Sunday, November 11, 2018

Huawei Mate 20 Pro : Is This The Real Life? Is This Just Fantasy?


Tech Gadget's Imperfect In-Depth Reviews : Part - 8 ½
@TechGadgetMM

Mama, just killed a man.

Huawei ရဲ့ ကိုယ်ပိုင် Bohemian Rhapsody ဒါမှမဟုတ် Huawei Mate 20 Pro. This is the only caption we can came up with after using Mate 20 Pro a while.

Queen အတွက် Bohemian Rhapsody ဟာ Masterpiece တစ်ခု... Huawei အတွက်ကတော့ နှစ်တိုင်းတိုးတက်နေတဲ့ ဒီနည်းပညာလောကကြီးမှာ Masterpiece တစ်ခုလို့ပြောလို့မရပေမယ့်လည်း ဒီအချိန် ၂၀၁၈ နှစ်ကုန်အထိ အကောင်းဆုံးဖြစ်နေတဲ့ Masterpiece

ဒါပေမယ့် Masterpiece တစ်ခုဆိုတာထက် Huawei Mate 20 Pro ဟာ Bohemian Rhapsody သီချင်းလိုပဲထူးခြားချက်တွေအပြည့်နဲ့ပါ။ ဒါပေမယ့် ခဏ Break အနေနဲ့ ဆက်မသွားခင် တကယ်လို့ Queen ရဲ့ Bohemian Rhapsody သီချင်းကို နားမထောင်ဖူးခဲ့သေးရင် အရင်နားထောင်ကြည့်ပါ။ We will be referencing a lot on it and you might get lost in the clouds if you have't listen yet.

Opera တစ်ခုလုံးပါတဲ့ မတူညီတဲ့ Music Type ၅ ခုကို ၆ မိနစ်စာသီချင်းတစ်ပုဒ်အနေနဲ့ သီဆိုထားတဲ့ Bohemian Rhapsody က ထွက်ပြီး နှစ် ၄၀ လောက်ကြာတဲ့အထိကို Legendary Song တစ်ခုအနေနဲ့ ရှင်ကျန်ခဲ့ပေမယ့် Huawei Mate 20 Pro က ပုံမှန် သူ့ခေတ်က ပြိုင်ဘက်တွေမှာပါတဲ့ Feature တစ်ခုစီတွေ၊ အမျိုးအစားတစ်ခုစီပဲ ပါမယ့်အစား အကုန်လုံးကို နံရံကိုပစ်ပေါက်နေသလို၊ ကျွန်တော်တို့ အကြိုက်ဆုံး Cafe တစ်ခုဖြစ်တဲ့ Café Salween က ရှမ်းခေါက်ဆွဲ၊ လက်ဖက်နဲ့ ပုန်းရည်ကြီးကို Pasta လုပ်နေသလို၊ ကျွန်တော်တို့ အခု စမတ်ဖုန်းတစ်ခုရဲ့ Review ကို သီချင်းတစ်ပုဒ်နဲ့ ဘာမှမဆိုင်ပဲ ထည့်ရေးနေသလို အစုံထည့်ပြီး ထုတ်လိုက်တာကြောင့်ပါ။

ဒီ Huawei Mate 20 Pro စမတ်ဖုန်းက အခုအချိန်အထိ ထွက်ထားသမျှဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်းလား?

အခုအဖြေကိုတော့ လာမယ့် ရှည်လျားရှုပ်ထွေးလှသော Review ကို ဆက်ဖတ်ဖို့လိုအပ်ပေမယ့် အခုဖြေနိုင်တဲ့အဖြေတစ်ခုတော့ရှိပါတယ်။

Bohemian Rhapsody က အခုအချိန်အထိ နားထောင်ဖူးသမျှသီချင်းတွေထဲမှာ အထူးခြားဆုံးဖြစ်နေသလိုပဲ Huawei Mate 20 Pro ကလည်း ထပ်တူလက်ရှိအချိန်အထိ Review ဖြစ်၊ သုံးဖြစ်ခဲ့တဲ့ စမတ်ဖုန်းတွေထဲမှာ ထူးခြားနေတဲ့ဖုန်းတစ်ခုဆိုတာကတော့ ကျိန်းသေပြောနိုင်တဲ့အချက်ပါ။

ကဲ... စကြတာပေါ့။

#Design

Huawei Mate 20 Pro က ပြီးခဲ့တဲ့ Huawei P20 Pro လိုမျိုးလက်ရှိစမတ်ဖုန်းတွေကနေကွဲထွက်နေတဲ့ ကိုယ်ပိုင်ဒီဇိုင်းတစ်ခုကို ယူထားပါတယ်။ အရင် Mate Series ဖုန်းတွေနဲ့ မတူညီတဲ့အတွက် Consistency မရှိဘူးလို့ အပြစ်ပြောနိုင်ပေမယ့်လည်း အခု Mate 20 Pro ကို ကျွန်တော်တို့ Design ပိုင်းအရ ကြိုက်ပါတယ်။

အရင်ဆုံး Curved ဖြစ်သွားတဲ့ Display က စစခြင်းကိုင်လိုက်တာနဲ့ သတိထားမိတဲ့အချက်ပါ။ Samsung Galaxy ဖုန်းတွေ အထူးသဖြင့် ဒီဖုန်းက Samsung ရဲ့ Galaxy Note 9 Level ကို ချိန်ပြီးတိုက်ခိုက်တဲ့ဖုန်းတစ်ခုဆိုတာကို ကိုင်လိုက်တာနဲ့ ခံစားရတယ်။ ဒီနေရာမှာ Curved ဖြစ်နေတဲ့ Display အကြောင်းမပြောခင် ဘာလို့ လိုက်ပြီး Curved လုပ်နေတာလဲ Huawei?

အဖြေတစ်ခုစဉ်းစားလို့ရတာက Design လှဖို့ထက် Galaxy ဖုန်းတွေကို ပိုပြီးပြေးမြင်ပါတယ်။ Curved ဖြစ်နေတဲ့ Display ကိုကြိုက်လို့ Galaxy ဖုန်းတွေကို ကိုင်နေတဲ့သူတွေအများကြီးပါ။ အဲ့လိုလူတွေကို Mate 20 Pro ကို ပြောင်းလာအောင်လုပ်မယ်ဆိုရင် Specs နဲ့ ဆွဲဆောင်တာထက် Curved Display ကိုပဲ လိုက်လုပ်လိုက်တာက ပိုမလွယ်ဘူးလား? ဒါက ကျွန်တော်တို့ မြင်တဲ့အမြင်တစ်ခု။ ထပ်တူလိုက်ပြီး Apply လုပ်နိုင်တဲ့ Concept က iPhone X မှာ Notch ပါလာလို့ iPhone X ဈေးထက်သက်သာတဲ့ များစွာသော Notch မျိုးစုံနဲ့ Android ဖုန်းတွေထွက်လာတာ...

Design က Curved Display တစ်ခုထဲပြောနေရုံနဲ့ မလုံလောက်တော့ ကျန်တာတွေဆက်ပြောတာပေါ့။

6.39" Display ဆိုတာက ကြီးပါတယ်။ ဒါပေမယ့် Galaxy Note 9 နဲ့ Display Size တူတူကို သိသိသာသာပိုသေးအောင် လုပ်ပေးထားတာက Mate 20 Pro ကို လက်ထဲမှာ ပိုပြီးကိုင်လို့ ကောင်းနေစေတယ်။ အမြဲတမ်းကြိုက်တဲ့ Colored Power Button ကလည်း ကျွန်တော်တို့ အမှတ်ပိုပေးမိတယ်။ Button တွေအကုန်လုံးက ပြန်ရတဲ့ Feedback ကလည်း အပြစ်ပြောစရာမရှိ။ Stereo Speakers တွေနဲ့ အသားကျနေတဲ့ ကျွန်တော်တို့ ဖုန်းအောက်ခြေမှာ Speaker Grills တွေမပါတာကလည်း တမျိုးဆန်းနေတယ် (Sound Quality ကို အသာထား)

ပြီးတော့ That Back Cover.

Emerald Green Color ကို ရလိုက်တော့ အနောက်က Glass Cover က သာမန် Glossy ပုံစံမဟုတ်ပဲ Texture လုပ်ထားတယ်။ Yes, လက်သည်းနဲ့ ခြစ်ရင်အသံထွက်ပါတယ်။ ဘာနဲ့သွားတူသလဲဆိုရင် Google Pixel 3 ဖုန်းမှာ Glass ကို Soft Coating ထည့်ထားသလိုမျိုးပဲ Glass ကို Glass Feeling မရအောင်လုပ်ထားတာပါ။ သာမန် Glass ဖုန်းတစ်ခုကို Glass လို့မထင်ရအောင်လုပ်တာက Trend အသစ်ဖြစ်လာတာလားတော့ မသိပေမယ့် ထူးခြားနေတယ်။ နောက်ပြီး အခုလိုမျိုး ထူးခြားနေတာက သာမန် Glass ဖုန်းတွေလိုမျိုး အနောက်မှာ အစင်းတွေထင်တာလျော့သွားတယ်။ ကိုင်ရတဲ့ Feeling မှာတော့ တမျိုးဖြစ်လာတယ်... မသိရင် ဖုန်တွေတက်နေတဲ့ဖုန်းတစ်ခုကို ကိုင်ထားရသလို။

အနောက်က Camera Design... လေးထောင့်အကွက်ကို အမှန်အတိုင်းပြောရရင် စစခြင်းမကြိုက်ပေမယ့် အချိန်တစ်ခုကြာလာတာနဲ့အမျှ စိတ်ထဲအသားကျလာတယ်။ နောက်ပြီး လက်ခံလာတယ်။ နောက်ဆုံး ဒါက Mate 20 Pro ကို တခြားဖုန်းတွေကနေ ခွဲခြားထားတဲ့အရာတစ်ခုဖြစ်လာပြန်တယ်။

နောက်ဆုံး Overall အနေနဲ့ Design နဲ့ Build Quality ကို Tech Gadget အနေနဲ့ ဘယ်လိုမြင်သလဲ?

The Best Build Quality in ANY Android ဖုန်းဆိုတာက ပိုမှန်ပါတယ်။ တကယ်ကို နောက်ထပ် Level တစ်ခုကို Huawei က အခု Mate 20 Pro ဖုန်းမှာ ရအောင်လုပ်နိုင်ခဲ့တာပါ။ Galaxy Note 9 ထက် ကိုင်ရတဲ့ Hand Feeling အရရော၊ Design အရပါ စိတ်ကျေနပ်ဖို့ကောင်းတယ်။ ဒါပေမယ့် ဒါက Android ဖုန်းတွေထဲမှာ အကောင်းဆုံး Premium Design & Build Quality ဆိုတဲ့နေရာမှာ ရပ်ပါတယ်... Why?

ကျွန်တော်တို့ စိတ်ထဲမှာ iPhone XS ရဲ့ Gold Color ဟာ Premium Standard ထက်ကျော်ပြီး Luxury Statement တစ်ခုအထိရောက်နေလို့ပါ။ ဒါပေမယ့် iPhone XS မဟုတ်တဲ့ Premium အဆန်ဆုံးဖုန်းဆိုရင်တော့ Huawei Mate 20 Pro က ထပ်ဆုံးက ခေါင်းထဲဝင်လာတဲ့ဖုန်းတစ်ခုပါ။

Tech Gadget's Rating ; 4.5 out of 5 Stars (Hands Down The Best in Android Phones)

#Display

Notch ပါတဲ့ Display... Huawei P20 Pro တုန်းက Notch သေးတဲ့အတွက် အပေါ်က Status Bar Icon တွေများများမြင်ရတာကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့် Mate 20 Pro မှာတော့ ပြောင်းပြန်ပါ။ iPhone XS တွေလို Notch က Android Notification Bar Icon တွေအတွက်တော့ တကယ်ကို Nightmare တစ်ခုပါ။ မကြိုက် :3

Display Quality အရရော? သေချာတာကတော့ AMOLED Panel က Huawei P20 Pro ထက် ပိုကောင်းတယ်လို့ ထင်ရတယ်။ ဒါပေမယ့် ဒါက Galaxy Note 9 ၊ iPhone XS တို့ကို မှီပြီလားဆိုရင် No ပဲဖြေရဦးမှာပါ။

Huawei ရဲ့ Display က ဘယ်လိုပဲ HDR10 တွေ DCI-P3 တွေအော်နေပါစေ လုံးဝ ဒီ Display က ဒီဈေးနဲ့ ပေးရတာတန်တယ်ဆိုတဲ့အဆင့်ကိုမရောက်သေးပါဘူး။ Huawei က Samsung Display သုံးဖို့ လိုအပ်နေပြီလို့ပဲမြင်မိပါတယ်။ ဒါပေမယ့် မကောင်းတာလားဆိုရင်လည်းမဟုတ်ပါဘူး... ဈေးကွက်ထဲမှာ ဈေးသက်သက်သာသာနဲ့ မြင်နေရတဲ့ Xiaomi ဖုန်းတွေရဲ့ AMOLED Display တွေထက်တော့ ပိုကောင်းတာသိသာပါတယ်။

အဲ့ဒါဆိုရင် Rating နဲ့ ရပ်ပြီး ဆက်သွားတာပေါ့။

Tech Gadget's Rating : 3.5 out of 5 Stars (Good but nowhere near the BEST Displays)

#Performance

Mixed Bags... Mixed Feelings... Uncertain Answers...

Android ဖုန်းထဲမှာ ပထမဆုံး 7nm Architecture သုံးထားတဲ့ Kirin 980 Processor... ပြောရရင် စာရွက်ပေါ်မှာ လက်ရှိ Snapdragon 845 Processor ထက် Generation တစ်ခုလုံး အရှေ့ကိုရောက်နေတဲ့ Processor... ဒါပေမယ့် ဒါက လက်ရှိ Android ဖုန်းတွေထဲမှာ အမြန်ဆုံး Performance ရပြီလား? သူ့လို 7nm Architecture သုံးထားတဲ့ A12 Bionic သုံးထားတဲ့ iPhone XS လောက်ရော မြန်သလား?

ကျွန်တော်တို့ ဒီမေးခွန်းတွေကို ဖြေချင်ပါတယ်။ ဒါပေမယ့် အရိုးသားဆုံးအဖြေကိုပြောပါဆိုရင်တော့ တစ်ခုနဲ့ပဲ အဆုံးသတ်သွားမှာပါ။ ကျွန်တော်တို့ မသိပါဘူး။ Benchmark ပေါ်က ဘယ်ဖုန်းက ဘယ်ဖုန်းထက် ဘယ်နှမှတ်ပိုများလို့ Performance ပိုကောင်းတယ်ဆိုတာကို ပြောတတ်တဲ့သူမဟုတ်တဲ့အတွက် ကျွန်တော်တို့ မသိပါဘူး။

Huawei Mate 20 Pro ဟာ Samsung Galaxy Note 9 က လုပ်နိုင်တဲ့အရာတွေ၊ Multitasking တွေအကုန်လုပ်နိုင်တယ်၊ Game တွေလည်း ကောင်းကောင်းဆော့လို့ရတယ်... ဒါပေမယ့် အဲ့ဒီ Galaxy Note 9 က လုပ်နိုင်တဲ့အရာတွေကိုလည်း Snapdragon 835 ပဲပါတဲ့ Pixel 2 XL မှာ လုပ်လို့ရနေသေးတယ်။ Naked Eyes နဲ့ ဘယ်ဖုန်းက Performance ပိုကောင်းသလဲပြောလို့ရသလားမေးရင်တော့ လုံးဝ Stress Test လုပ်တဲ့အချိန်မှာတောင် ကွာခြားချက်က မသိသာဘူး၊ နောက်ပြီး ဖုန်းတစ်ခုက တစ်ခုထက် အမြဲတမ်းပိုမြန်နေတာလည်းမဟုတ်

And NO. We are not talking about Memory I/O နဲ့ပဲ ဆိုင်တဲ့ Application တွေ ဝင်လိုက်ထွက်လိုက် So-called Speed Test. But Actual Real World Usage.

ဒါပေမယ့် သေချာတာတစ်ခုရှိပါတယ်။ ဒီ Snapdragon 835 Pixel 2 XL ၊ Exynos 9810 Note 9 ရော အခု Kirin 980 Mate 20 Pro ရော Daily Usage မှာ ဒါက Flagship ဖုန်းတစ်ခုဆိုတာကို ခံစားရတဲ့ Performance ရှိပါတယ်။ မြန်တယ်၊ ဘာပဲခိုင်းခိုင်းလုပ်နိုင်တယ်.. Application တွေဝင်တဲ့နေရာမှာ Loading က Mate 20 Pro ကတော်တော်လေးကို မြန်တယ်။

နောက်ပြီး Mate 20 Pro ကို စမ်းသုံးဖြစ်သမျှ အချိန်တိုင်းမှာ ထူးခြားတာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ လုံးဝကို Heat မရှိတာပါ။ ဒီအချက်က Galaxy Note 9 လိုမျိုး ကိုယ်ပိုင် Processor ပဲသုံးထားတဲ့ဖုန်းတစ်ခုကို စိတ်ပျက်စေတဲ့အချက်ဖြစ်လာပြီးတော့ Kirin 980 ရဲ့ 7nm Architecture က တကယ် Real World Usage မှာ သိသာတဲ့အချက်လည်းဖြစ်လာပါတယ်။

ဒီလိုမျိုး အပြစ်ရှာမရတဲ့ Performance က လက်ထဲကိုင်လို့ကောင်းနေတာနဲ့ပေါင်းတော့ ဖုန်းက သုံးပျော်လာပါတယ်။ ၁၅ သိန်းတန် Performance is Real ပါ။

ဒါပေမယ့် PUBG မှာ Graphic Setting ကို Ultra မရသေး... Software Bug လားတော့မသိ :3

Tech Gadget's Rating : 5 out of 5 Stars (Un-Noticeably Faster than other Androids SD 845, We said "Un-Noticeable")

#Camera

အခန်းထဲမှာရှိတဲ့ ဆင်တစ်ကောင်... ဒါမှမဟုတ် Porsche 918 Spyder ကားတစ်စီးရဲ့ ရှေ့မီးကြီးအကြောင်းစပြောတာပေါ့။

Camera Specs တွေကို ဒါက ဘယ်လောက် အမ်ပီတွေ၊ ဒါက ဘယ်လောက် အမ်ပီတောင်ပါပြီး တခြားဖုန်းတွေထက် ဘယ်လောက် အမ်ပီတောင်ပိုပါတယ်ဆိုတာတွေ သိချင်တယ်ဆိုရင် တခြား Review တွေသွားကြည့်ပါ။ Specs ကို ဒီနေရာမှာ ကျော်ပါမယ်

မေးခွန်းတစ်ချို့နဲ့ အရင် Huawei Mate 20 Pro ရဲ့ Camera အကြောင်း ပြောတာပေါ့

"Huawei P20 Pro ထက် ကင်မရာပိုကောင်းသလား" ဆိုရင် အဖြေက "Yes" ပါ။

"DSLR (or Mirrorless) ကိုင်နေကြသူတစ်ယောက် ကိုယ့် ကင်မရာကို Versatile ဖြစ်ဖို့လိုအပ်ပြီးတော့ ကိုယ်တိုင်လည်း Control လုပ်ရတာကြိုက်တဲ့သူတွေအတွက် အကောင်းဆုံးဖုန်းလား" ဆိုရင်လည်း "Yes" ပါ

"ဓါတ်ပုံမရိုက်တတ်ဘူး.. ဒါပေမယ့် Mate 20 Pro Watermark နဲ့ Point & Shoot ရိုက်ပြီး Social Media မှာ အထင်ကြီးခံရနိုင်သလား" ဆိုရင်လည်း "Yes" လို့ ဖြေလို့ရပါတယ်

"Mate 20 Pro ကို ၁၅ သိန်းပေးဝယ်မယ်... ကင်မရာတစ်ခုထဲနဲ့ Note 9 နဲ့ iPhone XS ကို အမှုန့်ခြေလို့ရသလား" ဆိုရင်လည်း "Definitely Yes" ဖြစ်နေတုန်းပါ

ဒါပေမယ့် "Color Accurate ဖြစ်တာတွေ၊ အချိန်တိုအတွင်းဖြစ်သွားတဲ့ အမှတ်တရတွေကို Point & Shoot ရိုက်ပြီး သိမ်းထားချင်တဲ့အချိန်မျိုးတွေ၊ နောက်ဆုံး ကိုယ်က Manual Control မလုပ်နေပဲနဲ့ Auto မှာ Click လုပ်လိုက်တဲ့ပုံတိုင်း အကောင်းဆုံးထွက်လာမယ်ဆိုတာကို ယုံကြည်ရလား" ဆိုရင်တော့ "Maybe No" လို့ ဖြေရမှာပါ။

ကဲ... ရပြီ။ အပေါ်က မေးခွန်းတွေကြောင့် ဝယ်ဖို့ စိတ်ကူးနေတဲ့သူတွေရှိရင် ဆက်ဖတ်ဖို့မလိုတော့ပါဘူး။ ထပ်ပြီး အသေးစိတ်သိချင်ရင်တော့ ဆက်ပြောကြတာပေါ့။

ပုံမှန် Point & Shoot မှာ P20 Pro ထက် ပိုကောင်းတယ်ဆိုတာက ပိုကောင်းတဲ့ AI ကြောင့်ပါ။ Natural မဆန်အောင် Color Accuracy ဆိုတာ ဘယ်နေမှန်းမသိတော့အောင် Eyes Appealing ဖြစ်တဲ့ပုံတွေထွက်လာပေမယ့် Huawei ရဲ့ Master AI ဆိုတာ လက်ရှိအကောင်းဆုံး Scene Recognition Program ဆိုတာထက် မပိုသေးပါဘူး။ တချို့ Scenery တွေမှာ Wide Angel Lens ပြောင်းရိုက်သင့်တယ်ဆိုပြီး Suggest လုပ်တာကိုတော့ တကယ်အထင်ကြီးမိပါတယ်။

ဒါပေမယ့် 75% နဲ့ အထက်က Huawei P20 Pro နဲ့တူနေပါသေးတယ်။ တကယ်လို့ P20 Pro ကိုင်နေတဲ့သူတွေက ကင်မရာကြောင့် Mate 20 Pro ကို ပြောင်းချင်တယ်ဆိုရင် မပြောင်းတာက ပိုမှန်ပါမယ်။ It's not worth it.

Versatile ဖြစ်တာကတော့ Mate 20 Pro ရဲ့ တကယ့်အားသာချက်ပါ။

ပုံမှန် Point & Shoot တွေအပြင် 5x Optical Zoom ၊ Ultrawide Lens ၊ Super Macro ၊ Night Mode ၊ Best-in-Class Manual Control ၊ RAW Support ၊ Tons of FEATURES... ကင်မရာမှာ Feature တွေအကုန်ပါတာကို ကြိုက်တဲ့သူတွေအတွက်ကတော့ This is a Phone to Get ပါ။

ဒါပေမယ့် Aperture Mode ပဲဖြစ်ဖြစ်၊ Portrait Mode ပဲဖြစ်ဖြစ် ထင်သလောက်ကို Software က မလိုက်နိုင်သေးပါဘူး။ ရိုက်ပြီးတဲ့ ပုံတိုင်းကို Natural မဟုတ်တော့လောက်အောင် လုပ်ပစ်တဲ့ "Sharpening Image" ဆိုတဲ့ စာတန်းက ရိုက်ပြီးတိုင်းပေါ်လာပြီး ပုံစံပြောင်းပစ်တာကလည်း ကြာလာတော့ မကြိုက်သလိုဖြစ်လာတယ်... Crisp ဖြစ်လို့ရပါတယ်၊ ဒါပေမယ့် Over Sharpen လုပ်ပစ်တာကတော့ This is Not a way. Please Huawei... အဲ့ဒီ AI ပိတ်ထားလည်း Sharpen လုပ်ပစ်တာကို ပိတ်လို့ရတဲ့ Option ထည့်ပေးသင့်နေပါပြီ။

နောက်ပြီး Monochrome Sensor ကို Ultrawide Lens နဲ့ လဲပစ်တာ... Black & White Photographer တွေကလွဲရင်တော့ ဒါက လက်တွေ့မှာ ပိုအသုံးဝင်တဲ့ Feature ပါ။ ဒါပေမယ့် တဖက်မှာ အားနည်းချက်အနည်းငယ်ရှိပါတယ်။

တစ်ခုက Monorchrome မဟုတ်တော့တဲ့အတွက် Color Science က အရေးပါလာတာပါ။ Primary Sensor ကတော့ အကောင်းဆုံးပေမယ့် Ultrawide နဲ့ ရိုက်တဲ့ပုံ Primary Sensor ကထွက်လာတဲ့ပုံနဲ့ Color မတူတာ၊ Dynamic Range ပိုအားနည်းသွားတာ... အထူးသဖြင့် Low Light ပိုင်းအားရဖို့မကောင်းတာတွေကို ကြုံရမှာပါ။ နောက်ထပ်တစ်ချက်က တချို့သော အချိန်တွေမှာ Ultrawide က ဖြစ်သင့်သလို Dramatic မဖြစ်နေပဲနဲ့ Fisheye Effect တွေဝင်ပြီးတော့ ပုံက ပိုရုပ်ဆိုးသွားတာပါ။ Huawei က Ultrawide တော့ထည့်ပေးလိုက်တယ်.. အလုပ်လုပ်တဲ့အချိန် Daytime တွေမှာတော့ တကယ်ကို Eyes Appealing ဖြစ်တဲ့ပုံတွေရတယ်။ ဒါပေမယ့် Monochrome Sensor ထက် အားနည်းချက်တွေလည်း ပိုများလာတယ်ဆိုတာက ငြင်းလို့မရပါဘူး။

နောက်ထပ်ကြိုက်မိတဲ့အချက်က Super Macro ပါ... AI ကြောင့် တကယ်ကိုအနီးကပ်ရိုက်လို့ရတယ်၊ တကယ်လည်း Dramatic ဖြစ်တဲ့ပုံတွေရိုက်လို့ရပေမယ့် တဖက်ကလည်း AI ကြောင့် Artificial အရမ်းဆန်နေပါတယ်။ ဖြစ်နိုင်တာကတော့ Telephoto Lens နဲ့ Zoom In လုပ်လိုက်ပြီး AI ကနေ အဲ့ဒီ Zoom လုပ်ထားတဲ့ Image ကို Super Macro ဆိုပြီး လုပ်ဖြစ်တာဖြစ်ဖို့များပါတယ်။ Natural မဆန်ပဲ ကြည့်လို့တော့လှတယ်... Macro ရိုက်တတ်တဲ့သူတွေဆိုရင် ပြန် Edit တို့ Retouch တို့တောင် လုပ်စရာမလိုပဲ တန်းတင်လို့ရမယ်။

P20 Pro ရဲ့ Night Mode က Mate 20 Pro မှာလည်း ကောင်းကောင်းအလုပ်လုပ်တယ်။ ထုံးစံအတိုင်း အချိန် ၅ စက္ကန့်ကိုင်ထားရမယ်။ ဒီနေရာမှာ Pixel 2 XL ကို Night Sight App နဲ့ စမ်းကြည့်တော့ ရလဒ်က အံ့သြဖို့ကောင်းတယ်။ Google ရဲ့ Night Sight က Single Lens 12.2MP Camera ကို ၂ စက္ကန့်လောက်ပဲ ယူပေမယ့် ရလဒ်တွေက Mate 20 Pro ရဲ့ ၅ စက္ကန့်ယူထားတဲ့ Night Mode နဲ့ ယှဉ်လို့ရတယ်။ Long Exposure ရိုက်တတ်တဲ့သူတွေဆိုရင် အချိန် ၂ စက္ကန့်လောက်ကွာတာက တကယ့်ရလဒ်မှာ သိသိသာသာကွာတတ်တာကို သိမှာပါ။ အဲ့တော့ အခုရလဒ်က Mate 20 Pro ကို အပြတ်အသတ်နိုင်မယ်ဆိုပြီး ထင်ထားတာကနေ သူမသာ ကိုယ်မသာဖြစ်နေတာဆိုတော့ Huawei က Night Mode ကို P20 Pro တုန်းက Game Changer ဆိုပြီး ဖြစ်နေမယ့်အစား ဆက်ပြီး Improve လုပ်သင့်တယ် ထင်မိတယ်။

Selfie... စုတ်ပြတ်သတ်နေလောက်ဆိုးရွားသော။ ဒါမှမဟုတ် ဒီဈေးမှာ အဲ့ဒီထက်ဆိုးရွားတဲ့ အသုံးအနှုန်းအကုန်လုံးနဲ့ ထိုက်တန်သော Performance... Skin Smoothing အရမ်းကြိုက်တဲ့ Facebook မှာ Popular ဖြစ်ချင်တဲ့သူတွေကလွဲပြီး ကျန်တဲ့သူအတွက် အဆင်ပြေမှာမဟုတ်တဲ့ Selfie Camera

Tech Gadget's Rating : 5 out of 5 Stars (in Specs & Features) *User Experience Not Included

#Battery

Mate 20 Pro မှာ 4200mAh Battery ပါတယ်။ ဘယ်လိုသုံးသုံး Screen-on Time က ၇နာရီကနေ ၈ နာရီလောက်ရတယ်။ So, this is a BEAST.

အားပြန်သွင်းတဲ့အချိန်မှာလည်း 15W Wireless Charging က အထင်ကြီးဖို့ကောင်းနေတာတင်မကပဲ 40W SuperCharger က လက်ရှိမှာအမြန်ဆုံး Charger ပါ။

0-100% ကို 4200mAh Battery ကို OST ၈ နာရီလောက်သုံးနိုင်ဖို့ကို ၁ နာရီထဲအားသွင်းရုံနဲ့ ရပါတယ်။ ဒါက တလောက OPPO Find X ထက်တောင် ပိုကောင်းနေတဲ့ ရလဒ်ပါ။

Tech Gadget's Rating : 5 out of 5 Stars (This is SRSLY out of Competition)

#Others

ကဲ... Bohemian Rhapsody ကိုပြန်သွား... နံရံပေါ်ကို ရှိသမျှအကုန်ပစ်ပေါက်ကြတာပေါ့။

Under-Display Fingerprint 

ကြိုက်သော၊ မကြိုက်သော Feature... Fingerprint Sensor ကို P20 Pro လို Home Button မှာထားနေမယ့်အစား Under-Display လုပ်နိုင်တဲ့ Mainstream Flagship ဖုန်းဖြစ်လာတာကို Huawei ကို လေးစားမိပါတယ်။ ဒါပေမယ့် အခု Under-Display Fingerprint ကို ယူမလား၊ သာမန် Fingerprint Sensor ကိုပဲ ယူမလားဆိုရင် ခတ္တတွေဝေလောက်အောင်ကို ပြန်ပြီး Compromise လုပ်နေရတာများပါတယ်။

အရင်ဆုံး Position ပါ။ လက်မရဲ့ Ideal Position ထက် နည်းနည်းပိုမြင့်တဲ့နေရာမှာ Sensor ကိုထည့်ထားပါတယ်။ အဲ့တော့ လက်က Adjust ပြန်လုပ်နေရတယ်။ ပြီးတော့ Vivo V11 ထက်ပိုမြန်ပေမယ့် သာမန် Fingerprint တွေလောက် မမြန်သလို Accurate မဖြစ်ပါဘူး။ တကယ်လို့ ကိုယ်က ဖုန်းကို Unlock လုပ်တာကို Sensitive ဖြစ်တယ်ဆိုရင် ကြာလာရင် ပိတ်တောင်ထားမိနိုင်ပါတယ်။ နောက်တစ်ခုက Fingerprint ထည့်တာများရင် သိသိသာသာကို Speed ကျသွားတာပါ။

ဒါက ပုံမှန်ဖုန်းသုံးတဲ့သူတစ်ယောက်က ဘယ်၊ညာ လက်မ ၂ ချောင်းထည့်ထားတာလောက်က အဆင်ပြေသေးတယ်။ ဒါပေမယ့် နောက်ထပ် Gf or Bf ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့လို Review လုပ်နေတော့ တခြားသူတွေက Fingerprint စမ်းထည့်တာပဲဖြစ်ဖြစ် ၄ ခုနဲ့ အထက်ဆိုရင် သိသိသာသာကို Speed က ကျလာပြီး စိတ်ပျက်ဖို့ကောင်းလာပါတယ်။ ဒါက ပုံမှန် Fingerprint Sensor မှာ ဘယ်တော့မှဖြစ်မယ့်အရာမဟုတ်သလို Under-Display Fingerprint တွေက မူကြိုအဆင့်ပဲရှိသေးတယ်ဆိုတာကို ထောက်ပြနေတဲ့အချက်ဆိုရင်လည်း မှန်ပါတယ်။

Face ID

နံရံကိုပစ်ပေါက်တယ်လို့ပြောရတာ ဒီတချက်ကြောင့်ပါ။ Mate 20 Pro မှာ 3D Face ID ပါ ထည့်ထားပါတယ်။ ဒါပေမယ့် iPhone XS ထက် မြန်သလား၊ စိတ်ချရသလားလို့ မေးရင် No ဖြစ်နေတုန်းပါ။

အဲ့တော့ မေးခွန်းတစ်ခုက ဝင်လာပါတယ်။ Unlocking Method ကို Perfect မဖြစ်သေးတဲ့ Face ID တွေ၊ Under-Display Fingerprint တွေလို ၂ ခုစလုံးမဟုတ်ပဲ Perfect ဖြစ်တဲ့ စနစ်တစ်ခုပဲသုံးလို့မရဘူးလား?

အခုကြတော့ Mate 20 Pro သုံးရတာ ဘယ်လိုဖြစ်သလဲဆိုရင် Under-Display Fingerprint ကို ကြိုးစားနှိပ်နေတုန်း Fail ဖြစ်၊ ပြန်နှိပ်နေတုန်း Face ID က Unlock ဖြစ်သွားပြီး Under-Display Fingerprint မရတော့ပဲ Home Screen ကို Swipe လုပ်ပြီး ဝင်နေရတာမျိုးဖြစ်လာပါတယ်။ Unlock ဖြစ်ပြီးတော့ Home Screen ကိုတော့ ဝင်သွားတယ်... ဒါပေမယ့် ကမောက်ကမနဲ့ပါ။

Reverse Wireless Charging 

တခြားဖုန်းကို Wireless Charging ပြန်သွင်းပေမယ်။ ဒါက Huawei ရဲ့ ကြော်ငြာပါ။

ဒါပေမယ့် တကယ်တမ်းက Mate 20 Pro ကို ၁၅ သိန်းပေးဝယ်ထားရမယ့်အပြင် နောက် Wireless Charging Support လုပ်တဲ့ High End ဖုန်းရှိဖို့လိုအပ်ဦးမယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေရဲ့ ဖုန်းကလည်း Wireless Charging Support လုပ်နေရမယ်။

Theory ကို လက်တွေ့ဘဝမှာ ဖြစ်နိုင်တယ်သဘောထားပြီး Apply လုပ်ကြည့်၊ Mate 20 Pro ကနေ Note 9 ကို အားပြန်သွင်းတော့ ၂ မိနစ်၊ ၃ မိနစ်နေမှ Note 9 က 1% အားတက်တယ်။ အဲ့တော့ Complete GIMMICK ဆိုပြီး မပြောရင်လည်း နံရံကို အက်အောင်လုပ်နိုင်မလားဆိုပြီး စိတ်ကူးယှဉ်နေတဲ့ ကြက်ဥနဲ့တူတဲ့ Feature တစ်ခုဆိုပြီး ပြောရမလိုလို။

Invisible Stereo Speakers

Earpiece နဲ့ Type-C Port မှာထည့်ထားတဲ့ Stereo Speaker... Design အရကြည့်ရင်တော့ တကယ်မိုက်ပေမယ့် Dolby ATMOS Support လုပ်တဲ့ ဒီ Stereo Speaker က နားထောင်လိုက်ရင် ငါ့ကို Speaker Grill ပါတဲ့ Setup ပဲပြန်ပေးပါလို့ ပြောမိမှာပါ။

Galaxy Note 9 ၊ iPhone XS တွေရှိနေတဲ့အချိန်မှာ Huawei Mate 20 Pro ရဲ့ Speaker က Flagship Level လို့ပြောဖို့ခက်သွားပါတယ်။

ကျန်တာ... Dual GPS ၊ Android Pie ၊ IP68 ၊ Bluetooth 5.0... blah blah blah.

အဲ့တော့ အဆုံးသတ်။

Huawei Mate 20 Pro က Feature တွေအရတော့ Bohemian Rhapsody လိုပဲ တမျိုးစီမဖြစ်နေပဲ လက်ရှိ နည်းပညာက Support ပေးနိုင်သမျှ အရာတွေအကုန်လုံးကို ထည့်ထားတဲ့ Flagship ဖုန်းတစ်ခုပါ။ လက်ရှိ ထွက်ထားသမျှ စမတ်ဖုန်းတွေအားလုံးထက် စိတ်ဝင်စားဖို့အကောင်းဆုံးဖုန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

ဒါပေမယ့် Bohemian Rhapsody က နားထောင်ရုံကလွဲပြီး ကျန်တာဘာမှမလုပ်နိုင်တဲ့ သီချင်းတစ်ပုဒ်ပါ။ Huawei Mate 20 Pro ဆိုတာက ကျွန်တော်တို့ မြင်နေရတဲ့ Specification တွေ၊ အခုပြောသွားတဲ့ Feature တွေထက် တကယ် Daily သုံးနေရမယ့် စမတ်ဖုန်းတစ်ခုပါ။

အဲ့တော့ Huawei Mate 20 Pro ကို သုံးရတဲ့ User Experience က ဘယ်လိုရှိမလဲ?

ကျွန်တော်တို့ အခု Review မှာ User Experience ကို လုံးဝမပြောသွားခဲ့ပါဘူး။ အဓိပ္ပါယ်က User Experience ကို အခု In-Depth Review ရဲ့ ½ က ကျန်နေပါသေးတယ်။


Yes, This is our FIRST In-Depth Review with 2 Separate Parts.

Thanks for Reading.

TechGadgetMM

No comments: