Thursday, November 15, 2018

`V.I.P တွေ ရှိသေးလား´



 လူတွေဟာအကျင့်ဟောင်း၊စရိုက်ဟောင်းကိုပြင်နိုင်ခဲတယ် ။ အကျင့်ဆိုဖျောက်နိုင်ခဲတယ်။အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၊ န.၀.တ ၊ န.အ.ဖ စစ်အစိုးရခေတ် အဆက်ဆက်မှာ စစ်ဘက်အရာရှိတွေ စစ်ဘက်ကနေအရပ်ဘက်ကိုပြောင်းလာတဲ့အရာရှိတွေအားလုံးဟာ VIP ဆိုတဲ့ စကားကိုတွင်တွင်သုံးကြတယ် ။ နောက်ပိတ်ဆုံး စားသောက်ပွဲတွေ ၊ အစည်းအဝေးတွေ ၊ ထိုင်ခုံတွေမှာတောင် VIP ဆိုတု့စာကြီးကိုချိတ်လို့  ယိုသူမရှက် မြင်သူရှက်ရတဲ့ ဖြစ်ရပ်တွေအများကြီးရှိခဲ့တယ် ။ အခုကော ဒါတွေပျောက်သွားပြီလားဆိုတော့ ရှိနေတုန်းပဲ ။အထူးသဖြင့် ရှင်ပြုတုန်းကရွှေထီးဆောင်းဖူးသူကြီးတွေ ၊ နိုင်ငံရေးအထည်ကြီးပျက်တွေ ၊ အာဏာအထည်ကြီးပျက်တွေ ခေါင်းထဲမှာ သူများထက်အခွင့်အရေးပိုယူလိုက်ချင်တဲ့ အာဏာ၇ှင်စိတ်တွေဟာရှိနေတုန်းပဲ ။ အထက်လူကြီးကိုပျာပျာသလဲဖားလိုက်ရမှနေသာထိုင်သာရှိကြသူ ကျွန်စိတ်ပေါက်နေသူတွေလည်း မြန်မာနိုင်ငံမှာ အများကြီးရှိနေတုန်းပဲ ။

 ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ  အုပ်ချုပ်ရေးဘက်မှာခေါင်းတွဲသာအသစ်ပြောင်းသွားပြီး နောက်တွဲတွေအားလုံးကတော့ အရင် အရှိန်နဲ့ မပြောင်းမလဲရှိနေကြတုန်းပါပဲ ။ အောက်တိုဘာ၂၈ ရက်က သံတွဲ ငပလီကမ်းခြေက Silver Beach ဟိုတယ်မှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာနက ညွှန်ကြားရေးမှူးချုပ်တစ်ယောက် ခေါင်းမူးချော်လဲပြီးဒဏ်ရာရသွားပါတယ် ။ ဒါကို သံတွဲခရိုင်ဆေးရုံအုပ်ကြီးက ငပလီဆေးရုံလက်ထောက်ဆရာဝန်( တာဝန်ခံ) ဒေါက်တာစုနန္ဒာကျော်ကို  ဟိုတယ်သို့သွား၍ ကုသမှုပေးရန်ညွန်ကြားခဲ့ပါတယ် ။ ဒါကို ဆရာဝန်က မသွားနိုင်ကြောင်း ငြင်းဆန်ကာ လူနာကိုဆေးရုံသို့သာခေါ်လာရန် ပြောတဲ့အတွက် ဒေါက်တာ စုနန္ဒာကျော်ကို ဌာနဆိုင်ရာခုံစုံဖွဲ့ပြီးစစ်ဆေးအရေးယူဖို့ ဌာနတွင်းညွှန်ကြားလွှထွက်လာ ကာထိုညွှန်ကြားလွှာဖေ့စစ်ဘွတ်ပေါ်ရောက်လာအပြီးမှာတော့ ရခိုင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ၊ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူအချို့ နဲ့ ပြန်ကြားရေးဝန်ကြီးဌာနကအရာရှိတွေကို မြန်မာပြည်သူလူထုက ပြင်းပြင်းထန်ထန်ဝေဖန် ရှုတ်ချကြပါတယ် ။ဝေဖန်သံတွေပွက်လောညံ လာမှပဲ ဟိုတယ်သို့သွားပြီး ညွှန်ကြားရေးမှူးချုပ်ကို ဆေးကုသပေးရန်ငြင်းဆန်တဲ့ ငပလီတိုက်နယ်ဆေးရုံဆရာဝန်ကို စစ်ဆေးမှု မပြုလုပ်တော့ကြောင်း သံတွဲဆေးရုံအုပ် ဒေါက်တာ ကျော်နိုင်ဝင်းက ပြောပါတယ် ။

 ဒီတော့ ဖြစ်စဉ်ကရှင်းရှင်းလေးပါပဲ ။ လူတယောက် ဒဏ်ရာရတယ် ။ သူ့ ကိုယ်သူ VIP လို့ သူကိုယ်တိုင်ကသော်လည်းကောင်း၊ သူ့ကိုဖားယားနေတဲ့ နောက်လိုက်နောက်ပါများကသော်လည်းကောင်း သတ်မှတ်တယ် ။ သူများတဲ့ထူးတဲ့ ၀န်ဆောင်မှု ကိုတောင်းတယ် ။ တကယ်တော့ ဒါမျိုးဟာ၇ှက်ဖို့ကောင်းပါတယ် ။ ဒဏ်ရာရရင်ဆေးရုံသွားပေါ့ ။ မသွားနိုင်ရင် လူနာတင်ယာဉ်ခေါ်ပေါ့ ။ အစိုး၇ဆေးရုံကိုအားမကိုးရင် ပုဂ္ဂလိကဆေးရုံဆေးခန်းကိုသွးပေါ့ ။ ပြည်သူလူထုအားလုံးလည်း ဒီလိုပဲလုပ်ကြတာပါပဲ ။ ကိုယ့်မှာ မိသားစုဆရာဝန်သီးသန့်ရှိရင် မိသားစုဆရာဝန်ကို (ကိုယ့် ကုန်ကျစားရိတ်နဲ့ကိုယ် ခေါ်ကုပေါ့) ။ အများပြည်သူကို ကုသ၀န်ဆောင်မှုပေးနေတဲ့ ၊ ဆရာဝန်ရှားပါှးလှတဲ့နေရာက နိုင်ငံ့တာဝန်ထမ်းနေတဲ့ ဆရာဝန်တယောက်ကို လာခဲ့စမ်းလို့ ခေါ်ဖို့အကြံပေါက်တာရော ၊ ခေါ်ပေးဖို့ ညွှန်ကြားတဲ့ ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီးရော၊ အဲဒိလိုမတော်မတရားအမိန့်ကို အကောင်အထည်ဖော်ဖို့ဖိအားပေး ညွှန်ကြားတဲ့ သံတွဲခရိုင်ဆေးရုံအုပ်ကြီးကိုရော ပြည်ထောင်စုအစိုးရက ခုံရုံးဖွဲ့စစ်ဆေးအပြစ်ပေးသင့်တာပါ ။ VIP ရောဂါအမြစ်ပြတ်စေဖို့  ငွေဒဏ် ၊ကြိမ်ဒဏ် ၊တဆင့်လျော့ဒဏ် ။အလုပ်ကရပ်စဲတဲ့ဒဏ် ၊  ထောင်ဒဏ်များနဲ့ ကုသကြရမှာဖြစ်ပါတယ် ။

။ တကယ်တော. မြန်မာနိုင်ငံမှာ ၊ တစ်ချို. အေးအေးနေတတ်တဲ. အရာရှိတွေ ၊ အရာရှိကတော်တွေတော. ရှိကောင်းရှိနိုင်ပါတယ် ။အများစုကတော. ဆိုင်ဆိုင်မဆိုင်ဆိုင် ငါ အရေးကြီးပုဂ္ဂိုလ်ဆိုတဲ. V.I.P ရောဂါ စွဲကပ်နေတာတော.အသေအချာပါပဲ ။

          မကြာသေးမီကကျွန်တော်.မိတ်ဆွေ  တစ်ယောက် နေပြည်တော်ကရန်ကုန်အပြန် အမြန်လမ်းမကြီးပေါ်မှာကားမောင်းလာပါသတဲ .။ ရန်ကုန် နေပြည်တော် အမြန်လမ်း ပေါ် ရန်ကုန် အပြန် ဘက်ခြမ်း မိုင်တိုင် ၇၀ ကျော် က စ ပြီး VIP တပ် လမ်း ကြောင်း ရှေ့နောက် POINT GUARD ၃ စီး အ လယ် မှာ လူကြီး ကား တစ်စီး က အမြန်လမ်း ယာဉ်ကြောနှစ်ကြောစာကို တစ်နာရီ ကီလို ၉၀ နှုန်း လောက် နဲ့ ပိတ် မောင်း တာ ၃၈ မိုင် က ဌာန တစ် ခု ဝင်းထဲဝင် တဲ.အထိပဲ ။ ဘယ် ကားမှ ကျော် လို့ မရ ။ ကျော် ဖို့ လမ်းတောင်း ရငိ နောက် ဆုံ့း point ကား က ပိတ် ထားတာ တလမ်း လုံး မိုင် ၄၀ လောက် ငုတ်တုတ် ကားတန်း ကြီး ကို ရှည် လို့ ။ အော် VIP VIP လို. ငြီးနေတာကိုကြားဖူးပါတယ် ။ မြန်မာပြည်တစ်နံတစ်လျားမှာတော. V.I.P ဆိုတဲ. သူတို.ပဲအရေးကြီးပြီး တခြားသူတွေ က ဘာမှအရေးမကြီးဘူးလို. တစ်ဖက်သတ်သဘောထားလေ.ရှိတဲ.  Very Important Person ( တစ်ချို.ကလဲ Very Insane Person လို.နောက်ပြောင်ခေါ်ကြပါတယ် ) တွေရဲ. ဒုက္ခပေးမှုကိုမခံရဘူးတဲ.သူမရှိသလောက်ရှားမှာပါ ။ ခံရတဲ.သူတိုင်းကသာ စာရေးကြရင် သမ္မာကျမ်းစာထက်ဆယ်ဆ ထူတဲ.စာအုပ်ကြီး ၁၀ အုပ်လောက်ရမယ်ထင်ပါတယ် ။

          ကျွန်တော်ကိုယ်တိုင်ကြုံဖူးတာတော. ၁၉၉၈ လောက်ကပါ ။ ကလောကနေ ဟဲဟိုးလေဆိပ်ကို နိုင်ငံခြားသားခြောက်ယောက်နဲ.လေယာဉ်စီး ရအောင်လာတဲ.အခါမှာ အောင်ပန်းအထွက်ကိုရောက်တော. ကားတွေရှေ.ဆက်မသွားတော.ပဲ ရပ်ထားကြတာ ယာဉ်တန်းရှည်ကြီးဖြစ်နေကြလို. စုံစမ်းကြည်.တော. လူကြီး ( တိုင်းမှူးလား ၊တပ်မမှူးလား မမှတ်မိတော.ပါဘူး ) လမ်းကြောင်းလာမှာမို.လမ်းကြောင်းရှင်းထားတာလို.ပြောကြပါတယ် ။ ကျွန်တော်လဲ ခနတစ်ဖြုတ်လမ်းပိတ်တာမှတ်လို. စောင်.နေမိတာ ဆယ်မိနစ်ကြာလဲ ဒီအတိုင်း ၊မိနစ်နှစ်ဆယ်ကြာလဲ မထူးခြား ၊ ကားတန်းကြီးဟာ ရှည်သထက်သာရှည်လာနေပါတယ် ။ ဒီအတိုင်းဆိုကျွန်တော်တို.ဟာ ဟဲဟိုးလေဆိပ်ကို အချိန်မီရောက်နိုင်မှာမဟုတ်တော.ဘူး ၊ အချိန်မီမရောက်ရင်လေယာဉ်နဲ.လွဲသွားပြီး အကြီးအကျယ်ဒုက္ခရောက်ပါတော.မယ် ။ အဲဒါကြောင်.ကျွန်တော်က လမ်းပိတ်ထားတဲ. စစ်သားကိုအကျိုးအကြောင်းသွားပြောပြပါတယ် ။ လေယာဉ်လက်မှတ်ကိုရော နိုင်ငံခြားသားတွေကိုရောပြလိုက်ပါတယ် ။ သူကဗိုလ်ကြီးနဲ.ပြောပါဆိုလို. ဗိုလ်ကြီးဆိုသူကိုတက်ပြောပြတော.မှ ( နိုင်ငံခြားသားမျက်နှာနဲ. ) သွားခွင်.ပြုလိုက်ပါတယ် ။ ကျွန်တော်တို.ကိုအားလုံးကို လမ်းဘေးမှာစောင့်နေကြရတဲ့ခရီးသည်တွေက ငေးကြည်.ပြီးကျန်ရစ်ကြတော.ကျွန်တော်.မှာ ရှက်လိုက်တာမပြောပါနဲ.တော.။ အမှန်ကတော.ရှက်တတ်ရင်  လမ်းပိတ်ထားသူတွေကရှက်ရ မှာပါ ။လမ်းဘေးကခရီးသည်တွေထဲမှာလဲ အချိန်နောက်ကျခဲ.ရင် ဘ၀နဲ.ချီပြီးဆုံးရှုံးနစ်နာရမယ်.သူတွေလဲ ဒုနဲ.ဒေးပါလာမှာပါ ။ အမေအသန်းအသန်ဖြစ်လို.အသက်မီအောင်ပြန်လာခဲ.တဲ. သားတွေ သမီးတွေပါချင်ပါမယ် ။ စားမေးပွဲဖြေဖို.လာတဲ.ကျောင်းသားကျောင်းသူတွေပါချင်ပါမယ် ။ဆွမ်းစားချိန်လွန်တော.မယ်. သံဃာတော်တွေပါချင်ပါမယ် ။ ဆေးရုံကိုအချိန်မီ ပို.ဆောင်ရမယ်. လူမမာတွေပါချင်ပါလာမယ် ။ အာဏာရှင် အချို.ရဲ.အမြင်မှာတော. သူတို.သည်သာအရေးပါသူတွေဖြစ်ပြီး တိုင်းသူပြည်သားတွေရဲ.ကိစ္စတွေဟာ ဘာမှအရေးပါအရာမရောက်တော.သလိုပါပဲ ။

ဒီလိုလုပ်နေတာတွေကိုတပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသာမြင်ရင် ဘယ်လောက်ယူကျုံးမရဖြစ်လိုက်မလဲလို.တွေးနေမိပါတယ် ။ အခုတော. တိုင်းသူပြည်သားတွေခမျာ စစ်ဗိုလ်လဲကြောက်ရ ၊ ဗိုလ်ကတော်လဲကြောက်ရ ။ဘယ်သူလာလာ V.I.P ဆိုတာနဲ. လမ်းဘေးမှာကားရပ် ၊ ကိုယ်.ကိစ္စတွေကို အားလုံးပစ်ထားလိုက်ဆိုတာ ပဒေသရာဇ်ခေတ်မှာ ဘု
ရင်တွေကိုဖူးမျှော်ရသလိုဖြစ်နေပါတယ် ။ နိုင်င.ံသနင်းဥသျှောင်သမ္မတမင်း ကို ဒီလိုအရိုအသေပြုရတာ (လက်မခံချင်သည်.တိုင် ) နားလည်ပေးလို.ရပေမယ် . ၊ တပ်မတော်အရာရှိကြီးတွေ သွားတိုင်းလာတိုင်း (အထူးသဖြင်. ပြည်နယ်တွေမှာ ) V.I.P ရောဂါထပြီး ဗိုလ်ကျစိုးမိုးနေတာကတော. မရှိသင်.တော.ပါဘူး ။ တစ်ခါတစ်လေ တပ်မတော်အရာရှိကြီးတွေတောင်မပါပဲနဲ. သူ.ရဲ. တိုင်းမှူးကတော် ၊တပ်မမှူးကတော် ။ တိုင်းမှူး၏ သမီး ၊ သမီး၏သူငယ်ချင်း။သူငယ်ချင်း၏မိန်းမ စသည်ဖြင်. တပ်မတော်အဆောင်အယောင်ကို ပုဂ္ဂလိကကိုယ်ကျိုးအတွက် V.I.P အဆင်.သတ်မှတ်နေကြတာကတော. ယိုသူမရှက်မြင်သူရှက်စရာပါပဲ ။

          နယ်တွေမှာတော.မပြောနဲ.ရန်ကုန်မြို.လယ်ခေါင် Sedona ဟိုတယ် ၊ Traders ဟိုတယ်တွေမှာတောင် မျက်နှာကြီး မင်္ဂလာဆောင်တစ်ခုရှိလို. တပ်မတော်အရာရှိကြီးတွေ ၊ တစ်ခါတစ်လေ အရာရှိတောင်မပါပဲ အရာရှိကတော်တွေ၊၀န်ကြီးကတော်တွေ လာရင် ဟိုတယ်လာတဲ.ကားတွေကိုပိတ်ပြီး ရဲတွေ ၊ လုံထိမ်းတွေက လမ်းရှင်းပေးကြတာ စောင်.ရတဲ.သူတွေအဖို. ဆီဒိုးနားဟိုတယ် ထဲကိုဝင်ဖို.ထွက်ဖို. မိနစ် ၂၀ ၊ နာရီဝက်လောက်ကြာပါတယ် ။ နိုင်ငံခြားသားတွေကိုသွားခေါ်တိုင်း ဟိုတယ်အ၀င်ကျမှ V.I.P ဆိုတဲ.လူတွေနဲ.တိုးပြီး အချိန်းအချက်အချိန်တွေ ကမောက်ကမဖြစ်ရတာ ဧည်.လမ်းညွှန်တွေမှာမကြာခနကြုံရတတ်ပါတယ် ။ ဒီနေရာမှာစဉ်းစားစရာတစ်ခုက ဘယ်လောက်ရာထူးကြီးတဲ.သူပဲဖြစ်ဖြစ်မင်္ဂလာဆောင်လာတယ်ဆိုတာ နိုင်ငံတော်တာဝန်ကိုထမ်းဆောင်နေတာမဟုတ်ပဲ သူ.ရဲ. Personal ပုဂ္ဂိုလ်ရေး ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကိုဆောင်ရွက်နေတယ်ဆိုတာပါပဲ ။ လူတစ်ယောက်ဟာ သူ.ရဲ. ပုဂ္ဂိုလ်ရေး သာရေး နာရေးကိစ္စတစ်ခုကိုဆောင်ရွက်နေတဲ.အတွက် အခြား တိုင်းသူပြည်သားတွေရဲ. လွတ်လပ်ခွင်.ကိုမကန်.သတ်မချုပ်ခြယ်သင်.ပါဘူး ။ တစ်နည်းပြောရရင် V.I.P ဆိုတဲ.တံဆိပ်ကို မဆိုင်တဲ.နေရာမှာမကပ်စေချင်ပါဘူး ။ အဲဒိလိုလုပ်နေတာတွေဟာ သက်ဆိုင်ရာကာယကံရှင်တွေက ဂုဏ်ရှိတယ် ၊ အများထက်သာတယ် လို. ထင်ကောင်းထင်ပေမယ်. မျက်လုံးပေါင်းများစွာရဲ. အထင်သေးအမြင်သေးအကြည်.တွေနဲ.အတူ လူတွေက မေတ္တာပို.ပြီးကျန်ခဲ.ကြတာကိုတော. V.I.P ကြီးတွေသိကြမယ်မထင်ပါဘူး ။

           မိတ်တွေတစ်ယောက်ကြုံခဲ.ရတာက ဒီလိုပါ ။

  “မနှစ်ကဖေဖော်ဝါရီလထဲမှာကျိုက်ထီးရိုးဘုရားဖူးသွားခဲ့ပါတယ်။မနက်စောစောထပြီးဘုရားရဲ့ဘယ်ဘက်ကအာရုံခံတန်ဆောင်းနေရာမှာပုတီးစိတ်နေတုန်းနောက်ကနေ ဘုရားဖူးဓမ္မမိတ်ဆွေများခင်ဗျားမိမိတို့ရဲ့ဘုရားအာရုံ၊တရားအာရုံများကိုခေတ္တရုတ်သိမ်းပြီးဤနေရာမှဖယ်ရှားပေးပါရန်မေတ္တရပ်ခံပါတယ်ခင်ဗျား ဆိုပြီးလုံခြုံရေးတစ်ယောက်ကနှင်ပါတယ်။ဒါနဲ့နေရာကထပြီးအနှောက်အယှက်ကင်းတဲ့ဘုရားအောက်ပါတ်လမ်းမှာသွားပြီးပုတီးစိတ်ခဲ့ပါတယ်။ပြီးတော့ခုနကအနှင်ခံရတဲ့နေရာကိုကြည့်လိုက်တော့အဖွားကြီးတစ်ယောက်မိန်းမတစ်ယောက် ၊ ဘယ်သူမှန်းမသိတဲ. လူတစ်ယောက် ကိုတွေ.ရပါတယ် ။  ဘုရားမှာဒီလိုအဖြစ်တွေမရှိသင့်တောဘူးထင်ပါတယ်။ “ တဲ. ကျိုက်ထီးရိုးဘုရားဖူးတာတောင် V.I.P လာလို. ဘုရားဖူးကိုမောင်းထုတ်တာသာကြည်.ပါတော.ဗျာ ။

          ဒီ V.I.P စနစ်ဟာ မန္တလေးမြို.ရဲ.ကျက်သရေဆောင် မဟာမြတ်မုနိကိုယ်တော်မြတ်ကြီးရှေ.မှာလဲမရှက်မကြောက် အစွမ်းပြကြောင်း မန္တလေးကလူတွေပြောတာက

“ တို. မန်းလေးတော့  VIP လာရင် လမ်းဘေးကပ်ပေးရတယ်။မီးပွိုင့် မှာ အကြာကြီး ရပ်နေရတယ်။ယုတ်စွအဆုံး မဟာမြတ်မုနိ မှာ သူတို့  လာဖူးမယ့် နေ့  ဆိုရင် ရှေ့မှာ ကာထားလို့  နောက်ကပဲဖူးရတယ်။ ဒါတောင်သူတို့ များကည ဘုရားတံခါးပိတ်မှလာမှာကို ကြိုပြီးနေရာပြင်ထားတာလေ။ နေ့ ခင်းသာလာဖူးရင် ဒို့ ပြည်သူ ကိုဝင်ခွင့် မှပေးပါ့ မလား။ အေးပေါ့ လေ သူတို့ ကပြည်သူတွေနဲ.တွေ.ရင် ဆင်းရဲသားစော်နံလို့ နေမှာပေါ. “  ဆိုတော. V.I.P ဟာ ဗုဒ္စဘုရားရှေ.မှာတောင် မရှောင်တော.ပါလားလို.အံ.သြရပါတယ် ။ စစ်အစိုးရလက်ထက်က နယ်မြို.တွေမှာ ခရီးသည်လေယာဉ်ပေါ်ရောက်ပြီးမှ V.I.P ရောက်လာလို.ဆိုပြီး လိုက်မယ်.ခရီးသည်လေယာဉ်ပေါ်ကပြန် ဆင်းပေးရတာတွေတောင်ရှိသတဲ. ။  ပြောရရင်တော.ကုန်နိုင်ဖွယ်မရှိပါဘူး ။ တစ်ချို.ကပြောတော.လဲ မန္တလေးတောင် ပေါ်ကို V.I.P ဆိုတာလာတဲ.နေ.ဆိုရင် ခါတိုင်းတက်နေကျ ကားတွေ တစ်စီးမှတောင်ပေါ််တက်ခွင်.မရှိတော.ပါဘူးတဲ. ။ နိုင်ငံခြားသားကအစ ခြင်္သေ.ကြီးနှစ်ကောင်ကနေ စပြီးလမ်းလျှောက်တက်ရပါသတဲ. ။ V.I.P ပြန်သွားတော.လဲ ကားလမ်းကိုတော်တော်နဲ.မဖွင်.သေးဘူးတဲ. ။ တစ်ခါတစ်လေ V.V.I.P ဆိုပြီးလုပ်လာတာတွေတောင်ရှိသတဲ. ။ V.V.I.P ဆိုလို.ဘယ်သူလဲလို.ကြည်.လိုက်တော. တရုတ်နိုင်ငံကဧည်.သည်တွေဖြစ်နေကြတာတွေ.ရ ပါသတဲ.။ အံ.သြကုန်နိုင်ဖွယ်ပါပဲခင်ဗျာ ။

          နိုင်ငံတကာမှာတော. ၀န်ကြီးတွေ ၊အစိုးရအဖွဲ.၀င်တွေ ဟာ ပြည်သူနဲ.တစ်သားတည်းရှိတယ် ။ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုဟာ ရုံးကို သူ.ဘာသာ ပဲ ရထားစီးပြီးလာလေ.ရှိတယ် ။ အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဆိုရင်လဲ နေ.စဉ် ရုံးကို မြေအောက်ရထားစီးပြီး သူလိုငါလိုပဲရုံးတက်လေ.ရှိတယ် ။ ဗိုလ်ချုပ်အောင်ဆန်းဟာဘုရင်ခံ၏အမှုဆောင်ကောင်စီ ဒုဥက္ကဌ ရာထူးလက်ကိုင်ရှိလျက် နှင်.  ရုပ်ရှင်ရုံပိုင်ရှင်ကိုပြောရင် အထူးတန်းက အခမဲ.စီစဉ်ပေးနေမှာစိုးလို.အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ. ကိုယ်.ပိုက်ဆံနဲ.ကိုယ် ငါးမူးတန်းကရုပ်ရှင်ကြည်.ခဲ.တယ် ။ ဂန္ဒီကြီးဟာ မီးရထားဒုတိယတန်းကစီးခဲ.တယ် ။ဘာဖြစ်လို.ဒုတိယတန်းကစီးရတာလဲလို. သတင်းထောက်တွေကမေးတော. ဒုတိယတန်းကစီးရတာကတော. တတိယတန်းမရှိလို.ပါဆိုတဲ. ကမ္ဘာကျော်တဲ.သမိုင်းဝင်စကားကိုဆိုခဲ.တယ် ။ ဗိုလ်ချုပ်အောင်ဆန်းဟာသူ.ကိုယ်သူ V.I.P ဆိုပြီးတစ်ခါ မှ သူများထက်ထူးပြီးအခွင်.အရေးမယူခဲ.သလို ၊ သူ.မိသားစုကိုလဲ အခွင်.အရေးမယူစေခဲ.ဘူး ။ ဒေါ်ခင်ကြည် ဘုရားဖူးလာမှာမို.လို. အားလုံးနေရာကထပေးကြပါဆိုတာမျိုးတစ်ခါမှ မကြားခဲ.ရဖူးဘူး ။ ဗိုလ်ချုပ်တို.ဟာအသက်သာစွန်.သွားတယ် လူကိုလူချင်း V.I.P ဆိုပြီး မဏ္ဍပ်တိုင်တက်မပြခဲ.ဖူးဘူး ။

          နိုင်ငံတကာမှာလည်း V.I.P ဆိုတာ ရှိတော.ရှိပါတယ် ။ နိုင်ငံတော်သမ္မတ ၊ ၀န်ကြီးချုပ်တွေ ၊ ဘုရင် ၊ ဘုရင်မ စတဲ.နိုင်ငံ. ဥသျှောင်တွေ ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးလို နိုင်ငံတကာအဖွဲ.အစည်းကခေါင်းဆောင်တွေ ။ ပုပ်ရဟန်း မင်းကြီး ၊ ဗုဒ္စဘာသာ ဘုန်းတော်ကြီး ဒလိုင်းလားမားလိုပုဂ္ဂိုလ်တွေ လာတဲ.အခါ အခမ်းအနားနဲ. ဂုဏ်ပြုကြိုဆိုကြတယ် ။ ထိုက်သင်.တဲ.လုံခြုံရေးဆောင်ရွက်ပေးကြတယ် ။ဒါပေမယ်. လူကြီးလာလို. လူတွေကိုလမ်းပိတ်ထားတာမျိုး မရှိသလောက်ပါပဲ ။  ဒါတောင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း ကမ္ဘာ.ဖလားဘောလုံးပွဲ ဖွင်.ပွဲလာကြည်.တာတွေ.ဖူးတယ် ။ ထီးတော်မိုးတောင်မပါဘူး ။ ကွင်းထဲကိုတစ်ယောက်တည်းဝင်လာပြီး ဘောလုံးကိုကန်လို. ဖွင်.ပွဲအခမ်းအနားကိုဖွင်.လှစ်ပေးတယ် ။ ဒို.ဆီက လူကြီးအချို့ ဘောလုံးပွဲလာကြည်.ရင် ကော်ဇောတွေ ခင်းရတာနဲ. ၊ ဆိုဖာဆက်တီတွေ ချရတာနဲ. ၊ လက်ဘက် ပွဲ အအေးပွဲတွေ တည်ရတာနဲ. ၊ထီးတော်မိုးနဲ. ၊ ကားလမ်းတွေလူမသွားအောင်ပိတ်ရတာနဲ. ။ လမ်းဘေးဈေးသည်တွေမထွက်ခိုင်းတာနဲ. ။ ရှက်တတ်မယ်ဆိုရှက်စရာကိစ္စတွေကို ရှက်၇ကြောက်ရမှန်းမသိဆောင်ရွက်နေကြတာ ထုံးစံတစ်ခုလိုဖြစ်နေပါပြီ ။ အင်း ဗွီအိုင်ပီရော ဂါ ၊ဗွီအိုင်ပီရောဂါ ။ သူ့ခေါင်းမှာလဲသပြေညို ငါ့ခေါင်းမှာလဲသပြေညိုဆိုတဲ့ ကဗျာ လိုပဲ

ညွှန်မှူးကလဲ VIP

ညွှန်ချုပ်ကလဲ VIP

တို့ပြေမှာ ရောဂါတိုးနေတဲ့ ၊တို့ VIP  ။

ဘာမလျော့လေနဲ့ လာတော့မကွဲ့  VIP

သူခိုးဓားပြကအစ အစိုးရ အရာရှိ

ရုံးစေပြာတာအထိ

ရူးကြပါသည်   ၊  ဗွီ အိုင်ပီ

ဟုသာစာစပ်လိုက်ချင်ပါကြောင်း။

သရ၀ဏ်(ပြည်)

No comments: