Monday, January 11, 2016

Home Remedies for Beautiful Skin and Hair



ဆံပင်ပါးလာကျွတ်လာသော သူငယ်ချင်းများအတွက် မီးဖိုချောင်ကဆေးတစ်မယ်


ကြက်သွန်နီဖြစ်ပါတယ်။ အလွယ်တကူလည်းရ အိမ်တွင်းမီးဖိုချောင်မှာ အမြဲတစေတွေ့နေရလို့ အစွမ်းမထက်ဘူးထင်ရင် မှားသွားပါလိမ့်မယ်။ အခု အရှေ့တိုင်းမှာကော အနောက်တိုင်းမှာကော ဆံပင်ပါးသူများကို အလှပြင်ကုသပေးနေသူအများစုက ဒီနည်းကို အသုံးပြုကုသပေးနေကြတာ အကျိုးသက်ရောက်မှုရှိလို့ပေါ့နော်။
ချွင်းချက်အနေနဲ့ ကင်ဆာသမားများ ဆေးပူသောက်လို့အမြစ်မခိုင်ကျွတ်တဲ့ခဏသောအချိန်တို့ ဦးခေါင်းကို အပူကဲတဲ့အနေအထားထားမိသူများအတွက်တော့ သက်ဆိုင်ရာရောဂါများကို အရင်ဂရုပြုရဦးမှာနော်။ အခုဟာက အသက်အရွယ်အရသော်လည်းကောင်း ဆံပင်မွှေးညှင်းပေါက်များပိတ် ဘာမှန်းမသိ ဆံပင်ပါးလာသူများ စိတ်ရှည်ရှည်သုံးရမည့်နည်းဖြစ်ပါတယ် ခင်ဗျ။

လိုအပ်သောပစ္စည်းများ
(၁) ကြက်သွန်နီ (အနေတော်အရွယ်) - ၂လုံး
(၂) ကြိတ်ခြေစက် (Blender) - ၁လုံး
(၃) သန့်ရှင်းသောခွက် - တစ်လုံး

ပြုလုပ်ပုံအဆင့်ဆင့်
အဆင့် (၁) ကြက်သွန်နီအခွံနှင့်အတူ အပေါ်ယံပွနေသော အသားခွံအချို့ကို ခွာချွတ်ပါ။ ကြက်သွန်နီတစ်လုံးကို လေးစိတ်ထိုးပါ စုစုပေါင်း ရှစ်စိတ်ရပါမယ်။
အဆင့် (၂) ကြိတ်ခြေစက် သို့မဟုတ် Blender ကို သေချာသန့်စင်ထားပြီးနောက် ကြက်သွန်နီတွေကို ထည့်ကာ အနှေးမွှေအဆင့် အဲ နံပတ် ၂လောက်ထားပြီးမွှေပါ။
အဆင့်(၃) ကြက်သွန်နီ အနှစ်များရလာတဲ့အခါ မိမိလက်ကို တစ်ခါသုံး လက်အိပ်လေးစွပ်ကာ အနှစ်များကိုညှစ်ညှစ်ပြီး(ထမင်းဆုပ်လုံးသလို) အရည်စုပါ ခွက်တစ်လုံးထဲသို့ပေါ့။ ဒါမှမဟုတ် အရည်ညှစ်တဲ့ ကိရိယာလေးရှိရင် ကြက်သွန်နှစ်တွေထည့်ပြီး အရည်စစ်ပေါ့။
အဆင့်(၅) အရည်ကို ဆံပင်အခြေ ဦးရေပြားသို့အသေအချာလိမ်းကျံနှိပ်ပြုပြီး မိနစ် (၂၀)လောက်ထားပါ။ ပြီးလျှင် ခပ်ပျော့ပျော့ ရှန်ပူ (Mild Shampoo) တစ်ခုခုဖြင့်လျှော်ပေးလိုက်ပါ။
ရက်သတ္တပါတ် တစ်ပါတ်ကို နှစ်ကြိမ်မှ သုံးကြိမ်ပြုလုပ်ပေးဖို့လိုပါတယ်။ ဆံပင်အခြေအနေကိုလိုက်လို့ စိတ်ရှည်ရှည်ထား ကာလတစ်ခုကြာသည်အထိ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဦးရေပြားမွှေးညှင်းပေါက်တွေပွင့်လာကာ ဆံသားအသစ်လေးတွေ ပြန်လည်အုံထူလာတာကို လိုချင်ရင်တော့ အနံ့ပြင်းတာကို သည်းခံနိုင်ဖို့လိုအပ်သလို စိတ်ရှည်ဖို့လည်း လိုအပ်မှာဖြစ်ကြောင်းပါ ခင်ဗျ။
Ref: Natural Home Remedies For Fast Hair Growth and Long hair
 

ဆံသားထူကာ သန်စွမ်းလာဖို့ ဆီလိမ်းကြစို့


အခုပြောပြမယ့် ဆီမွှေးကတော့ အကျိုးကျေးဇူးတစ်မျိုးစီမတူတဲ့ ဆီအမျိုးအစားကွဲများကို စုပေါင်းကျိုချက်ပြီး လိမ်းကျံရမယ့် အိမ်တွင်းဖြစ် ကုထုံးဆီမွှေးဖြစ်ပါတယ်။ များသောအားဖြင့် အုန်းဆီဆိုလည်း အုန်းဆီစစ်စစ် တစ်မျိုးတည်းလိမ်းကြတယ် ဆံပင်နက်ချင်ရင် ဘယ်အရွက်ကိုချွေထည့်တယ်စသဖြင့်ပေါ့။
ဖော်စပ်မယ့်ဆီမွှေးမှာပါဝင်တဲ့ ဆီအကုန်လုံးဟာ အရောအနှောမပါ သဘာဝစစ်စစ်ပစ္စည်းတွေဖြစ်ရပါမယ်။ ပြီးတော့ ထည့်မယ့်ပုလင်း တည်မယ့် အိုးခွက်တွေဟာ သန့်စင်နေဖို့တော့လိုတာပေါ့နော်။
ချွင်းချက်အနေနဲ့ ဆံသားအစ အသားအရေအဆုံး အတော်များများဟာ လူတစ်ယောက်ရဲ့ မှီဝဲစားသုံးနေတဲ့ အစာအဟာရပေါ်မှာလည်းမူတည်နေတာဆိုတော့ အအိပ်အနေ အစားအသောက်များဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အဟာရပြည့်ဖို့လည်းလိုသနော်။ ဘယ်ဟာတော့မကြိုက်ဘူး ဒါပဲ တသတ်မှတ်တည်း စားတာမျိုးမလုပ်ရပါဘူး။ သင့်တင့်မျှတသော အစာအဟာရအစုံကိုမှီဝဲရမှာပါ။ ဒါမှ လူလည်းကျန်းမာ ကျန်တဲ့အရာများလည်း လှပမှာဖြစ်ပါတယ်။ စိတ်ရှည်ရှည်သုံးရမည့်နည်းဖြစ်ပါတယ် ခင်ဗျ။

လိုအပ်သောပစ္စည်းများ
(၁) အုန်းဆီ (လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့ အရောအနှောမပါ သဘာဝ) - ၁၀၀ ml (100% Raw Virgin Coconut Oil 100ml) ဆံသားတွေကို နုညံ့စေသလို ဦးရေပြားကို အားဖြည့်ပေးနိုင်ပါတယ်။
(၂) သံလွင်ဆီ စစ်စစ် (အရောအနှောမပါ သဘာဝဆီစစ်စစ်) - ၁၀၀ ml (Olive Oil) ဆံသားကျိုးပြတ်မှုကို သက်သာစေပြီး ဆံဖျားကွဲတာတွေ ဆံပင်ကျွတ်တာတွေကို သက်သာစေပါတယ်။
(၃) နှမ်းဆီ (sesame oil) - ၁၀၀ ml ဦးရေပြားခြောက်သွေ့တာ၊ ဆံပင်ကျွတ်တာတွေကို သက်သာစေ ပါတယ်။
(၄) မုန့်ညင်းဆီ (mustard’s seed oil) – ၁၀၀ ml ဆံသားတွေ သန်မာအောင် ဆံပင်ပြန်ပေါက် အုံထူလာအောင် အားပေးနိုင်စွမ်းရှိပါတယ်။
(၅) အယ်လ်မွန်စေ့ဆီ (Almond Oil) - ၁၀၀ ml ဆံပင်အားဖြည့်ကာ ချောမွေ့စေသလို ဆံပင်အုံထူလာစေပါတယ်။
(၆) ကြက်ဆူဆီ (Castor Oil) - ၁၀၀ ml ဦးရေပြားယားယံတာ ဆံပင်ကျွတ်တာတွေအတွက်ကောင်း ပါတယ်။
(၇) ဆီးဖြူသီးခြောက် (Indian Gooseberry or Amla Fruits) - လက်ခုပ်နှစ်ခုပ်စာ two handfuls
(၈) ပျဉ်းတော်သိမ်ရွက် (curry leaves) - လက်ခုပ်နှစ်ခုပ်စာ (ချွေထားသောအရွက်များ)
(၉) ကြက်သွန်နီဥသေး အလုံး ၃၀လောက်
(၁၀) မီးဖိုနဲ့ ဒယ်အိုး တစ်စုံ

ပြုလုပ်ပုံအဆင့်ဆင့်
အဆင့် (၁) ပါဝင်ပစ္စည်းများထဲမှ နံပါတ် တစ်ကနေ ခြောက်အထိကို ဒယ်အိုးသန့်သန့်ထဲထည့်ကာ မီးအပူရှိန် မပြင်းဘဲ ခပ်မှန်မှန်ဖြင့် အပူပေးပါ။
အဆင့် (၂) ပြီးလျှင် ဆီးဖြူသီးခြောက်တွေ၊ ပျဉ်းတော်သိမ်ရွက်တွေ၊ နုပ်နုပ်လှီးထားတဲ့ ကြက်သွန်နီတွေကို ထည့်မွှေလိုက်ပါ။ ကြက်သွန်နီတွေ အညိုရောင်သမ်းသွားချိန် ပျဉ်းတော်သိမ်ရွက်တွေ မည်းညိုသွားချိန်အထိ မီးအေးအေးနဲ့တည်ပြီးနောက် အားလုံးကောင်းကောင်းသမနေတဲ့ ဆီသန့်သန့်ကိုရဖို့ ဆီစစ်ဇကာဖြင့် သေချာ စစ်ကာ အအေးခံလိုက်ပါ။
အဆင့်(၃) သိမ်းဆည်းမည့် ပုလင်းထဲသို့ထည်သိုလိုက်ပြီးနောက် တစ်လမှ နှစ်လတိုင် အခန်းအပူချိန်ဖြင့် သိမ်းဆည်းထားပါ။
အဆင့်(၄) လိမ်းလို့ရမည့်အချိန်ရောက်ပြီဆိုပါလျှင် ဦးရေနဲ့ဆံသားကို တစ်ပတ်ကို နှစ်ကြိမ်လောက် ပုံမှန်လိမ်းကျံပေးခြင်းဖြင့် ရလာဒ်ကောင်းကိုပိုင်ဆိုင်နိုင်ပါပြီ။
Ref: How to make hair growth oil at Home Easily – Hair Growth
 

ဆံသားတောက်ပဖို့ ငှက်ပျောသီးနဲ့ပေါင်းတင်စို့

မိမိရဲ့ မီးဖိုချောင်ထဲမှာရှိတဲ့ အသီးအနှံတွေ ပစ္စည်းပစ္စယတွေကိုသုံးပြီးအသားအရေဆံပင်ကိုလည်း အဟာဖြည့်လို့ရတယ်ဆိုတာသတိပြုမိဖို့ စိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေကို ကျွန်တော်ရှာဖွေပြီးရေးသားပေးနေရာမှာအခုတစ်ခါတော့ ဆံပင် ဆံသားအရောင်လေးတွေ မွဲခြောက်မနေစေဖို့ အိမ်မှာတင်ပေါင်းတင်လို့ရမယ့် နည်းလမ်းလေးကိုတင်ဆက်လိုက်ပါတယ်။

လိုအပ်သောပစ္စည်းတွေကတော့

ငှက်ပျောသီးမှည့် - ၁ လုံး (မိမိဆံပင်အထူအပါးကိုလိုက်လို့ချင့်ချိန်ထည့်ပါ)

နွားနို့ (Milk) - ၁/၄ ခွက် (ရေနွေးကြမ်းပန်းကန်အကြီးအရွယ်လောက်)

ပျားရည် - စားပွဲတင်ဇွန်းတစ်ဇွန်း (1 tablespoon)

ပြင်ဆင်ပြုလုပ်ပုံ

လှီးဖြတ်ထားတဲ့ ငှက်ပျောသီးမှည့်ကို Blender ထဲထည့်ပါ။ နွားနို့ကိုလောင်းထည့်ပါ။ 

ပျားရည်တစ်ဇွန်းကိုထည့်ပါ။ ပြီးလျှင် ကောင်းကောင်းသမသွားအောင်မွှေပစ်လိုက်ပါ။

ရရှိလာတဲ့ အရောအနှောအနှစ်ကိုဆံသားတွေ ဦးရေတွေကိုနှံ့စပ်အောင်လိမ်းကျံနှိပ်နယ်ပေးပါ။ နှိပ်နယ်ပေးတဲ့အခါ စက်ဝန်းပုံစံလေး ခပ်ရွရွနှိပ်ပေးဖို့လိုပါတယ်။

ပြီးရင်တော့ Shower Cap (ရေချိုးလျှင်ဆောင်းသောပလတ်စတစ်ဦးထုပ်) ကိုဆောင်းကာမိနစ် ၃၀ ကနေတစ်နာရီနည်းပါးထားပေးရပါမယ်။ ပြီးမှ Shampoo ဖြင့် ခေါင်းလျှော်သန့်စင်လိုက်ပါ။

ရလာဒ်ကောင်းဖြစ်တည်ဖို့အတွက် တစ်ပတ်ကို ၂ - ၃ ကြိမ်လောက်ပြုလုပ်ပေးခြင်းဖြင့် ဆံသားအရောင်စိုစိုတွေကိုရရှိစေမှာပါ။



Ref: How to get Strong Shiny Hair

No comments: