Monday, April 23, 2012

အချစ်စာအုပ်


အချစ်စာအုပ်ဆိုတာ ရှည်လျားပြီး ငြီးငွေ့ဖွယ်ရာ
ဘယ်သူမှ ပိုင်နိုင်စွာ မသယ်မနိုင်တဲ့အရာ
စာရင်းဇယား၊ အချက်အလက်နဲ့ ပုံစံတွေချ
ကနည်းလမ်းညွှန်တွေတောင် သူ့အထဲမှာ ရေးကာပြ

ဒါပေမဲ့ မင်းဖတ်ပြတဲ့ အချိန်မှာကျ
ငါ့ရင်ထဲမှာ နှစ်သက်စွာ မြတ်နိုးရ
မင်းတစ်ယောက်တည်းသာ
တစ်ကြောင်းမကျန် ဖတ်ပြနိုင်ခဲ့တာ

အချစ်စာအုပ်ဆိုတာ သူ့အထဲမှာ ဂီတသံလည်းပါ
အမှန်တကယ်က သူကိုယ်တိုင် ဂီတသံထွက်ပေါ်ရာ
တချို့အရာတွေက ဆန်းကြယ်လွန်းလို့ ဉာဏ်မမီနိုင်စရာ
တချို့အရာတွေကျတော့လည်း
ရိုးစင်းလွန်းလို့ လှောင်ရယ်စရာ

ဒါပေမဲ့ မင်းဆိုပြတဲ့ အချိန်မှာကျ
ငါ့ရင်ထဲမှာ နှစ်သက်စွာ မြတ်နိုးရ
မင်းတစ်ယောက်တည်းသာ
တစ်ပိုဒ်မကျန် ဆိုပြနိုင်ခဲ့တာ

အချစ်စာအုပ်ဆိုတာ ရှည်လျားပြီး ငြီးငွေ့ဖွယ်ရာ
ကမ္ဘာဦးအစကတည်းက ရေးသားထားပြီးတဲ့အရာ
အသည်းပုံသေတ္တာနဲ့ ပန်းပွင့်တွေများစွာ
ဘယ်သူမဆို သိမြင်တတ်မြောက်ဖို့ ငယ်ရွယ်နေမြဲသာ

ဒါပေမဲ့ မင်းပေးအပ်လာတဲ့ အချိန်မှာကျ
ငါ့ရင်ထဲမှာ နှစ်သက်စွာ မြတ်နိုးရ
မင်းတစ်ယောက်တည်းသာ
လက်ထပ်လက်စွပ်ချင်း လဲရမယ့်သူပါ
(ပီတာ ဂါဘရီရယ်)
(Shall We Dance ရုပ်ရှင်မှ)

No comments: