Tuesday, May 14, 2013

ငါးခေါင်းမြေအိုးဟင်းအချို



ပါဝင်သောပစ္စည်းများ

ငါးကြင်းခေါင်း တစ်ခေါင်း(၃၀ကျပ်သားခန့်)၊ ပဲပြား တစ်တုံး(လေးထောင့်တုံးလေးများ တုံးထားပါ)၊ မုန့်ညင်းဖြူ ခြောက် ကျပ်သား(တစ်လက်မအရွယ်စီ လှီးထားပါ)၊ တရုတ်မှိုခြောက် ငါးပွင့် (ရေနွေးဖြင့် စိမ်ထားပါ၊ အညှာဖယ်ပစ်ပါ)၊ ၀က်သား ကင် ခြောက်ကျပ်သား (ပါးပါးလှီးထားပါ)၊ မျှစ်နုနု သုံးကျပ်သားခန့် (မထူမပါး လှီးထားပါ)၊ မုန်လာဥနီ သုံးကျပ်သားခန့် (ပါးပါးလှီးထားပါ)၊ ကြက်သွန်မြိတ် နှစ်ပင် ( ခပ်ရှည်ရှည်ပိုင်းဖြတ်ထားပါ)၊ ပဲငါးပိအနှစ် ထမင်းစားဇွန်း တစ်ဇွန်း၊ ကြက်ပြုတ် ရည် သို့မဟုတ် ရေ ၁.၂ လီတာ၊ ချင်းပါးပါးလှီး လေးပြား၊ ခရုဆီ ထမင်းစားဇွန်း တစ်ဇွန်း၊ ဟင်းချက်ဝိုင် ထမင်းစားဇွန်း တစ်ဇွန်း ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ပဲငံပြာရည်အကျဲ လက်ဖက်ရည်ဇွန်း တစ်ဇွန်း + ထမင်းစားဇွန်း နှစ်ဇွန်း၊ ပဲငံပြာရည်အပျစ် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ငရုတ်ကောင်းမှုန့်နှင့် ကော်မှုန့် အနည်းငယ်။

ချက်ပြုတ်နည်း

၁)ငါးခေါင်းကို အကြေးခွံများဖယ်ပြီး ရေစင်အောင်ဆေးကာ ထက်ခြမ်းခြမ်းပါ။ ရေစစ်ပြီး ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း နှစ်ဇွန်းနှင့် ကော်မှုန့်တို့ဖြင့်နယ်ပါ။

၂) မြေအိုးထဲတွင် ဆီအနည်းငယ်ကို အပူပေးကာ ငါးခေါင်းနှင့် ပဲပြားများကို ညိုရောင်သန်းသည်အထိ ထည့်ကြော်ပါ။ ပြီးလျှင် ဆယ်ယူထားပြီး အိုးထဲသို့ ဆီသုံးဇွန်းထည့်ပါ။ ဆီပူလျှင် ချင်းနှင့် ပဲငါးပိထည့် ဆီသတ်ပါ။

၃)မွှေးပျံ့လာလျှင် မုန့်ညင်းဖြူ၊ မုန်လာဥနီ၊ မှို၊မျှစ်နှင့် ၀က်သားကင်ထည့်ကြော်ပါ။ ထို့နောက် အရသာမှုန့်ခတ်၍ ကျန်ပစ္စည်းအားလုံးနှင့် ရေကိုထည့်ပါ။ ငါးခေါင်းနှင့် ပဲပြားကြော်ကိုပါထည့်ပြီး မီးမျှဉ်းမျှဉ်းဖြင့် မိနစ် ၂၀ခန့် ဖုံးအုပ်ကာချက်ပါ။ ထို့နောက် ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်ပါ။

(Ref: Heavenly Claypot Magic by Pang Nyuk Yoon)

No comments: