Sunday, May 12, 2013

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ
 
လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ် တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန် ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံအား ကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က  သတိပေး ပြောကြားခဲ့သည်။

၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန်လို အပ်ကြောင်း မစ္စတာ စမစ်က ပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုးကူးစက် ပျံ့နှံ့ လာပြီးနောက် ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထားသည်။

၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာ ကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက်ပို၍ ကြောက်မက် ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန် တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသစ် ကူးစက်ခြင်းကြောင့် သားအိမ် မျိုးဥပြွန်နှင့် မျိုးဥအိမ် လတ်တလော နာတာရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သော အခြားနေရာ တစ်ခုတွင် သန္ဓေ တည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။

ဝါရှင်တန် မေ ၇
မြဝတီ - AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ 

HIV/ AIDS ရောဂါ ကူးစက်မှု ကာကွယ်ရေး ပညာပေး ရုပ်ရှင် ဇာတ်လမ်း ဟောင်ကောင် ရုပ်ရှင် မင်းသမီးနှင့် ရိုက်ကူးရန် စီစဉ် လျက်ရှိ
 ကျန်းမာရေး ဝန်ကြီး ဌာနနှင့် Unicef တို့ ပူးပေါင်း၍ ကျေးလက် ဒေသ ကျန်းမာရေး စောင့်ရှောက်မှု သရုပ်ဖော် အဖြစ် မိခင်မှ သန္ဓေသား၊ ကလေးငယ်ကို HIV/AIDS ရောဂါ ကူးစက်မှု ကာကွယ်ရေး ပညာပေး ရုပ်ရှင် ဇာတ်လမ်းကို ရိုက်ကူးရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရိုက်ကူးခွင့် ရရှိပါက ဟောင်ကောင် မင်းသမီး Mariyan၊ သရုပ်ဆောင်များ၊ ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့များသည် ဇွန် ၂၆ ရက်တွင် အကြို စတင် ရိုက်ကူး မည် ဖြစ်ပြီး ဟောင်ကောင် မင်းသမီးမှာ ဇူလိုင် ၃ ရက်တွင် ရိုက်ကူးမည် ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း ရိုက်ကူးမည့် ဒေသအား မရွေးချယ်မီ သာယာ လှပသော ရှုခင်းများ များစွာရှိသည့် တောင်ကြီး၊ အင်းလေး၊ ပြင်ဦးလွင် မြို့နယ် မိုးကုတ် ဒေသများသို့လည်း  ရောက်ရှိ ခဲ့ကာ ဇာတ်လမ်းနှင့် ကိုက်ညီသည့် မုံရွာမြို့နယ် မုံရွေး - ကြေးမုံ စံပြကျေးရွာအား ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရိုက်ကူးရေး အဖွဲ့သည် ဟောင်ကောင်မှ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ရိုက်ကူးရေးစက် အဖွဲ့များ ပါဝင်ပြီး မြန်မာနိုင်ငံ အတွက် သီးသန့် မှတ်တမ်းတင် ရိုက်ကူး ပေးမည်ဖြစ်ကြောင်း သိရသည်။


No comments: