Thursday, May 30, 2013

သင့်ကို ဝလာစေသော အံ့အားသင့်စရာ အကြောင်းများ



သင်ဝလာရတဲ့ အကြောင်းကို သင် ကိုယ်တိုင် မသိ ဖြစ်နေ ပါသလား။ သင် မထင်မှတ် ထားတဲ့ အံ့အား သင့်စရာ အကြောင်း အရာတွေ ရှိနေပါတယ်။ 

သင် အိပ်ချိန်နည်းပါး လွန်းခြင်း
အိပ်ချိန်နည်းပါး လွန်းတာနဲ့ အိပ်ရာ ဝင် နောက်ကျ တာတွေက သင့်ကို ဝစေ ပါတယ်။ အိပ်ချိန် နောက်ကျတဲ့ အခါ ည ဘက်မှာ အဆာပြေ စားတာတွေက ခန္ဓာ ကိုယ်အတွက် ကယ်လိုရီအပိုတွေ ရရှိစေ ပါတယ်။ အိပ်ချိန် နည်းပါး လွန်းတာက ခန္ဓာကိုယ်မှာ ဟော်မုန်း ပမာဏတွေ ပြောင်း လဲပြီး အစာပိုမို စားချင်တာ၊ မကြာခဏ ဗိုက်ဆာ တာတွေကို ဖြစ်စေပြီး အစာများ များ စားမိစေ ပါတယ်။ မထင်မှတ် ထားတဲ့ အံ့အား သင့်စရာ အကြောင်းတွေ ရှိနေပါတယ်။ စိတ်ဖိစီးမှုများခြင်း စိတ်ဖိစီးမှုတွေ များလာတဲ့ အခါ ခန္ဓာ ကိုယ်က ကော်တီ စောဟော်မုန်းကို ထုတ် လုပ်ပြီး အစာစားချင် စိတ်ကို ဖြစ်ပေါ်စေ ပါတယ်။ စားတဲ့ အခါမှာလည်း ကယ်လို ရီများများ ရရှိစေတဲ့ အဆီအအိမ့် တွေကို ပိုမိုစားမိ တာကြောင့် သင့်ခန္ဓာကိုယ်က ပိုမိုဝဖြိုး လာပါတယ်။ 

စိတ်ကျရောဂါ ကုသဆေးများ သောက်သုံးနေရခြင်း
စိတ်ကျရောဂါ ကုသဆေးတွေ သောက်သုံးနေရတဲ့အခါ ဆေးရဲ့ဘေး ရေရှည်စွဲသောက်နေရသူတွေရဲ့ ၂၅ ရာခိုင်နှုန်းမှာ ကိုယ်အလေးချိန်တက် လာတာကို တွေ့ရပါတယ်။ သင်က စိတ် ကျရောဂါကုသဆေးတွေ သောက်သုံးနေ ရပြီး ကိုယ်အလေးချိန်တက်လာပါက ဆရာဝန်ကို ပြောပြပြီး တိုင်ပင်ဖို့ လိုပါ တယ်။

စတီးရွိုက်ဆေးများ သောက်သုံး နေရခြင်း
ရောင်ရမ်းမှု တွေကို လျှော့ချပေးဖို့ သောက်သုံးနေရတဲ့ စတီးရွိုက်ဆေး ပ ရက်နီဆိုလုံးက ကိုယ်အလေးချိန်တက် လာစေပါတယ်။ ရေဓာတ်ကို ခန္ဓာကိုယ် ထဲ ဆွဲထား တာနဲ့ အစာစား ချင်စိတ် ဖြစ် ပေါ်စေတာ တွေကြောင့် ဝဖြိုးလာစေပါ တယ်။ သင်သောက်သုံးတဲ့ ဆေးဝါးပမာ ဏနဲ့ ဘယ်လောက်ကြာကြာ သောက် သုံးနေလဲဆိုတဲ့အပေါ်မှာလည်း မူတည် ပါတယ်။ စတီးရွိုက်ဆေးသောက်သုံးတဲ့ အခါ မျက်နှာ၊ လည်ပင်းနဲ့ ကုပ်ပိုး ဒါမှ မဟုတ် ဗိုက်နေရာတွေက သိသိသာသာ ဝလာတတ်ပါတယ်။

ပဋိသန္ဓေတားဆေးများ သောက်သုံးနေခြင်း
သားဆက်ခြား ချင်လို့၊ သားသမီး မယူချင်သေးလို့ စတဲ့ အကြောင်းတွေနဲ့ ပဋိသန္ဓေ တားဆေး သောက်သုံး နေရသူ တွေဟာ ကိုယ်အလေးချိန် တိုးလာနိုင် ပါတယ်။ ပဋိသန္ဓေ တားဆေးတွေက အီ စထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ ပေါင်းစပ်ထားပြီး ဒီဟော်မုန်းတွေရဲ့ ခန္ဓာ နွှယ်နေ ပါတယ်။ သင်သောက် သုံးနေတဲ့ ပဋိသန္ဓေ တားဆေး ကြောင့် ကိုယ်အလေးချိန်တက် လာတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး တခြားသန္ဓေတား နည်းကို အသုံးပြုပါ။

စိတ်ရောဂါကု ဆေးဝါးများ သောက်သုံးနေရခြင်း
စိတ်ရောဂါ ကုသဆေးတွေ သောက်သုံး နေရတဲ့အခါ သင့် ခန္ဓာကိုယ် အလေးချိန်တွေ တိုးပြီးရင်း တိုးနေ နိုင်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်တာ၊ တက်တာ၊ သွေးဖိအားများ တာနဲ့ ဆီးချိုသွေးချို ရောဂါ တွေအတွက် ကုသနေရတဲ့ ဆေးဝါး တွေကလည်း ကိုယ်အ လေးချိန်ကို တက်စေပါတယ်။

သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုနည်းခြင်း
သင့်လည်ပင်း အရှေ့နားမှာ ရှိတဲ့ လိပ်ပြာပုံ သိုင်းရွိုက် ဂလင်းက ဟော်မုန်း မှာ သိုင်းရွိုက်ဟော်မုန်း နည်းသွားပြီး မောပန်းတာ၊ အားနည်းတာ၊ အအေးမိ ဖျားနာတာနဲ့ ကိုယ်အလေးချိန် တက်တာ တွေ ဖြစ်တတ် ပါတယ်။ ခန္ဓာကိုယ်မှာ သိုင်းရွိုက်ဟော်မုန်း မလုံလောက်တဲ့ အခါ ဇီဝရုပ် ဖြစ်ပျက်မှုတွေ နှေးကွေးပြီး ကိုယ် အလေးချိန် တက်လာပါတယ်။

အသက်ကြီးလာခြင်း
အသက် ၄၀-၅၀ အရွယ်မှာ ဟော် မုန်းပြောင်းလဲ မှုတွေ ဖြစ်ပေါ်တာကို တွေ့ရ ပါတယ်။ အသက်အရွယ် ကြီးလာ တဲ့အခါ ဇီဝရုပ် ဖြစ်ပျက်မှု နှေးကွေးလာ တာ၊ အဆီလောင် ကျွမ်းပျက်စီးမှု နည်း လာတာ၊ နေထိုင်မှုပုံစံ တွေပြောင်းပြီး လှုပ်ရှားမှု နည်းလာတာ တွေက ကိုယ်အ လေးချိန် တက်လာ စေပါတယ်။ တင်ပါး နဲ့ ပေါင်နေရာ တွေထက် ခါးနေရာမှာ အဆီပိုတွေ တက်လာ စေပါတယ်။

သားဥအိမ်တွင် အရည်အိတ်ရှိခြင်း
မျိုးပွားနိုင်တဲ့ အရွယ် အမျိုးသမီး တွေမှာ ဖြစ်ပွား နိုင်ပါတယ်။ ခန္ဓာကိုယ် တွင်းမှာ ဟော်မုန်းပမာဏ မညီမျှမှုဖြစ် တာက ရာသီမမှန် ဖြစ်ပြီး ခန္ဓာကိုယ်မှာ အမွေးအမှင် တွေများတာ၊ ဝက်ခြံထွက် တာ၊ ကိုယ်အလေးချိန် တက်တာတွေ ဖြစ်လာ ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက် ပတ်လည်မှာ အဆီတွေ များလာပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း မြင့်မား စေပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Credit :  Health Digest Journal

No comments: