Saturday, April 28, 2012

HIV/AIDS ကင်းစင် ပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

HIV/AIDS ကင်းစင် ပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

ကျန်းမာရေး ၀န်ကြီး ဌာန၊ ကျန်းမာရေး ဦးစီးဌာန ခုခံကျ/ကာလသား ရောဂါ တိုက်ဖျက်ရေး စီမံချက်၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ UNFPA နဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ UNICEF တို့ ပူးပေါင်းပြီး HIV/AIDS ရောဂါကင်းစင် ပပျောက်ရေး အတွက် ဆက်သွယ် ပညာပေး ဆိုင်ရာ မဟာ ဗျူဟာနဲ့ ၂၀၁၂-၂၀၁၅ လုပ်ငန်း အစီအစဉ်များကို ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်ဖို့ ဆွေးနွေးခြင်း ဆိုင်ရာ လုပ်ငန်းများကို ပြုလုပ် ဆောင်ရွက် နေတာကို သိရပါတယ်။

အဆိုပါ ဆွေးနွေး ပွဲမှာတော့ HIV/AIDS ရောဂါ ကာကွယ်မှု၊ ကုသမှုနဲ့ စောင့်ရှောက်မှု များနဲ့ ပတ်သက်ပြီး ဆွေးနွေး လျက်ရှိတာ ဖြစ်ပါတယ်။ အဲ့ဒီ HIV/AIDS ဆိုင်ရာ ဆွေးနွေးပွဲ ကိုတော့ ဧပြီလ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4 - HIV/AIDS ကင်းစင် ပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

၂၀၁၂ ခုနှစ် HIV/AIDS လုပ်ငန်း စီမံချက်များ အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆွေးနွေး

အခု ၂၀၁၂ ခုနှစ်မှာ HIV/ AIDS လျော့နည်း ပပျောက်ရေး လုပ်ငန်း စီမံချက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ ပူးပေါင်း ဆွေးနွေးမှု တစ်ခုကို ဧပြီလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့ တို့မှာ နှစ်ရက်တာ ကျင်းပလျက် ရှိပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနဲ့ ပြည်တွင်းရှိ NGO/ INGO အဖွဲ့အစည်းတွေ၊ မီဒီယာ သမားတွေ တက်ရောက်ကာ ၀ိုင်းဝန်း ဆွေးနွေးလျက် ရှိကြတာ ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ အဖွဲ့အစည်း တစ်ခုစီ အလိုက် ဆောင်ရွက် လျက်ရှိတဲ့ HIV/AIDS လုပ်ငန်း စီမံချက် ဆိုင်ရာ အချက်အလက်တွေ ဆောင်ရွက်ပြီး ဖြစ်တဲ့ လုပ်ငန်းတွေနဲ့ ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်း ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေး ကြတာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်း တစ်ခုစီရဲ့ ရရှိတဲ့ အကျိုး ရလဒ်တွေ၊ လိုအပ်ချက်တွေ အပေါ် မူတည်ပြီး အခု ၂၀၁၂ ခုနှစ်ရဲ့ ဆောင်ရွက်မယ့် လုပ်ငန်း အစီအစဉ်တွေကို ပူးပေါင်း ဆွေးနွေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီမှာ အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ငန်း ဆောင်ရွက် လုပ်ကိုင်မှု အလိုက် ပူးပေါင်း ဆောင်ရွက်မှု တွေပြုလုပ်ဖို့နဲ့ HIV/AIDS ရောဂါနဲ့ ပတ်သက်လို့ လိုအပ်ချက် တွေကို ကဏ္ဍအလိုက် ခွဲခြားကာ အစီအစဉ် ရေး ဆွဲမှုတွေကိုလည်း ဆောင်ရွက်ခဲ့ ကြတယ်လို့ သိရပါတယ်။

MRTV-4 - ၂၀၁၂ ခုနှစ် HIV/AIDS လုပ်ငန်း စီမံချက်များ အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆွေးနွေး


HIV ကလေးငယ်များကို စောင့်ရှောက်ပေးမည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ ဖွင့်မည်

HIV ကလေးငယ် များကို လက်ခံ စောင့်ရှောက် ပေးမည့် သုခရိပ်မြုံ (မန္တလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ ရုံးခန်း ဖွင့်လှစ်ခြင်း နှင့် အလှူငွေများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၈ ရက်က ရုံးခန်း တည်ရှိရာ မန္တလေးမြို့ ၆၁ × ၆၂ လမ်းကြား ၃၂ လမ်း တောင်စလင်း တိုက်သစ်ဝင်း၌ ပြုလုပ်သည်။

အဆိုပါ သုခရိပ်မြုံ (မန္တလေး)ကို ပြည်ကြီး တံခွန်မြို့နယ်၊ ၆၂(ပန်းခြံ) လမ်း၊ ဘုံပျံတောရမြဝတီမင်းကြီးကျောင်းတိုက်ဝင်း၌ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ယခု ဖွင့်လှစ် လိုက်သည့် ရုံးခန်း မှာ အလှူရှင်များ ဆက်သွယ်မှု လွယ်ကူစေရန်ဖြစ်ကြောင်း လူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဖြစ်မြောက်ရေးအဖွဲ့မှ ကိုတင်သစ်က ပြော သည်။

HIV ကလေးငယ် ၂၀-ဦးခန့် နေထိုင်နိုင်သည့် ပေ ၂၀ × ပေ ၄၀ အဆောက်အအုံ များနှင့် ထမင်းစားဆောင် ဆောက်လုပ် သွားမည်ဖြစ်၍ လှူဒါန်း လိုသူ များသည် တောင်စလင်း တိုက်သစ်ဝင်း ဖုန်း-ဝ၉-၂၀၃၄၇၄၀ သို့ ဆက်သွယ်နိုင်သည်။

ရိုးရာလေး - HIV ကလေးငယ်များကို စောင့်ရှောက်ပေးမည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ ဖွင့်မည်

No comments: