Wednesday, April 4, 2012

ကြက်သားကင် ဆလတ်သုတ်



ဒီတစ်ခါတော့ ကျွန်တော်ချက်ပြုတ်တဲ့ ဟင်းလျာမဟုတ်ပါဘူး။ အချက်အပြုတ်ကောင်းကောင်း ဟင်းလျာလှလှတွေကို ချက်ပြုတ်တတ်တဲ့ ညီမလေးဝတ်ရည်ရဲ့ ဘလော့ခ်ကနေကူးယူဖော်ပြမှာဖြစ်ပါတယ်။

ထိုင်းစတိုင်လ် ကြက်သားလေးတွေကို ကင်ပြီးသုပ်မှာပါ။

ကြက်သားကင် ဆလတ်သုတ်

ဒါကတော့ ထိုင်းစတိုင် ကြက်သားကင် ဆလတ်သုတ်လေးပါ။ ကြက်ရင်ဗုံသားကို ကင်ပြီမှ ထိုင်းစတိုင် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ သံပရာရည်၊ ငရုတ်သီးမှုန့်လေးနှင့် ရောစားရတာပါ။ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

၁။ ကြက်ရင်ဗုံသား – ၂ခု (တကိုက်စာ အတုံးလေးများ တုံးထားပေးပါ)

၂။ မကျည်းရည် – စားပွဲတင်ဇွန်း ၃ဇွန်း

၃။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်းပါ)

၎။ ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ

၅။ သကြား – လက်ဖက်ရည်ဇွန်း တ၀က်

၆။ ခရမ်းချဉ်သီး – ၂လုံး (အ၀ိုင်းပါးပါးလှီးပါ)

ရ။ ကြက်သွန်နီ - ၁လုံး (အ၀ိုင်း ပါးပါးလှီးပါ)

၈။ နံနံပင် – အနည်းငယ်

၉။ ငရုတ်ပွရှည်ထောင့် – ၁ထောင့် (ပါးပါးလှီးပါ)

၁၀။ သံပရာရည် – ၁လုံး (တ၀က်ကို အရည်ညှစ်ပြီ၊ ကျန်တ၀က်ကို စိတ်ပေးထားပါ)

၁၁။ ဆား၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်စီ)

ချက်ပြုတ်နည်း

၁။ အရင်ဆုံး အသားကင်ရန် ၀ါးတုတ်များကို ၁၀မိနစ်ခန့် ရေစိမ်ထားပေးပါ။

၂။ ပြီလျှင် အတုံးတုံးထားသော ကြက်သားများကို ခွက်တစ်ခုထဲ ထည့်လိုက်ပါ။

၃။ ထို့နောက် ကြက်သားကို (မန်ကျည်းရည်၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ သကြား၊ ဆား၊ ကြက်သားမှုန့် ) တို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၀မိနစ်ခန့် နုပ်ထားပေးပါ။

၎။ ပြီနောက် ဆလတ်သုတ်ရန် အတွက် ပန်းကန်တစ်ခုထဲ (ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီး၊ နံနံပင်)တို့ကို ရောမွှေလိုက်ပြီ အပေါ်မှ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ သံပရာရည်တို့ ဖြူးလိုက်ပါ။

၅။ နုပ်ထားသော ကြက်သားများကို ရေစိမ်ထားသော ၀ါးတုတ်များဖြင့် သီပေးပါ။

၆။ မကင်ခင် ကင်ပြားကို ဆီသုတ်ပေးထားပါ။ ဂစ်သို့ မီးသွေး မိမိကြိုက်နှစ်သက်ရာနှင့် ကင်နိုင်ပါသည်။

ရ။ ကြက်သားမျာကို စကင်ပါတော့မည်။ ၁၀မိနစ်ခန့် ကြက်သားများ ကျက်သည်အထိ ကင်ပေးပါ။

ရ။ ကြက်သားကင်ပြီပြီ ဆိုလျှင် ဆလတ်သုတ်၊ သံပရာခြမ်းများဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…

Credit: http://getacookrecipe.wordpress.com

No comments: