Wednesday, May 22, 2013

လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask


အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်ရမလဲလို့ စဉ်းစားရင်း၊ တီထွင်ရင်း နောက်ဆုံးတော့ ရှူတဲ့လေကိုတောင် အလွတ်မပေးတော့ပဲ ဖန်တီး သူတို့က AIRE mask ဆိုပြီး ထုတ်ဖော်ပြသပါတယ်။ 

ဘယ်သွားသွား၊ ဘယ်လာလာ ဖုန်းအားသွင်းလို့ရပါမယ်။ ပါးစပ်နဲ့ နှားခေါင်းကို ဖုံးထားမယ့် ယင်း လေရှူမျက်နှာဖုံးမှာ တာဘိုင်သေးသေး လေးပါပါတယ်။ ယင်း တာဘိုင်ဟာ ရှူတဲ့လေ၊ ထုတ်တဲ့လေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

iPhone နဲ့ iOS သုံး iPad,iPod တို့မှာ အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ ယင်း ဒီဇိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ သို့ပေမ့် မဝေးတော့ပါဘူး။ လေစွမ်းအင်သုံး လျှပ်စစ် ပန်ကာတာဝါတိုင်ကြီးများ ကိုပဲ ပြန်လည်အခြေခံထားတာ ဖြစ်ပါတယ်။ ဒီမှာတော့ မျက်နှာဖုံး အစွပ်ထဲ မှာပဲ လိုအပ်တဲ့ ပစ္စည်းများကို ရှုံပြီး ထည့်ရုံပဲ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်အတွင်း ထွက်ရှိလာနိုင်မယ့် Gadget တစ်ခုဖြစ်ပြီး Android OS များအတွက်ပါ ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog

LG စက္ကူဖုန်း (Paper touch)

LG Paper touch လို့အမည်ပေးထားတဲ့ ဖုန်းကတော့ LG ရဲ့  အနာဂတ်မှာ ထုတ်လုပ်မယ့် ဖုန်းဒီဇိုင်းပဲ ဖြစ်ပါတယ်။ သိပ်မဝေးတော့ပါ ဘူး။ ခေါက်ချိုး ချိုးလို့ရတဲ့ အီလက်ထရောနစ် စက္ကူနဲ့ ပျော့ပျော့ပျောင်းပျောင်း OLED မျက်နှာပြင်ကို ၂၀၀၇ နောက်ပိုင်း ကတည်းက နည်းပညာ ကုမ္မဏီ တော်တော်များများ တီထွင်နိုင်ပြီး ဖြစ်ပါတယ်။

ပစ္စည်းအခက်အခဲကြောင့်သာ ခေါက်ချိုးချိုးပြီး သိမ်းလို့ ရတဲ့ ဖုန်းများကို ထုတ်လုပ်မှု မပြုလုပ်ကြသေးခြင်း ဖြစ်ပါတယ်။ ယခုတော့ ရှိတဲ့ ပစ္စည်းထဲနေ အကောင်းဆုံး နာနိုနည်းပညာကို ရှာဖွေလို့ အသုံးဝင်မယ့် အီလက်ထရော နစ် အစိတ်အပိုင်းများကို အားလုံး ဖန်တီးနေကြပြီ ဖြစ်ပါတယ်။ Samsung တောင် နောက်ထွက်မယ့် Galaxy S4 က ကွေးညွန့်လို့ရမယ့် မျက်နှာပြင်နဲ့ ထွက်မယ်ုလို့တောင် ကောလဟာလ ထွက်နေပါတယ်။


စက္ကူလိုခေါက်ချိုးလို့ရတဲ့ ဖုန်းကတော့ ကောလဟာလ မဟုတ်ပါဘူး။ LG ကိုယ်တိုင် အနာဂတ် ဒီဇိုင်းအဖြစ် ကြေငြာထားခြင်း ဖြစ်ပါတယ်။ ၇ လက်မ အရွယ်ရှိပြီး အခေါက်အရေအတွက် တော်တော်များများ ချိုးထားလို့ ရပါတယ်။ ချိုးပြီးရင်ချိုးလို့ရသလောက်အထိကို မျက်နှာပြင်တည်ဆောက် မှုက ပြောင်းလဲပေးပြီး ရုပ်ပုံဖော်ပြပေးမှုများက အလိုအလျောက် လိုက်လံပြောင်းလဲပေးနေမှာ ဖြစ်ပါတယ်။ ဥပမာ လေးခေါက် ခေါက်ထား လည်း ယင်းထဲမှာ အချက်အလက်အားလုံး စုံလင်စွာ ဖော်ပြသနိုင်သလို အပြည့် ၇ လက်မနဲ့ ကြည့်လည်း ဒီရုပ်ပုံတွေပဲ မြင်ရမှာ ဖြစ်ပါတယ်။
အသုံးပြုမယ့် ပစ္စည်းကတော့ အီလက်ထရောနစ် စက္ကူလို့ခေါ်တဲ့ သတ္တုတစ်မျိုးနဲ့ဖြစ်ပြီး ခွေခေါက်လို့ရတဲ့ OLED Display လည်းပါဝင်အုံးမယ် ဆိုပါတယ်။ ဒါကြောင့် အကြမ်းလဲခံပြီး resolution ကောင်းတဲ့ ရုပ်ပုံများကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
LG ရဲ့  Paper touch mobile ကို နောက် ငါးနှစ်အတွင်း ဖြစ်လာလို့ ကြိုးပမ်း လျက် ရှိကြောင်း သိရပါတယ်။
--
Ref: LGfuture

USB ကီး အတွင်းရှိ အစိတ်အပိုင်းများ

သတင်းအချက်အလက်တွေကို Memory stick တစ်ချောင်းထဲမှာ အားလုံး သိမ်းဆည်းနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အမှန်တော့ အချက်အလက်များကို အတတ်နိုင်ဆုံး ရှုံပြီး Chip ထဲသွင်းလိုက်ခြင်း ဖြစ်ပါ တယ်။ USB memory key လို့ခေါ်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်း အားလုံး အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။


1 USB Standard, Male A-plug
ကွန်ပြူတာက USB port ကိုထိုးမယ့်အပိုင်း ဖြစ်ပါတယ်။ Male လို့ခေါ်တဲ့ အကြောင်းကတော့ အလွယ်နည်းနဲ့ပြောရင် ထိုးရလို့ ဖြစ်ပါတယ်။ Motherboard တွေမှာ ပါတဲ့ အပေါက်ကတော့ Female plug ဖြစ်ပါတယ်။

2 USB mass storage controller device
သိုလှောင်သိမ်းဆည်းမှု အနည်း၊အများကို ထိန်းချုပ်ပေးမယ့် အီလက်ထရောနစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

3 Test points
test point ကတော့ သူ့နာမည်အတိုင်း test လုပ်ပေးပါတယ်။ စီးဝင်တဲ့ လျှပ်စစ် ကြိမ်နှန်းအနည်းအများ ကို test လုပ်ပေးခြင်း၊ ပစ္စည်းချို့ ယွင်းချက် ဖြစ်ပေါ်လျှင် signal testing ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်။

4 Flash memory chip
အဓိက သိုလောင်သိမ်းဆည်းတဲ့နေရာ ဖြစ်ပါတယ်။ သိမ်းတယ်ဆိုလို့ ဘာတွေ သိမ်းတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ အမှန်တော့ အီလက်ထရောနစ် ဒေတာတွေကို အီလက်ထရောနစ် ဒေတာ အနေနဲ့ပဲ သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ ဥပမာ - ကွန်ပြူတာထဲက ပုံ၊သီချင်း တို့ဟာ အီလက်ထရောနစ် ဒေတာ ဖြစ်ပြီး ၎င်း ကို transfer လုပ်ပေးရုံသာ ဖြစ်ပါတယ်။ သီချင်းဆိုရင်တော့ amplifier တို့လို ကြားခံ device အသုံးပြုပြီး ပြန်ဖွင့်ရပါတယ်။ ဒါကတော့ မဆိုင်ပါဘူး။ ဒီမှာ သိရင် လုံလောက်တာပါ Flash memory chip ဆိုတာ အချက်အလက်တွေကို လျှပ်စစ် signal နဲ့ အနည်းနိုင်ဆုံး ဖြစ်အောင် ရှုံ့ ပြီး ထည့်ထား၊ သိမ်းဆည်း ပေးတာ ဖြစ်ပါတယ်။

5 Crystal oscillator
သူက အီလက်ထရောနစ် Signal ဖန်တီးပေးပါတယ်။ သူသာ ပျက်ရင် Memory ကီးက ဘာမှ လုပ်ဆောင်လို့ မရတော့ပါဘူး။ ရေဒီယိုတို့မှာဆိုရင် အသံဖမ်းမှန်အောင် ကြိမ်နှုန်းမှန်အောင်  Crystal oscillator က လုပ်ဆောင်ပေးရတာမျိုး ဖြစ်ပါတယ်။

6 LED (Optional)
LED မီးလုံးကတော့ ပါတဲ့ဟာလည်း ပါပြီး မပါတဲ့ဟာလည်း မပါပါဘူး။ အဓိက ကတော့ အသုံးပြုနေရင် မီးလင်းပြီး အချက်ပေးနေတာမျိုး ဖြစ်ပါတယ်။

7 Write-protect switch (Optional)
Write protect ကတော့ Memory key ထဲကို ဝင်ရေးလို့မရအောင်၊ ဝင်သိမ်းဆည်းလို့မရအောင်၊  အတွင်းက အချက်အလက်များအား ပြောင်းလဲလို့ မရအောင် တားဆီးပေးပါတယ်။ ဒါလည်း ပါတဲ့ဟာက ပါပြီး မပါတဲ့ဟာ မပါပါဘူး။

8 Space for second flash memory chip
အကြမ်းအားဖြင့်ကတော့ memory သိမ်းဆည်းဖို့ နောက်ထပ် chip အပေါ်မှာ ထပ်ခွဲထားတဲ့ အခန်း တစ်ခုလိုပဲ ဖြစ်ပါတယ်။
--
Ref: wiki

Credit:www,yoyarlay.com

No comments: