပါး နဲ့ အမျက်ဒေါသကို လျော့ချရတာပါ။ 


အမျက်ဒေါသတွေဝင်လာရင် 

အဲဒီယှဉ်ပြိုင်လိုစိတ်ကို လျော့လိုက်ပြီး

၁။ ကိုယ့်နဲ့အတူတူပဲလို့ခံစားနားလည်ပါ

၂။ စာနာပါ

၃။ ဝမ်းမြောက်ပါ

၄။ လွတ်မြောက်ပါ

လို့ အတိုချုံ့ကြည့်နိုင်ပါတယ်။ 


နှိုင်းယှဉ်တယ်ဆိုတာ သူ့များဖြစ်တည်နေတဲ့ ဘဝထဲ ကိုယ်စိတ်ကူးနဲ့ကိုယ် အတင်းဝင်ဖြစ်တာပါပဲ။ 


ဒေါသက ပူတော့ ဗုဒ္ဓက ဗြဟ္မစိုရ်တရားနဲ့ စိတ်ကို ဆေးကြောတဲ့ နည်းပေးခဲ့တယ်။ 


နောက်အတုယူစရာတစ်ခုဖြစ်တဲ့ 

ဗြဟ္မဏသံယုတ်၊ အရဟန္တဝဂ်၊ 

အက္ကောသသုတ်မှာပဲ အက္ကောသက ဘာရဒွါဇကို  ဗုဒ္ဓ တုန့်ပြန် တဲ့ စကားဟာ လိုက်နာကျင့်သုံးစရာ သိပ်ကောင်းတယ်။ 


အက္ကောသက ပုဏ္ဏားကြီးက

ဗုဒ္ဓဆီကိုလာပြီး ပရိသတ်အလယ်မှာပဲ မဖွယ်မရာ ကြမ်းကြုတ်တဲ့  စကားနဲ့ လာရောက်  ဆဲရေး ခြိမ်းခြောက်ပါတယ်။ 


ပရိသတ်အလယမှာ ကိုယ်တိုင် အဲဒီလိုမျိုး ဆဲရေးခြိမ်းခြောက်တာခံရရင် ဘယ်လိုတုန့်ပြန်မလဲလို့ မိမိကိုယ့်ကို အကြိမ်ကြိမ်မေးမိပါတယ်။ 


အဲဒီဖြစ်ရပ်ကိုကြည့်ရင် ဗုဒ္ဓနေရာကနေ အကြိမ်ကြိမ်စဉ်းစားမိစေပါတယ်။


 ဗုဒ္ဓက  အက္ကောသကဘာရဒွါဇပုဏ္ဏားကို

ဘယ်လိုပြောသလဲဆိုရင်  

''ပုဏ္ဏား 

အဲဒီဟာကို ဘယ်လို ထင်သတုန်း။

သင်ရဲ့  ဧည့်သည်ဖြစ်တဲ့  အဆွေခင်ပွန်း, ဆွေမျိုး သားချင်းတွေကို သင့်ဆီလာကြသလားလို့" မေးပါတယ်။ 


တစ်ရံတစ်ခါလာတတ်ပါတယ်လို့ ဖြေတဲ့အခါ ဗုဒ္ဓက 

 ''ပုဏ္ဏား အဲဒီ အဆွေခင်ပွန်း, ဆွေမျိုးသားချင်းတွေကို  ခဲဖွယ်၊ စားဖွယ်၊ လျက်ဖွယ်တွေကို ပေးယ်မဟုတ်လား''လို့ မေးပါတယ်။ 


ပုဏ္ဏားက အဲဒီစားစရာတွေကိုပေးပါတယ် လို့ပြန်ဖြေပါတယ်။ 


အဲသလို စားစရာတွေကို ပေးတဲ့အခါ 

သူတို့တွေက အဲဒီစားစရာတွေကို မစားဘူး၊ မယူရင်ဆိုရင် 

 အဲဒီဥစ္စာတွေက ဘယ်သူတွေဆီ ပြန်ရောက်သလဲ" မေးပါတယ်။ 


ပုဏ္ဏားက 

အဲဒီသူတွေက  အကယ်၍ မခံယူ မစားသုံးဘူးဆိုရသ်  အဲဒီစားဖွယ်သောက်ဖွယ်တွေဟာ အကျွန်ုပ်ဆီကိုပဲ ပြန်ရောက်ပါတယ်" လို့ ဖြေပါတယ်။ 


ဗုဒ္ဓက 

"  ပုဏ္ဏား အဲဒီအတိုင်းပဲ  အကြောင်းကြောင့် သင်ဟာ မဆဲရေးထိုက်ကုန်သော ငါတို့ကို ဆဲရေး၏၊ မချုပ်ချယ်ထိုက်ကုန်သော ငါတို့ကို ချုပ်ချယ်၏၊ 

မချောက်ချား ထိုက်ကုန်သော ငါတို့ကို ချောက်ချား၏၊ သင်၏ ထိုဆဲရေးခြင်း ဆိုတာတွေကို ငါတို့ မခံယူကုန်၊ ပုဏ္ဏား ဤဆဲရေးခြင်းစသည်သည် သင့်အားသာလျှင် ရောက်၏၊ ပုဏ္ဏား ဤဆဲရေးခြင်းစသည်သည် သင့်အားသာ လျှင် ရောက်၏။" လို့ ဗုဒ္ဓက ဆိုပါတယ်။ 


ဒီအချက်ကိုကြည့်ရင် ဗုဒ္ဓက ဆဲရေးခြင်းနောက်မလိုက်ပါဘူး ဆိုတာ တွေ့ရပါတယ်။ 


သူများဆဲတဲ့ စကားလုံးအောက်မှာ မိမိတည်ရှိနေတဲ့ ဘဝကို မထည့်သွင်းဘူးဆိုတာတွေ့ရပါတယ်။ 


သူတစ်ပါးတွေရဲ့ ဆဲရေးခြင်းကို ဗုဒ္ဓက မသိမ်းပိုက်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ 


ဗုဒ္ဓ ရဲ့ တုန့်ပြန်မှာ က ပုဏ္ဏားကြီးဆဲတယ် ဆိုတာ ကို မသိမ်းပိုက်တာကိုက 

မိမိကိုယ်ကိုလွတ်မြောက်သွားတာဖြစ်ပါတယ်။ 


တကယ်၍များ ပုဏ္ဏားကြီးဆဲတာကို သာ လိုက်ပါခံစားလိုက်ရင် ပုဏ္ဏားကျွေးတဲ့ အဆိပ်ကို စားမိလိုက်တာနဲ့ တူတာပါပဲ။


ဗုဒ္ဓက အဲဒီအမျက်နဲ့ပတ်သက်ပြီး

ဗုဒ္ဓခံယူချက်ဒဿန အမြင်က အယူအဆကို အသုရိန္ဒကသုတ်မှာ တွေ့ရပါတယ်။ 


အသုရိန္ဒက ပုဏ္ဏားကို ပြောတဲ့ အယူအဆက 


''ပုဏ္ဏား ကြမ်းကြုတ်သော စကားကို ဆိုသော သူမိုက်သည် စကားမျှဖြင့် (သူတစ်ပါးကို) အောင်ပြီဟူ၍ အောက်မေ့၏၊ ပညာရှိပုဂ္ဂိုလ်၏ အကြင်သည်းခံမှု သည် ရှိ၏၊ ထိုသည်းခံမှုသည်သာ ထိုပညာရှိအား အောင်မြင်ခြင်း ဖြစ်၏။


အကြင်သူသည် အမျက်ထွက်သူကို ပြန်၍ အမျက်ထွက်၏၊ ထိုသူသည်သာ ထို အမျက်ထွက်သောသူကို ပြန်၍ အမျက်ထွက်ခြင်းကြောင့် ယုတ်မာ၏။ အမျက်ထွက် သူကို ပြန်၍ အမျက် မထွက်သူသည် အောင်နိုင်ခဲသော ရန်စစ်သည်ကို အောင်နိုင် သည် မည်၏။


အကြင်သူသည် အမျက်ထွက်သော သူတစ်ပါးကို သိသည် ရှိသော် သတိနှင့် ပြည့်စုံသည်ဖြစ်၍ အမျက်ကို ငြိမ်းအေး၏၊ (ထိုအမျက်ကို မတုံ့ပြန်သော သူသည်) မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို ကျင့်သည် မည်၏။


ဗြဟ္မဏသံယုတ်မှာပဲ ဗုဒ္ဓတုန့်ပြန်ပုံကို 

တွေဟာ ရှုထောင့် အလွှာအသစ်ကနေ ထိုးထွက် ဖြေဆိုချကိတွေပဲဖြစ်ပါတယ်။ 


သူတစ်ပါးဆဲဆိုတာကို သိမ်းပိုက်ခြင်းနဲ့ 

အမျက်ထွက်တာကို  ပြန်ပြီးအမျက်ထွက်တာက အရှုံးဆိုတာကို.စဉ်းစားစရာဖြစ်စေပါတယ်။ 


တုံ့ပြန်ခြင်းမှာ မသိမ်းပိုက်ခြင်းနဲ့ နှုတ်ဆိတ်နေလိုက်ခြင်းတွေမှာ တန်ဖိုးကြီးလွန်းတဲ့ အနိုင်တွေ ရှိတာ သိရပါတယ်။ 


နှုတ်ဆိတ်နေခြင်းဆိုတာ  ကြီးမားပြီးအနှစ်သားတွေရှိတဲ့ အဓိပ္ပါယ်တွေရဲ့  

စကားပြောဆိုမှုဖြစ်တယ်ဆိုတာပါပဲ။ 


လုံလောက်တဲ့ နှုတ်ဆိတ်နေမှုပြီးမှ တုန့်ပြန်ပြောဆိုခြင်းဟာ ခွန်အားရှိတဲ့ အနက်အဓိပ္ပါယ်တွေအဖြစ်စီးဆင်းသွားတာမျိုး ခံစားမိစေပါတယ်။ 


အမျက်ဒေါသနဲ့ အနိုင်ယူခြင်းဆိုတာ အရှုံးတစ်မျိုးဆိုတာ ကိုလည်း သက်သေပြခဲ့တာတွေ့ရပါတယ်။ 


အဲဒိအတွေးအခေါ်အယူအဆတွေဟာ လူ့မှုပဋိပက္ခတွေပြေလျော့ဖို့ရာနဲ့ထွက်မြောက်ဖို့ရာ အာရှသားတစ်ဦးက ကမ္ဘာကို ပေးခဲ့တဲ့ တန်ဖိုးထားသင့်တဲ့ လက်ဆောင်တစ်ခုလို့ ဆိုချငိပါတယ်။ 


အာကာမိုးသူ

၁၁း၅၆ ည

၃၀.၁၂.၂၀၂၀ အိမ်


(Zawgyi) 

 ဗုဒၶ နဲ႔ အမ်က္​ေဒါသကို ​အနိုင္ယူျခင္း

...................................................




ဗုဒၶဟာ အယူအဆမတူတဲ့ အဖြဲ႕အစည္းဂိုဏ္းဂဏ​ေတြရဲ့ စြပ္စြဲမွု​​ေတြၾကားထဲ ဘယ္လိုရွင္သန္ ရပ္တည္​ခဲ့သလဲ။ 


အဲဒီစြပ္စြဲအျပစ္တင္မွု​ေတြကပဲ ဗုဒၶကို ပိုၿပီး သန္မာႀကံ့ခိုင္​​ေစခဲ့တယ္။ 


အဲဒီ စြပ္စြဲအျပစ္တင္လိုက္တဲ့အခ်က္​ေတြကပဲ ဗုဒၶဟာ ဘယ္လို ပုဂၢိဳလ္မ်ိဳးလည္း​ ဆိုတာကိုလည္း ပိုၿပီး ထင္ရွား​ေပၚလြင္​သြားေစခဲ့တာ​ေတြ႕ရပါတယ္။ 


စြပ္စြဲအျပစ္တင္မွု​ေတြကို ​ေတြ႕တဲ့အခါ  ဗုဒၶ ခံယူခ်က္သ​ေဘာထားႏွုန္းစံနဲ႔ တန္ဖိုးက  အတုယူလိုက္နာစရာ​ေကာင္းလွပါတယ္။ 


အိႏၵိယလူ႔ အဖြဲ႕အစည္းထဲမွာ ဗုဒၶ ဟာ

စကားအျပန္အလွန္​ေျပာတဲ့ Dialogue 

ကို အား​ေပးတာကို မဟာဝဂၢ၊ ပါဝရဏာကၡႏၶက တြင္ အတိအလင္း​ေတြ႕ရပါတယ္။ 


ရဟန္းအခ်င္းခ်င္း စကားမ​ေျပာဆိုပဲ 

ဝါဆိုခဲ့တာကို ဗုဒၶက မခ်ီးက်ဴးတဲ့အျပင္

အဖြဲ႕အစည္းထဲမွာ စကားမ​ေျပာတာဟာ သံသယ မ်ား​ေစတဲ့ အမွုကိစၥျဖစ္တဲ့အတြက္ မလုပ္သင့္မလုပ္ထိုက္​ေၾကာင္း ဆုံးမပဲ့ျပင္ခဲ့ပါတယ္။ 


စကားအျပန္အလွန္​​ေျပာျခင္းက​ေန နားလည္မွုကို အတူတကြတည္​ေဆာက္ယူဖို့ ဆိုပါတယ္။ 


ဒီအခ်က္ဟာ စကားအျပန္အလွန္​ေျပာျခင္းရဲ့ အ​ေရးပါပုံပါ။ 


ဗုဒၶက လိုအပ္ရင္ စကားအျပန္အလွန္​ေျပာဖို့လိုအပ္တယ္ ဆိုတဲ့ သက္​ေသကို ​ေတြ႕ရတာ ျဖစ္ပါတယ္။ 


ဗုဒၶကို ​ပိဋကတ္ထဲ ​တူးဆြ​ေလ့လာၾကည့္တဲ့အခါ ဗုဒၶဟာ စကား​ေျပာ​ေကာင္းသူ တစ္ဦးအျဖစ္  ​​ေတြ႕ရပါတယ္။ 


ဗုဒၶရဲ့  စကားလုံးစြမ္းအား Word power ​​ေတြက အခုထက္ထိလတ္ဆတ္တုန္း၊ အမွန္တရားတန္ဖိုး​​​ေတြကလည္း ​ေလ့လာခ်ည္းကပ္စရာ​ေကာင္းတုန္းလို့ ဆိုရပါမယ္။ 


ဗုဒၶ အ​ေနနဲ႔ စကား​ေျပာျခင္းကို ယုံယုံၾကည္ၾကည္ရွင္သန္ၿပီး အိႏၵိယ လူ႔အဖြဲ႕အစည္းကို ျဖတ္သန္းခဲ့ရတာ​ေၾကာင့္ ဗုဒၶရဲ့ တန္ဖိုးရွိတဲ့စကား​ေတြဟာ လူ႔အဖြဲ႕အစည္းထဲ ယ​​​ေန႔ထက္ထိရွင္သန္က်န္ရစ္​ေနခဲ့တာျဖစ္ပါတယ္။ 


မတူညီတဲ့ အယူအဆအလႊာ​ေတြရွိတဲ့ 

အိႏၵိယလူမွု့အဖြဲ႕အစည္းထဲမွာ 

ဗုဒၶက သံဃာ့အဖြဲ႕အစည္းကို ထူ​ေထာင္တဲ့အခါ ယဥ္​ေက်းမွုတြန္းတိုက္မွု​ေတြ ၾကဳံရပါတယ္။ 


ဗုဒၶ​ေခတ္မွာ ျဗာဟၼဏအဖြဲ႕အစည္းက အား​ေကာင္းတဲ့အခါ အယူအဆ​ေရးရာပြတ္တိုက္မွု​ေတြဟာ ျဗဟၼဏ အဖြဲ႕အစည္းနဲ႔ ပိုအထိ​ေတြ႕မ်ားခဲ့ပါတယ္။ 


အိႏၵိယလူ႔အဖြဲ႕အစည္းထဲမွာ အထင္ကရအျဖစ္​ေနရာရွိခဲ့တဲ့ ျဗာဟၼဏ​အမ်ားစု သံဃာ့အဖြဲ႕အစည္း ဝင္​ေရာက္လာတဲ့အခါ 

ျဗာဟၼဏဝါရဲ့ ယုံၾကည္မွုေတြ ဖဲ့ယူခံရတယ္ဆိုတဲ့ အ​ေတြးအျမင္​​ေတြရွိခဲ့ၾကတာလည္းပါတယ္။ 


 ဘာသာတရားယုံၾကည္မွုတန္ဖိုး​ေတြက​ေန ဗုဒၶကို ၾကည့္ျမင္တဲ့အခါ ဗုဒၶဟာ အျခား​ေသာအယူအဆ​ေတြကို ၿဖိဳခ်သူအျဖစ္သတ္မွတ္​ၾကပါတယ္။ 


ဗုဒၶကို ဘာသာတရားဆိုတဲ့ ​ေဘာင္တစ္ခုထဲ မသြတ္သြင္းၾကည့္ဘဲ အိႏၵိယလူ႔အဖြဲ႕အစည္းက ရလိုက္တဲ့ အ​ေတြးအ​ေခၚဆိုင္ရာ ႀကီးမားတဲ့ အျမတ္အစြန္းအျဖစ္ ရွုျမင္ဖို့ပါပဲ။ 


ဘက္မတူတဲ့ ဘာသာ​ေရးဂိုဏ္းဂဏ​ေတြက ဗုဒၶကို သတိထားရမဲ့ ၿပိဳင္ဖက္ ရန္သူတစ္ဦးလို့သတ္မွတ္ၾက​တာမ်ိဳးပါ​ေတြ႕ျမင္ရပါတယ္။ 


အျခား​ေသာဂိုဏ္းဂဏ​ေတြအတြက္ 

ဗုဒၶဟာ တန္ဖိုးထား​ေလး​စား ရမယ့္ 

ၿပိင္ဖက္ရန္သူ တစ္ဦးအျဖစ္ ရွိ​ေနခဲ့ပါတယ္။ 


အ​​ေနာက္နိုင္ငံသား ဆာ အက္ဒြက္

အာန္းဒ္ (Sir Edwin Arnold) ​ေတာင္မွ ဗုဒၶကို အာရွတိုက္ရဲ့ အလင္းအ​ေရာင္ The light of the Asia အ​ေနနဲ႔ ျမင္ခဲ့တာ ​ေတြ႕ရပါတယ္။ 


ဗုဒၶ ကို အိႏၵိယနိုင္ငံ ဂိုဏ္းဂဏထူ​​ေထာင္သူ အျဖစ္မရွုျမင္ဘဲ အာရွတိုက္ရဲ့  လြတ္​ေျမာက္​ေရးဆိုင္ရာ အ​ေတြးအ​ေခၚ ခံတပ္တစ္ခုလို့ ရွုျမင္​ေစခ်င္ပါတယ္။ 


အ​ေနာက္နိုင္ငံသား​ေတြရဲ့ ရွုျမင္ပုံမ်ိဳး အျမင္က်ယ္က်ယ္ရွုျမင္နိုင္မွ ဗုဒၶ အ​ေနနဲ႔  အိႏၵိယ လူအဖြဲ႕အစည္းထဲမွာ ဘယ္လို ရွင္သန္ရပ္တည္ခဲ့ သလဲဆိုတာ ကို ​​ေလ့လာစူးစမ္းနိုင္မွာမို့လို့ပါ။ 


ဗုဒၶကို အ​ေဝးျမင္ကြင္းပုံစံ​ေတြနဲ႔ရွုျမင္​ေလ့လာမွသာလ်င္ ဗုဒၶ​ေျဖရွင္းခဲ့ လူ႔အဖြဲ႕အစည္းထဲမွာ မတူညီတဲ့အယူအဆ​ေတြၾကားထဲ ​ေျဖရွင္းတုတုံ႔ျပန္ခဲ့ပုံကို ျမင္​ေတြ႕နိုင္ပါတယ္။ 


ဘာ​ေၾကာင့္ဒီအခ်က္ကို ​ခပ္ရွည္ရွည္​ေျပာ​ေနရသလဲဆိုရင္ ဗုဒၶကို လွမ္းျမင္နိုင္မွလည္း ဗုဒၶရဲ့ စကားလုံး​ေဝါ ဟာရ​ေတြကို ပိုၿပီး ဖမ္းဆုပ္နားလည္နိုင္မွာ မို့လို့ပါပဲ။ 


ဗုဒၶရဲ့  ႏွလုံးသားကို ျမင္ခ်င္ရင္ 

ကိုးကြယ္မွု ဆိုတဲ့ စကားလုံးထက္ပိုတဲ့ ဆန္းစစ္​ေလ့လာမွု (Analytical Study) ဆိုတာကို  တည္​ေဆာက္နိုင္မွ ရနိုင္တာမ်ိဳးလို့ျမင္မိပါတယ္။ 


ဗုဒၶရဲ့  အိႏၵိယလူ႔အဖြဲ႕အစည္းထဲမွာ တုန္႔ျပန္လွုပ္ရွားခဲ့ပုံ​ေတြကို အႏွစ္ခ်ဳပ္ၾကည့္ရင္   Soft power သ​ေဘာတရားကို ​ေတြ႕ရပါတယ္။ 


Hard power က ​ေက်ာက္တုံးနဲ႔တူၿပီး

Soft power က​ေရနဲ႔ အလားသ႑ာန္ တူပါတယ္။


Soff power သ​ေဘာတရားက မပ်က္ စီးသြားဘူး၊ မၿပိဳပ်က္သြားဘူး။ သိမ္​ေမြ႕တယ္။ ႏူးညံ့တယ္။ 


ဗုဒၶကို လာ​ေရာက္ဆဲဆိုတဲ့ ပုဏၰား​ေတြကို ဘယ္လို့ တုန္႔ျပန္သလဲဆိုတာကို 

သံယုတၱနိကာယ္ ျဗာဟၼဏသံယုတ္ ၊ အရဟႏၲဝဂ္မွာ ​ေတြ႕ရပါတယ္။ 


ဗုဒၶဟာ ၾကမ္းတမ္းရိုင္းစိုင္းတဲ့ လွုမွုသဘာဝနဲ႔ ေတြ႕အခါ ဗုဒၶခံယူပုံက ျပႆနာ​ေတြကို တြန္းပို့ ေနတဲ့ လူမွုအဖြဲ႕အစည္းအတြင္းၿငိမ္း​ေအးသြား​ေစတယ္လို့ ဆိုရပါမယ္။ 


ဗုဒၶကို  အိႏၵိယလူ႔အဖြဲ႕အစည္းက ဂုဏ္​ေတာ္​ေတြနဲ႔ ခ်ီက်ဴးစကား​​ေထာပနာ ျပဳၾကတဲ့အခါ  အခ်ိဳ့​ေသာအယူဝါဒ​ေရး​ရာ ဆုပ္ကိုင္သူ​ေတြအတြက္ သူတို့ရဲ့တည္ရွိမွု ကိုထိပါး​ေနတယ္လို့ စိတ္ထဲပူ​ေလာင္ၾကရတာ​ေတြ႕ပါတယ္။ 


ႏွိုင္းယွဥ္ျခင္း၊ ၿပိဳင္ဆိုင္ျခင္းဆိုတာ ​မိမိကိုယ္ကို ေလာင္ၿမိဳက္တဲ့ အရာဆိုတာ ​ေတြ႕ရပါတယ္။ 


ျဗာဟၼဏသံယုတ္၊ အရဟႏၲဝဂ္၊ ဓနဥၥာနီသုတ္မွာ အၾကားနဲ႔ ႏွိုင္းယွဥ္လိုက္ၿပိဳင္မိလို့ ဒုကၡ​ေရာက္ရပုံကို ​ေတြ႕ရပါတယ္။ 


ဗုဒၶက ရာဇၿဂိဳဟ္ျပည္ ၊ ေဝဠဳဝန္ေက်ာင္းမွာ  သီတင္းသုံးအခါ  ဘာရဒြါဇအႏြယ္ျဖစ္တဲ့  ပုဏၰားတစ္ေယာက္ရဲ့ 

ဓနဥၨာနီလို့​ေခၚတဲ့  ပုေဏၰးမဟာ  ဗုဒၶရဲ့ ဂုဏ္ ​​ေက်းဇူး ၾကည္ညိဳၿပီး တဖြဖြ ​ေရရြတ္ပါတယ္။ 


​ေယာင္ၿပီး တစ္ခုခု ခၽြတ္​ေခ်ာ္ လုပ္မိရင္​​ေတာင္မွ  ''နေမာ တႆ ဘဂဝေတာ အရဟေတာ သမၼာသမၺဳဒၶႆ'' ဆိုၿပီး​ေတာ့ ​ေယာင္ပါတယ္။ 


အဲသလိုရြတ္ဆိုတာကို  ဘာရဒြါဇ ပုဏၰားက ဓနဥၨာနီပုေဏၰးမကို 

''ဒီသူယုတ္မ ဟာ အရာရာတိုင္းမွာ ဒီလိုမ်ိဳးရဟန္းရဲ့ ဂုဏ္ေက်းဇူးကို ဆိုတယ္။  သူယုတ္မ အခု​ေတာ့ သင္ရဲ့ ဆရာျဖစ္တဲ့ ဘုရားကို အယူဝါဒ တင္မယ္''လို့  ဆိုပါတယ္။


ပု​ေဏၰးမကလည္း ပုဏၰားကို ဗုဒၶနဲ႔အတူ

သြား​ေရာက္ ဝါဒတင္​ေဆြး​ေႏြး​ဖို့ တိုက္တြန္းပါတယ္။ 


အဲဒီတိုက္တြန္းခ်က္ကို ဘာရဒြါဇအႏြယ္ျဖစ္တဲ့ ပုဏၰားဟာ ပိုၿပီးအမ်က္ထြက္ပါတယ္။ 


ဗုဒၶဆီ​ေရာက္တဲ့အခါ ပုဏၰားက ​ေမးျမန္း​ေဆြး​​ေႏြးပါတယ္။ 


''ေဂါတမ 

(၁) ဘာကို ျဖတ္ေတာက္ရင္ ခ်မ္းခ်မ္းသာသာ ေနရသလဲ၊ 

(၂) ဘာကို ျဖတ္ေတာက္ရင္ မစိုးရိမ္ရ သလဲ၊ 

(၃) ဘာအမည္ရွိတဲ့ တရားကို  ျဖတ္ေတာက္တာကို ဘယ္သူ​ေတြက ႏွစ္သက္ပါသလဲ ''ဆိုၿပီး ​ေမး​ပါတယ္။ 


ဗုဒၶ​က အ​ေရးႀကီးဆုံး ဗုဒၶဘာသာအယူအဆ Concept ကို ဒီမွာ ​ေတြ႕ရပါတယ္။ 


ဗုဒၶက 

(၁)  အမ်က္ 'ေဒါသ'ကို ျဖတ္ေတာက္ရင္ ခ်မ္းသာစြာ ေနရတယ္။

(၂) အမ်က္ 'ေဒါသ'ကို ျဖတ္ေတာက္ရင္ မစိုးရိမ္ရဘူး။ 

(၃) အဆိပ္လၽွင္ အရင္းအျမစ္ရွိၿပီး  ခ်ိဳၿမိန္ျခင္းလၽွင္ အဖ်ားရွိတဲ့ အမ်က္ 'ေဒါသ'အား ျဖတ္ေတာက္ျခင္းကို အရိယာ​ေတြကက  ခ်ီးမြမ္းႏွစ္သက္ၾကတယ္။ အဲဒီအမ်က္ 'ေဒါသ'ကိုပင္လၽွင္ ျဖတ္ေတာက္ရင္ မစိုးရိမ္ရလို့ ဆိုပါတယ္။ 


လူအဖြဲ႕အစည္းတစ္ခုလုံး ​ေလာင္ၿမိဳက္

ရတဲ့ ျပႆနာ အရင္းအျမစ္ problem rootcause က​ အမ်က္ ေဒါသ ဆိုတာ ကို ဗုဒၶက ဆိုပါတယ္။ 


​ေကာဓ လို့ ​ ​ေခၚတဲ့ အမ်က္က စိတ္ထဲမွာ ပူၿပီး ​ေလာင္ၿမိဳက္​ေနတာကို ျပႆနာအရင္းအျမစ္ဆိုတာ ဗုဒၶက ထုတ္ျပျခင္းျဖစ္တာ​ေတြ႕ရပါတယ္။ 


ဘယ္သူကမွ လာရွို့တာ မဟုတ္ဘဲ 

မာနနဲ႔ႏွိုင္းယွဥ္တာ​ေတြ​ေၾကာင္ ​​ေလာင္ၿမိဳက္ျခင္း​ေဒါ​သျဖစ္ရျခင္းျဖစ္ပါတယ္။ 


တစ္ပါးသူျဖစ္တည္မွုထဲမွာ ကိုယ္က

အငွားပါလိုက္ပါရတဲ့ျဖစ္စဥ္ပါ။  


သူမ်ားဘဝထဲ ကိုယ့္ဘဝကို  မဆန္႔မျပဲလိုက္ထည့္ရတာ​​ေလာက္ ​ေလာင္ၿမိဳက္ပင္ပန္းတာမ်ိဳးမရွိဘူးဆိုတာပါပဲ။ 


​ေဒါသကို ဘာနဲ႔​​ ​ေလ်ာ့ခ်ရသလဲဆိုရင္

(၁) မိမိနဲ႔ထပ္တူခ်စ္ျခင္း ​ေမတၱာ

(၂) သနားၾကင္နာ​ေပးျခင္း က႐ုဏာ

(၃) မိမိထက္သာသူကို ဝမ္း​ေျမာက္ျခင္း မုဒိတာ

(၄)  လူ ပုဂၢိဳလ္ သတၱဝါဆိုတဲ့ ပညတ္႐ုပ္မ်ား​ေပၚ ဘက္မလိုက္ဘဲ မၽွတ​ေသာစိတ္ျဖင့္ရွုျမင္ျခင္း ဥ​ေပကၡာ ဆိုတဲ့ 

ျဗဟၼစရိယတရား ၄-ပါး နဲ႔ ​​အမ်က္​ေဒါသကို ​ေလ်ာ့ခ်ရတာပါ။ 


​အမ်က္​ေဒါသ​​ေတြဝင္လာရင္ 

အဲဒီယွဥ္ၿပိဳင္လိုစိတ္ကို ​ေလ်ာ့လိုက္ၿပီး

၁။ ကိုယ့္နဲ႔အတူတူပဲလို့ခံစားနားလည္ပါ

၂။ စာနာပါ

၃။ ဝမ္း​ေျမာက္ပါ

၄။ လြတ္​ေျမာက္ပါ

လို့ အတိုခ်ဳံ႕ၾကည့္နိုင္ပါတယ္။ 


ႏွိုင္းယွဥ္တယ္ဆိုတာ သူ႔မ်ားျဖစ္တည္​ေနတဲ့ ဘဝထဲ ကိုယ္စိတ္ကူးနဲ႔ကိုယ္ အတင္းဝင္ျဖစ္တာပါပဲ။ 


​ေဒါသက ပူ​ေတာ့ ဗုဒၶက ျဗဟၼစိုရ္တရားနဲ႔ စိတ္ကို ​ေဆး​ေၾကာတဲ့ နည္း​ေပးခဲ့တယ္။ 


​ေနာက္အတုယူစရာတစ္ခုျဖစ္တဲ့ 

ျဗဟၼဏသံယုတ္၊ အရဟႏၲဝဂ္၊ 

အ​ေကၠာသသုတ္မွာပဲ အ​ေကၠာသက ဘာရဒြါဇကို  ဗုဒၶ တုန္႔ျပန္ တဲ့ စကားဟာ ​လိုက္နာက်င့္သုံးစရာ သိပ္​ေကာင္းတယ္။ 


အ​ေကၠာသက ပုဏၰားႀကီးက

ဗုဒၶဆီကိုလာၿပီး ပရိသတ္အလယ္မွာပဲ မဖြယ္မရာ ၾကမ္းၾကဳတ္တဲ့  စကားနဲ႔ လာ​ေရာက္  ဆဲေရး ၿခိမ္းေျခာက္ပါတယ္။ 


ပရိသတ္အလယမွာ ကိုယ္တိုင္ အဲဒီလိုမ်ိဳး ဆဲ​ေရးၿခိမ္း​ေျခာက္တာခံရရင္ ဘယ္လိုတုန္႔ျပန္မလဲလို့ မိမိကိုယ့္ကို အႀကိမ္ႀကိမ္​ေမးမိပါတယ္။ 


အဲဒီျဖစ္ရပ္ကိုၾကည့္ရင္ ဗုဒၶ​ေနရာက​ေန အႀကိမ္ႀကိမ္စဥ္းစားမိ​ေစပါတယ္။


 ဗုဒၶက  အေကၠာသကဘာရဒြါဇပုဏၰားကို

ဘယ္လို​ေျပာသလဲဆိုရင္  

''ပုဏၰား 

အဲဒီဟာကို ဘယ္လို ထင္သတုန္း။

သင္ရဲ့  ဧည့္သည္ျဖစ္တဲ့  အေဆြခင္ပြန္း, ေဆြမ်ိဳး သားခ်င္း​ေတြကို သင့္ဆီလာၾကသလားလို့" ​ေမးပါတယ္။ 


တစ္ရံတစ္ခါလာတတ္ပါတယ္လို့ ​ေျဖတဲ့အခါ ဗုဒၶက 

 ''ပုဏၰား အဲဒီ အေဆြခင္ပြန္း, ေဆြမ်ိဳးသားခ်င္း​ေတြကို  ခဲဖြယ္၊ စားဖြယ္၊ လ်က္ဖြယ္​ေတြကို ​ေပးယ္မဟုတ္လား''လို့ ​ေမးပါတယ္။ 


ပုဏၰားက အဲဒီစားစရာ​ေတြကို​​ေပးပါတယ္ လို့ျပန္​ေျဖပါတယ္။ 


အဲသလို စားစရာ​ေတြကို ​ေပးတဲ့အခါ 

သူတို့​ေတြက အဲဒီစားစရာ​ေတြကို မစားဘူး၊ မယူရင္ဆိုရင္ 

 အဲဒီဥစၥာ​ေတြက ဘယ္သူ​ေတြဆီ ျပန္ေရာက္သလဲ" ​ေမးပါတယ္။ 


ပုဏၰားက 

အဲဒီသူ​ေတြက  အကယ္၍ မခံယူ မစားသုံးဘူးဆိုရသ္  အဲဒီစားဖြယ္​ေသာက္ဖြယ္​ေတြဟာ အကၽြန္ုပ္ဆီကိုပဲ ျပန္ေရာက္ပါတယ္" လို့ ​ေျဖပါတယ္။ 


ဗုဒၶက 

"  ပုဏၰား အဲဒီအတိုင္းပဲ  အေၾကာင္းေၾကာင့္ သင္ဟာ မဆဲေရးထိုက္ကုန္ေသာ ငါတို့ကို ဆဲေရး၏၊ မခ်ဳပ္ခ်ယ္ထိုက္ကုန္ေသာ ငါတို့ကို ခ်ဳပ္ခ်ယ္၏၊ 

မေခ်ာက္ခ်ား ထိုက္ကုန္ေသာ ငါတို့ကို ေခ်ာက္ခ်ား၏၊ သင္၏ ထိုဆဲေရးျခင္း ဆိုတာ​ေတြကို ငါတို့ မခံယူကုန္၊ ပုဏၰား ဤဆဲေရးျခင္းစသည္သည္ သင့္အားသာလၽွင္ ေရာက္၏၊ ပုဏၰား ဤဆဲေရးျခင္းစသည္သည္ သင့္အားသာ လၽွင္ ေရာက္၏။" လို့ ဗုဒၶက ဆိုပါတယ္။ 


ဒီအခ်က္ကိုၾကည့္ရင္ ဗုဒၶက ဆဲ​ေရးျခင္း​ေနာက္မလိုက္ပါဘူး ဆိုတာ ​ေတြ႕ရပါတယ္။ 


သူမ်ားဆဲတဲ့ စကားလုံး​ေအာက္မွာ မိမိတည္ရွိ​ေနတဲ့ ဘဝကို မထည့္သြင္းဘူးဆိုတာ​ေတြ႕ရပါတယ္။ 


သူတစ္ပါး​ေတြရဲ့ ဆဲ​ေရးျခင္းကို ဗုဒၶက မသိမ္းပိုက္ဘူး ဆိုတဲ့ အဓိပၸါယ္ပါပဲ။ 


ဗုဒၶ ရဲ့ တုန္႔ျပန္မွာ က ပုဏၰားႀကီးဆဲတယ္ ဆိုတာ ကို မသိမ္းပိုက္တာကိုက 

မိမိကိုယ္ကိုလြတ္​ေျမာက္သြားတာျဖစ္ပါတယ္။ 


တကယ္၍မ်ား ပုဏၰားႀကီးဆဲတာကို သာ လိုက္ပါခံစားလိုက္ရင္ ပုဏၰား​ေကၽြးတဲ့ အဆိပ္ကို စားမိလိုက္တာနဲ႔ တူတာပါပဲ။


ဗုဒၶက အဲဒီအမ်က္နဲ႔ပတ္သက္ၿပီး

ဗုဒၶခံယူခ်က္ဒႆန အျမင္က အယူအဆကို အသုရိႏၵကသုတ္မွာ ​ေတြ႕ရပါတယ္။ 


အသုရိႏၵက ပုဏၰားကို ​ေျပာတဲ့ အယူအဆက 


''ပုဏၰား ၾကမ္းၾကဳတ္ေသာ စကားကို ဆိုေသာ သူမိုက္သည္ စကားမၽွျဖင့္ (သူတစ္ပါးကို) ေအာင္ၿပီဟူ၍ ေအာက္ေမ့၏၊ ပညာရွိပုဂၢိဳလ္၏ အၾကင္သည္းခံမွု သည္ ရွိ၏၊ ထိုသည္းခံမွုသည္သာ ထိုပညာရွိအား ေအာင္ျမင္ျခင္း ျဖစ္၏။


အၾကင္သူသည္ အမ်က္ထြက္သူကို ျပန္၍ အမ်က္ထြက္၏၊ ထိုသူသည္သာ ထို အမ်က္ထြက္ေသာသူကို ျပန္၍ အမ်က္ထြက္ျခင္းေၾကာင့္ ယုတ္မာ၏။ အမ်က္ထြက္ သူကို ျပန္၍ အမ်က္ မထြက္သူသည္ ေအာင္နိုင္ခဲေသာ ရန္စစ္သည္ကို ေအာင္နိုင္ သည္ မည္၏။


အၾကင္သူသည္ အမ်က္ထြက္ေသာ သူတစ္ပါးကို သိသည္ ရွိေသာ္ သတိႏွင့္ ျပည့္စုံသည္ျဖစ္၍ အမ်က္ကို ၿငိမ္းေအး၏၊ (ထိုအမ်က္ကို မတုံ႔ျပန္ေသာ သူသည္) မိမိသူတစ္ပါး ႏွစ္ဦးသားတို့၏ အက်ိဳးစီးပြားကို က်င့္သည္ မည္၏။


ျဗဟၼဏသံယုတ္မွာပဲ ဗုဒၶတုန္႔ျပန္ပုံကို 

​ေတြဟာ ရွု​ေထာင့္ အလႊာအသစ္က​ေန ထိုးထြက္ ​ေျဖဆိုခ်ကိ​ေတြပဲျဖစ္ပါတယ္။ 


သူတစ္ပါးဆဲဆိုတာကို သိမ္းပိုက္ျခင္းနဲ႔ 

အမ်က္ထြက္တာကို  ျပန္ၿပီးအမ်က္ထြက္တာက အရွုံးဆိုတာ​ကို.စဥ္းစားစရာျဖစ္​ေစပါတယ္။ 


တုံ႔ျပန္ျခင္းမွာ မသိမ္းပိုက္ျခင္းနဲ႔ ႏွုတ္ဆိတ္​ေနလိုက္ျခင္း​​​ေတြမွာ တန္ဖိုးႀကီးလြန္းတဲ့ အနိုင္​ေတြ ရွိတာ သိရပါတယ္။ 


ႏွုတ္ဆိတ္​ေနျခင္းဆိုတာ  ႀကီးမားၿပီးအႏွစ္သား​​ေတြရွိတဲ့ ​အဓိပၸါယ္​ေတြရဲ့  

စကား​​​ေျပာဆိုမွုျဖစ္တယ္ဆိုတာပါပဲ။ 


လုံ​ေလာက္တဲ့ ႏွုတ္ဆိတ္​ေနမွုၿပီးမွ တုန္႔ျပန္​ေျပာဆိုျခင္းဟာ ခြန္အားရွိတဲ့ အနက္အဓိပၸါယ္​ေတြအျဖစ္စီးဆင္းသြားတာမ်ိဳး ခံစားမိ​ေစပါတယ္။ 


အမ်က္​ေဒါသနဲ႔ အနိုင္ယူျခင္းဆိုတာ အရွုံးတစ္မ်ိဳးဆိုတာ ကိုလည္း သက္​ေသျပခဲ့တာ​​​​ေတြ႕ရပါတယ္။ 


အဲဒိအ​ေတြးအ​ေခၚအယူအဆ​ေတြဟာ လူ႔မွုပဋိပကၡ​ေတြ​ေျပ​ေလ်ာ့ဖို့ရာနဲ႔ထြက္​ေျမာက္ဖို့ရာ အာရွသားတစ္ဦးက ကမၻာကို ​ေပးခဲ့တဲ့ တန္ဖိုးထားသင့္တဲ့ လက္​ေဆာင္တစ္ခုလို့ ဆိုခ်ငိပါတယ္။ 


အာကာမိုးသူ

၁၁း၅၆ ည

၃၀.၁၂.၂၀၂၀ အိမ္

Tuesday, January 5, 2021

Japanese Beauty Secrets for Skin, Hair and More

ဂျပန်မလေးတွေလို လှပကြဖို့ (Japanese Beauty Secrets for Skin, Hair and More)




ဂျပန်အမျိုးသမီးတွေရဲ့အသားအရေဟာ အသက်အရွယ်နဲ့မသက်ဆိုင်လောက်အောင် လှပပျိုမြစ်ကြတာကြောင့် အတော်မနာလိုချင် စရာကောင်းပါတယ်။ ဂျပန်အမျိုးသမီးလို့ဆိုလိုက်တာနဲ့ အသားအရေသွင်ပြင်ကောင်းမွန်ခြင်းဆိုတာတွဲစပ်မြင်မိလောက်အောင်ပါပဲ။ 

ကျွန်တော်တို့တွေ သူတို့ရဲ့ အလှအပလျှို့ဝှက်ချက်တွေကို အနည်းငယ်တူးဖော်ကြည်ပြီး ပြောပြသမျှ နမူနာနည်းလမ်းလေးတွေကို စေ့ငု လေ့လာကြရအောင်။


ဂျပန်အမျိုးသမီးများရဲ့ အလှအပဆိုင်ရာ အလေ့အကျင့်ကောင်းလေးတွေကို စမ်းသပ်ပြုလုပ်လိုက်နာမယ်ဆိုရင် စာဖတ်သူအဖို့ အမြဲတစေ လိုချင်နေခဲ့တဲ့ ချောမွေ့လှပတောက်ပြောင်တဲ့အသားအရေတွေပိုင်ဆိုင်ခွင့်ရမှာပါဗျ။


ဂျပန်လူမျိုးများရဲ့ အသားအရေထိန်းသိမ်းပုံနည်းလမ်းအချို့ (Japanese Skin Care Tips)


(၁) ဆန်ဆေးရည်ဖြင့် ရေချိုးခြင်း (Bathing in Rice Water)


ဂျပန်ဂေးရှားမယ်တွေဟာ ဖွဲနု(Rice Bran) လို့ပြောမလား ဆန်ကိုမချက်ပြုတ်ခင်ဆေးကြောရာမှာ ကျန်ရစ်ခဲ့တဲ့အနယ်အနှစ်တွေကို ချိုးရေထဲ ရောစပ်ပြီးသော်လည်းကောင်း၊ ရေစိမ်ချိုးမည့် ရေဇလားထဲထည့်ပြီးသော်လည်းကောင်း ထည့်သွင်းအသုံးပြုခြင်းက သူတို့ေ တွရဲ့ ဆံပင် ဆံသားများနဲ့ အရေပြားကို နူးညံ့ချောမွေ့အောင် အကူအညီအထောက်အပံ့ဖြစ်စေပါတယ်တဲ့။ သူတို့အသေအချာပြောနေတဲ့ တစ်စုံတစ်ခုကတော့ နူးညံ့ပျော့ပျောင်းစေတဲ့ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း(antioxidant) တစ်ခုအကြောင်းဖြစ်ပါတယ်။ ဆန်(rice) ဟာ အရေပြားကို အားဖြည့်ရာမှာ အကူအညီဖြစ်ပြီး အရေးအကြောင်းများဖြစ်ပေါ်ခြင်းကို အကာအကွယ်ပေးတယ်လေ။


ဆန်ဖွဲနု(Rice bran) ဟာ ဂျပန်ပြည်ဖြစ် အသားအရေထိန်းသိမ်းရေးပစ္စည်းအချို့မှာ အဓိကပါဝင်ပစ္စည်းလည်းဖြစ်ပါတယ်။


(၂) ရေချိုးချိန်ဓလေ့ (Bath Time Rituals)

ဂျပန်မှာ ရေချိုးချိန်က ရိုးရာဓလေ့တစ်ခုဖြစ်နေပါတယ်။ အိမ်တွေမှာရှိနေကြ ရေချိုးကြွေဇလုံများလိုပဲ ရေပူစမ်းရှိရေချိုးအိမ် (Onsen) များမှာ ခေါင်းအစခြေအဆုံးသုံးတဲ့ ကြေးတွန်းပစ္စည်း (an exfoliating cleanser)ရနိုင်သကဲ့သို့ အမျိုးအမည်များတဲ့ လဖက်စိမ်းနဲ့ တိုင်းရင်းဆေးမြစ်အဆီအနှစ် သို့မဟုတ် အဆီတွေထည့်ပြီး စိမ်ချိုးလို့ရတဲ့ ရေပူစမ်းရေစိမ်ကန်တွေရှိကြတယ်။ 

ညအိပ်ချိန်မတိုင်ခင် သပွတ်အူလေးနဲ့ တကိုယ်လုံး ကြေးတွန်းပြီး တိုင်းရင်းဆေးမြစ်အဆီ ဒါမှမဟုတ် လဖက်ဆီထည့်ထားတဲ့ သဘာဝရေပူစိမ်ကန်ထဲ ဆင်းစိမ်ချိုးခြင်းဟာ အရေပြားလှပကျန်းမာဖို့ ကောင်းမွန်သလို စိတ်တင်းကြပ်မှု(stress) အတွက်လည်း အဆင်ပြေသွားစေနိုင်ပါတယ်။


(၃) လဖက်စိမ်း လဖက်ရည်ကြမ်းသောက်ခြင်း(Drink Green Tea)

ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုမှာ ခပ်ပူပူလက်ဖက်ရည်ကြမ်းတစ်ခွက်ကို အကြောင်းရင်းမျိုးစုံနဲ့ သောက်သုံးကြခြင်းဟာ အလန့် တကြားဖြစ်ခဲ့သောအကြောင်းအရာတစ်ချို့ကြောင့် ရိုးရာဓလေ့ဖြစ်သွားရခြင်းလည်းမည်ပါတယ်။ လဖက်စိမ်းရေနွေးကြမ်းက ရင်သားကင်ဆာကို ကာကွယ်ရာမှာ အကူအပံ့ရသော ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) အမြောက်အများပါဝင်နေတယ်လေ။

စာဖတ်သူရဲ့ ကိုယ်ခန္ဓာအတွင်းသွေးသားဓာတုဖြစ်စဉ်(metabolism) အရှိန်မြှင့်စေပြီး အဆီတွေလောင်ကျွမ်းစေဖို့ နည်းလမ်းကောင်း တစ်ခုကလည်း လဖက်စိမ်းရေနွေးကြမ်းကိုသောက်သုံးခြင်းဖြစ်ပါတယ်။ လဖက်စိမ်းရဲ့အကျိုးအာနိသင်အပြည့်အဝရဖို့အတွက် တစ်နေ့ ကို လဖက်စိမ်းရေနွေးကြမ်း နှစ်ခွက်ကနေ သုံးခွက်အထိသောက်ဖို့ကြိုးစားသင့်တယ်ဗျ။

လဖက်ရည်ကြမ်းသောက်သူတစ်ယောက်မဟုတ်ပါက စာဖတ်သူအနေနဲ့ လဖက်စိမ်းကို အခြားနည်းလမ်းများနဲ့အသုံးပြုလို့ရပါသေးတယ်။ လဖက်စိမ်းထည့်နှပ်ထားတဲ့ လက်ဖက်ရည်ကြမ်း နှစ်ခွက်ကိုအအေးခံထားပြီး ချွေးပေါက်ကျဉ်းဆေးရည်(a toner) တစ်ခုအဖြစ်သုံးနိုင်ပါ တယ်။ ဂွမ်းလုံးလေးတွေအသုံးပြုပြီး မျက်နှာမှာလိမ်းကျံရမှာပါ။ သည်သဘာဝပစ္စည်းလေးက အရေပြားစိုပြေတောက်ပခြင်းပေးဖို့ အကူအညီဖြစ်နိုင်သလို ချွေးပေါက်ကျယ်တွေကိုလျော့ချပေးနိုင်တာကြောင့် စမ်းသပ်သုံးစွဲကြည့်သင့်ပါတယ်။

အအေးခံထားတဲ့ လဖက်စိမ်းရေနွေးကြမ်းအရည်ကို ပုလင်းလွတ်တစ်ခုထဲထည့်သွင်းသိမ်းဆည်းပြီး နေ့စဉ် အလှပြင်တဲ့လုပ်ငန်းစဉ်မှာ တစ်စိတ်တစ်ပိုင်းထည့်သွင်းအသုံးပြုပေးပါ။

(၄) အရေပြားဟောင်းကို ကွာကျစေခြင်း (Exfoliate)

ချောမွေ့တောက်ပြောင်တဲ့အရေပြားအလှဟာ ဂျပန်လူမျိုးများရဲ့ အလှအပဆိုင်ရာဂုဏ်ဒြပ်တစ်ခုဖြစ်တယ်။ အချိန်မှန် ပုံမှန် အရေပြားအနှံ့ ကြေးတွန်း ကြေးချွတ်ခြင်းရဲ့ အကျိုးရလာဒ်ဖြစ်ပါတယ်။ မုန့်ညက်နေတဲ့ Azuki ပဲမှုန့်ကို အရေပြားဆဲလ်သေတွေ ဖယ်ရှားရာမှာသုံး ဒါမှမဟုတ် အထူးတလည်ပြင်ဆင်ထားတဲ့ ရေစိုဝတ်(washcloths)များအသုံးပြုပြီး အရေပြားပေါ်ကို နုနုညံ့ညံ့ပွတ်သပ်ကာ အညစ်အကြေးတွယ်ကပ်နေတာတွေကို ဖယ်ရှားကြတယ်ဗျ။

ချောမွတ်နုညံ့တဲ့အရေပြားကိုပေးစွမ်းဖို့အတွက်ဆိုရင် ကျွန်တော်တို့အရေပြားနဲ့ သဘာဝအဆီကြား မျှခြေညီအောင်ထားဖို့လည်း လိုတယ်။ ဒါကြောင့် အရေပြားဟောင်းတွေကို ကွာအောင်လုပ် ကြေးချွတ်ပြီးပါက အဆီ(oils)၊ အရည်ကြည်(serums)နဲ့ အစိုဓာတ်ထိန်း ပစ္စည်း(moisturizers)တွေကို ထပ်ဆောင်းပြန်အသုံးပြုပေးရပါမယ်။

(၅) ပင်လယ်ရေညှိ (Wakame Kelp)

ပင်လယ်ရေညှိတစ်မျိုးဖြစ်တဲ့ ဝါကမီ(Wakame) ဖြစ်ဖြစ် ကဲလ်ပ်(Kelp)ပဲဖြစ်ဖြစ် ပင်လယ်ဖွားရေညှိတစ်မျိုးဟာ ကျွန်တော်တို့အရေပြား ကို လေထုညစ်ညမ်းခြင်း(pollution)နဲ့ နေရောင်ခြည်ဒဏ်သင့်ခြင်း(UV rays)များကြောင့်ပျက်စီးခြင်းကနေ အကာအကွယ်ပေးပါတယ်။ နောက်ပြီး အရေးအကြောင်းလိုင်းများနဲ့ မျက်ကွင်းညိုခြင်းများမဖြစ်အောင်လည်း ကာကွယ်မှုပေးပါတယ်။ ပင်လယ်ရေညှိဟာ မကြာခဏ ဆိုသလို ဂျပန်လူမျိုးတွေရဲ့ ဓာတ်စာစားသုံးမှု(diet)မှာပါဝင်နေတယ်ခင်ဗျ။

သည်ပစ္စည်းဟာ လူ့အရေပြားနဲ့ ဆံသားတိုးတက်ကောင်းမွန်စေဖို့ အတော်ကောင်းမွန်ပါတယ်။

ကော်လာဂျင်ထုတ်လုပ်ရေးနဲ့ အိုမင်းခြင်းကိုမဖြစ်စေတဲ့ ဟိုက်လရောနစ်အက်ဆစ်(hyaluronic acid) ယုတ်လျော့ခြင်းမဖြစ်အောင် အရေပြားအတွက်အထောက်အပံ့ဖြစ်တဲ့ မအိုဆေးဂုဏ်သတ္တိ (anti-aging) အများအပြားပါဝင်တယ်။


ဂျပန်လူမျိုးတို့ရဲ့ ခြေဖဝါးဂရုစိုက်ခြင်းနည်းအချို့ (Japanese Foot Care Secrets)

(၆) ငါးကုထုံး (Fish Therapy)

ဂျပန်လူမျိုးတွေဟာ သူတို့ခြေထောက်မှ အရေပြားဟောင်းတွေမရှိစေရေးအတွက် ငါးဆရာဝန်(doctor fish) သို့မဟုတ် သွားမပါသော ငါးလေးတွေထည့်ထားတဲ့ ရေကန်ငယ် ဒါမှမဟုတ် စည်ပိုင်းအသေးတစ်ခုထဲကိုနှစ်မြှုပ်ထည့်စိမ်တတ်ကြတယ်။ 

အဲသည့်ငါးတွေဟာ ခြေဖဝါး၊ခြေဖမိုးက အရေပြားဟောင်းတွေကို ခြစ်ကုတ်ဖယ်ရှားပစ်တတ်တာကြောင့် ဒေါက်မြင့်ဖိနပ်၊ ရှူးဖိနပ်စီး နေရတဲ့ ခြေထောက်တွေကို ချောမွတ်စေဖို့ ကူညီနေပြီး ကြည့်ကောင်းကျန်းမာတဲ့အသွင်ဖြစ်စေပါတယ်။


ဂျပန်လူမျိုးတို့ရဲ့ ဆံပင်ထိန်းသိမ်းနည်းအချို့ (Japanese Hair Care Tips)

(၇) ရေညှိပြား သို့မဟုတ် ပင်လယ်ရေညှိုခြောက်ပါသော ဓာတ်စာစားခြင်း ( A Diet Rich in Nori or Dried Seaweed)

မဟူရာရောင် နက်မှောင်နေတဲ့ ဆံပင်ဟာလည်း ဂျပန်လူမျိုးများရဲ့ ပကတိအလှတရားတစ်ခုပါ။ ကျွန်တော်တို့ အဘွားတွေ ဆံပင်ဆိုးဆေးသုံးပြီး ဆံသားနက်အောင်မလုပ်ခင် ဟိုးယခင်ကတည်းက ဂျပန်လူမျိုးအမျိုးသမီးများဟာ ဆံသားအားဖြည့်ပေးရန်နဲ့ ဆံပင်မဖြူအောင်ထိန်းဖို့အတွက်ဆိုပြီး ရေညှိခြောက်တွေကို ဓာတ်စာအဖြစ်မကြာခဏယုံယုံကြည်ကြည်စားလေ့ရှိကြပါတယ်။

ဆံပင်သန်စွမ်းဖို့ တောက်ပဖို့ ရည်ရွယ်ကာ ပရိုဘိုင်အိုတစ် (Probiotic) လို့ခေါ်တဲ့ အကျိုးပြုအဏုဇီဝပိုးကြွယ်ဝတဲ့အတွက် ရေညှိခြောက်ကို မီဆိုအနှစ် (miso paste)တို့ မီဆိုဟင်းရည် (miso soup) တို့ပြုလုပ်ရာမှာ ပေါင်းစပ်ထည့်သွင်းပြုလုပ်ကြပါတယ်။


သည်လောက်ဆိုရင်တော့ ဂျပန်လူမျိုးတွေဟာ သဘာဝပတ်ဝန်းကျင်ကရတဲ့ပစ္စည်းတွေကို ကောင်းကောင်းပြင်ဆင်ပြီး အလှအပအတွက် အသုံးပြုကြတာတွေ့နိုင်ပါတယ်။ ညဘက်တီဗီကြည့်တိုင်းတွေ့နေရတဲ့ ကိုရီးယားနိုင်ငံမှာရော ဘယ်လိုပစ္စည်းတွေကို နုပျိုလှပမှုအတွက် အသုံးပြုခဲ့ကြသလဲစိတ်ဝင်စားမိတယ်ခင်ဗျ။


Alex Aung (3 January 2021)

Ref: Japanese Beauty Secrets for Skin, Hair and More By Georgia Landry


(Zawgyi) 

ဂ်ပန္မေလးေတြလို လွပၾကဖို႔ (Japanese Beauty Secrets for Skin, Hair and More)




ဂ်ပန္အမ်ိဳးသမီးေတြရဲ႕အသားအေရဟာ အသက္အရြယ္နဲ႔မသက္ဆိုင္ေလာက္ေအာင္ လွပပ်ိဳျမစ္ၾကတာေၾကာင့္ အေတာ္မနာလိုခ်င္ စရာေကာင္းပါတယ္။ ဂ်ပန္အမ်ိဳးသမီးလို႔ဆိုလိုက္တာနဲ႔ အသားအေရသြင္ျပင္ေကာင္းမြန္ျခင္းဆိုတာတြဲစပ္ျမင္မိေလာက္ေအာင္ပါပဲ။ 

ကၽြန္ေတာ္တို႔ေတြ သူတို႔ရဲ႕ အလွအပလ်ွိဳ႕၀ွက္ခ်က္ေတြကို အနည္းငယ္တူးေဖာ္ၾကည္ျပီး ေျပာျပသမွ် နမူနာနည္းလမ္းေလးေတြကို ေစ့ငု ေလ့လာၾကရေအာင္။


ဂ်ပန္အမ်ိဳးသမီးမ်ားရဲ႕ အလွအပဆိုင္ရာ အေလ့အက်င့္ေကာင္းေလးေတြကို စမ္းသပ္ျပဳလုပ္လိုက္နာမယ္ဆိုရင္ စာဖတ္သူအဖို႔ အျမဲတေစ လိုခ်င္ေနခဲ့တဲ့ ေခ်ာေမြ႕လွပေတာက္ေျပာင္တဲ့အသားအေရေတြပိုင္ဆိုင္ခြင့္ရမွာပါဗ်။


ဂ်ပန္လူမ်ိဳးမ်ားရဲ႕ အသားအေရထိန္းသိမ္းပံုနည္းလမ္းအခ်ိဳ႕ (Japanese Skin Care Tips)


(၁) ဆန္ေဆးရည္ျဖင့္ ေရခ်ိဳးျခင္း (Bathing in Rice Water)


ဂ်ပန္ေဂးရွားမယ္ေတြဟာ ဖြဲႏု(Rice Bran) လို႔ေျပာမလား ဆန္ကိုမခ်က္ျပဳတ္ခင္ေဆးေၾကာရာမွာ က်န္ရစ္ခဲ့တဲ့အနယ္အႏွစ္ေတြကို ခ်ိဳးေရထဲ ေရာစပ္ျပီးေသာ္လည္းေကာင္း၊ ေရစိမ္ခ်ိဳးမည့္ ေရဇလားထဲထည့္ျပီးေသာ္လည္းေကာင္း ထည့္သြင္းအသံုးျပဳျခင္းက သူတို႔ေ တြရဲ႕ ဆံပင္ ဆံသားမ်ားနဲ႔ အေရျပားကို ႏူးညံ့ေခ်ာေမြ႔ေအာင္ အကူအညီအေထာက္အပံ့ျဖစ္ေစပါတယ္တဲ့။ သူတို႔အေသအခ်ာေျပာေနတဲ့ တစ္စံုတစ္ခုကေတာ့ ႏူးညံ့ေပ်ာ့ေပ်ာင္းေစတဲ့ သဘာ၀ဓာတ္တိုးဆန္႔က်င္ပစၥည္း(antioxidant) တစ္ခုအေၾကာင္းျဖစ္ပါတယ္။ ဆန္(rice) ဟာ အေရျပားကို အားျဖည့္ရာမွာ အကူအညီျဖစ္ျပီး အေရးအေၾကာင္းမ်ားျဖစ္ေပၚျခင္းကို အကာအကြယ္ေပးတယ္ေလ။


ဆန္ဖြဲႏု(Rice bran) ဟာ ဂ်ပန္ျပည္ျဖစ္ အသားအေရထိန္းသိမ္းေရးပစၥည္းအခ်ိဳ႕မွာ အဓိကပါ၀င္ပစၥည္းလည္းျဖစ္ပါတယ္။


(၂) ေရခ်ိဳးခ်ိန္ဓေလ့ (Bath Time Rituals)

ဂ်ပန္မွာ ေရခ်ိဳးခ်ိန္က ရိုးရာဓေလ့တစ္ခုျဖစ္ေနပါတယ္။ အိမ္ေတြမွာရွိေနၾက ေရခ်ိဳးေၾကြဇလံုမ်ားလိုပဲ ေရပူစမ္းရွိေရခ်ိဳးအိမ္ (Onsen) မ်ားမွာ ေခါင္းအစေျခအဆံုးသံုးတဲ့ ေၾကးတြန္းပစၥည္း (an exfoliating cleanser)ရႏိုင္သကဲ့သို႔ အမ်ိဳးအမည္မ်ားတဲ့ လဖက္စိမ္းနဲ႔ တိုင္းရင္းေဆးျမစ္အဆီအႏွစ္ သို႕မဟုတ္ အဆီေတြထည့္ျပီး စိမ္ခ်ိဳးလို႔ရတဲ့ ေရပူစမ္းေရစိမ္ကန္ေတြရွိၾကတယ္။ 

ညအိပ္ခ်ိန္မတိုင္ခင္ သပြတ္အူေလးနဲ႔ တကိုယ္လံုး ေၾကးတြန္းျပီး တိုင္းရင္းေဆးျမစ္အဆီ ဒါမွမဟုတ္ လဖက္ဆီထည့္ထားတဲ့ သဘာ၀ေရပူစိမ္ကန္ထဲ ဆင္းစိမ္ခ်ိဳးျခင္းဟာ အေရျပားလွပက်န္းမာဖို႔ ေကာင္းမြန္သလို စိတ္တင္းၾကပ္မႈ(stress) အတြက္လည္း အဆင္ေျပသြားေစႏိုင္ပါတယ္။


(၃) လဖက္စိမ္း လဖက္ရည္ၾကမ္းေသာက္ျခင္း(Drink Green Tea)

ဂ်ပန္လူမ်ိဳးေတြရဲ႕ ယဥ္ေက်းမႈမွာ ခပ္ပူပူလက္ဖက္ရည္ၾကမ္းတစ္ခြက္ကို အေၾကာင္းရင္းမ်ိဳးစံုနဲ႔ ေသာက္သံုးၾကျခင္းဟာ အလန္႔ တၾကားျဖစ္ခဲ့ေသာအေၾကာင္းအရာတစ္ခ်ိဳ႕ေၾကာင့္ ရိုးရာဓေလ့ျဖစ္သြားရျခင္းလည္းမည္ပါတယ္။ လဖက္စိမ္းေရေႏြးၾကမ္းက ရင္သားကင္ဆာကို ကာကြယ္ရာမွာ အကူအပံ့ရေသာ ဓာတ္တိုးဆန္႔က်င္ပစၥည္း (antioxidants) အေျမာက္အမ်ားပါ၀င္ေနတယ္ေလ။

စာဖတ္သူရဲ႕ ကိုယ္ခႏၶာအတြင္းေသြးသားဓာတုျဖစ္စဥ္(metabolism) အရွိန္ျမွင့္ေစျပီး အဆီေတြေလာင္ကၽြမ္းေစဖို႔ နည္းလမ္းေကာင္း တစ္ခုကလည္း လဖက္စိမ္းေရေႏြးၾကမ္းကိုေသာက္သံုးျခင္းျဖစ္ပါတယ္။ လဖက္စိမ္းရဲ႕အက်ိဳးအာနိသင္အျပည့္အ၀ရဖို႔အတြက္ တစ္ေန႔ ကို လဖက္စိမ္းေရေႏြးၾကမ္း ႏွစ္ခြက္ကေန သံုးခြက္အထိေသာက္ဖို႔ၾကိဳးစားသင့္တယ္ဗ်။

လဖက္ရည္ၾကမ္းေသာက္သူတစ္ေယာက္မဟုတ္ပါက စာဖတ္သူအေနနဲ႔ လဖက္စိမ္းကို အျခားနည္းလမ္းမ်ားနဲ႔အသံုးျပဳလို႔ရပါေသးတယ္။ လဖက္စိမ္းထည့္ႏွပ္ထားတဲ့ လက္ဖက္ရည္ၾကမ္း ႏွစ္ခြက္ကိုအေအးခံထားျပီး ေခၽြးေပါက္က်ဥ္းေဆးရည္(a toner) တစ္ခုအျဖစ္သံုးႏိုင္ပါ တယ္။ ဂြမ္းလံုးေလးေတြအသံုးျပဳျပီး မ်က္ႏွာမွာလိမ္းက်ံရမွာပါ။ သည္သဘာ၀ပစၥည္းေလးက အေရျပားစိုေျပေတာက္ပျခင္းေပးဖို႔ အကူအညီျဖစ္ႏိုင္သလို ေခၽြးေပါက္က်ယ္ေတြကိုေလ်ာ့ခ်ေပးႏိုင္တာေၾကာင့္ စမ္းသပ္သံုးစြဲၾကည့္သင့္ပါတယ္။

အေအးခံထားတဲ့ လဖက္စိမ္းေရေႏြးၾကမ္းအရည္ကို ပုလင္းလြတ္တစ္ခုထဲထည့္သြင္းသိမ္းဆည္းျပီး ေန႔စဥ္ အလွျပင္တဲ့လုပ္ငန္းစဥ္မွာ တစ္စိတ္တစ္ပိုင္းထည့္သြင္းအသံုးျပဳေပးပါ။

(၄) အေရျပားေဟာင္းကို ကြာက်ေစျခင္း (Exfoliate)

ေခ်ာေမြ႕ေတာက္ေျပာင္တဲ့အေရျပားအလွဟာ ဂ်ပန္လူမ်ိဳးမ်ားရဲ႕ အလွအပဆိုင္ရာဂုဏ္ျဒပ္တစ္ခုျဖစ္တယ္။ အခ်ိန္မွန္ ပံုမွန္ အေရျပားအႏွံ႔ ေၾကးတြန္း ေၾကးခၽြတ္ျခင္းရဲ႕ အက်ိဳးရလာဒ္ျဖစ္ပါတယ္။ မုန္႔ညက္ေနတဲ့ Azuki ပဲမႈန္႔ကို အေရျပားဆဲလ္ေသေတြ ဖယ္ရွားရာမွာသံုး ဒါမွမဟုတ္ အထူးတလည္ျပင္ဆင္ထားတဲ့ ေရစို၀တ္(washcloths)မ်ားအသံုးျပဳျပီး အေရျပားေပၚကို ႏုႏုညံ့ညံ့ပြတ္သပ္ကာ အညစ္အေၾကးတြယ္ကပ္ေနတာေတြကို ဖယ္ရွားၾကတယ္ဗ်။

ေခ်ာမြတ္ႏုညံ့တဲ့အေရျပားကိုေပးစြမ္းဖို႔အတြက္ဆိုရင္ ကၽြန္ေတာ္တို႔အေရျပားနဲ႔ သဘာ၀အဆီၾကား မွ်ေျခညီေအာင္ထားဖို႔လည္း လိုတယ္။ ဒါေၾကာင့္ အေရျပားေဟာင္းေတြကို ကြာေအာင္လုပ္ ေၾကးခၽြတ္ျပီးပါက အဆီ(oils)၊ အရည္ၾကည္(serums)နဲ႔ အစိုဓာတ္ထိန္း ပစၥည္း(moisturizers)ေတြကို ထပ္ေဆာင္းျပန္အသံုးျပဳေပးရပါမယ္။

(၅) ပင္လယ္ေရညွိ (Wakame Kelp)

ပင္လယ္ေရညွိတစ္မ်ိဳးျဖစ္တဲ့ ၀ါကမီ(Wakame) ျဖစ္ျဖစ္ ကဲလ္ပ္(Kelp)ပဲျဖစ္ျဖစ္ ပင္လယ္ဖြားေရညွိတစ္မ်ိဳးဟာ ကၽြန္ေတာ္တို႔အေရျပား ကို ေလထုညစ္ညမ္းျခင္း(pollution)နဲ႔ ေနေရာင္ျခည္ဒဏ္သင့္ျခင္း(UV rays)မ်ားေၾကာင့္ပ်က္စီးျခင္းကေန အကာအကြယ္ေပးပါတယ္။ ေနာက္ျပီး အေရးအေၾကာင္းလိုင္းမ်ားနဲ႔ မ်က္ကြင္းညိဳျခင္းမ်ားမျဖစ္ေအာင္လည္း ကာကြယ္မႈေပးပါတယ္။ ပင္လယ္ေရညွိဟာ မၾကာခဏ ဆိုသလို ဂ်ပန္လူမ်ိဳးေတြရဲ႕ ဓာတ္စာစားသံုးမႈ(diet)မွာပါ၀င္ေနတယ္ခင္ဗ်။

သည္ပစၥည္းဟာ လူ႕အေရျပားနဲ႔ ဆံသားတိုးတက္ေကာင္းမြန္ေစဖို႔ အေတာ္ေကာင္းမြန္ပါတယ္။

ေကာ္လာဂ်င္ထုတ္လုပ္ေရးနဲ႔ အိုမင္းျခင္းကိုမျဖစ္ေစတဲ့ ဟိုက္လေရာနစ္အက္ဆစ္(hyaluronic acid) ယုတ္ေလ်ာ့ျခင္းမျဖစ္ေအာင္ အေရျပားအတြက္အေထာက္အပံ့ျဖစ္တဲ့ မအိုေဆးဂုဏ္သတိၱ (anti-aging) အမ်ားအျပားပါ၀င္တယ္။


ဂ်ပန္လူမ်ိဳးတို႔ရဲ႕ ေျခဖ၀ါးဂရုစိုက္ျခင္းနည္းအခ်ိဳ႕ (Japanese Foot Care Secrets)

(၆) ငါးကုထံုး (Fish Therapy)

ဂ်ပန္လူမ်ိဳးေတြဟာ သူတို႔ေျခေထာက္မွ အေရျပားေဟာင္းေတြမရွိေစေရးအတြက္ ငါးဆရာ၀န္(doctor fish) သို႕မဟုတ္ သြားမပါေသာ ငါးေလးေတြထည့္ထားတဲ့ ေရကန္ငယ္ ဒါမွမဟုတ္ စည္ပိုင္းအေသးတစ္ခုထဲကိုႏွစ္ျမွဳပ္ထည့္စိမ္တတ္ၾကတယ္။ 

အဲသည့္ငါးေတြဟာ ေျခဖ၀ါး၊ေျခဖမိုးက အေရျပားေဟာင္းေတြကို ျခစ္ကုတ္ဖယ္ရွားပစ္တတ္တာေၾကာင့္ ေဒါက္ျမင့္ဖိနပ္၊ ရွဴးဖိနပ္စီး ေနရတဲ့ ေျခေထာက္ေတြကို ေခ်ာမြတ္ေစဖို႔ ကူညီေနျပီး ၾကည့္ေကာင္းက်န္းမာတဲ့အသြင္ျဖစ္ေစပါတယ္။


ဂ်ပန္လူမ်ိဳးတို႔ရဲ႕ ဆံပင္ထိန္းသိမ္းနည္းအခ်ိဳ႕ (Japanese Hair Care Tips)

(၇) ေရညွိျပား သို႕မဟုတ္ ပင္လယ္ေရညွိဳေျခာက္ပါေသာ ဓာတ္စာစားျခင္း ( A Diet Rich in Nori or Dried Seaweed)

မဟူရာေရာင္ နက္ေမွာင္ေနတဲ့ ဆံပင္ဟာလည္း ဂ်ပန္လူမ်ိဳးမ်ားရဲ႕ ပကတိအလွတရားတစ္ခုပါ။ ကၽြန္ေတာ္တို႔ အဘြားေတြ ဆံပင္ဆိုးေဆးသံုးျပီး ဆံသားနက္ေအာင္မလုပ္ခင္ ဟိုးယခင္ကတည္းက ဂ်ပန္လူမ်ိဳးအမ်ိဳးသမီးမ်ားဟာ ဆံသားအားျဖည့္ေပးရန္နဲ႔ ဆံပင္မျဖဴေအာင္ထိန္းဖို႔အတြက္ဆိုျပီး ေရညိွေျခာက္ေတြကို ဓာတ္စာအျဖစ္မၾကာခဏယံုယံုၾကည္ၾကည္စားေလ့ရွိၾကပါတယ္။

ဆံပင္သန္စြမ္းဖို႔ ေတာက္ပဖို႔ ရည္ရြယ္ကာ ပရိုဘိုင္အုိတစ္ (Probiotic) လို႔ေခၚတဲ့ အက်ိဳးျပဳအဏုဇီ၀ပိုးၾကြယ္၀တဲ့အတြက္ ေရညွိေျခာက္ကို မီဆိုအႏွစ္ (miso paste)တို႔ မီဆိုဟင္းရည္ (miso soup) တို႔ျပဳလုပ္ရာမွာ ေပါင္းစပ္ထည့္သြင္းျပဳလုပ္ၾကပါတယ္။


သည္ေလာက္ဆိုရင္ေတာ့ ဂ်ပန္လူမ်ိဳးေတြဟာ သဘာ၀ပတ္၀န္းက်င္ကရတဲ့ပစၥည္းေတြကို ေကာင္းေကာင္းျပင္ဆင္ျပီး အလွအပအတြက္ အသံုးျပဳၾကတာေတြ႕ႏိုင္ပါတယ္။ ညဘက္တီဗီၾကည့္တိုင္းေတြ႕ေနရတဲ့ ကိုရီးယားႏိုင္ငံမွာေရာ ဘယ္လိုပစၥည္းေတြကို ႏုပ်ိဳလွပမႈအတြက္ အသံုးျပဳခဲ့ၾကသလဲစိတ္၀င္စားမိတယ္ခင္ဗ်။


Alex Aung (3 January 2021)

Ref: Japanese Beauty Secrets for Skin, Hair and More By Georgia Landry

Monday, January 4, 2021

ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း

ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း




ရေးသားသူ Dr.Aye Myat Myat Noe

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.


သင့်မွေးလမ်းကြောင်းပုံစံဘယ်လိုဖြစ်နေမလဲလို့ စိတ်ထဲထင့်နေတတ်ပါသလား။ မပူပါနဲ့၊ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ အမျိုးသမီးတော်တော်များများဟာ – အထူးသဖြင့် ကလေးမွေးပြီးတဲ့အခါ၊ သွေးဆုံးပြီးတဲ့အခါ မိမိတို့မွေးလမ်းကြောင်းပုံစံ ဘယ်လိုဖြစ်နေမလဲ စိတ်ပူတတ်ကြပါတယ်။


ကံကောင်းစွာနဲ့ပဲ မွေးလမ်းကြောင်းပြင်ခြင်းနည်းကအမျိုးသမီးတွေ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။


#မွေးလမ်းကြောင်းပြင်ခြင်းဆိုတာဘာလဲ


ရေဒီယိုလှိုင်းသို့မဟုတ် ပြင်းအားနည်း လေဆာအလင်းတန်းကိုသုံးကာ အမျိုးသမီးအင်္ဂါရဲ့ ငယ်ရွယ်မှုကိုပြန်လည်ဆောင်ကြဉ်း ပေးခြင်းဖြစ်တယ်။ အန္တရာယ်နည်းပြီး အလွန်ကိုအာနိသင်ရှိသော နည်းဖြစ်ပါတယ်။ ဦးတည်ချက်နှစ်ခုရှိပြီး – မွေးလမ်းကြောင်း ကျဉ်းပေးတာနဲ့ မိန်းမအင်္ဂါအရောင်ဖျော့ပေးတာ တို့ဖြစ်တယ်။


အမျိုးသမီးတွေအသက်ကြီးလာတာနဲ့အမျှ ကော်လဂျင်တွေနည်းလာပြီး မွေးလမ်းကြောင်းဆန့်ကျုံ့သတ္တိလျော့လာပါတော့တယ်။ ကလေးမွေးခြင်းနဲ့ သိသိသာသာအလေးချိန်ကျဆင်းသွားခြင်းတို့ဟာလည်း မွေးလမ်းကြောင်းကျယ်သွားစေပြီး ကာမဘဝကို ကျေနပ်နှစ်သက်စရာမကောင်းအောင် ဖြစ်သွားစေတတ်ပါတယ်။


ထိုပြဿနာတွေအတွက် မွေးလမ်းကြောင်းပြင်သည့်နည်းကိုသုံးနိုင်ပါတယ်။ မွေးလမ်းကြောင်းပြင်ခြင်းဟာအောက်ပါပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်-


 အသက်ကြီးခြင်း၊ ကလေးမွေးခြင်းတို့ကြောင့် မွေးလမ်းကြောင်းကျယ်သွားခြင်း

 စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတို့ကြောင့် နာကျင်ရောင်ရမ်းခြင်း

 လိင်လမ်းကြောင်းခွဲစိတ်မှုတစ်ခုခုကြောင့် အမာရွတ်ကျန်နေခြင်း

 ဆီးမထိန်းနိုင်ခြင်းနှင့် နည်းမှန်မှန်နဲ့ မိန်းမကိုယ်ခွဲစိတ်ပြုပြင်လိုသူများအတွက်

 


ဘယ်လိုအလုပ်လုပ်သလဲ


မိန်းမကိုယ်ပြင်ခြင်းဆိုတာ အိုမင်းခြင်းကိုဆန့်ကျင်ပြီး ဆဲလ်များကြီးထွားဖြစ်ပေါ်ခြင်းကိုအားပေးပါတယ်။ နည်းအများစုက လိုအပ်တဲ့ဧရိယာမှာ ရေဒီယိုလှိုင်းသုံးပြီးပြုပြင်ကြပါတယ်။ ထိုကြိမ်နှုန်းလှိုင်းတွေက မွေးလမ်းကြောင်းအပူချိန်ကိုမြှင့်ပြီး ကော်လဂျင်ထွက်နှုန်းတက်စေပါတယ်။ လအနည်းငယ်ကြာနိုင်ပြီး တစ်ချိန်လျှင် ၁၀ မိနစ် ၁၅ မိနစ်ကြာနိုင်ပါတယ်။


ယနေ့ခေတ်အခါနာမည်ကြီးတာကတော့ Femilft နှင့် ThermiVa တို့ဖြစ်ပြီး နာကျင်မှုကင်းကာ မေ့ဆေး၊ ထုံဆေးမလိုဘဲ အပူနှင့်နှိပ်ပေးသလိုခံစားချက်မျိုးလောက်သာဖြစ်ပါတယ်။




Femilft – ခွဲစိတ်စရာမလို၊ အန္တရာယ်မများဘဲ ထုံဆေး၊ မေ့ဆေးမသုံးတဲ့ မွေးလမ်းကြောင်းတစ်သျှူးများကို ပြန်လည်ပြုပြင်ပေးသောနည်းဖြစ်တယ်။ ၁၅ မိနစ်သာကြာပြီး ထမင်းစားနားချိန်မှာတောင် လုပ်လို့ရသောနည်းဖြစ်ပါတယ်။ နာကျင်မှုမရှိဘဲ ပြီးလျှင်လည်းစောင့်ဆိုင်းစရာလိုသော နည်းဖြစ်တယ်။


ThermiVa– မိန်းမကိုယ် သို့ မွေးလမ်းကြောင်းနံရံကို thermi technology ဖြင့် အိုမင်းခြင်းကိုဆန့်ကျင်ကာ ဆဲလ်ပွားမှုလှုံဆော်ပေးသော နည်းဖြစ်တယ်။ ရေဒီယိုလှိုင်းများကို လိုအပ်သော ဧရိယာသို့ပို့ဆောင်ကာ တစ်သျူးကိုအပူပေးပြီး ကော်လဂျင်ထုတ်အောင်လှုံ့ဆောင် ပေးခြင်းဖြစ်တယ်။ အပူချိန်ကတော့ ၄၂-၄၅ ဒီဂရီဆဲလ်ဆီးယပ်စ်လောက်ဖြစ်တယ်။ 


#ကောင်းကျိုးဆိုးပြစ်များ


ဖော်ပြခဲ့ပြီးတဲ့အတိုင်း မွေးလမ်းကြောင်းပြုပြင်ခြင်းဟာ သင်ငယ်ရွယ်စဉ်ကလို၊ ကလေးမမွေးမီကလို မွေးလမ်းကြောင်းကိုနုပျိုမှု၊ တင်းကြပ်မှုပြန်ပေးနိုင်ပါတယ်။ ပိုမိုလှပစေပြီး ရေကူးဝတ်စုံဝတ်စဉ်၊ ကာမပျော်မွေ့စဉ်တွေမှာ သင့်ကိုယုံကြည်မှုရှိစေပါလိမ့်မယ်။ ပိုအတိအကျပြောရမယ်ဆိုရင်-


       မိန်းမကိုယ်ပုံပန်းသွင်ပြင်ကို တိုးတက်ကောင်းမွန်စေတယ်

       မွေးလမ်းကြောင်းခြောက်သွေ့ခြင်း၊ သိမ်ခြင်းကို လျှော့ချပေးတယ်

      ဆီးစိမ့်ခြင်းကိုလျှော့ချပေးတယ်

      မွေးလမ်းကြောင်းကြွက်သားများ အလုပ်ပိုလုပ်စေတယ်

      ကာမဆက်ဆံခြင်းကိုသာယာမှုရစေတယ်

      မွေးလမ်းကြောင်းထိတွေ့သိရှိမှုအာရုံကို ပိုကောင်းစေတယ်

     အဝတ်အစားကြပ်ကြပ်များမှာ သက်တောင့်သက်သာရှိစေပြီး

    ရေကူးဝတ်စုံများနှင့်လည်း ယုံကြည်မှုရှိစေပါတယ်။ 


ဒါပေမယ့် အန္တရာယ်အနည်းငယ်လည်းရှိနိုင်ပါတယ။် မွေးလမ်းကြောင်းဟာ တခြားသောအင်္ဂါများနှင့်နီးကပ်နေတာကြောင့် ဆီးအိတ်ထိခိုက်၊ သွေးယို၊ ပိုးဝင်သွားစေနိုင်ပါတယ်။ မွေးလမ်းကြောင်းပြင်ပြီးတဲ့အခါ သင်ရော သင့်ပါတနာပါ အဆင်ပြေသာယာနိုင်မယ့် အနေအထားပုံစံကိုလည်း စမ်းသပ်ရှာဖွေကြည့်ဖို့ လိုအပ်ပါဦးမယ်။


မွေးလမ်းကြောင်းပြင်ခြင်းဟာ သင့်ကိုကာမဘဝမှာ သာယာမှု၊ ယုံကြည်မှုတွေပြန်ရစေပါတယ်။ ဒါပေမယ့် အန္တရာယ်လုံးဝမရှိတာ လည်းမဟုတ်တာကြောင့် မရွေးချယ်မီ ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်။


မူရင်းတင်ဆက်သည့်စာမျက်နှာ - Hello ဆရာဝန်


မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် RF Treatment နဲ့ အပျိုလိုနဂိုရည်ဖြစ်အောင် ကုသပေးနေသော ဆေးခန်း - 

Apple Beauty Center & Aesthetic Clinic


(Zawgyi) 

ခြဲစိတ္မႈမလိုဘဲေမြးလမ္းေၾကာင္းျပန္ျပင္ျခင္းအေၾကာင္း




ေရးသားသူ Dr.Aye Myat Myat Noe

ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Kaung Thar.


သင့္ေမြးလမ္းေၾကာင္းပံုစံဘယ္လုိျဖစ္ေနမလဲလို႔ စိတ္ထဲထင့္ေနတတ္ပါသလား။ မပူပါနဲ႔၊ သင္တစ္ေယာက္ထဲမဟုတ္ပါဘူး။ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ – အထူးသျဖင့္ ကေလးေမြးျပီးတဲ့အခါ၊ ေသြးဆံုးျပီးတဲ့အခါ မိမိတုိ႔ေမြးလမ္းေၾကာင္းပံုစံ ဘယ္လိုျဖစ္ေနမလဲ စိတ္ပူတတ္ၾကပါတယ္။


ကံေကာင္းစြာနဲ႔ပဲ ေမြးလမ္းေၾကာင္းျပင္ျခင္းနည္းကအမ်ိဳးသမီးေတြ လိုအပ္ခ်က္ကိုျဖည့္ဆည္းေပးနုိင္ပါလိမ့္မယ္။


#ေမြးလမ္းေၾကာင္းျပင္ျခင္းဆုိတာဘာလဲ


ေရဒီယိုလိႈင္းသုိ႔မဟုတ္ ျပင္းအားနည္း ေလဆာအလင္းတန္းကိုသံုးကာ အမ်ိဳးသမီးအဂၤါရဲ႕ ငယ္ရြယ္မႈကိုျပန္လည္ေဆာင္ၾကဥ္း ေပးျခင္းျဖစ္တယ္။ အႏၲရာယ္နည္းျပီး အလြန္ကိုအာနိသင္ရွိေသာ နည္းျဖစ္ပါတယ္။ ဦးတည္ခ်က္နွစ္ခုရွိျပီး – ေမြးလမ္းေၾကာင္း က်ဥ္းေပးတာနဲ႔ မိန္းမအဂၤါအေရာင္ေဖ်ာ့ေပးတာ တို႔ျဖစ္တယ္။


အမ်ိဳးသမီးေတြအသက္ၾကီးလာတာနဲ႔အမွ် ေကာ္လဂ်င္ေတြနည္းလာျပီး ေမြးလမ္းေၾကာင္းဆန္႔က်ဳံ႔သတၲိေလ်ာ့လာပါေတာ့တယ္။ ကေလးေမြးျခင္းနဲ႔ သိသိသာသာအေလးခ်ိန္က်ဆင္းသြားျခင္းတုိ႔ဟာလည္း ေမြးလမ္းေၾကာင္းက်ယ္သြားေစျပီး ကာမဘ၀ကို ေက်နပ္နွစ္သက္စရာမေကာင္းေအာင္ ျဖစ္သြားေစတတ္ပါတယ္။


ထိုျပႆနာေတြအတြက္ ေမြးလမ္းေၾကာင္းျပင္သည့္နည္းကိုသံုးနုိင္ပါတယ္။ ေမြးလမ္းေၾကာင္းျပင္ျခင္းဟာေအာက္ပါျပႆနာေတြကို ေျဖရွင္းနုိင္ပါလိမ့္မယ္-


 အသက္ၾကီးျခင္း၊ ကေလးေမြးျခင္းတို႔ေၾကာင့္ ေမြးလမ္းေၾကာင္းက်ယ္သြားျခင္း

 စက္ဘီးစီးျခင္း၊ ျမင္းစီးျခင္းတို႔ေၾကာင့္ နာက်င္ေရာင္ရမ္းျခင္း

 လိင္လမ္းေၾကာင္းခြဲစိတ္မႈတစ္ခုခုေၾကာင့္ အမာရြတ္က်န္ေနျခင္း

 ဆီးမထိန္းနိုင္ျခင္းနွင့္ နည္းမွန္မွန္နဲ႔ မိန္းမကိုယ္ခြဲစိတ္ျပဳျပင္လိုသူမ်ားအတြက္

 


ဘယ္လိုအလုပ္လုပ္သလဲ


မိန္းမကိုယ္ျပင္ျခင္းဆိုတာ အိုမင္းျခင္းကိုဆန္႔က်င္ျပီး ဆဲလ္မ်ားၾကီးထြားျဖစ္ေပၚျခင္းကိုအားေပးပါတယ္။ နည္းအမ်ားစုက လိုအပ္တဲ့ဧရိယာမွာ ေရဒီယိုလိႈင္းသံုးျပီးျပဳျပင္ၾကပါတယ္။ ထိုၾကိမ္ႏႈန္းလိႈင္းေတြက ေမြးလမ္းေၾကာင္းအပူခ်ိန္ကိုျမွင့္ျပီး ေကာ္လဂ်င္ထြက္နႈန္းတက္ေစပါတယ္။ လအနည္းငယ္ၾကာနုိင္ျပီး တစ္ခ်ိန္လွွ်င္ ၁၀ မိနစ္ ၁၅ မိနစ္ၾကာနုိင္ပါတယ္။


ယေန႔ေခတ္အခါနာမည္ၾကီးတာကေတာ့ Femilft နွင့္ ThermiVa တို႔ျဖစ္ျပီး နာက်င္မႈကင္းကာ ေမ့ေဆး၊ ထံုေဆးမလိုဘဲ အပူနွင့္နွိပ္ေပးသလိုခံစားခ်က္မ်ိဳးေလာက္သာျဖစ္ပါတယ္။


Femilft – ခြဲစိတ္စရာမလို၊ အႏၲရာယ္မမ်ားဘဲ ထံုေဆး၊ ေမ့ေဆးမသံုးတဲ့ ေမြးလမ္းေၾကာင္းတစ္သ်ွဴးမ်ားကို ျပန္လည္ျပဳျပင္ေပးေသာနည္းျဖစ္တယ္။ ၁၅ မိနစ္သာၾကာျပီး ထမင္းစားနားခ်ိန္မွာေတာင္ လုပ္လုိ႔ရေသာနည္းျဖစ္ပါတယ္။ နာက်င္မႈမရွိဘဲ ျပီးလွ်င္လည္းေစာင့္ဆိုင္းစရာလိုေသာ နည္းျဖစ္တယ္။


ThermiVa– မိန္းမကိုယ္ သုိ႔ ေမြးလမ္းေၾကာင္းနံရံကို thermi technology ျဖင့္ အိုမင္းျခင္းကိုဆန္႔က်င္ကာ ဆဲလ္ပြားမႈလံႈေဆာ္ေပးေသာ နည္းျဖစ္တယ္။ ေရဒီယိုလိႈင္းမ်ားကို လိုအပ္ေသာ ဧရိယာသုိ႔ပို႔ေဆာင္ကာ တစ္သ်ဴးကိုအပူေပးျပီး ေကာ္လဂ်င္ထုတ္ေအာင္လႈ႔ံေဆာင္ ေပးျခင္းျဖစ္တယ္။ အပူခ်ိန္ကေတာ့ ၄၂-၄၅ ဒီဂရီဆဲလ္ဆီးယပ္စ္ေလာက္ျဖစ္တယ္။ 




#ေကာင္းက်ိဳးဆုိးျပစ္မ်ား


ေဖာ္ျပခဲ့ျပီးတဲ့အတိုင္း ေမြးလမ္းေၾကာင္းျပဳျပင္ျခင္းဟာ သင္ငယ္ရြယ္စဥ္ကလို၊ ကေလးမေမြးမီကလို ေမြးလမ္းေၾကာင္းကိုနုပ်ိဳမႈ၊ တင္းၾကပ္မႈျပန္ေပးနို္င္ပါတယ္။ ပိုမိုလွပေစျပီး ေရကူး၀တ္စံု၀တ္စဥ္၊ ကာမေပ်ာ္ေမြ႔စဥ္ေတြမွာ သင့္ကိုယံုၾကည္မႈရွိေစပါလိမ့္မယ္။ ပိုအတိအက်ေျပာရမယ္ဆုိရင္-


       မိန္းမကိုယ္ပံုပန္းသြင္ျပင္ကို တိုးတက္ေကာင္းမြန္ေစတယ္

       ေမြးလမ္းေၾကာင္းေျခာက္ေသြ႔ျခင္း၊ သိမ္ျခင္းကို ေလွ်ာ့ခ်ေပးတယ္

      ဆီးစိမ့္ျခင္းကိုေလွ်ာ့ခ်ေပးတယ္

      ေမြးလမ္းေၾကာင္းျကြက္သားမ်ား အလုပ္ပိုလုပ္ေစတယ္

      ကာမဆက္ဆံျခင္းကိုသာယာမႈရေစတယ္

      ေမြးလမ္းေၾကာင္းထိေတြ႔သိရွိမႈအာရံုကို ပိုေကာင္းေစတယ္

     အ၀တ္အစားျကပ္ျကပ္မ်ားမွာ သက္ေတာင့္သက္သာရွိေစျပီး

    ေရကူး၀တ္စံုမ်ားနွင့္လည္း ယံုၾကည္မႈရွိေစပါတယ္။ 


ဒါေပမယ့္ အႏၲရာယ္အနည္းငယ္လည္းရွိနုိင္ပါတယ။္ ေမြးလမ္းေၾကာင္းဟာ တျခားေသာအဂၤါမ်ားနွင့္နီးကပ္ေနတာေၾကာင့္ ဆီးအိတ္ထိခိုက္၊ ေသြးယုိ၊ ပိုး၀င္သြားေစနိုင္ပါတယ္။ ေမြးလမ္းေၾကာင္းျပင္ျပီးတဲ့အခါ သင္ေရာ သင့္ပါတနာပါ အဆင္ေျပသာယာနုိင္မယ့္ အေနအထားပံုစံကိုလည္း စမ္းသပ္ရွာေဖြၾကည့္ဖို႔ လိုအပ္ပါဦးမယ္။


ေမြးလမး္ေၾကာင္းျပင္ျခင္းဟာ သင့္ကိုုကာမဘ၀မွာ သာယာမႈ၊ ယံုၾကည္မႈေတြျပန္ရေစပါတယ္။ ဒါေပမယ့္ အႏၲရာယ္လံုး၀မရွိတာ လည္းမဟုတ္တာေၾကာင့္ မေရြးခ်ယ္မီ ဆရာ၀န္နဲ႔ေသခ်ာေဆြးေႏြးတိုင္ပင္ဖုိ႔ေတာ့ လုိပါလိမ့္မယ္။

မူရင္းတင္ဆက္သည့္စာမ်က္ႏွာ - Hello ဆရာ၀န္

မ

ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕တြင္ RF Treatment နဲ႔ အပ်ိဳလိုနဂိုရည္ျဖစ္ေအာင္ ကုသေပးေနေသာ ​ေဆးခန္​း - 

Apple Beauty Center & Aesthetic Clinic

Saturday, January 2, 2021

OnePlus Nord N10 5G Review

OnePlus Nord N10 5G Review : လူတိုင်းအတွက်သင့်တော်တဲ့ 5G Mid-range ဖုန်း??




BY LIAM  


OnePlus အနေနဲ့  လွန်ခဲ့တဲ့ July လောက်တုန်းက သူတို့ရဲ့ ပထမဆုံး 5G Mid-range ဖုန်းလို့ပြောရမယ့် OnePlus Nord ကိုမိတ်ဆက်ခဲ့တယ်။ ဒီ OnePlus Nord ထွက်ပြီးနောက် ၃ လအကြာမှာတော့ OnePlus N10 နဲ့ N100 5G တို့ကိုထပ်မိတ်ဆက်ခဲ့တယ်။ ဒီမှာ N ဆိုတာက Nord Series ကိုရည်းညွှန်းတာဖြစ်တဲ့အတွက် ဒီ‌ဖုန်းတွေဟာ OnePlus Nord လိုမျိုးသက်သာ‌တဲ့ဈေးနဲ့ ထွက်လာခဲ့ပါတယ်။ အစောဆုံးထွက်ခဲ့တဲ့ OnePlus Nord ကတော့ ကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်လာခဲ့ခြင်းမရှိပေမယ့် OnePlus Nord N10 5G ကတော့ ကျွန်တော်တို့ဆီကိုရောက်လာခဲ့ပါတယ်။



ဆိုတော့ ဖုန်းဟာဈေးနည်းနည်းဘယ်လောက်ထိများစွမ်းဆောင်ပေးနိုင်မလဲ??


Review လေးကိုဆက်လိုက်ရအောင်…


Design 


Nord N10 5G ရဲ့  Back Design ကတော့လက်ရှိဈေကွက်ထဲမှာ ခေတ်စားနေတဲ့ Mid-range ဖုန်းတွေလိုပဲ Glossy Finish Back Design  ကိုပဲသုံးပေးထားတယ်။ ဒီ ကျောဘက် Design မှာ OnePlus 8T လို စတုရန်းပုံစံ Camera Setup  ကိုတပ်ဆင်ပေးထားပြီး Fingerprint Scanner နဲ့ OnePlus Logo  တစ်ခုထည့်ပေးထားတာကိုလည်းတွေ့ရမှာပါ။ သူ့ကိုစကိုင်လိုက်တဲ့အခါမှာ Cheap ဖြစ်တဲ့ခံစားချက်ကိုမရသလို High-End ဖုန်းတစ်လုံးကိုင်နေရသလို Feeling လည်းမရပါဘူး။ ကိုင်လိုက်တာနဲ့ Mid-range ဖုန်းမှန်းတန်းသိသာစေတဲ့ Feeling ပါပဲ။ 



ဖုန်းရဲ့ ရှေ့လက်မှာတော့ Punch-hole တစ်ခုကိုတပ်ဆင်ပေးထားတယ်။ ဒီမှာဖုန်းရဲ့ Bezels တွေကတော်တော်လေးထူးနေတာကိုတွေ့ရပါတယ်။ အောက်ခြေက Bezels တွေဆိုပိုတောင်ထူနေပါသေးတယ်။  ဖုန်းရဲ့ ဘယ်ဘက်မှာတော့ Sim Tray Port နဲ့အတူ Volume ခလုတ်ကိုတပ်ဆင်ပေးထားပါတယ်။ ညာဘက်ဘေးမှာတော့ Power ခလုတ်ကိုပဲတင်ပေးထားပါတယ်။ ဒီမှာ အရင် OnePlus ဖုန်းတွေလို Alert Slider တော့မပါတော့ပါဘူး။ Alert Slider မပါတဲ့အတွက် အရင် OnePlus ဖုန်းတွေလိုSilent, Vibration ၊ Ring တွေကိုအလွယ်တကူအပိတ်အဖွင့်လုပ်လို့မရတော့ပါဘူး။ အောက်ခြေမှာတော့ OnePlus ဖုန်းတွေမှာတွေ့ရခဲတဲ့ 3.5mm နားကြပ်ပေါက်ကိုတပ်ဆင်ပေးထားပါတယ်။


ဒီနားကြပ်ပေါက်ဘေးမှာတော့ Type C Port နဲ့ Speaker ပေါက်တို့ကိုတပ်ဆင်ပေးထားပါတယ်။ Speaker ဆိုမှ သူ့မှာ Stereo Speakers ကိုသုံးပေးထားပါသေးတယ်။ အသံထွက်အနေနဲ့ကတော့ သူ့ရဲ့အသံကအရမ်းဆူထွက်နေတာမျိုးမရှိဘဲ Surround Sound Experience  ကိုပေးနိုင်ပါတယ်။  သူ့ရဲ့ Audio Quality ကိုတော့ကျွန်တော် တော်တော်လေးသဘောကျမိပါတယ်။ 


Display



OnePlus Nord N10 5G ရဲ့ Display မှာတော့ OnePlus Nord မှာသုံးခဲ့တဲ့ OLED Display ကိုမသုံးပေးထားပဲ ရိုးရိုး 6.5-inch Full HD+ LCD Display ကိုပဲသုံးပေးထားတယ်။  ဒီ Display ဟာဆိုရင်  Videos တွေကြည့်တာတွေ ၊ ဂိမ်းတွေဆော့တဲ့အခါတွေမှာတော်တော်လေးအဆင်ပြေတာကိုတွေ့ရတယ်။ Display ပေါ်မှာပါတဲ့ Punch-hole ကလည်းအရမ်းမကြီးတဲ့အတွက် Full Experience ကိုလည်းကောင်းကောင်းခံစားလို့ရပါတယ်။ နောက်ထပ် Display မှာ 90Hz refresh rate ကိုထောက်ပံ့ပေးထားတဲ့အတွက် တော်တော်လေး Smooth ဖြစ်တယ်လို့ပြောလို့ရပါတယ်။ Oxygen OS 10.5 ကြောင့်လားမသိဘူး.. App တွေထဲမှာ Scroll လုပ်တဲ့အခါ အိအိဖက်ဖက်လေးနဲ့ တော်တော်လေးမိုက်တယ်လို့ပြောလို့ရပါတယ်။ Display Quality ကတော့ OLED Display တွေလောက် အရောင်တွေ မစို ၊ မတောက်ပေးမယ့် အရောင်တွေက Balanced ဖြစ်တာကိုတွေ့ရတယ်။ LCD  တွေရဲ့ ထုံးစံအတိုင်း Dark Mode  ပြောင်းလိုက်ရင်တော့ Display ကခပ်ဖြူဖြူဖြစ်နေတာကိုတွေ့ရမှာပါ။ 


သူ့ရဲ့ Brightness ကတော့ Indoor မှာအဆင်ပြေပေမယ့် Outdoor တွေမှာတော့ တော်တော်လေးကြည့်ယူရပါတယ်။ ဒါကတော့ Mid-range ဖုန်းတွေရဲ့ ပြဿနာလို့ပြောလို့ရတဲ့အတွက်လက်ခံပေးလို့တော့ရပါတယ်။ 


Performance 



Performance အတွက်တော့ သူ့မှာ Snapdragon 600 Series ထဲက အသစ်ထွက်ထားတဲ့ Snapdragon 690 5G Chipset ကိုသုံးပေးထားတယ်။ Chipset အသစ်ဖြစ်တဲ့အတွက်ကြောင့် ဖုန်းရောက်ရောက်ချင်းပဲ ကျွန်တော် AnTuTu Benchmark ကို  Run ကြည့်လိုက်တယ်။ ထွက်လာတဲ့အမှတ်ကတော့ Total ကို ၂ သိန်း ၈သောင်းကျော်ထိရတာကိုတွေ့ရတယ်။ Mid-range ဖုန်းတစ်လုံးအတွက် ဒီအမှတ်ကတော်တော်လေးအဆင်ပြေတဲ့အမှတ်လို့ပြောလို့ရတယ်။ တကယ့်အပြင်မှာစမ်းကြည့်တဲ့ Experience ကိုပြောရရင်တော့Gaming ပိုင်းမှာ  Graphic ကောင်းကောင်းနဲ့တော်တော်လေးဆော့လို့အဆင်ပြေတယ်။ PUBG ကို အမြင့်ဆုံး HD ၊ Frame Rate High မှာဆော့ကြည့်တဲ့အခါ Lag တာတွေမတွေ့ရဘဲချောချာမွေ့မွေ့နဲ့ဆော့လို့ရပါတယ်။ Apps တွေထဲဝင်တဲ့အခါတွေမှာတော့ Loading Time ကမသိမသာလေးကြာနေတာကိုတွေ့ရပါတယ်။ 


Performance  ကိုခြုံပြောရင်  Mid-range ဖုန်းတွေထဲမှာ Performance ကောင်းကောင်းပေးနိုင်တယ်လို့ပြောလို့ရပါတယ်။ အကောင်းဆုံးဆိုတဲ့ Performance ရှိတယ်လို့တော့ပြောလို့မရပါဘူး။ Software ပိုင်းမှာတော့  Android 10 အပေါအခြေခံထားတဲ့ Oxygen OS 10.5 နဲ့ Run ပေးထားတယ်။ ဒီ Oxygen OS ဟာဆိုရင် Features အစုံနဲ့ Stock Android Experience ပေးနိုင်တဲ့ OS လို့ပြောလို့ရပါတယ်။ 


Camera


OnePlus Nord N10 5G မှာ Mid-range ထဲကကဖုန်းတွေလို Quad Camera Setup ကိုသုံးပေးထားပါတယ်။ ဒီ ထဲမှာ Main 64MP Sensor ၊ 8MP Ultrawide Lens ၊ 2MP Macro Lens နဲ့  2MP Monochrome Lens တွေပါတယ်။ Camera Quality ကတော့ သူ့ရဲ့ 64MP Main Camera ကနေရိုက်‌ပေးတဲ့ 16-megapixel ပုံတွေက အရောင်တွေ Balanced ဖြစ်ပြီး Details ကောင်းတာကိုတွေ့ရတယ်။ ဒါကတော့ Outdoor အခြေအနေတွေမှာပါ။  



Normal Main Camera


Ultra-wide lens

အလင်းရောင်လေးနည်းနည်း‌ကျတာသွားတာနဲ့ Main Camera နဲ့ရိုက်တဲ့ပုံတွေတော်တော်လေးဆိုးသွားပါတယ်။ ပ‌ုံတွေက ခပ်ဝါးဝါးဖြစ်နေပြီး Nosie တွေ ကော ၊ Lens Flare တွေကောဝင်နေတာကိုတွေ့ရတယ်။ ဒီပြဿနာကိုတော့ Camera App ထဲမှာပါတဲ့ Nightscapse Mode နဲ့ပြန်ဖြေရှင်းလို့ရပ်တယ်။ Nightscapse နဲ့ရိုက်ထားတဲ့ Night Photos တွေမှာတော့ Noise တွေသိသိသာသာလျော့သသွားတယ်။ Details တွေလည်းပိုကောင်းသွားပါတယ်။ ဒီအတိုင်း Night Photos တွေကိုရိုက်ရင်အဆင်မပြေပေမယ့် Nightscapse Mode နဲ့ဆိုရင်တော့တော‌်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရပါတယ်။



Normal Mode


Nightscape Mode

8MP Ultra-wide Lens ကလည်း Main Camera လိုပဲအလင်းရောင်ကောင်းကောင်းရတဲံအခြေအနေတွေမှာ ကြည့်လို့အဆင်ပြေတယ်လို့ပြောလို့ရတယ်။ ပုံတွေရဲ့ ဘေးထောင့်လေးတွေမှာ Distortion လေးတွေကိုတွေံ့ရတယ်။ Details တွေကလည်းလျော့သွားတာကိုတွေ့ရမှာပါ။ Low Light မှာပုံတွေကကြည့်ရတာတော်တော်လေးအဆင်ပြေပါဘူး။


16 MP Front Facing Camera ကတော့ Effect တွေဘာတွေပိနေတာမျိုးမရှိဘဲ Sharp ဖြစ်တဲ့ပုံတွေကိုရုက်ပေးနိုင်ပါတယ်။ ဒီမှာ Beautification Mode ကိုဖွင့်ရိုက်လို့ရတဲ့အတွက်  ဒီ Beautification ကတော့ မိန်းက လေး Users တွေအတွက်တော်တော်လေးအဆင်ပြေမှာပါ။  


Battery  


သူ့မှာပါတဲ့ 4,300 mAh Battery ကတော့ ကျွန်တော်တော်စမ်းကြည့်ရသလောက်ဆိုရင် ပုံမှန်ဂိမ်းတွေဆော့တာတွေ ၊ Web-Browsing လုပ်တာတွေ ၊  Videos တွေကြည့်တဲ့အခါမှာတစ်ရက်လောက်ထိခံတာကိုတွေ့ရတာ။ သုံးရတဲ့အချိန်မှာလည်း ဆောင်းရာသီမို့လို့လားမသိ ပူတာမျိုးတွေလည်းမရှိပါဘူး။ Charging မှာတော့ 30W WrapCharge ဟာ  4,300 mAh Battery ကို ၁၀၀% အပြည့်သွင်းတဲ့အခါ တစ်နာရီလောက်ထိအချိန်ပေးရပါတယ်။ 55% ထိကိုတော့ နာရီဝက်လောက်ပဲကြာတာကိုတွေ့ရပါတယ်။ 



နောက်ဆုံးအချုပ်အနေနဲ့ OnePlus Nord N10 5G ကဘယ်သူတွေအတွက်ဖြစ်မလဲ??


Mid-range ဖုန်းတွေထဲမှာ 5G လည်းပါရမယ် ၊  90Hz Display လည်းရရမယ် ၊ Daylight မှာ ကင်မရာလည်းကောင်းကောင်းရိုက်ချင်တယ်ဆိုရင်တော့ OnePlus Nord N10 5G ကတော်တော်လေးအဆင်ပြေမယ့်ဖုန်းတစ်လုံးပါပဲ။


တကယ်လို့စာဖတ်သူက Camera လည်းအကောင်းကြီးကိုလိုချင်တယ် ၊ Performance မှာလည်းကြမ်းရမယ် ၊ Battery များများလည်းလိုချင်တယ်ဆိုရင်တော့ OnePlus Nord N10 5G ကအဆင်ပြေနိုင်မှာမဟုတ်ဘူးလို့ ပြောရင်း Reviewလေးကိုအဆုံးသတ်လိုက်ရပါတယ်…



(Zawgyi) 


OnePlus Nord N10 5G Review : လူတိုင္းအတြက္သင့္ေတာ္တဲ့ 5G Mid-range ဖုန္း??




BY LIAM  


OnePlus အေနနဲ႔  လြန္ခဲ့တဲ့ July ေလာက္တုန္းက သူတို႔ရဲ႕ ပထမဆုံး 5G Mid-range ဖုန္းလို႔ေျပာရမယ့္ OnePlus Nord ကိုမိတ္ဆက္ခဲ့တယ္။ ဒီ OnePlus Nord ထြက္ၿပီးေနာက္ ၃ လအၾကာမွာေတာ့ OnePlus N10 နဲ႔ N100 5G တို႔ကိုထပ္မိတ္ဆက္ခဲ့တယ္။ ဒီမွာ N ဆိုတာက Nord Series ကိုရည္းၫႊန္းတာျဖစ္တဲ့အတြက္ ဒီ‌ဖုန္းေတြဟာ OnePlus Nord လိုမ်ိဳးသက္သာ‌တဲ့ေဈးနဲ႔ ထြက္လာခဲ့ပါတယ္။ အေစာဆုံးထြက္ခဲ့တဲ့ OnePlus Nord ကေတာ့ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံကိုေရာက္လာခဲ့ျခင္းမရွိေပမယ့္ OnePlus Nord N10 5G ကေတာ့ ကြၽန္ေတာ္တို႔ဆီကိုေရာက္လာခဲ့ပါတယ္။



ဆိုေတာ့ ဖုန္းဟာေဈးနည္းနည္းဘယ္ေလာက္ထိမ်ားစြမ္းေဆာင္ေပးႏိုင္မလဲ??


Review ေလးကိုဆက္လိုက္ရေအာင္…


Design 


Nord N10 5G ရဲ႕  Back Design ကေတာ့လက္ရွိေဈကြက္ထဲမွာ ေခတ္စားေနတဲ့ Mid-range ဖုန္းေတြလိုပဲ Glossy Finish Back Design  ကိုပဲသုံးေပးထားတယ္။ ဒီ ေက်ာဘက္ Design မွာ OnePlus 8T လို စတုရန္းပုံစံ Camera Setup  ကိုတပ္ဆင္ေပးထားၿပီး Fingerprint Scanner နဲ႔ OnePlus Logo  တစ္ခုထည့္ေပးထားတာကိုလည္းေတြ႕ရမွာပါ။ သူ႔ကိုစကိုင္လိုက္တဲ့အခါမွာ Cheap ျဖစ္တဲ့ခံစားခ်က္ကိုမရသလို High-End ဖုန္းတစ္လုံးကိုင္ေနရသလို Feeling လည္းမရပါဘူး။ ကိုင္လိုက္တာနဲ႔ Mid-range ဖုန္းမွန္းတန္းသိသာေစတဲ့ Feeling ပါပဲ။ 



ဖုန္းရဲ႕ ေရွ႕လက္မွာေတာ့ Punch-hole တစ္ခုကိုတပ္ဆင္ေပးထားတယ္။ ဒီမွာဖုန္းရဲ႕ Bezels ေတြကေတာ္ေတာ္ေလးထူးေနတာကိုေတြ႕ရပါတယ္။ ေအာက္ေျခက Bezels ေတြဆိုပိုေတာင္ထူေနပါေသးတယ္။  ဖုန္းရဲ႕ ဘယ္ဘက္မွာေတာ့ Sim Tray Port နဲ႔အတူ Volume ခလုတ္ကိုတပ္ဆင္ေပးထားပါတယ္။ ညာဘက္ေဘးမွာေတာ့ Power ခလုတ္ကိုပဲတင္ေပးထားပါတယ္။ ဒီမွာ အရင္ OnePlus ဖုန္းေတြလို Alert Slider ေတာ့မပါေတာ့ပါဘူး။ Alert Slider မပါတဲ့အတြက္ အရင္ OnePlus ဖုန္းေတြလိုSilent, Vibration ၊ Ring ေတြကိုအလြယ္တကူအပိတ္အဖြင့္လုပ္လို႔မရေတာ့ပါဘူး။ ေအာက္ေျခမွာေတာ့ OnePlus ဖုန္းေတြမွာေတြ႕ရခဲတဲ့ 3.5mm နားၾကပ္ေပါက္ကိုတပ္ဆင္ေပးထားပါတယ္။


ဒီနားၾကပ္ေပါက္ေဘးမွာေတာ့ Type C Port နဲ႔ Speaker ေပါက္တို႔ကိုတပ္ဆင္ေပးထားပါတယ္။ Speaker ဆိုမွ သူ႔မွာ Stereo Speakers ကိုသုံးေပးထားပါေသးတယ္။ အသံထြက္အေနနဲ႔ကေတာ့ သူ႔ရဲ႕အသံကအရမ္းဆူထြက္ေနတာမ်ိဳးမရွိဘဲ Surround Sound Experience  ကိုေပးႏိုင္ပါတယ္။  သူ႔ရဲ႕ Audio Quality ကိုေတာ့ကြၽန္ေတာ္ ေတာ္ေတာ္ေလးသေဘာက်မိပါတယ္။ 


Display



OnePlus Nord N10 5G ရဲ႕ Display မွာေတာ့ OnePlus Nord မွာသုံးခဲ့တဲ့ OLED Display ကိုမသုံးေပးထားပဲ ႐ိုး႐ိုး 6.5-inch Full HD+ LCD Display ကိုပဲသုံးေပးထားတယ္။  ဒီ Display ဟာဆိုရင္  Videos ေတြၾကည့္တာေတြ ၊ ဂိမ္းေတြေဆာ့တဲ့အခါေတြမွာေတာ္ေတာ္ေလးအဆင္ေျပတာကိုေတြ႕ရတယ္။ Display ေပၚမွာပါတဲ့ Punch-hole ကလည္းအရမ္းမႀကီးတဲ့အတြက္ Full Experience ကိုလည္းေကာင္းေကာင္းခံစားလို႔ရပါတယ္။ ေနာက္ထပ္ Display မွာ 90Hz refresh rate ကိုေထာက္ပံ့ေပးထားတဲ့အတြက္ ေတာ္ေတာ္ေလး Smooth ျဖစ္တယ္လို႔ေျပာလို႔ရပါတယ္။ Oxygen OS 10.5 ေၾကာင့္လားမသိဘူး.. App ေတြထဲမွာ Scroll လုပ္တဲ့အခါ အိအိဖက္ဖက္ေလးနဲ႔ ေတာ္ေတာ္ေလးမိုက္တယ္လို႔ေျပာလို႔ရပါတယ္။ Display Quality ကေတာ့ OLED Display ေတြေလာက္ အေရာင္ေတြ မစို ၊ မေတာက္ေပးမယ့္ အေရာင္ေတြက Balanced ျဖစ္တာကိုေတြ႕ရတယ္။ LCD  ေတြရဲ႕ ထုံးစံအတိုင္း Dark Mode  ေျပာင္းလိုက္ရင္ေတာ့ Display ကခပ္ျဖဴျဖဴျဖစ္ေနတာကိုေတြ႕ရမွာပါ။ 


သူ႔ရဲ႕ Brightness ကေတာ့ Indoor မွာအဆင္ေျပေပမယ့္ Outdoor ေတြမွာေတာ့ ေတာ္ေတာ္ေလးၾကည့္ယူရပါတယ္။ ဒါကေတာ့ Mid-range ဖုန္းေတြရဲ႕ ျပႆနာလို႔ေျပာလို႔ရတဲ့အတြက္လက္ခံေပးလို႔ေတာ့ရပါတယ္။ 


Performance 



Performance အတြက္ေတာ့ သူ႔မွာ Snapdragon 600 Series ထဲက အသစ္ထြက္ထားတဲ့ Snapdragon 690 5G Chipset ကိုသုံးေပးထားတယ္။ Chipset အသစ္ျဖစ္တဲ့အတြက္ေၾကာင့္ ဖုန္းေရာက္ေရာက္ခ်င္းပဲ ကြၽန္ေတာ္ AnTuTu Benchmark ကို  Run ၾကည့္လိုက္တယ္။ ထြက္လာတဲ့အမွတ္ကေတာ့ Total ကို ၂ သိန္း ၈ေသာင္းေက်ာ္ထိရတာကိုေတြ႕ရတယ္။ Mid-range ဖုန္းတစ္လုံးအတြက္ ဒီအမွတ္ကေတာ္ေတာ္ေလးအဆင္ေျပတဲ့အမွတ္လို႔ေျပာလို႔ရတယ္။ တကယ့္အျပင္မွာစမ္းၾကည့္တဲ့ Experience ကိုေျပာရရင္ေတာ့Gaming ပိုင္းမွာ  Graphic ေကာင္းေကာင္းနဲ႔ေတာ္ေတာ္ေလးေဆာ့လို႔အဆင္ေျပတယ္။ PUBG ကို အျမင့္ဆုံး HD ၊ Frame Rate High မွာေဆာ့ၾကည့္တဲ့အခါ Lag တာေတြမေတြ႕ရဘဲေခ်ာခ်ာေမြ႕ေမြ႕နဲ႔ေဆာ့လို႔ရပါတယ္။ Apps ေတြထဲဝင္တဲ့အခါေတြမွာေတာ့ Loading Time ကမသိမသာေလးၾကာေနတာကိုေတြ႕ရပါတယ္။ 


Performance  ကိုၿခဳံေျပာရင္  Mid-range ဖုန္းေတြထဲမွာ Performance ေကာင္းေကာင္းေပးႏိုင္တယ္လို႔ေျပာလို႔ရပါတယ္။ အေကာင္းဆုံးဆိုတဲ့ Performance ရွိတယ္လို႔ေတာ့ေျပာလို႔မရပါဘူး။ Software ပိုင္းမွာေတာ့  Android 10 အေပါအေျခခံထားတဲ့ Oxygen OS 10.5 နဲ႔ Run ေပးထားတယ္။ ဒီ Oxygen OS ဟာဆိုရင္ Features အစုံနဲ႔ Stock Android Experience ေပးႏိုင္တဲ့ OS လို႔ေျပာလို႔ရပါတယ္။ 


Camera


OnePlus Nord N10 5G မွာ Mid-range ထဲကကဖုန္းေတြလို Quad Camera Setup ကိုသုံးေပးထားပါတယ္။ ဒီ ထဲမွာ Main 64MP Sensor ၊ 8MP Ultrawide Lens ၊ 2MP Macro Lens နဲ႔  2MP Monochrome Lens ေတြပါတယ္။ Camera Quality ကေတာ့ သူ႔ရဲ႕ 64MP Main Camera ကေန႐ိုက္‌ေပးတဲ့ 16-megapixel ပုံေတြက အေရာင္ေတြ Balanced ျဖစ္ၿပီး Details ေကာင္းတာကိုေတြ႕ရတယ္။ ဒါကေတာ့ Outdoor အေျခအေနေတြမွာပါ။  



Normal Main Camera


Ultra-wide lens

အလင္းေရာင္ေလးနည္းနည္း‌က်တာသြားတာနဲ႔ Main Camera နဲ႔႐ိုက္တဲ့ပုံေတြေတာ္ေတာ္ေလးဆိုးသြားပါတယ္။ ပ‌ံုေတြက ခပ္ဝါးဝါးျဖစ္ေနၿပီး Nosie ေတြ ေကာ ၊ Lens Flare ေတြေကာ၀င္ေနတာကိုေတြ႕ရတယ္။ ဒီျပႆနာကိုေတာ့ Camera App ထဲမွာပါတဲ့ Nightscapse Mode နဲ႔ျပန္ေျဖရွင္းလို႔ရပ္တယ္။ Nightscapse နဲ႔႐ိုက္ထားတဲ့ Night Photos ေတြမွာေတာ့ Noise ေတြသိသိသာသာေလ်ာ့သသြားတယ္။ Details ေတြလည္းပိုေကာင္းသြားပါတယ္။ ဒီအတိုင္း Night Photos ေတြကို႐ိုက္ရင္အဆင္မေျပေပမယ့္ Nightscapse Mode နဲ႔ဆိုရင္ေတာ့ေတာ‌္ေတာ္ေလးအဆင္ေျပတယ္လို႔ေျပာလို႔ရပါတယ္။



Normal Mode


Nightscape Mode

8MP Ultra-wide Lens ကလည္း Main Camera လိုပဲအလင္းေရာင္ေကာင္းေကာင္းရတဲံအေျခအေနေတြမွာ ၾကည့္လို႔အဆင္ေျပတယ္လို႔ေျပာလို႔ရတယ္။ ပုံေတြရဲ႕ ေဘးေထာင့္ေလးေတြမွာ Distortion ေလးေတြကိုေတြံ႕ရတယ္။ Details ေတြကလည္းေလ်ာ့သြားတာကိုေတြ႕ရမွာပါ။ Low Light မွာပုံေတြကၾကည့္ရတာေတာ္ေတာ္ေလးအဆင္ေျပပါဘူး။


16 MP Front Facing Camera ကေတာ့ Effect ေတြဘာေတြပိေနတာမ်ိဳးမရွိဘဲ Sharp ျဖစ္တဲ့ပုံေတြကို႐ုက္ေပးႏိုင္ပါတယ္။ ဒီမွာ Beautification Mode ကိုဖြင့္႐ိုက္လို႔ရတဲ့အတြက္  ဒီ Beautification ကေတာ့ မိန္းက ေလး Users ေတြအတြက္ေတာ္ေတာ္ေလးအဆင္ေျပမွာပါ။  


Battery  


သူ႔မွာပါတဲ့ 4,300 mAh Battery ကေတာ့ ကြၽန္ေတာ္ေတာ္စမ္းၾကည့္ရသေလာက္ဆိုရင္ ပုံမွန္ဂိမ္းေတြေဆာ့တာေတြ ၊ Web-Browsing လုပ္တာေတြ ၊  Videos ေတြၾကည့္တဲ့အခါမွာတစ္ရက္ေလာက္ထိခံတာကိုေတြ႕ရတာ။ သုံးရတဲ့အခ်ိန္မွာလည္း ေဆာင္းရာသီမို႔လို႔လားမသိ ပူတာမ်ိဳးေတြလည္းမရွိပါဘူး။ Charging မွာေတာ့ 30W WrapCharge ဟာ  4,300 mAh Battery ကို ၁၀၀% အျပည့္သြင္းတဲ့အခါ တစ္နာရီေလာက္ထိအခ်ိန္ေပးရပါတယ္။ 55% ထိကိုေတာ့ နာရီဝက္ေလာက္ပဲၾကာတာကိုေတြ႕ရပါတယ္။ 



ေနာက္ဆုံးအခ်ဳပ္အေနနဲ႔ OnePlus Nord N10 5G ကဘယ္သူေတြအတြက္ျဖစ္မလဲ??


Mid-range ဖုန္းေတြထဲမွာ 5G လည္းပါရမယ္ ၊  90Hz Display လည္းရရမယ္ ၊ Daylight မွာ ကင္မရာလည္းေကာင္းေကာင္း႐ိုက္ခ်င္တယ္ဆိုရင္ေတာ့ OnePlus Nord N10 5G ကေတာ္ေတာ္ေလးအဆင္ေျပမယ့္ဖုန္းတစ္လုံးပါပဲ။


တကယ္လို႔စာဖတ္သူက Camera လည္းအေကာင္းႀကီးကိုလိုခ်င္တယ္ ၊ Performance မွာလည္းၾကမ္းရမယ္ ၊ Battery မ်ားမ်ားလည္းလိုခ်င္တယ္ဆိုရင္ေတာ့ OnePlus Nord N10 5G ကအဆင္ေျပႏိုင္မွာမဟုတ္ဘူးလို႔ ေျပာရင္း Reviewေလးကိုအဆုံးသတ္လိုက္ရပါတယ္…




Friday, January 1, 2021

ငါးကင်နှင့် မန်ကျည်းဆော့စ် - ထိုင်းစတိုင်လ်ကြက်ကောင်လုံးကင် - ကြက်သားဆာတေး

ဆွေမျိုးမေ့သွားစေမယ့် ကြက်သားဆာတေး 




အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းနဲ့ တွဲဖက်စားရင်လည်း လိုက်ဖက်မှုရှိသလို သူ့ချည်းပဲ စားမယ်ဆိုရင်လည်း အရသာရှိတဲ့ ကြက်သားဆာတေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။


ပါဝင်ပစ္စည်းများ


ကြက်ပေါင် ၆၈၀ (ဂမ် (အရိုးနှင့် အရေခွံတို့ကို ဖယ်ပြီး အတုံးငယ် တုံးထားပါ)

အုန်းနို့ ၆၀ မီလီလီတာ

ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း



သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်




၁။ အကင်တုတ်ထိုးကို တစ်နာရီခန့် ရေစိမ်ထားပေးလိုက်ပါ။ ထိုကဲ့သို့ ရေစိမ်ထားခြင်းက အကင်တုတ်ထိုးများ မီးလောင်ကျွမ်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။


၂။ ကြက်သားကို အုန်းနို့၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ ငရုတ်သီးအနှစ်၊ သကြား၊ သံပုယိုရည်တို့ဖြင့် သမအောင် နယ်ဖတ်ပြီးတဲ့နောက်မှာ မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။ တစ်ညခန့် ထားထားမယ်ဆိုရင်တော့ ပိုမိုအရသာရှိပါတယ်။


၃။ ထိုကဲ့သို့ နှပ်ထားပြီးတဲ့နောက်မှာ ကြက်သားတုံးများကို အကင်တုတ်ထိုးထဲတွင် ထိုးထည့်ထားလိုက်ပါ။ တစ်ချောင်းကို ၄ တုံးမှ ၇ တုံးအထိ ထိုးထည့်နိုင်ပါတယ်။




၄။ ဒယ်အိုးအပြားကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားတုတ်ထိုးများထည့်ကာ ၁၀ မိနစ်ခန့် ကင်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁၀ မိနစ် ထပ်ကင်ပေးလိုက်ပါ။ (သင့်အနေနဲ့ ဒယ်အိုးနဲ့ မကင်ချင်ဘဲ အကင်မီးဖိုဖြင့် ကင်ပေးမယ်ဆိုလည်း ရပါသေးတယ်။)




ဒါဆိုရင်တော့ ကြက်သားဆာတေးလေး ရရှိသွားပါပြီ။ မိမိကြိုက်နှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါတယ်။


Source: Thewoksoflife.com


ထိုင်းစတိုင်လ်ကြက်ကောင်လုံးကင်

---------------------------------------------




         ထိုင်းနိုင်ငံ နေရာအနှံ့အပြားမှာ တွေ့ရတဲ့ ကြက်ကင်ပါ။ ပြင်ဆင်ရတာ မခက်ခဲပေမဲ့  နှပ်ထားရမယ့်အချိန်လိုပါတယ်။ နှပ်ထားတဲ့အချိန်ကို မပေးရင်တော့ 

အရသာ ကောင်းကောင်းမရနိုင်ပါဘူး။ နောက်တစ် ချက်က မီးဖိုနဲ့ကင်တဲ့အခါ မီးအေးအေးနဲ့ စိတ်ရှည်ဖို့တော့ လိုပါတယ်။ Oven နဲ့ ကင်မယ်ဆိုရင်လည်း အဆင်ပြေတဲ့အတွက် ကင်နည်းကိုလည်း ရေးထားပေးပါတယ်။


ပါဝင်ပစ္စည်းများ

ကြက်  -  ၁ ကောင် (၁ ပိဿာ ၂၀ ကျပ်သား)

ကြက်သွန်ဖြူ  -  ၄ မြွှာ

နံနံပင်အမြစ်  -  ၆ ပင်

ငရုတ်သီးစိမ်းအနီ  -  ၂၅ ဂရမ်

ငရုတ်ကောင်းစေ့အဖြူ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နံနံစေ့  -  စားပွဲဇွန်း ၁၁ ဇွန်း (လှော်ထားပါ)

စပါးလင်  -  ၂ ချောင်း (ပါးပါးလှီးထားပါ)

ထိုင်းငံပြာရည်  -  စားပွဲဇွန်း ၃ ဇွန်း

ပဲငံပြာရည် အကြည်  -  စားပွဲဇွန်း ၃ ဇွန်း

ပဲငံပြာရည်အနောက်  -  စားပွဲဇွန်း ၁ ဇွန်း


ပြုလုပ်နည်း

 ပထမဦးဆုံး လှော်ထားတဲ့ နံနံစေ့နဲ့ ငရုတ်ကောင်းစေ့ကို ထောင်းပါ။ ပြီးလျှင် နံနံပင်အမြစ်နဲ့ စပါးလင် ထည့်ပြီး ထောင်းပါ။ ညက်သွားရင် ကြက်သွန်ဖြူ ထည့်ပြီး ထောင်းပါ။ ငရုတ်သီးစိမ်း ထည့်ထောင်းပါ။အားလုံးညက်ရင် ငရုတ်ဆုံထဲကို ငံပြာရည်၊ ပဲငံပြာ ရည်အကြည်၊ ပဲငံပြာရည်အနောက် ထည့်ပြီး မွှေပေးပါ။ ဒါဆိုရင် အသားနှပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။


 ကြက်ရဲ့ နောက်ဖက်ခြမ်းမှာရှိတဲ့ ခလယ်ရိုးကို ကတ်ကြေးနဲ့ ကိုက်ထုတ်ပစ်ပါ။ ပြီးလျှင် ရင်ပုံသားဘက် ကို လှန်ပြီး လက်ဖြင့်ဖိချလိုက်ရင် ကြက်သားပြားသွား ပြီး လိပ်ပြာပုံစံဖြစ်သွားမှာပါ။ ပြီးလျှင် ကြက်သားကို ဇလုံထဲထည့်ပြီး စောစောက အသားနှပ်ဖို့ ပြင်ထားတဲ့ အနှစ်ကို ခပ်ထုတ်ပြီး ကြက်သား တစ်ကောင်လုံး နှံ့စပ် အောင်နယ်ပေးပါ။ ပြီးလျှင် အနည်းဆုံး ၂-၃ နာရီခန့် နှပ်ထားပေးပါ။ အကောင်းဆုံးကတော့ တစ်ညသိပ်ထားရင် အကောင်းဆုံး ဖြစ်ပါတယ်။ မီးသွေးနဲ့ကင် မယ်ဆိုရင် မီးအရမ်းမပြင်းဘဲ ဖြည်းဖြည်းနဲ့ စိတ်ရှည်ရှည် ကင်ပေးဖို့ လိုပါတယ်။ Oven နဲ့ကင်မယ်ဆိုရင် Oven ကို ၁၈၀  ံC မှာ ၁၀ မိနစ် ကြိုတင် အပူပေးထားပါ။Oven နဲ့ ဆံ့မယ့် ဗန်းထဲကို နှပ်ထားတဲ့ကြက်သား ထည့်ပါ။ ပြီးလျှင် ခဲဖတ်နဲ့အုပ်ပြီး ၂၅ မိနစ်ခန့် ကင်ပါ။ပြီးလျှင် ခဲဖတ်ကို ဖွင့်ပြီး နောက်ထပ် ၁၅-၂၀ မိနစ်ခန့် ကင်ပေးပါ။ ဒါဆိုရင် မွှေးပြီး ရွှေညိုရောင်သန်းတဲ့ ကြက်ကင် ရပါပြီ။


ကြက်ကင်နဲ့ စားဖို့  ဆော့စပ်နည်း

မန်ကျည်းရည်  -  စားပွဲဇွန်း ၁၀ ဇွန်း

ထိုင်းငံပြာရည်  -  စားပွဲဇွန်း ၃ ဇွန်း

ထိုင်းထန်းလျက်  -  စားပွဲဇွန်း ၁ ဇွန်း

သံပရာရည်  -  စားပွဲဇွန်း ၂ ဇွန်း

ငရုတ်သီးအကျက်မှုန့်  -  ၃ ဇွန်း

ကြက်သွန်မြိတ်  -  ၄ ပင် (ပါးပါးလှီးထားပါ)

ကြက်သွန်နီဥအသေး  -  ၃ လုံး (ပါးပါးလှီးထားပါ)

နံနံပင်  -  ၃ ပင် (ပါးပါးလှီးထားပါ)


ပြုလုပ်နည်း

 အိုးအသေးတစ်လုံးထဲကို မန်ကျည်းရည်၊ ထိုင်း ငံပြာရည်၊ ထိုင်းထန်းလျက်ထည့်ပြီး မီးဖိုပေါ်တင်ပြီး အပူပေးပါ။ ထိုင်းထန်းလျက်ပျော်သွားအောင် အပူပေးပါ။ ထိုင်းထန်းလျက် ပျော်သွားရင် အအေးခံထားပါ။ အေးသွားရင် ပါးပါးလှီးထားတဲ့ နံနံပင်၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ ထည့်ပါ။ ငရုတ်သီးလှော်မှုန့်ထည့်ပါ။ ပြီးလျှင် သံပရာရည် ညှစ်ပြီး မွှေပေးပါ။ ဒါဆိုရင် ကြက်ကင်မွှေးမွှေးနဲ့ တို့စားမယ့် အချဉ်ရည်ရပါပြီ။

-------------------------

Myint Oo Tha


ငါးကင်နှင့် မန်ကျည်းဆော့စ်

---------------------------------




ပါဝင်ပစ္စည်းများ

ကကတစ်ငါး  -  ၁ ကောင် (၅ဝဝ ဂရမ်)

ငရုတ်ကောင်း  -  ၂ ဂရမ်

ကြက်သွန်ဖြူ  -  ၁၅ ဂရမ်

ငရုတ်သီးစိမ်း  -  ၅ တောင့်

ရှမ်းနံနံ  -  ၁၀ ဂရမ်

ခရမ်းချဉ်သီးဆော့စ်  -  စားပွဲဇွန်း ၂ ဇွန်း

ဆီ  -  စားပွဲဇွန်း ၂ ဇွန်း

ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်သီးအစိမ်းမှုန့်  -  စားပွဲဇွန်း ၁ ဇွန်း 

လီမွန်သီး  -  ၁ ခြမ်း

ရုံးပတီသီး  -  ၇ တောင့်

ဆလတ်ရွက်  -  ၁ စည်း


မန်ကျည်းဆော့စ်အတွက် ပါဝင်ပစ္စည်းများ

မန်ကျည်းအနှစ်  -  ၈ဝဝ မီလီလီတာ 

ထန်းလျက်  -  ၁ဝဝ ဂရမ်

ငံပြာရည်  -  စားပွဲဇွန်း ၃ ဇွန်း

သီဟိုဠ်စေ့  -  ၁ဝဝ ဂရမ်

နံနံမြစ်  -  ၅ ပင်

ကြက်သွန်ဖြူ  -  ၄၅  ဂရမ်

ငရုတ်သီးစိမ်းအနီ  -  ၇ တောင့်

ငရုတ်သီးစိမ်းအသေး  -  ၁၅ တောင့်

နံနံပင်  -  ၁၀ ဂရမ်


ပြုလုပ်နည်း

 ငါးကို သေချာစွာ ဆေးကြောသန့်စင်၍ အလယ်ရိုး ထုတ်ပြီး ဓားဖြင့် မွှန်းပါ။ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ရှမ်းနံနံတို့ကို ကျေညက်အောင် ထောင်းပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်ပါ။ ခရမ်းချဉ် သီးဆော့စ်၊ ဆီ၊ ဆားနှင့် ငရုတ်သီးအစိမ်းမှုန့်တို့ကို ထပ်မံထည့်ပါ။ လီမွန်သီးကို ပါးပါးလှီး၍ အရည်ညှစ် ထည့်ပြီး အားလုံးကို သမအောင် နယ်ပါ။  ပန်းကန်ထဲမှာ နယ်ထားသော အရသာဆော့စ်ကို ကင်မည့် ငါးမှာ သေချာစွာ သုတ်နယ်ပေးပါ။ ခဲပတ်ကို ငါးတစ်ကောင် ကင်မည့်အနေအထား ဖြတ်ယူထားပါ။ ပထမဦးစွာ ခဲပတ်ကို ခင်းပါ။ ခဲပတ်အပေါ်မှာ ငှက်ပျောရွက်ခင်းပြီး အရသာနယ်ထားသော ငါးကို တင်ပါ။ ငါးအပေါ်မှာ ငှက်ပျောရွက်ထပ်တင်ပြီး ခဲပတ်ကို သေချာလုံခြုံစွာ ထုပ်ပိုးပါ။ ခဲပတ်ဖြင့် ထုပ်ပိုးပြီးသော ငါးကို မီးဖြင့် ကျက်အောင် သေချာစွာကင်ပါ။ 


 မန်ကျည်းဆော့စ်အတွက် သီဟိုဠ်စေ့ကို ကျေညက်အောင်ထောင်းပြီး ခွက်တစ်ခွက်ထဲ ထည့် ထားပါ။ နံနံမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းအနီနှင့် ငရုတ်သီးစိမ်းအသေးတို့ကိုလည်း ကျေညက်အောင် ထောင်းပါ။ အနှစ်တိုက်ထားသော မန်ကျည်းအနှစ်၊ ငံပြာရည် နှင့် ထန်းလျက်တို့ကို အိုးတစ်လုံးထဲ ထည့်၍ မီးအေးအေးဖြင့် ဆူအောင်တည်ပြီး အအေးခံထားပါ။ ပန်းကန်ထဲ အအေးခံထားသော မန်ကျည်းနှစ်အရည်၊ ထောင်းထားသော သီဟိုဠ်စေ့၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး သေချာစွာမွှေပါ။ ငါးကင် နှင့်တွဲစားမည့် ရုံးပတီသီးကို မီးအေးအေးဖြင့် ကင်ပါ။ ကင်ထားသော ငါးကင်၊ မန်ကျည်းဆော့စ်နှင့် ရုံးပတီသီးကင်၊ ဆလတ်ရွက်တို့ကို တွဲဖက် စားသုံးနိုင်ပါပြီ။

-------------------------

Htain Lin Maung


(Zawgyi) 

 ေဆြမ်ိဳးေမ့သြားေစမယ့္ ၾကက္သားဆာေတး 




အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ ထမင္းနဲ႔ တြဲဖက္စားရင္လည္း လိုက္ဖက္မႈရွိသလို သူ႔ခ်ည္းပဲ စားမယ္ဆိုရင္လည္း အရသာရွိတဲ့ ၾကက္သားဆာေတး ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။


ပါဝင္ပစၥည္းမ်ား


ၾကက္ေပါင္ ၆၈၀ (ဂမ္ (အရိုးႏွင့္ အေရခြံတို႔ကို ဖယ္ၿပီး အတံုးငယ္ တံုးထားပါ)

အုန္းႏို႔ ၆၀ မီလီလီတာ

ငါးငံျပာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ပဲငံျပာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ငရုတ္သီးအႏွစ္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း



သၾကား လက္ဖက္ရည္ဇြန္း တစ္ဝက္

သံပုယိုရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း

ျပဳလုပ္နည္း အဆင့္ဆင့္




၁။ အကင္တုတ္ထိုးကို တစ္နာရီခန္႔ ေရစိမ္ထားေပးလိုက္ပါ။ ထိုကဲ့သုိ႔ ေရစိမ္ထားျခင္းက အကင္တုတ္ထိုးမ်ား မီးေလာင္ကြ်မ္းျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။


၂။ ၾကက္သားကို အုန္းႏို႔၊ ငါးငံျပာရည္၊ ပဲငံျပာရည္၊ ငရုတ္သီးအႏွစ္၊ သၾကား၊ သံပုယိုရည္တို႔ျဖင့္ သမေအာင္ နယ္ဖတ္ၿပီးတဲ့ေနာက္မွာ မိနစ္ ၃၀ ခန္႔ ႏွပ္ထားလိုက္ပါ။ တစ္ညခန္႔ ထားထားမယ္ဆိုရင္ေတာ့ ပိုမိုအရသာရွိပါတယ္။


၃။ ထိုကဲ့သို႔ ႏွပ္ထားၿပီးတဲ့ေနာက္မွာ ၾကက္သားတံုးမ်ားကို အကင္တုတ္ထိုးထဲတြင္ ထိုးထည့္ထားလိုက္ပါ။ တစ္ေခ်ာင္းကို ၄ တံုးမွ ၇ တံုးအထိ ထိုးထည့္ႏိုင္ပါတယ္။




၄။ ဒယ္အိုးအျပားကို အပူေပးၿပီး ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္ပါ။ ဆီပူလာပါက ၾကက္သားတုတ္ထိုးမ်ားထည့္ကာ ၁၀ မိနစ္ခန္႔ ကင္ေပးလိုက္ပါ။ ထို႔ေနာက္ အျခားတစ္ဖက္သို႔လွန္ကာ ေနာက္ထပ္ ၁၀ မိနစ္ ထပ္ကင္ေပးလိုက္ပါ။ (သင့္အေနနဲ႔ ဒယ္အိုးနဲ႔ မကင္ခ်င္ဘဲ အကင္မီးဖိုျဖင့္ ကင္ေပးမယ္ဆိုလည္း ရပါေသးတယ္။)




ဒါဆိုရင္ေတာ့ ၾကက္သားဆာေတးေလး ရရွိသြားပါၿပီ။ မိမိႀကိဳက္ႏွစ္သက္ရာအခ်ဥ္ရည္၊ ေဆာ့စ္တို႔ျဖင့္ အရသာရွိရွိ တြဲဖက္စားသံုးႏိုင္ပါတယ္။


Source: Thewoksoflife.com


ထိုင္းစတိုင္လ္ၾကက္ေကာင္လုံးကင္

---------------------------------------------




         ထိုင္းႏိုင္ငံ ေနရာအႏွံ႔အျပားမွာ ေတြ႕ရတဲ့ ၾကက္ကင္ပါ။ ျပင္ဆင္ရတာ မခက္ခဲေပမဲ့  ႏွပ္ထားရမယ့္အခ်ိန္လိုပါတယ္။ ႏွပ္ထားတဲ့အခ်ိန္ကို မေပးရင္ေတာ့ 

အရသာ ေကာင္းေကာင္းမရႏိုင္ပါဘူး။ ေနာက္တစ္ ခ်က္က မီးဖိုနဲ႔ကင္တဲ့အခါ မီးေအးေအးနဲ႔ စိတ္ရွည္ဖို႔ေတာ့ လိုပါတယ္။ Oven နဲ႔ ကင္မယ္ဆိုရင္လည္း အဆင္ေျပတဲ့အတြက္ ကင္နည္းကိုလည္း ေရးထားေပးပါတယ္။


ပါဝင္ပစၥည္းမ်ား

ၾကက္  -  ၁ ေကာင္ (၁ ပိႆာ ၂၀ က်ပ္သား)

ၾကက္သြန္ျဖဴ  -  ၄ ႁမႊာ

နံနံပင္အျမစ္  -  ၆ ပင္

င႐ုတ္သီးစိမ္းအနီ  -  ၂၅ ဂရမ္

င႐ုတ္ေကာင္းေစ့အျဖဴ  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း

နံနံေစ့  -  စားပြဲဇြန္း ၁၁ ဇြန္း (ေလွာ္ထားပါ)

စပါးလင္  -  ၂ ေခ်ာင္း (ပါးပါးလွီးထားပါ)

ထိုင္းငံျပာရည္  -  စားပြဲဇြန္း ၃ ဇြန္း

ပဲငံျပာရည္ အၾကည္  -  စားပြဲဇြန္း ၃ ဇြန္း

ပဲငံျပာရည္အေနာက္  -  စားပြဲဇြန္း ၁ ဇြန္း


ျပဳလုပ္နည္း

 ပထမဦးဆုံး ေလွာ္ထားတဲ့ နံနံေစ့နဲ႔ င႐ုတ္ေကာင္းေစ့ကို ေထာင္းပါ။ ၿပီးလွ်င္ နံနံပင္အျမစ္နဲ႔ စပါးလင္ ထည့္ၿပီး ေထာင္းပါ။ ညက္သြားရင္ ၾကက္သြန္ျဖဴ ထည့္ၿပီး ေထာင္းပါ။ င႐ုတ္သီးစိမ္း ထည့္ေထာင္းပါ။အားလုံးညက္ရင္ င႐ုတ္ဆုံထဲကို ငံျပာရည္၊ ပဲငံျပာ ရည္အၾကည္၊ ပဲငံျပာရည္အေနာက္ ထည့္ၿပီး ေမႊေပးပါ။ ဒါဆိုရင္ အသားႏွပ္ဖို႔ အဆင္သင့္ျဖစ္ပါၿပီ။


 ၾကက္ရဲ႕ ေနာက္ဖက္ျခမ္းမွာရွိတဲ့ ခလယ္႐ိုးကို ကတ္ေၾကးနဲ႔ ကိုက္ထုတ္ပစ္ပါ။ ၿပီးလွ်င္ ရင္ပုံသားဘက္ ကို လွန္ၿပီး လက္ျဖင့္ဖိခ်လိုက္ရင္ ၾကက္သားျပားသြား ၿပီး လိပ္ျပာပုံစံျဖစ္သြားမွာပါ။ ၿပီးလွ်င္ ၾကက္သားကို ဇလုံထဲထည့္ၿပီး ေစာေစာက အသားႏွပ္ဖို႔ ျပင္ထားတဲ့ အႏွစ္ကို ခပ္ထုတ္ၿပီး ၾကက္သား တစ္ေကာင္လုံး ႏွံ႔စပ္ ေအာင္နယ္ေပးပါ။ ၿပီးလွ်င္ အနည္းဆုံး ၂-၃ နာရီခန႔္ ႏွပ္ထားေပးပါ။ အေကာင္းဆုံးကေတာ့ တစ္ညသိပ္ထားရင္ အေကာင္းဆုံး ျဖစ္ပါတယ္။ မီးေသြးနဲ႔ကင္ မယ္ဆိုရင္ မီးအရမ္းမျပင္းဘဲ ျဖည္းျဖည္းနဲ႔ စိတ္ရွည္ရွည္ ကင္ေပးဖို႔ လိုပါတယ္။ Oven နဲ႔ကင္မယ္ဆိုရင္ Oven ကို ၁၈၀  ံC မွာ ၁၀ မိနစ္ ႀကိဳတင္ အပူေပးထားပါ။Oven နဲ႔ ဆံ့မယ့္ ဗန္းထဲကို ႏွပ္ထားတဲ့ၾကက္သား ထည့္ပါ။ ၿပီးလွ်င္ ခဲဖတ္နဲ႔အုပ္ၿပီး ၂၅ မိနစ္ခန႔္ ကင္ပါ။ၿပီးလွ်င္ ခဲဖတ္ကို ဖြင့္ၿပီး ေနာက္ထပ္ ၁၅-၂၀ မိနစ္ခန႔္ ကင္ေပးပါ။ ဒါဆိုရင္ ေမႊးၿပီး ေ႐ႊညိဳေရာင္သန္းတဲ့ ၾကက္ကင္ ရပါၿပီ။


ၾကက္ကင္နဲ႔ စားဖို႔  ေဆာ့စပ္နည္း

မန္က်ည္းရည္  -  စားပြဲဇြန္း ၁၀ ဇြန္း

ထိုင္းငံျပာရည္  -  စားပြဲဇြန္း ၃ ဇြန္း

ထိုင္းထန္းလ်က္  -  စားပြဲဇြန္း ၁ ဇြန္း

သံပရာရည္  -  စားပြဲဇြန္း ၂ ဇြန္း

င႐ုတ္သီးအက်က္မႈန႔္  -  ၃ ဇြန္း

ၾကက္သြန္ၿမိတ္  -  ၄ ပင္ (ပါးပါးလွီးထားပါ)

ၾကက္သြန္နီဥအေသး  -  ၃ လုံး (ပါးပါးလွီးထားပါ)

နံနံပင္  -  ၃ ပင္ (ပါးပါးလွီးထားပါ)


ျပဳလုပ္နည္း

 အိုးအေသးတစ္လုံးထဲကို မန္က်ည္းရည္၊ ထိုင္း ငံျပာရည္၊ ထိုင္းထန္းလ်က္ထည့္ၿပီး မီးဖိုေပၚတင္ၿပီး အပူေပးပါ။ ထိုင္းထန္းလ်က္ေပ်ာ္သြားေအာင္ အပူေပးပါ။ ထိုင္းထန္းလ်က္ ေပ်ာ္သြားရင္ အေအးခံထားပါ။ ေအးသြားရင္ ပါးပါးလွီးထားတဲ့ နံနံပင္၊ ၾကက္သြန္ၿမိတ္၊ ၾကက္သြန္နီ ထည့္ပါ။ င႐ုတ္သီးေလွာ္မႈန႔္ထည့္ပါ။ ၿပီးလွ်င္ သံပရာရည္ ညႇစ္ၿပီး ေမႊေပးပါ။ ဒါဆိုရင္ ၾကက္ကင္ေမႊးေမႊးနဲ႔ တို႔စားမယ့္ အခ်ဥ္ရည္ရပါၿပီ။

-------------------------

Myint Oo Tha


ငါးကင္ႏွင့္ မန္က်ည္းေဆာ့စ္

---------------------------------




ပါဝင္ပစၥည္းမ်ား

ကကတစ္ငါး  -  ၁ ေကာင္ (၅ဝဝ ဂရမ္)

င႐ုတ္ေကာင္း  -  ၂ ဂရမ္

ၾကက္သြန္ျဖဴ  -  ၁၅ ဂရမ္

င႐ုတ္သီးစိမ္း  -  ၅ ေတာင့္

ရွမ္းနံနံ  -  ၁၀ ဂရမ္

ခရမ္းခ်ဥ္သီးေဆာ့စ္  -  စားပြဲဇြန္း ၂ ဇြန္း

ဆီ  -  စားပြဲဇြန္း ၂ ဇြန္း

ဆား  -  လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း

င႐ုတ္သီးအစိမ္းမွုန႔္  -  စားပြဲဇြန္း ၁ ဇြန္း 

လီမြန္သီး  -  ၁ ျခမ္း

႐ုံးပတီသီး  -  ၇ ေတာင့္

ဆလတ္ရြက္  -  ၁ စည္း


မန္က်ည္းေဆာ့စ္အတြက္ ပါဝင္ပစၥည္းမ်ား

မန္က်ည္းအႏွစ္  -  ၈ဝဝ မီလီလီတာ 

ထန္းလ်က္  -  ၁ဝဝ ဂရမ္

ငံျပာရည္  -  စားပြဲဇြန္း ၃ ဇြန္း

သီဟိုဠ္ေစ့  -  ၁ဝဝ ဂရမ္

နံနံျမစ္  -  ၅ ပင္

ၾကက္သြန္ျဖဴ  -  ၄၅  ဂရမ္

င႐ုတ္သီးစိမ္းအနီ  -  ၇ ေတာင့္

င႐ုတ္သီးစိမ္းအေသး  -  ၁၅ ေတာင့္

နံနံပင္  -  ၁၀ ဂရမ္


ျပဳလုပ္နည္း

 ငါးကို ေသခ်ာစြာ ေဆးေၾကာသန႔္စင္၍ အလယ္ရိုး ထုတ္ၿပီး ဓားျဖင့္ မႊန္းပါ။ င႐ုတ္ေကာင္း၊ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္းႏွင့္ ရွမ္းနံနံတို့ကို ေက်ညက္ေအာင္ ေထာင္းၿပီး ပန္းကန္လုံးတစ္လုံးထဲ ထည့္ပါ။ ခရမ္းခ်ဥ္ သီးေဆာ့စ္၊ ဆီ၊ ဆားႏွင့္ င႐ုတ္သီးအစိမ္းမွုန႔္တို့ကို ထပ္မံထည့္ပါ။ လီမြန္သီးကို ပါးပါးလွီး၍ အရည္ညႇစ္ ထည့္ၿပီး အားလုံးကို သမေအာင္ နယ္ပါ။  ပန္းကန္ထဲမွာ နယ္ထားေသာ အရသာေဆာ့စ္ကို ကင္မည့္ ငါးမွာ ေသခ်ာစြာ သုတ္နယ္ေပးပါ။ ခဲပတ္ကို ငါးတစ္ေကာင္ ကင္မည့္အေနအထား ျဖတ္ယူထားပါ။ ပထမဦးစြာ ခဲပတ္ကို ခင္းပါ။ ခဲပတ္အေပၚမွာ ငွက္ေပ်ာရြက္ခင္းၿပီး အရသာနယ္ထားေသာ ငါးကို တင္ပါ။ ငါးအေပၚမွာ ငွက္ေပ်ာရြက္ထပ္တင္ၿပီး ခဲပတ္ကို ေသခ်ာလုံျခဳံစြာ ထုပ္ပိုးပါ။ ခဲပတ္ျဖင့္ ထုပ္ပိုးၿပီးေသာ ငါးကို မီးျဖင့္ က်က္ေအာင္ ေသခ်ာစြာကင္ပါ။ 


 မန္က်ည္းေဆာ့စ္အတြက္ သီဟိုဠ္ေစ့ကို ေက်ညက္ေအာင္ေထာင္းၿပီး ခြက္တစ္ခြက္ထဲ ထည့္ ထားပါ။ နံနံျမစ္၊ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္းအနီႏွင့္ င႐ုတ္သီးစိမ္းအေသးတို့ကိုလည္း ေက်ညက္ေအာင္ ေထာင္းပါ။ အႏွစ္တိုက္ထားေသာ မန္က်ည္းအႏွစ္၊ ငံျပာရည္ ႏွင့္ ထန္းလ်က္တို့ကို အိုးတစ္လုံးထဲ ထည့္၍ မီးေအးေအးျဖင့္ ဆူေအာင္တည္ၿပီး အေအးခံထားပါ။ ပန္းကန္ထဲ အေအးခံထားေသာ မန္က်ည္းႏွစ္အရည္၊ ေထာင္းထားေသာ သီဟိုဠ္ေစ့၊ ၾကက္သြန္ျဖဴႏွင့္ င႐ုတ္သီးစိမ္းတို့ကို ထည့္ၿပီး ေသခ်ာစြာေမႊပါ။ ငါးကင္ ႏွင့္တြဲစားမည့္ ႐ုံးပတီသီးကို မီးေအးေအးျဖင့္ ကင္ပါ။ ကင္ထားေသာ ငါးကင္၊ မန္က်ည္းေဆာ့စ္ႏွင့္ ႐ုံးပတီသီးကင္၊ ဆလတ္ရြက္တို့ကို တြဲဖက္ စားသုံးနိုင္ပါၿပီ။

-------------------------

Htain Lin Maung