Monday, May 27, 2013

ကျန်းမာရေးအတိုအထွာလေးများ


အရက်နာမကျအောင် အရက်သောက်နည်းများ
- အရက်သောက် ရမယ့်နေရာ သွားဖို့ ရှိနေရင် တစ်ခုခုကို စားထား ပါ။ အဆီပါတဲ့ အစားအစာဆို ပို ကောင်း ပါတယ်။ အဆီတွေက အူနံရံ မှာ အမြှေးပါးကို ဖုံးအုပ် ပေးထား တဲ့အတွက် အရက်စုပ် ယူရရှိမှုကို နှေး ကွေး စေတယ်။ ဒါက နောက်နေ့မှာ အရက်နာကျခြင်း အခွင့်အလမ်း နည်းစေ တယ်။
- အရက်ပြင်းကို သောက်မယ်ဆို ရင် Bourbon ရမ် ဒါမှမဟုတ် ကော့ ညှက် (Bourbon) ထက် ဗိုကာ (cognac) အရက်ကို ဦးစားပေးပါ။ ဝိုင်နီထက် ဝိုင်ဖြူကို ဦးစား ပေးပါ။ ဗိုကာမှာ နောက်နေ့ နံနက်မှာ ပျို့စေ တဲ့၊ ခေါင်းကိုက်စေတဲ့ အရာများ (Congers) မပါဝင်ဘူး။ ဝိုင်ဖြူက ဝိုင်နီထက် Congeners များပါဝင်မှု ပိုနည်းတယ်။
- အချိန်ဆွဲ သောက်ပါ။ သင့်ခန္ဓာ ကိုယ်က တစ်နာရီမှာ အရက်တစ် အောင်စလောက် နှုန်းနှင့် လောင်ကျွမ်း စေတာ ဖြစ်တယ်။ အရက်ကို လောင် ကျွမ်းစေဖို့ အချိန်ပိုရလေ အရက် ဦးနှောက်ထဲ ရောက်ရှိမှု ပိုနည်းလေပဲ။
- အရက်နှင့် ဆိုဒါ၊ သစ်သီးဖျော် ရည် ဒါမှမဟုတ် အရက်မဟုတ်တဲ့ အခြားအချို ရည်ကို တစ်လှည့်စီ သောက်ပါ။
- ရှန်ပိန် ဒါမှမဟုတ် အခြားအရက် တွေထဲမှာ ပူပေါင်းများ ပါဝင်ခြင်း (ပမာ အားဖြင့် ရမ်နှင့် coke )ကို ရှောင်ပါ။ ပူပေါင်းက သွေးကြောများ ထဲသို့ အရက်ပိုမြန်မြန် ရောက်စေတယ်။  

ဦးလှမြင့်(ဂန္ဓာမာ)

ဘောင်းဘီအကြပ်က အောက်ပိုင်း သေစေနိုင်

ချက်ချင်းတော့ မသေပါဘူး။ အချိန်ကာလ တစ်ခုအထိပါ။ ဂျင်း ဘောင်းဘီအကြပ်များက အောက်ပါ သွေးလမ်းကြောင်း စီးဆင်းမှုကို နှေးကွေး စေပါတယ်။ ကြွက်သားကိုပါ ညစ်ထားပြီး သွေးပေါင်ချိန် အတက်အကြ များစေပါတယ်။
၂၄ နာရီ ဝတ်ထားတာမျိုး မလုပ်ရဘူးလို့ ဆရာဝန်များက လမ်းညွန် ထားပါတယ်။ နေ့စဉ် ဂျင်းဘောင်းဘီ အကြပ်၊ စကင်နီတို့ ဝတ်ဆင် ခြင်းက ခါးအောက်ပိုင်း ကျန်းမာရေးကို ထိခိုက် စေပါတယ်။ အရွယ်ငယ်တုန်း သိသာမှု မရှိပေမယ့် အသက် ၄၀ နောင်းပိုင်းမှာ ကြွက်သားနာခြင်း၊ ကြွက်တက်ခြင်း၊ အသား နာကျင်ကိုက်ခဲခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။ နောက်ဆုံး အဆင့်ကတော့ ခါးအောက်ပိုင်း သေခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ဂျင်းဘောင်းဘီ အကပ်များ၊ စကင်နီများ၊ ခါးအောက်ပိုင်း ခန္ဓာကိုယ်ကို ချုပ်တည်းစေသော အဝတ်အစား များ ဝတ်ဆင်မှုကို နေ့စဉ် ပြုလုပ်ရန် မသင့်ပါဟု တိုက်တွန်းထားကြောင်း သိရပါတယ်။
-
Ref: medic- facts
ရိုးရာလေး ကျန်းမာရေး

ပေါင်ကြီးခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူး

ပေါင်တံ သွယ်သွယ်လေးနဲ့ စူပါ မော်ဒယ်လ် ခန္ဓာကိုယ် လေးတွေဟာ ဘာဝတ်ဝတ် လှပပြီး စတိုင်လ်ကျနေ တာမို့ အားကျ ချင်စရာပါ။ ဒီနေရာမှာ ပေါင်တံကြီးတဲ့ သူတွေ အတွက် စိတ် အားမငယ်မယ့် သတင်း ကောင်းတစ် ခု ရှိပါတယ်။ သင့်ရဲ့ပေါင်တံ ကြီးတွေ က သင့်ကျန်းမာရေးကို ကာကွယ် မှု ပေးနိုင် ပါတယ်။ ဒိန်းမတ် သုတေ သီများရဲ့ လေ့လာချက် တစ်ခုအရ ပေါင်တံသေးသွယ် သူများဟာ နှလုံး ရောဂါခံစား နိုင်ရခြေနှင့် အရွယ်မတိုင် မီ သေဆုံးမီ သေဆုံးနိုင်ခြေ မြင့်မား နေကြတာကို တွေ့ရှိခဲ့ကြပါတယ်။ ဩစတြေးလျလူမျိုး သုတေသီများ က ထပ်မံတွေ့ရှိ ထားတာကတော့ ပေါင်တံကြီး ခြင်းဟာ ဇီဝရုပ် ဖြစ်ပျက် မှု ပိုမိုကောင်းမွန်ခြင်းဟု ဆိုလိုပြီး ဆီးချိုသွေးချို ရောဂါ ဖြစ်နိုင်ခြေ နည်း ပါးကြတယ်လို့ သိရှိရပါတယ်။ ဒီ လောက်ဆိုရင်တော့ ကြီးမားတဲ့ ပေါင်တံတွေကို ကျေးဇူး တင်သွားပြီ လား။  
ဇင်မာမြင့်

No comments: