Sunday, January 24, 2016

iPhone 7 နဲ့ iOS 10


လတ်တလောမှာ လူစိတ်ဝင်စားမှု အရမ်းများနေတဲ့ iPhone 7 ဟာ ဒီဇိုင်းအသစ်အဆန်းများ feature အသစ်အဆန်းများနဲ့ ထွက်ပေါ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲ့ဒီအတွက်လည်း iPhone 7 ကိုခန့်မှန်းကာဓါတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေအမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်။

iPhone 7 မှာ သတ္တုဘောင်ကွတ် လုံးဝပါဝင်တော့မှာမဟုတ်သလို Home Button လည်း မြင်တွေ့ရမှာမဟုတ်ပါဘူး။ iPhone 7 မှာ အသုံးပြုမဲ့ iOS 10 ရဲ့  feature အချို့ကလည်း  Screen  Display ကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့ အနေအထားတစ်ခုအထိ မြင်တွေ့ရနိုင်ပါတယ်။ iPhone-tricks.com ဝက်ဘ်ဆိုဒ်တစ်ခုရဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ခြင်းအားဖြင့် Touch ID နဲ့  Home Button တို့ကို  Screen မျက်နှာပြင်မှာ ပေါင်းစပ် ဖန်တီးထားပြီး နိုဝင်ဘာလတုန်းက ကြားသိခဲ့ရတဲ့ သတ္တုဘောင် မပါဝင်တဲ့ iPhone 7 ရဲ့  ခန့်မှန်းအယူအဆများနဲ့တူညီနေပါတယ်။

iPhone 7 မှာတော့ iPhone 6s တုန်းက ထည့်သွင်းပေးထားတဲ့ 3D touch ကို ပိုပြီး အသုံးပြုထားတာတွေ့ရနိုင်ပါတယ်။ Application icon တစ်ခုချင်းစီကို Home screen မှာတင်  အကြီးချဲ့ နိုင်ပြီး  Home Screen ကို  မိမိစိတ်ကြိုက် စီမံပြုလုပ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ Home button နဲ့  touch ID ပါ။ Home button ဟာ အရင်ကလို ခလုတ်ပုံစံမျိုးမဟုတ်တော့ပဲ Screen Display နဲ့ တစ်ပြေးညီ ဖန်တီးထားပါတယ်။ ဒါ့အပြင် Home Button မှာတင် မိမိလတ်တလေ အသုံးပြုပြီးထားတဲ့ application များကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Screen display ကို လက်နှစ်ချက်နဲ့ အသာ တို့လိုက်တဲ့ Screen ပွင့်လာခြင်း ၊ ပိတ်သွားခြင်းများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါတွေအားလုံးကတော့ Iphone Trick ရဲ့ ခန့်မှန်းချက်များ ဖန်တီးထားတဲ့ iPhone 7 နဲ့  iOS 10 တို့ရဲ့  စိတ်ကူးပုံဖော်မှုများဖြစ်ပါတယ်။



Ref : Hacks
Aung Ko Htet (MMA)
#aungkohtet_mma

Apple မှ Mac Book အတွက် OS X 10.11.3 ကို Version အသစ်ထပ်မံ ထုတ်

 

Apple ရဲ့ Mac Book မှာ အသုံးပြုထားတဲ့ Mac OS အသစ်ဖြစ်တဲ့ OS X El Capitan ဗားရှင်းအသစ်ကို 10.11 မှ စတင်ပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်လုပ် အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။ 10.11 မှ စတင်ပြီး လိုအပ်ချက်များကို ပြန်လည် ပြင်ဆင်ကာ ထုတ်လုပ်ခြင်း ၊ Feature အသစ်များ ထပ်မံ ထည့်သွင်းခြင်းတွေကို ပြုလုပ်ပြီး ဗားရှင်းအသစ်တွေ ထုတ်လုပ်လာခဲ့ရာမှာ လက်ရှိအခါမှာတော့ 10.11.3 အထိရောက်ရှိလာပြီဖြစ်ပါတယ်။

OS X El Capitan 10.11.1 ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှာ ထုတ်လွှင့် အသုံပြုခွင့်ပေးခဲ့ပြီး Microsoft office suite ကို လည်းအသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အနည်းငယ် အသုံးပြုသူတွေအနေနဲ့ 10.11.1 မှာ အဆင်မပြေမှုအနည်းငယ်ကြုံတွေ့ရခြင်းကြောင့်နောက်ထပ် ဗားရှင်းအသစ်ဖြစ်တဲ့ 10.11.2 ကိုထပ်မံ ထုတ်လွှင့်ကာ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ 10.11.2 မှာတော့ Wi-Fi ကို အသုံးပြုရ ပိုမိုတွင်ကျယ်စေခြင်း၊ Hand-Off နဲ့ AirDrop တို့အပြင် အခြားအဆင်မပြေမှုဖြစ်တဲ့ Bluetooth ကိုဖွင့်တဲ့အခါ ချိတ်ဆက်မှု မရှိခြင်း စတဲ့အဆင်မပြေမှုများကို ပြင်ဆင်ကာ အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။

အခုလည်း OS X EL Capitan 10.11.3 ကို ပြီးခဲ့တဲ့ ၁၉ ရက်နေ့က အကြိမ်ကြိမ် စမ်းသပ်ကာ အဆင်မပြေမှုများကို ပြန်လည် ပြင်ဆင်ပြီး အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် OS X 10.11.4 ကိုလည်း Developer များအတွက် beta ဗားရှင်းကို အသုံးပြုခွင့်ပေးခဲ့ပြီး ၄င်း ဗားရှင်းမှာ Live Photos ကို Message application များတွင် ထောက်ပံ့ပေးထားပါတယ်။

Mac OS X EL Capitan 10.11.3 ကို အသုံးပြုချင်သူများအနေနဲ့ အောက်က Link မှာ Dowload ပြုလုပ်နိုင်ပါတယ်။
Download Here : http://goo.gl/L7UhzL

Ref : Hack

Aung Ko Htet (MMA)
#aungkohtet_mma

No comments: