Sunday, April 1, 2012

ရာသီမလာခင်ဖြစ်တာတွေ (၂)

ရာသီမလာခင် တပါတ်၊ နှစ်ပါတ်လောက်မှာ ရင်ပြည့်မယ်၊ ခေါင်းကိုက်မယ်၊ စိတ်မူပြောင်းလဲမယ်၊ တခြား စိတ်အခြေအနေတွေ မတူတာဖြစ်လာမယ်။ လတိုင်းလိုလို အဲလိုဖြစ်နေရင် Premenstrual Syndrome (PMS) ရာသီမလာခင် ဖြစ်ချင်တာတွေလို့ ခေါ်တယ်။ အမျိုးသမီး ၈၅% မှာ တမျိုးမဟုတ်တမျိုး ခံစားကြရတယ်။ တချို့မှာ ဆိုးတာတွေအထိ ခံစားရတယ်။ အလုပ်မှာလဲ အဆင်မပြေ၊ အိမ်နေလဲ အခန့်မသင့်၊ လင်နဲ့ မယား စကားများအထိ ဖြစ်နိုင်တယ်။ ဒီလိုအထိဖြစ်ရင်တော့ Premenstrual dysphoric disorder (PMDD) လို့ သတ်မှတ်တယ်။

Cravings ချဉ်ခြင်းတပ်
ရာသီလာရင် တချို့ကြ ဘာမှမစားချင် ဖြစ်တယ်။ တချို့က စားချင်တာ ရွေးလာတယ်။ ကိုယ်ဝန်ဆောင်မှ ချဉ်ချင်းတပ်တာ မဟုတ်ပါ။ မိန်းကလေးတွေ အများဆုံး ကြိုက်တတ်တာတွေဆိုတာ ရှိတယ်။ ပုံထဲကလို (ချော့ကလက်-မာဖင်) မျိုးကို မြန်မာမလေးတွေက အချဉ်ထုပ်လောက် သိပ်မမက်ကြပါ။

Acne ဝက်ခြံထွက်
ရာသီချိန်မှာ ဝက်ခြံထွက်တတ်တယ်။ အဖြစ်များတယ်။ အပျိုပေါက်တွေမှာသာ ဖြစ်တာ မဟုတ်ပါ။

Pain နာခြင်းအမျိုးမျိုး
- Menstrual cramps ဗိုက်နာ၊
- Back pain ခါးနာ၊
- Headaches ခေါင်းကိုက်၊
- Tender breasts ရင်သားနာ၊
- Joint pain အဆစ်နာ။

Mood Swings စိတ်မူပြောင်း
တချို့မှာ စိတ်မူ မတူတာဖြစ်လာကြတယ်။ ဘယ်လိုဖြစ်လာမယ်မှန်း မှန်းလို့မရတတ်ဘူး။ စိတ်တိုမယ်။ ဒေါသထွက်မယ်။ ငိုချင်တယ်။ စိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်ကဲမယ်။ တချို့ မေ့တတ်တယ်။ အာရုံစိုက်ရတာ ခက်တတ်သေးတယ်။

Who Gets PMS? ဘယ်လို မိန်းကလေးတွေ ဖြစ်သလဲ
ရာသီလာသူတိုင်း ဖြစ်နိုင်တယ်။ အသက် ၂ဝ-၄ဝ ကြား အဖြစ်များတယ်။ အသားမဲတွေက ပိုပြီး ချဉ်ခြင်းတပ်တယ်။ အဖြူမတွေက စိတ်မူပြောင်းတာ များတယ်။ လူပိုဝတယ်။ အပျိုပေါက်တွေထက် အပျိုရွယ်တွေက ပိုဖြစ်တယ်။ ၃ဝ ကျော်မှ ဖြစ်တာ ပိုဆိုးတယ်။

How PMS Affects Other Conditions ကျန်းမာရေးကို သက်ရောက်စေနိုင်တယ်။
- Asthma and allergies ပန်းနာ၊ (အလာဂျီ) ရှိသူတွေ ရာသီနဲ့ဆက်ပြီး ရောဂါထတတ်တယ်။
- Depression and anxiety စိတ်ဓါတ်ကျနေသူတွေ စိုးရိမ်စိတ်ကဲသူတွေက အဲလိုအချိန် ပိုဆိုးကြတယ်။
- Seizure disorders အတက်ရောဂါရှိနေသူ တက်တတ်တယ်။
- Migraines (မိုင်ဂရင်း) အမူးရောဂါရှိနေရင် မူးလာတတ်တယ်။

What Causes PMS? ဘာကနေဖြစ်စေသလဲ
အသေအခြာ မပြောနိုင်ပါ။ ဟော်မုန်းတွေ အပြောင်းအလဲကြောင့်ဖြစ်မယ်။ ရာသီမလာခင် တပါတ်လောက်ဟာ Estrogen (အီစထိုဂျင်) နဲ့ Progesterone (ပရိုဂျက်စတီရုန်း) တွေ နည်းနေချိန်ဖြစ်တယ်။

PMS or Something Else တကယ်ဘဲ ရာသီနဲ့ဆိုင်တာ ဟုတ်ရဲ့လား
- Perimenopause သွေးဆုံးချင်လို့လား၊
- Depression or anxiety စိတ်ရောဂါလား၊
- Chronic fatigue syndrome နာတာရှည် အားနည်းရောဂါလား၊
- Thyroid disease လည်ပင်းကြီးရောဂါလား၊ သိထားဘို့က ရာသီလာချိန်နဲ့ ကိုက်ဖြစ်တာမှာ ဒါလို့ခေါ်ရတယ်။

Diagnosing PMS ဟုတ်-မဟုတ် သေခြာအောင်
Symptom Tracker လုပ်ထားသင့်တယ်။ ခံစားရတာတွေက ဘယ်ရက်တွေမှာလဲ၊ ရာသီမလာခင် ၅ ရက်အတွင်း ဟုတ်သလား၊ ရာသီလာပြီး ၄ ရက်အတွင်း ပျောက်သွားသလား၊ ရာသီလာနေတုံး ၃ ရက်မှာ ခံစားရတာဟုတ်ရဲ့လား၊

When to See a Doctor ဆရာဝန်ပြဘို့လိုသလား
Premenstrual dysphoric disorder (PMDD) ဆိုတာဖြစ်ရင် ပြရမယ်။ ဒါတွေက ရာသီနဲ့သာဆိုင်ဖြစ်ပြီး ခံစားရတာတွေက အတော်ဆိုးတယ်။ အော်ရတဲ့အထိ၊ ငိုယူရတဲ့အထိ၊ အိပ်ရေးပျက်တဲ့အထိ၊ အလုပ်ပျက်ရတဲ့အထိ၊ သတ်သေချင်စိတ် ပေါ်တတ်တဲ့အထိ၊ PMS ကို ကုသနည်းတွေနဲ့ဘဲ PMDD တွေက ပျောက်တာ များတယ်။

Exercise ကိုယ်လက် လေ့ကျင့်ခန်း
Exercise လုပ်ရင် Mood စိတ်မူပြောင်းတာ နဲ့ Fatigue အားယုတ်တာတွေ သက်သာစေတယ်။ ဖြစ်မှ လုပ်ရတာ မဟုတ်ပါ။ တနေ့ မိနစ် ၃ဝ လုပ်ပါ။ တပါတ် ၅ ရက် လုပ်ပါ။ တခါတလေ ပြင်းပြင်းထံထံ လုပ်လဲ ရတယ်။

Diet Rich in B Vitamins ဗီတာမင်ကြွယ်ဝတဲ့ အစားအသောက်
အမျိုးသမီး ၂ဝဝဝဝ ကို ၁ဝ နှစ်တာ လေ့လာတော့ Vitamin B ဗီတာမင် ဘီ ကြွယ်ဝတာ စားခိုင်းတာက သက်သာစေတယ်။ ဗီတာမင် ဘီ ၁ များတာတွေက ဝက်သား နဲ့ အစေ့အဆံတွေ၊ ဗီတာမင် ဘီ ၂ များတာတွေက ကြက်ဥနဲ့ နို့ထွက်အစာတွေ ဖြစ်တယ်။ ဗီတာမင် ကြွယ်ဝတဲ့အစာတွေ စားစေတာက ဗီတာမင် ဆေးပေးတာထက် ပိုထိရောက်တယ်။

Complex carbohydrates
(ကာဗွန်ဟိုက်ဒရိတ်) ကြွယ်ဝတဲ့ ဆန်လုံးညို၊ ပေါင်မုံ့ညို တွေမှာ (ဖိုက်ဘာ) ပါတယ်။ သကြားဓါတ် မျှစေတယ်။ စိတ်မူပြောင်းတာ နဲ့ ချဉ်ခြင်းတပ်တာတွေ သက်သာစေမယ်။ ဗီတာမင် ဘီ ၁ နဲ့ ၂ တွေ ကြွယ်ဝတယ်။

Foods to Avoid ဒါတွေ မစားနဲ့
- Salt ဆားများတာ၊
- Caffeine (ကေဖင်း) များတာ၊
- Sugar သကြားများတာ၊
- Alcohol အရက်ပါတာ။

Stress Relief စိတ်ဖိအား မများစေနည်း
PMS တွေကနေ စိတ်ဖိအား၊ စိုးရိမ်စိတ် နဲ့ စိတ်တိုတာတွေဖြစ်စေနိုင်တယ်။ ယောဂနည်း၊ တရားထိုင်နည်း၊ အနှိပ်ခံတာ၊ စာရေးတာ၊ သူငယ်ချင်းတွေနဲ့ ရောရောနှောနှောနေတာတွေ လုပ်သင့်တယ်။

OTC Drugs ဆေးသောက်ပါ
Aspirin, Ibuprofen နဲ့ Naproxen ဆေးတွေထဲက တမျိုးမျိုးကို သောက်ပါ။ ၂၈-၂-၂ဝ၁၂ နေ့ အီတလီ သုတေသနအသစ်တခုအရ ဗီတာမင် ဒီ တကြိမ်ထဲ များများပေးရင် ရာသီလာလို့ခံစားရတာတွေ သက်သာစေတယ်လို့ ဆိုတယ်။ ထုံးစံအရ ဗီတာမင် ဒီ ကို တနေ့မှာ ၄ဝဝဝ ယူနစ်သာသောက်ရတယ်။ အခုစမ်းသပ်မှုမှာ ယူနစ် ၃ သိန်းအထိ သောက်ခိုင်းတယ်။

Hormone Treatments ဟော်မုန်းသုံးကုသနည်း
Birth control pills ဟော်မုန်းပါ ကိုယ်ဝန်တားကနေ မျိုးဥထွက်မှာကို တားပေးမယ်။ GnRH agonists Lupron နဲ့ Nafarelin ဒါမှမဟုတ် Danazol ဆေးလဲသုံးတယ်။

Other Medications တခြားဆေးနည်း
Mood swings ဆိုးရင် PMDD ဖြစ်နေရင် စိတ်မကျဆေးတွေကို သုံးနိုင်တယ်။ SSRIs ဆေး အမျိုးအစား သုံးတာ များတယ်။ ၁ဝ-၁၄ ရက်ကြာ သောက်ရတတ်တယ်။
- Fluoxetine (Prozac, Sarafem)
- Paroxetine HCI (Paxil CR)
- Sertraline (Zoloft)
- Nefazodone (Serzone) နဲ့
- Clomipramine (Anafranil) တွေဖြစ်တယ်။
Anti-anxiety medications စိုးရိမ်စိတ်အတွက်ဆေး (Xanax, Buspar) နဲ့ Diuretics ဆီးသွားဆေး (HCTZ, Aldactone) တွေလဲ သုံးနိုင်တယ်။

Supplements တခြားလိုအပ်တာတွေ
- Folic acid (400 mcg)
- Magnesium (400 mg)
- Vitamin E (400 IU)
- Calcium (1,000 mg to 1,300 mg)

Herbal Extracts (ဟာဘယ်) ဆေး
လက်တွေ့သက်သေမပြနိုင်ပေမဲ့ Chasteberry, Black cohosh နဲ့ Evening primrose oil တွေက အကျိုးများစေတယ်။

- Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ခြင်တာတွေ http://health-adult-reading.blogspot.com/2012/01/premenstrual-syndrome-pms.html - Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု http://health-adult-reading.blogspot.com/2012/01/menstrual-mood-swings.html
- Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း http://health-adult-reading.blogspot.com/2012/01/menstrual-suppression.html

ဒေါက်တာတင့်ဆွေ (၂၃-၃-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ -
ရာသီမလာခင်ဖြစ်တာတွေ (၂) 

No comments: