Friday, January 8, 2016

အမျိုးသားတွေရဲ့ လိင်ကျန်းမာရေးသတင်းအချို့



ယောက်ျားတစ်ယောက်ရဲ့ လိင်အင်္ဂါဟာ သူ့ဘ၀သက်တမ်းကို ပြောပြနိုင်

အိပ်ရာထဲမှာစွမ်းဆောင်ရည်ကျဆင်းတာဟာ အမျိုးသားတွေအတွက် ရှက်ရွံ့ဖွယ်ကောင်းတဲ့အခြေအနေတစ်ခုပါပဲ၊ ဒါပေမယ့် အခုတော့ သိပ္ပံပညာရှင်တွေက ပန်းသေပန်းညိုးဖြစ်တာဟာ သူ့ရဲ့ ဘ၀သက်တမ်းကိုပါအကျိုးသက်ရောက်မှုဖြစ်ပေါ်စေတယ်လို့ သတိပေးလိုက်ပါတယ်၊

ပန်းသေပန်းညိုးရောဂါဟာ လူဘ၀သက်တမ်းရဲ့ ရာခိုင်နှုန်း၇၀လောက်ထိစောစီးစွာသေဆုံးနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ကြတာပါ၊

ဒီလိုကစဥ့်ကလျားဖြစ်ဖွယ်ကောင်းတဲ့အခြေအနေကို အမေရိကန်က အမျိုးသား၁၈သန်းလောက်ဟာ နှလုံးနဲ့သွေးကြောစနစ်တွေအတွက်ပါကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေတယ်လို့ မစစ္စပီတက္ကသိုလ်က ပညာရှင်တွေကပြောကြားခဲ့ပါတယ်၊

ပန်းသေပန်းညိုးရောဂါဟာ အသက်ကြီးတဲ့အမျိုးသာေးတွမှာ အခြေခံအားဖြင့် မကြာခဏဖြစ်ပွားလေ့ရှိပါတယ်၊ အသက်လေးဆယ်အောက် အမျိုးသား ရာခိုင်နှုန်းနှစ်ဆယ်လောက်ကလည်း ဒီလိုအခြေအနေကို ကြုံတွေ့နေရတာဖြစ်ပါတယ်၊


အခုလိုပန်းသေပန်းညိုးရောဂါဟာ သွေးထဲမှာအဆီများတဲလူတွေ၊ အ၀လွန်တဲ့လူတွေ၊ သွေးတိုးရောဂါရှိတဲ့လူတွေ၊ ဆီးချိုရောဂါရှိတဲ့လူတွေနဲ့ ဆေးလိပ်သောက်တဲ့လူတွေမှာ အဖြစ်များတယ်လို့သိရပါတယ်၊

သိပ္ပံပညာရှင်တွေက ဒီရလဒ်တွေဟာ တစ်ဦးချင်းစီရဲ့ အခြေခံအချက်အလက်လေ့လာမှုတွေအပေါ်မူတည်ပြီးစစ်တမ်းထုတ်ထားတာလို့ဆိုပါတယ်၊

လိင်တံ ကောင်းစွာမထောင်မတ်နိုင်ခြင်းက ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်းမြင့်

အမျိုးသားတွေမှာ လိင်တံ ကောင်းစွာ မထောင်မတ်နိုင်ခြင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်မှုနှုန်း မြင့်တက်နေတယ်ဆိုတာကို သိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အိပ်ရာထဲမှာ အမျိုးသားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကျဆင်းတယ်ဆိုတာ ကသိကအောက်ဖြစ်စရာ အခြေအနေတစ်ရပ်ပါပဲ။ ခုလည်း လိင်တံ ကောင်းစွာ မထောင်မတ်နိုင်ခြင်းက အမျိုးသားတစ်ယောက်ရဲ့ သက်တမ်းကို ထိခိုက်မှုရှိနိုင်ကြောင်း သိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပံပညာရှင်တွေက သတိပေးပြောကြားခဲ့ပါတယ်။

လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေရဲ့ ၇၀ရာခိုင်နှုန်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြကြောင်းကို သိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါဟာ ချို့ယွင်းချက်ကြောင့်ပါ။ အမေရိကန်မှာဆိုရင် ဒီလိုချို့ယွင်းချက်ရှိသူ အမျိုးသားပေါင်း ၁၈သန်း ခန့်ရှိပါတယ်။ ဒီချို့ယွင်းချက်က နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးအန္တရာယ်တွေ ပေးကြောင်း Mississippi တက္ကသိုလ် သိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပံပညာရှင်အဖွဲ့ကနေ ပြောပြခဲ့ပါတယ်။

လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေအနေနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို စစ်ဆေးမှုခံယူရမှာဖြစ်ပြီး စောစောစီးစီး ကုသမှု ခံယူသင့်ပါတယ်။ ဒီလိုမှလည်း အရွယ်မတိုင်ခင် သေဆုံးမှု အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Ref: Daily Mail

ပုံမှန်အားဖြင့် သုတ်ပိုးထုတ်လွှတ် သူတွေ ဟာ ကပ္ပာယ်အိတ်ကင်ဆာ ရောဂါဖြစ်နိုင်ချေနည်း

တစ်နေ့ကို တစ်ကြိမ် လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု ပုံမှန် ရရှိတဲ့ အမျိုးသားတွေဟာ ကပ္ပာယ်အိတ် ကင်ဆာရောဂါဖြစ်ဖို့အတွက် အခွင့်အလမ်း နည်းစေတယ် ဆိုတာကို လေ့လာမှု တစ်ခုက တွေ့ ရှိခဲ့ကြပါတယ်။

ဘ၀ တစ်လျှောက်လုံး ပုံမှန်အားဖြင့် လိင်ပိုင်းဆိုင်ရာစိတ်ကျေနပ်မှု တစ်ခုဖြစ်တဲ့ သုတ်ပိုးထုတ်လွှတ်ခြင်းကို လုပ်ဆောင်ခဲ့တဲ့ ယောကျာင်္းတွေဟာ ကပ္ပာယ်အိတ် ကင်ဆာရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်းနည်းတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ ရှိခဲ့ကြပါတယ်။

ဟားဗာဒ် ဆေးပညာ တက္ကသိုလ်က သုတေသီတွေက ပြောပြခဲ့တာကတော့ သူတို့ အနေနဲ့ ဘာကြောင့် သုတ်ပိုးထုတ်လွှတ်ခြင်းက ကပ္ပာယ်အိတ် ကင်ဆာ ရောဂါ ဖြစ်ဖို့အခွင့်အလမ်း နည်းစေတယ်ဆိုတာကို အတိအကျ သိနိုင်ဖို့အတွက် အခြား သုတေသန တစ်ခု ထပ်လုပ်ဖို့ လိုဦးမယ်လို့ သိရပါတယ်။

လက်ရှိမှာ လက်ခံထားတဲ့ သီအိုရီကတော့ သုတ်ပိုးတွေကို ပုံမှန်အားဖြင့် ရှင်းလင်းလိုက်ခြင်းဟာ ဆဲလ်အသစ်တွေ ဖွံ့ဖြိုးလာစေပြီး ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းလဲနိုင်ချေရှိတဲ့ ဆဲလ်အဟောင်းတွေ ဆက်လက်ဖြစ်တည်နေခြင်းကို ရပ်နားစေလိုက်နိုင်ပါတယ်။

သုတေသီတွေဟာ အသက် ၄၀ ကနေ ၄၉ နှစ်ကြားရှိတဲ့ အမျိုးသားတွေကို တစ်လ ကို အနည်းဆုံး ၂၁ ကြိမ်ခန့် သုတ်ပိုးထုတ်လွှတ်စေခဲ့တဲ့အခါမှာ ထို အမျိုးသားတွေဟာ ကပ္ပာယ်အိတ်ကင်ဆာရောဂါ ဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်း နည်းသွားစေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ဒါဟာ တစ်လကို ၄ကြိမ်ကနေ ၇ ကြိမ်သာ သုတ်ပိုးထုတ်လွှတ်တဲ့လူတွေနဲ့ နှိုင်းယှဉ်ထားတဲ့ ရလဒ်ပါ။ ဒီသုတေသန ရလဒ်တွေကိုတော့ နယူးအော်လိန်း မြို့ မှာကျင်းပခဲ့တဲ့  American Urological Society ရဲ့  နှစ်စဉ် အစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

ပုံမှန်သုက်ထုတ်ပေးခြင်းက သုက်ရည်ဂလင်း ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေး

တစ်နေ့ တစ်ကြိမ်နှုန်းနဲ့ ပုံမှန် အထွတ်အထိပ်ရောက်တဲ့ အမျိုးသားတွေဟာ သုက်ရည်ဂလင်း ကင်ဆာဖြစ်ပွားနိုင်မှုနှုန်း လျော့နည်းကြောင်း လေ့လာမှုတစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မိမိရဲ့ သက်တမ်းတစ်လျှောက် ပုံမှန် သုက်ထုတ်ပေးခြင်းက သုက်ရည်ဂလင်းကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးကြောင်း သိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ အထွတ်အထိပ်ရောက်ခြင်းက ဘာလို့ သုက်ရည်ဂလင်းကင်ဆာာ အန္တရာယ်ကို လျှော့ချပေးတယ်ဆိုတာကို သူတို့ မရှင်းပြပေးနိုင်သေးကြောင်း၊ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်နေသေးကြောင်း ကိုတော့ ဟားဗတ် ဆေးကျောင်းမှ သုတေသီတွေက ပြောခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ပုံမှန် အထွတ်အထိပ်ရောက်ခြင်းက သုက်ရည်ဂလင်းထဲမှာရှိတဲ့ ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းတွေကို ဖယ်ရှားသန့်စင်ပေးနိုင်တယ်ဆိုတဲ့ အချက်ကို ယခင်က ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဆဲလ်သစ်တွေ ဖန်တီးဖြစ်ပေါ်လာဖို့အတွက် သုက်ရည်ကို ပုံမှန်သန့်ရှင်းရေးလုပ်မယ်ဆိုရင် ကင်ဆာဖြစ်စေတဲ့ ဆဲလ်ဟောင်းတွေကို ဖွဲ့စည်းကြီးထွားခြင်းကို ရပ်တန့်ပေးရာမှာ အကူအညီဖြစ်စေပါတယ်။

ဟားဗတ်တက္ကသိုလ်မှ သိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပံပညာရှင်တွေဟာ အသက် ၄၀မှ ၄၉နှစ်အတွင်း အမျိုးသားတွေကို လေ့လာမှုပြုခဲ့တာဖြစ်ပြီး တစ်လက အနည်းဆုံး ၂၁ကြိမ် သုတ်ထုတ်တဲ့ အမျိုးသားတွေဟာ သုက်ရည်ဂလင်းကင်ဆာဖြစ်မှုနှုန်း ၂၂ ရာခိုင်နှုန်း လျော့နည်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

Ref: Daily Mail

No comments: