Thursday, January 28, 2016

Zika virus ဇီကာဗိုင်းရပ်စ် သတိထားသင့်



ဇီကာဗိုင်းရပ်စ်အကြောင်းသိကောင်းစရာ 


ဇီကာဗိုင်းရပ်စ်ဟာ ခြင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်တယ်။ မူရင်းဗီဇဟာ  တောင် အမေရိ ကတိုက်ကဖြစ်ပေမယ့်နောက်ပိုင်းမှာ  ကမ္ဘာအနှံ့ဖြစ်ပွားလာပါတယ်။

 ဇီကာဗိုင်းရပ်စ်ပိုးဟာကျူးလက်ခြင်ကိုက်ရာမှတစ်ဆင့်ကူးစက်တာပါ။ ကျူးလက်ခြင် ကိုက်ခံ ရခြင်းကြောင့်  ကိုယ်ပူခြင်း၊ အဖျားကြီးခြင်း၊ တက်ခြင်း၊ ချွေးပြန်ခြင်း၊ တုပ်ကွေးဖျားခြင်း၊ အစား အသောက်ပျက်ခြင်းတို့ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်လို့ နေကောင်းသွားပေမယ့်လည်း ကိုယ်ဝန် ဆောင်မိခင်က  မွေးဖွားတဲ့ကလေးမှာ ဦးနှောက်ပုံမှန်မဖွံ့ဖြိုးဘဲ မွေးလာစေပါတယ်။

ပုံမှန်အားဖြင့်  အမျိုးသားတွေဂရုစိုက် စရာမလိုလောက်ပေမယ့် ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေ သားကို ကူးစက်နိုင်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ စောင့်ကြည့်ခဲ့ရပါတယ်။ ပါရာ ဂွေးနိုင်ငံမှာ  ဇီကာဗိုင်းရပ်စ်ပိုးကြောင့် မိခင်ကတစ်ဆင့်မွေးဖွားတဲ့ကလေးမှာ   ဦးနှောက် ပုံမှန် မဟုတ် ဘဲ မွေးဖွားတတ်ပါတယ်။ အဲဒီနောက်ပိုင်း တောင်အမေရိက ၁ဝ နိုင်ငံမှာရှိတဲ့အစိုးရ တွေက ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ချိန် အတွင်း  ကိုယ်ဝန်မဆောင်ကြဖို့ ၂ဝ၁၆ ခုနှစ်  ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် (တိုင်ပေ) တွင် ထိုင်းနိုင်ငံမြောက်ပိုင်းက လာရောက် အလုပ် လုပ်ကိုင်တဲ့ အမျိုးသား တစ်ဦး ဖျားနာနေတာ ကိုစစ်ဆေးရာက ကလေးတွေကို ဦးနှောက်ပျက်စီးစေနိုင်တဲ့ ဇီကာရော ဂါပိုး ကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

အခုအခါ တရုတ်အစိုးရအနေနဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊  ဖိလစ်ပိုင်၊ မော်လ်ဒိုက် နိုင်ငံတို့ကို ခရီးသွားလာခွင့် ယာယီပိတ်ထား တယ်လို့ သိရပါတယ်။ ဇီကာဗိုင်းရပ်စ်ပိုးဟာ မြန်မာ နိုင်ငံကိုလည်း နည်းလမ်းပေါင်းစုံကနေ ကူးစက်လာနိုင်ပါ တယ်။ ဇီကာဗိုင်း ရပ်စ်ရော ဂါကိုကု သဖို့ ကာကွယ်ဆေးနဲ့ ကုသဆေးမပေါ်သေးပါဘူး။
ဒီရောဂါမဖြစ်အောင် ခြင်ကိုက်မခံရအောင်ဂရုစိုက်ရမယ်။ခြင်ပေါက်ပွားမှုမရှိအောင်  ရေလှောင် ထားတဲ့စည်တွေကို ဖုံးအုပ်ထားခြင်း၊ သွန်ပစ်ခြင်း၊ လဲပစ်ခြင်း၊ပိုးလောက်လမ်းများ ရေစစ်နဲ့စစ်ယူခြင်း၊ခြင် စားငါးမွေးမြူခြင်းများ ဆောင်ရွက်နိုင်သလို ခြင်ဆေး ဖျန်းခြင်း၊ ခြင်ဆေး မှုတ်ခြင်း၊ ဆေးရည်စိမ်ထားတဲ့ ခြင်ထောင်နဲ့အိပ်ခြင်းတို့လိုက်နာဆောင်ရွက်ဖို့လိုအပ်သလိုကျန်းမာရေး ပညာပေးခြင်း၊ ခြင် မကိုက်ရအောင်နေခြင်းများ စည်းရုံးလှုံ့ ဆော်ရမှာဖြစ်ပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ ကာယကံရှင်အပေါ် အကျိုး သက်ရောက်မှုနည်းပေမယ့်ကိုယ်ဝန် ဆောင်မိခင်ကမွေးဖွားလာမယ့်ကလေးအပေါ်ဦးနှောက်ဖွံ့ဖြိုးမှုမူမမှန်ဖြစ်ရတာကသန္ဓေ သားဦး နှောက်သွေး လျှံ တာ လို့ထင် ရကြောင်းလို့ဆိုပါတယ်။   ။

မြ၀တီသတင်းစာ


ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေး အများသုံးထိ ရနိုင်ဖို့ ၁၀စုနစ်ချီပြီး အချိန်ယူရနိုင်



ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံရတဲ့ မိခင် ဗိုက်ထဲက သန္ဓသားတွေမာ ဦးနောက် ဖွံ့ဖြိုးမု ထိခိုက်။
 


ဇီကာ ဗိုင်းရပ်စ် ကူးစက်မု ကို ထိန်းချုပ်နိုင်တဲ့ ကာကွယ်ဆေး ကို လူအများ အတွက် ထုတ်လုပ် ဖြန့်ဖြူး နိုင်ဖို့ ၁၀ စုနစ် နဲ့ချီ ကြာနိုင်တယ် ဆိုပြီး အမေရိကန် သုတေသီ တွေ က သတိပေးလိုက် ပါတယ်။
ခြင် က တဆင့် ကူးစက် တဲ့ ဇီကာ ဗိုင်းရပ်စ် ပြန့်နံမု အကြီးအကျယ် ဖြစ်လာ နိုင်တယ် ဆိုပြီး တော့လည်း တက္ကဆက် ပြည်နယ် တက္ကသိုလ် က သိပ္ပံ ပညာရင် တွေက ပြောပါတယ်။
ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံရတဲ့ မိခင် ဗိုက်ထဲက သန္ဓသားတွေမာ ဦးနောက် ဖွံ့ဖြိုးမု ထိခိုက် ရတယ် ဆိုပြီး ဆက်စပ် ထားကြ ပါတယ်။
သမ္မတ အိုဘားမား က လည်း ဇီကာ ဗိုင်းရပ်စ် ကူးစက် မု ထိန်းချုပ်ရေး ကို အရေးတကြီး သဘောထား ကိုင်တွယ် ကြဖို့ ဆော်ဩ နေပါတယ်။

Credit: bbcburmese 


Zika virus triggers pregnancy delay calls 

 

(ဇီကာ) ဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်တွေကိုသတိပေး

မနေ့ကထွက်တဲ့ တောင်အမေရိကနဲ့ ကရစ်ဘီယန်ဒေသအတွက် ကျန်းမာရေး အရေးပေါ်သတိပေးချက်ဖြစ်ပါတယ်။

(ဇီကာ) ဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်မှာ ဆိုးတဲ့မွေးရာပါချို့ယွင်းချက်ဖြစ်နိုင်လို့ပါ။ (ဇီကာ) ဗိုင်းရပ်စ်က ခြင်းကနေကူးစက်တယ်။

မွေးလာတဲ့ကလေးတွေမှာ Microcephaly ခေါ် ဦးနှောက်သေးနေမယ်။ ဘရာဇီးနိုင်ငံမှာ အောက်တိုဘာကနေစတွက်တာ အဲလိုကလေးပေါင်း ၄ဝဝဝ ရှိနေပြီ။

ကူးစက်ခံရရင် တုပ်ကွေးလိုခံစားရမယ်။ လူကနေလူကိုတော့ မကူးစက်ပါ။ ကိုလမ်ဘီယာအစိုးရကတော့ နောက် (၈) လအတွင်း ကိုယ်ဝန်မဆောင်ကြဘို့ သတိပေးထားပါတယ်။ အီကွေဒေါ၊ ဂျမေကာနဲ့ အယ်လ်ဆာဗာဒိုမှာလည်း အတူတူပဲ။

အဲတာကို အမျိုးသမီးအခွင့်အရေးအဖွဲ့တွေက ကိုယ့်ကိုယ်ဝန်ကိုယ်ဆောင်တာ ဘာဖြစ်လည်းလို့ ဝေဖန်ကြတယ်။
ကိုလမ်ဘီယာမှာ ကိုယ်ဝန် ၅ဝ% က မထင်မှတ်ပဲရနေကြတယ်။ လိင်စော်ကားမှုကလည်းထူပြောတယ်။ အဲဒီမှာ လူနာပေါင်း ၁၃၅ဝဝ ယောက်မှာပိုးစစ်လို့ရထားတယ်။  အဲလိုကလေး ၄၉ ယောက်သေဆုံးပြီးပြီ။ သူတို့ထဲက ၅ ယောက်မှာ ပိုးတွေ့တယ်။

(ဇီကာ) ဗိုင်းရပ်စ်ကို ၁၉၄ဝ ကျော်ကတည်းသိခဲ့တာပါ။ သွေးလွန်တုပ်ကွေးနဲ့ အဝါရောင်အဖျားရောဂါလိုပဲ Aedes aegypti ခြင်းကနေကူးစက်တယ်။ ရေသေမနေအောင်၊ ရေဟောင်းကျန်မနေအောင်လုပ်ရတယ်။ ခြင်ဆေးဖြန်းရတယ်။ ခြင်ကိုက်မခံရအောင်လုပ်ရတယ်။

အမေရိကန်အစိုးရကလည်း အဲဒီဒေသက နိုင်ငံပေါင်း (၂ဝ) ကျော်ဆီကို ကိုယ်ဝန်ရှိသူတွေခရီးမသွားကြဘို့ သတိပေးလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၆
http://www.bbc.com/news/world-latin-america-35388842

 


Zika virus ဇီကာဗိုင်းရပ်စ် သတိထားသင့်လာပြီ 

 

Aung San Myint ဆရာတင့် - ဇီကာဗိုင်းရပ်စ်အကြောင်းလေး ပြောပြပေးပါ။ အာရှထိရောက်နေတယ် တနေ့က TV မှာ ကြည့်လိုက်ရတယ်။ မြန်မာပြည်က ကိုယ်ဝန်တောင်မိခင်တွေ သိသင့်တယ်ထင်လို့ပါ ဆရာရေ။

လွန်ခဲ့တဲ့ (၄) နာရီလောက်က အမေရိကန်သမတကနေ သတိပေးလိုက်ပါတယ်။ ဒီဗိုင်းရပ်စ် ကာကွယ်ဆေးသုတေသန လုပ်တာကို မြန်မြန်ဆန်ဆန်ဖြစ်လာဘို့အကြံပေးပါတယ်။

၂၄-၁-၂ဝ၁၆ နေ့တုံးက ကိုယ်ဝန်ဆောင်တွေအတွက် Zika (ဇီကာ) ဗိုင်းရပ်စ်အန္တရာယ် သတိပေးစာကိုတင်ခဲ့ပါတယ်။ အဲဒီတုံးက တောင်အမေရိကနဲ့ ကရစ်ဘီယန်ဒေသအတွက် ကျန်းမာရေးအရေးပေါ်သတိပေးချက်ဖြစ်ပါတယ်။

(ဇီကာ) ဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်မှာ ဆိုးတဲ့မွေးရာပါချို့ယွင်းချက်ဖြစ်နိုင်တယ်။ မွေးလာတဲ့ကလေးတွေမှာ Microcephaly ခေါ် ဦးနှောက်သေးနေမယ်။ ဘရာဇီးနိုင်ငံမှာ အောက်တိုဘာကနေစတွက်တာ အဲလိုကလေးပေါင်း ၄ဝဝဝ ရှိနေပြီ။ ဦးခေါင်းပတ်လည်အတိုင်းအတာ ၃၁့၅ ကနေ ၃၂ စင်တီမီတာထက်နည်းနေရင် ဦးနှောက်သေးတယ်လို့ သတ်မှတ်တယ်။ Microcephaly လို့ခေါ်တယ်။

(ဇီကာ) ဗိုင်းရပ်စ်ကို ၁၉၄ဝ ကျော်ကတည်းသိခဲ့တာပါ။ ခြင်ကနေကူးစက်တယ်။ လူကနေလူကိုတော့ မကူးစက်ပါ။ ကိုလမ်ဘီယာအစိုးရကတော့ နောက် (၈) လအတွင်း ကိုယ်ဝန်မဆောင်ကြဘို့ သတိပေးထားပါတယ်။ အီကွေဒေါ၊ ဂျမေကာနဲ့ အယ်လ်ဆာဗာဒိုမှာလည်း အတူတူပဲ။

ကူးစက်ခံရရင် တုပ်ကွေးလိုခံစားရမယ်။ ခပ်သင့်သင့်ဖျားတာ၊ မျက်စိနာတာနဲ့ ခေါင်းကိုက်တာစဖြစ်တယ်။ မိခင်လောင်းမှာ ပိုးကူးစက်ခံထားရရင် အထဲကကလေးမှာ ရောဂါရစေမယ်။

အဲတာကို အမျိုးသမီးအခွင့်အရေးအဖွဲ့တွေက ကိုယ့်ကိုယ်ဝန်ကိုယ်ဆောင်တာ ဘာဖြစ်လည်းလို့ ဝေဖန်ကြတယ်။
ကိုလမ်ဘီယာမှာ ကိုယ်ဝန် ၅ဝ% က မထင်မှတ်ပဲရနေကြတယ်။ လိင်စော်ကားမှုကလည်းထူပြောတယ်။ အဲဒီမှာ လူနာပေါင်း ၁၃၅ဝဝ ယောက်မှာပိုးစစ်လို့ရထားတယ်။  အဲလိုကလေး ၄၉ ယောက်သေဆုံးပြီးပြီ။ သူတို့ထဲက ၅ ယောက်မှာ ပိုးတွေ့တယ်။

အမေရိကန်အစိုးရကလည်း အဲဒီဒေသက နိုင်ငံပေါင်း (၂ဝ) ကျော်ဆီကို ကိုယ်ဝန်ရှိသူတွေခရီးမသွားကြဘို့ သတိပေးလိုက်ပါတယ်။

Aedes aegypti (အေးဒီးစ်အီဂျစ်ပတိုင်း) အမျိုးအစားခြင်ကနေ သွေးလွန်တုပ်ကွေး၊ အဝါရောင်အဖျားရောဂါ၊ ဇီကာအဖျား ရောဂါနဲ့ ချစ်ကန်ဂူညာ (ဂျပန်၊ ဆင်ဖြူတော်၊ မျောက်) တုပ်ကွေးရောဂါတွေကိုကူးစက်စေတယ်။ ဒီခြင်က နေဝင်နဲ့ မနက်အိပ်ယာထချိန်တွေမှာ ကိုက်တယ်။ အခန်းတွင်း၊ အိမ်ထဲနဲ့ အရိပ်ရှိရာမှာနေတယ်။ တိမ်ထူနေချိန်ကို သဘောကျတယ်။ တနှစ်လုံးဖြစ်နိုင်တယ်။ တနေကုန်ဖြစ်နိုင်တယ်။ မြေပုံမှာ အနီရောင်ခြင်ပေါဒေသထဲမှာ မြန်မာနိုင်ငံ ပါတယ်။ ရေသေကို ပိုကြိုက်တယ်။ ပန်းအိုး၊ အဖုံးမပါတဲ့ ရေထည့်စရာတွေမှာပေါက်ပွါးတယ်။ ရေဟောင်း ကျန်မနေအောင်လုပ်ရတယ်။ ခြင်ဆေးဖြန်းရတယ်။ ခြင်ကိုက်မခံရအောင်လုပ်ရတယ်။ ခြင်နှိမ်နင်းရေးကို စာတပုဒ်ရေးပါမယ်။

တောင်အမေရိကကိုခရီးသွားခဲ့တဲ့ ဒိန်းမတ်လူမျိုးမှာ ပိုးတွေ့ထားတယ်။ အလားတူ ဂျာမဏီ၊ ဆွီဒင်၊ ဗြိတိန်မှာလည်း တွေ့တယ်။ ၂၇-၁-၂ဝ၁၆ နေ့စွဲနဲ့သတင်းမှာ စင်္ကာပူကျန်းမာရေးဌာနကနေ သတိပေးချက်ထုတ်လိုက်ပါတယ်။ ဇီကာဗိုင်းရပ်စ်ကူးစက်မလာအောင် ဆောင်ရွက်ရေးအတွက် ဖြစ်ပါတယ်။ ၁၉-၁-၂ဝ၁၆ နေ့တုံးက ထိုင်းနိုင်ငံကနေ ပြန်လာသူဆီကနေ တိုင်ဝမ်မှာပိုးတွေ့တဲ့သတင်းလည်းရှိခဲ့ပါတယ်။

ကျန်းမာရေးသတိပေးတိုင်း စာဖတ်သူတွေ နားထောင်သူတွေကို လိုတာထက်ပိုကြောက်အောင် ဖြဲမခြောက်ဘို့ပါ သတိပေးပါတယ်။ မြန်မာပြည်ကနေ တောင်အမေရိကကိုသွားတာအလွန်ရှားတယ်။ ဒါပေမယ့် ခရီးသွားသူများတဲ့ ထိုင်းနဲ့ စင်္ကာပူကိုတော့ ဗမာတွေလည်းသွားကြလာကြလို့ တဆင့်ခံ နှစ်ဆင့်ခံ ကူးစက်မခံရအောင်သာ သတိထားကြပါ။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၆
Distribution in 2006 of Aedes aegypti(blue) and epidemic dengue (red)


No comments: