HIV/AIDS ရောဂါ ဝေဒနာသည်တွေ အတွက် မိသားစုဝင်တွေရဲ့ လက်ခံနားလည်မှုကို ရဖို့ကလည်း ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲမှာအတော့်ကို ကြီးမားတဲ့ အခက်အခဲ တစ်ခုဖြစ်နေတတ်ပါတယ်။ ကိုယ့်မိသားစု ထဲက တစ်ယောက်ယောက်မှာ ရောဂါကြီးကြီးမားမား တစ်ခုဖြစ်ပြီဆိုရင် ဖြစ်လာနိုင်တာတွေကတော့ အများကြီးပါပဲ။
လတ်တလော အခြေအနေမှာ HIV ပိုးရှိနေပေမယ့် ဘာရောဂါလက္ခဏာမှ ပြမနေရင်တောင် ရှေ့ဆက်ဖြစ်မှာတေါ ကြိုတွေးစိတ်ပူနေတတ်ကြပါတယ်။ ဒီအကြောင်း သူများတွေသိရင် ဘယ်လိုထင်ကြမလဲ။ သူကရော ဘာတွေဒုက္ခပေးအုံးမှာလဲ စသဖြင့် တွေးပူတတ်ပြါတယ် နောက်ပိုင်း သူတို့နေမကောင်းဖြစ်လာပြီ ဆိုရင်လည်းး မိသားစုဝင်တွေအတွက် ဒုက္ခက မျိုးစုံဖြစ်နိုင်ပါတယ်။ အလုပ်လုပ်နေတဲ့ သူဆိုလဲ သူ့ဝင်ငွေ မရှိတော့ဘူး၊ ဆေးဖိုးကုန်မယ်၊ သူ့ကိုပြုစုစောင့်ရှောက်ဖို့ လူတစ်ယောက်ကအနားကနေရအုံးမယ် စသဖြင့်အများကြီးပဲ တွေးကြပါတယ်။ မိသားစုထဲက တစ်ယောက်ယောက်နေမကောင်းဖြစ်ရင် သာမန်အခြေ အနေမှာကို သိပ်မလွယ်လှပါဘူး။
ရောဂါရှိသူအနေနဲ့ သူ့မှာ ရောဂါပိုးရှိနေတယ်ဆိုတာကို လက်ခံဖို့ အချိန်ယူရသလိုပါပဲ။ မိသားစုဝင်တွေအနေနဲ့လည်း လက်ခံနိုင်ဖို့ အချိန်ယူရမှာပါ။ တချို့မိသားစုဝင်တွေကတော့ အစပိုင်းကတည်း နွေးနွေးထွေးထွေး ကြင်ကြင်နာနာနဲ့ ဖေးမကူညီ တတ်ကြပါတယ်။ ဒါပေမယ့် အများစုအနေနဲ့ကတော့ ညှိယူဖို့ အချိန်တော်တော် ယူကြရပါတယ်။ ဒီလိုမိသားစု ပဋိပက္ခတွေ တင်းမာမှုတွေကြောင့် စိတ်မချင်းမသာဖြစ်ပြီး အသေစောခဲ့ရတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြချင်ပါတယ်။
ကိုမြင့်သူမှာ HIVရောဂါပိုးရှိတယ်လို့ သိလိုက်ရချိန်ကစလို့ သူ့မိသားစုက သူ့ကို အိမ်ထဲကိုအဝင်မခံတော့ပါဘူး။ အိမ်ဘေးက ကားထားဖို့ လုပ်ထားတဲ့ အဖီကလေးမှာပဲ သူ့ကို နေခိုင်းပါတယ်။ အပြင်ကိုလည်း လုံးဝပေးမထွက်ပါဘူး။ ကားဂိုဒေါင်တံခါးကို အပြင်က သော့ခတ်ထားပါတယ်။ ထမင်းစားချိန်ဆိုရင် သူစားဖို့ ထမင်တွေ၊ ဟင်းတွေကို ဖလုံတစ်လုံးထဲထည့်ပြီး ပြတင်းပေါက်ပေါ် လာတင်ထားပါတယ်။ တခါတလေ ဘေးအိမ်တွေက သူ့ငိုယိုသံ၊ ဆဲဆိုသံတွေကို ကြားရတတ်ပါတယ်။ နောက် (၃) လလောက်ကြာတဲ့အချိန်မှာ ဘာသံမှ မကြားရတော့လို့ စပ်စုတတ်တဲ့ အိမ်နီးနားချင်း တစ်ယောက်က သွားမေးကြည့်တော့ သူဆုံးသွားပြီဆိုတာ သိလိုက်ရပါတယ်။ သာမန်ဈာပနတွေလိုမျိုး အသိပေးခြင်းလည်း မရှိ၊ မေးမြန်းပြောဆိုတာကိုလည်း လက်မခံခဲ့ပါဘူး။
ကိုမြင့်သူလိုမျိုး မိသားစုရဲ့ အပစ်ပါယ်ခံရလို့၊ စောလျှင်စွာ သေဆုံးကြရတဲ့ သူတွေ အများကြီးရှိခဲ့ဘူးပါတယ်။ ဘဝတစ်ခုမှာ လူသားတစ်ဦးနဲ့ တစ်ဦး ဆွေမျိုးတော်စပ်ကြတယ်ဆိုတာ တော်တော်ကို ရေစက်ပါလို့ပါ။ လူသားအချင်းချင်းဆိုတဲ့ စိတ်ဓာတ်နဲ့ကို ဒီလိုဆက်ဆံမှုမျိုးဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ကိုမြင့်သူရဲ့ သူငယ်ချင်း အရင်းတစ်ဦးကတော့ ကျွန်တော့်မှာ ဒီရောဂါရှိလို့များ မြင့်သူလို ဆက်ဆံခံရရင် အဲဒီလူတွေ အားလုံးကို ဆေးထိုးအိပ်တစ်ချောင်းနဲ့ ကျွန်တော့်သွေးတွေ လိုက်ထိုးပစ်လိုကမယ် လို့ နာနာကျည်းကျည်း ပြောပါတယ်။
အဲ့ဒီ အစွန်းရောက် အတွေးအခေါ်တွေ၊ ပဋိပက္ခတွေကို မေတ္တာတရားနဲ့ ဖြေရှင်းလို့ရပါတယ်။ ကိုမြင့်သူရဲ့ မိသားစုအနေနဲ့ ဒီရောဂါရဲ့ ကူးစက်တတ်ပုံတွေကို မသိလို့ ကူးမှာကြောက်လို့ပဲ ဖြစ်ဖြစ်၊ တခြား မိသားစု အတွင်းရှိတဲ့ ပဋိပက္ခတချို့ကြောင့်ပဲဖြစ်ဖြစ်၊ ဒီလို ဆက်ဆံခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ အခုအချိန်မှာတော့ ကူးစက်တတ်ပုံ၊ ကာကွယ်ပုံတွေ၊ လူနာအပေါ်မှာ ထားသင့်တဲ့ သဘောထားနားလည်မှုတွေကို ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးနေပြီ ဖြစ်တောကြောင့် ကိုမြင့်သူလို အဖြစ်မျိုးတွေ ဆက်မတွေ့ရတော့ဘူးလို့ မျှော်လင့်မိပါတယ်။
မိသားစုရဲ့ ဖေးမ ကူညီမှု၊ လက်ခံနားလည်မှု၊ ချစ်ခြင်းမေတ္တာတွေကိုရတဲ့ ရောဂါဝေဒနာရှင်တွေဟာ ကျန်းမာရေး သိသိသာသာကို တိုးတက်ကောင်းမွန်လာတတ်တာ သတိထားမိပါတယ်။ မိသားစုရဲ့ အပြု သဘောဆောင်တဲ့ အပြုအမှုတွေကြောင့် ဝေဒနာကို ရဲရဲရင်ဆိုင်နိုင်လာကြပြီး ကျန်မာရေး တိုးတက်ကောင်းမွန်လာတာကို တွေ့ရပါတယ်။ အခုအခါမှာ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်သေးပေမယ့် တချို့နေရာလေးတွေမှာ AIDS ဝေဒနာရှင်တွေ စုစည်းပြီး ရောဂါရှိတဲံ အချင်းချင်းကို ပြုစုအားပေးတာမျိုး တွေရျိလာပါပြီ။
ခံစားချက်တွေ၊ အတွေ့အကြုံတွေကို ဖလှယ်တာမျိုးတွေလည်း လူမှုရေး အဖွဲ့အစည်းတွေရဲ့ အားပေးကူညီမှုနဲ့ လုပ်လာကြပါပြီ။ ဝါသနာတူသူချင်း စုစည်းပြီး ဝါသနာပါတဲ့ အလုပ်တွေ လုပ်ကြတာမျိုး၊ ဝင်ငွေရရှိနိုင်တဲ့ အလုပ်မျိုးတွေ စုပေါင်းလုပ်ကိုင်နိုင်မယ်ဆို
မိသားစုထဲမှာ အားလပ်တဲ့သူက နေထိုင်မကောင်းတဲ့ ဝေဒနာရှင်ကို ပြုစုကြည့်ရှုပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးမတော်၊ သားမစပ်ပေမယ့် ရပ်ဆွေရပ်မျိုးချင်း ကြည့်ရှုစောင့်ရှောက်ခြင်းမျိုး
ပင်လယ်ပြာပြာ - မိသားစု ဘဝ မှ ပြန်လည် ရေးသားဖော်ပြထားပါသည်။
No comments:
Post a Comment