Tuesday, March 1, 2011

ကျန်းမာပျော်ရွှင်စေရေး အလွယ်နည်းလမ်းလေးများ

ရိုးစင်းသောပျော်ရွှင်မှု

ကိုယ့်ကိုယ်ကိုယ်ပြန်လည်လန်းဆန်း တက်ကြွလာစေရေးအတွက် လွယ်ကူပေါ့ပါးတဲ့ နည်းလမ်းကောင်းလေးတွေကတော့....

 

- ရေချိုးဇလုံထဲမှာ စိမ်တဲ့နည်းဖြစ်ပါတယ်။ အချို့သော ကျွမ်းကျင်သူတွေရဲ့ လေ့လာဆန်းစစ်မှုမှာ ဖော်ပြထားချက်အရ ဆားရေချိုးပြီး အနားယူလိုက်တဲ့အခါ စိုးရိမ်သောကတွေ သက်သာလျော့ပါး ခံစားရစေတယ်လို့ ဆိုပါတယ်။

 

- အိမ်မွေးတိရစ္ဆာန်လေးများနဲ့ ဆော့ကစားပါ။ မိမိနဲ့ ခွေးလေးကို မြေကြီးပေါ်မှာချပြီး ပြေးလွှားဆော့ကစားတာဖြစ်ဖြစ်၊ ဘောလုံးကိုပစ် ပြီး လိုက်ကောက်စေတာဖြစ်ဖြစ် ဆော့ကစားခြင်းဟာ လေ့ကျင့်ခန်း ပြုနေသလိုဖြစ်ပြီး ပျော်ရွှင်ကြည်နူးစေမှာ ဖြစ်ပါတယ်။

 

- စာအုပ်အသင်းတစ်ခုမှာ အသင်းဝင်လိုက်ပါ။ လေ့လာဆန်းစစ်ချက်အရ စာအုပ်ဖတ်ခြင်းအား ပျော်ရွှင်မှုကို ပေးနိုင်သလို မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပေါင်းဖွဲ့နေထိုင်ခြင်းဟာ ပျော်ရွှင်မှုသုခကို တိုးပွားစေတယ်လို့ ဆိုပါတယ်။

 

ကော်ဖီ၏ အကျိုးကျေးဇူး

သုတေသီတို့ရဲ့အဆိုအရ ကော်ဖီဟာ ကျန်းမာရေးအတွက် တစ်နည်းတစ်လမ်းအားဖြင့် အကျိုးဖြစ်ထွန်းစေတယ်လို့ ဆိုပါတယ်။

 

- ပန်းနာရင်ကျပ် ဝေဒနာကို သက်သာလျော့ပါးစေနိုင်

ကာယလေ့ကျင့်ခန်း မပြုလုပ်မီ တစ်နာရီခန့် ကြို၍ကော်ဖီတစ်ခွက် သောက်သုံးခြင်းဖြင့် ပန်းနာရင်ကျပ် ဝေဒနာကို သက်သာစေဖွယ်ရှိ တယ်လို့ ဆိုပါတယ်။

 

ကော်ဖီသောက်သုံးခြင်းကြောင့် အသက်ရှူကျပ်ခြင်းကို ဖြစ်ပေါ်စေသည်ဟု ယူဆခဲ့ကြသော်လည်း တဲလ်အဗစ်တက္ကသိုလ်မှ ဆရာဝန်တို့ ကမူ ကော်ဖီသည် အသက်ရှူကျပ်ခြင်းကို ဖြစ်ပေါ်စေသော ဘက်တီးရီးယားများကို ဖယ်ရှားပေးသည်ဟု ဆိုသည်။

 

-       အယ်လ်ဇိုင်းမားရောဂါကို အထောက်အကူပေးနိုင်

ကဖင်းဓာတ်က မှတ်ဥာဏ်နြပ်လည်ရှင်သန်ရေးအတွက် အထောက်အကူ ပြုစေပါတယ်လို့ သိရ့ပါတယ်။

 

ဦးနှောက်ကို ထက်မြက် သွက်လက်စေပါ

-               ဘယ်သန် ဖြစ်လာပါစေ။

ဆံပင်ဖြီးသင်လို့ပဲဖြစ်ဖြစ် သွားတိုက်လို့ပဲဖြစ်ဖြစ်၊ ဘယ်လက်နဲ့ ပြောင်းလဲလုပ်ဆောင်စေခြင်းက ဦးနှောက်ကို ကျွမ်းကျင်မှုအသစ်တွေ ကို ရှာဖွေတွေ့ရှိစေမှာ ဖြစ်ပါတယ်။ ပြုနေကျမှ လမ်းခွဲထွက်ခြင်းက စိတ်ဓာတ်ကို နှိုးဆွပေးမှုလည်း ဖြစ်ပါတယ်။

 

-               မျက်စိလေ့ကျင့်ခန်းလုပ်ပါ။

မျက်စိကို မျက်အိမ် ဟိုဘက်သည်ဘက် ရွှေ့ပြောင်းမှုကို စက္ကန့် ၃၀လောက်ပြုပေးခြင်းက မှတ်ဥာဏ်ကို ထက်သန်စေပါတယ်။ ဒီလို မျက်စိရွှေ့လျားပေးမှုဟာ ဦးနှောက်ရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းကို အပြန်အလှန် အကျိုးပြုစေတဲ့အတွက် မှတ်ဥာဏ်ကို အထောက် အကူပြုစေပါတယ်။

 

-               မဆလာဟင်းစားပါ။

ရက်သတ္တပတ်မှာ တစ်ခါလောက် မဆလာဟင်း စားပေးခြင်း၊ ဦးနှောက်ဆဲလ်များကို အားဖြည့်ပေးစေနိုင်ပါတယ်။ မဆာလာဟင်းထဲမှာ ပါတဲ့ ဟင်းခတ်အမွှေးအကြိုင်အချို့က ဦးနှောက်ထဲမှာ ပရိုတင်းချေးများ ပျံ့နှံ့မှုကို ကာကွယ်ပေးတဲ့အတွက် ဦးနှောက်အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ရာမှာ အထောက်အကူပြုစေပါတယ်။

 

အသက်ရှည်ရှည် နေထိုင်ရေးအတွက် လွယ်ကူသော နည်းလမ်း

- ၀ါးစားပါ

အစာကို သင့်လျော်သည်အထိ ၀ါးစားပါ၊ ၀ါးစားခြင်းက တံတွေးကို ထွက်စေ၍ တံတွေးက မိမိစားနေသော အစာကိုစိုစွတ်စေသကဲ့သို့ အစာချေ အင်ဇိုင်းကိုပါ ထွက်ပေါ်လာစေပါတယ်။ အစာချေ အင်ဇိုင်းက အစာအိမ်ထဲရှိ အစာများကို ကောင်းမွန်စွာချေဖျက်ပေးပါတယ်။ ထို့အပြင် အစာထဲရှိ ဗီတာမင်ဓာတ်များကိုလည်း ပိုမိုစုတ်ယူပေးတယ်။ ဗီတာမင်က ကိုယ်ခံအားစနစ်ကို အထောက်အကူပြုပြီး ရောဂါ ဘယများကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

 

- စိတ်ဖိစီးမှု ကင်းဝေးပါစေ

စိတ်ဓာတ်ကျဆင်းခြင်းကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကကို တိုးပွားစေတယ်။ ဒါဟာ နှလုံးရောဂါနဲ့ ကိုလက်စထရော မြင့်တက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အကောင်းဆုံး ကုသနည်းကတော့ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်စဉ်ကျင့်ခြင်းတို့ပဲ ဖြစ်ပါ တယ်။

 

- လိင်ဆက်ဆံမှု ပြုပေးပါ

ကိန်းဘရစ်ရှ်နဲ့ ဟားဗတ်တက္ကသိုလ်တို့မှ သုတေသီတို့ရဲ့ လေ့လာဆန်းစစ်ချက်အရ လိင်ဆက်ဆံမှုကို ပုံမှန်ထက်ပိုမိုလုပ်ဆောင်ခြင်းက မိမိရဲ့ ပုံမှန်သက်တမ်းထက် ၂နှစ်ခွဲလောက် ပိုနေရနိုင်တယ်လို့ဆိုတယ်။ လိင်ဆက်ဆံမှုက ဓာတုပစ္စည်းများကို သွေးကြောထဲ စီးဝင်စေ ပြီး ကောတီဇုန်းကို ဖျက်စီးပေးနိုင်တယ်လို့ ဆိုပါတယ်။

 

Credit: Myin Kwin Magazine – February 2011

 

အောင်မြင်ရေး လှေကားထစ်များ

အလုပ်တစ်ခုလုပ်တာမှာသူများကိုချည်းပဲ ဘာလို့အားကိုးနေမှာလဲ။ ကိုယ်နဲ့သင့်တော်မယ့် အလုပ်ကိုရှာ၊ ကိုယ့်ဘာသာယုံကြည်မှုရှိရှိနဲ့ လုပ်ပေါ့။ အဲဒီအတွက် လမ်းစတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

ကိုယ်ဟာ ဘယ်အလုပ်မျိုးမှာ လူမှန် နေရာမှန်ဖြစ်သလဲဆိုတာ သိဖို့လိုပါတယ်။ ကိုယ်ဖြစ်ထွန်းမယ့်၊ ပေါက်မြောက်မယ့်နေရာကို သိရပါ မယ်။ အဲဒီအလုပ်မှာ တိုးတက်မှုရှိအောင်လည်း လုပ်တတ်ရမယ်။ လူဆိုတာ ကျွမ်းကျင်ရာမှာ လိမ္မာကြတယ်။ အဲဒီတော့ ကိုယ်အကောင်း ဆုံး အစွမ်းပြနိုင်မယ့်အလုပ်မျိုးကို ရွေးချယ်လုပ်ကိုင်ရပါမယ်။

 

လိုချင်တာနောက်ကို လိုက်

ကိုယ့်အကြောင်းကို ကိုယ် သိပြီလား။ ဒါဆို အိပ်မက်ကို လက်တွေ့တကယ်အကောင်ထည်ဖော်ဖို့ ကြိုးစားပေတော့ပဲ။ ကိုယ့်မှာ အလုပ် နဲ့အံဝင်ခွင်ကျဖြစ်တဲ့ ဘွဲ့ဒီဂရီမျိုး မရှိရင်လည်း စိတ်မပျက်ပါနဲ့။ အဲဒီအလုပ်ကို မိမိစိတ်ဝင်စားကြောင်း အစမ်းခန့်အနေနဲ့ ခိုင်းချင်ခိုင်း ကြည့်နိုင်ကြောင်း လျှောက်ထားကြည့်ပါ။ အဲဒီ ရုံးဌာန၊ ကုမ္ပဏီနဲ့ အခုလို အဆက်အသွယ်ရှိနေပြီဆိုရင် အလုပ်တစ်ခုခုခေါ်ရင် ကိုယ်က သိနိုင်မယ်။

 

ဖြစ်အောင်ကြိုးစား

အိပ်မက်ကို အကောင်အထည်ပေါ်အောင်ဆိုရင်တော့ ကိုယ်က ကြိုးစားရမယ်။ ကိုယ်လိုချင်တဲ့ အလုပ်ကိုရပြီဆိုရင် အဲဒီအလုပ်ထဲမှာ ကိုယ်ရော စိတ်ပါနှစ်ထားလိုက်ပေတော့။ မသိတာ၊ နားမလည်တာ ရှိရင် လုပ်ဖော်ကိုင်ဖက်တွေကိုဖြစ်စေ၊ နောက်ဆုံး ဘော့စ်ကိုဖြစ်စေ မေးပါ။ နားလည်အောင်၊ တတ်အောင် လေ့လာသင်ယူပါ။ နတ်ရေကန်ထဲ ချလိုက်သလို ချက်ချင်း ပြီးပြည့်စုံ အောင်မြင်သွားမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အလုပ်မှာ တိုးတက်ပြီးရင်း တိုးတက်အောင် ကြံဆောင်ကြိုးစားသွားဖို့ပဲ ရှိပါတယ်။

 

အလုပ်ကိုသွားတယ်ဆိုတာ စစ်ပွဲတစ်ပွဲနွှဲဖို့သွားတာနဲ့ အတူတူပါပဲတဲ့။ အောင်ပွဲဆင်နိုင်ဖို့အတွက် မဟာဗျူဟာလိုတယ်လေ။ အများထဲ ကနေ ဖောက်ထွက်နိုင်ဖို့အတွက် ရုပ်ရည်၊ အသံ၊ လုပ်ကိုင်ဆောင်ရွက်ပုံတွေက ပရော်ဖက်ရှင်နယ်ကျဖို့ လိုပါတယ်။

 

ရုပ်ရည်

ကိုယ့်မျက်နှာကို သဘာဝအတိုင်းကလေးပဲ ရှိနေအောင် မိတ်ကပ်လိမ်းရပါမယ်။ ရုပ်ရည်ရူပကာ ကောင်းဖို့ဆိုရင် မျက်နှာအသားအရေ ချောမွေ့ဖို့က အရေးအကြီးဆုံးပဲ။ ဒီတော့ Skincare ပစ္စည်းကောင်း ကောင်းလေးတွေကို သုံးရပါမယ်။ Cleanser ကောင်းကောင်းသုံးပါ။ အသားအရေ ကောင်းတယ်ဆိုတာ အသားအရေ သန့်ရှင်းစင်ကြယ်ခြင်းပါပဲ။ ပြစ်မျိုးမှဲ့မထင် အသားအရေမျိုးဖြစ်ဖို့ Foundation ကို လည်း လိမ်းပေးပါ။

 

အသံ

ရုံးမှာ ကိုယ့်ရဲ့ အသံနေအသံထားကို အမြဲပဲ ဂရုစိုက်ပါ။ နောက်ကျပြီး ရုံးဆင်းရတဲ့နေ့မျိုးတွေလည်း ရှိတတ်တယ်။ အဲဒီအခါမျိုးမှာ မကျေ မနပ် ငြူစူတာမျိုး၊ ညည်းညူတာမျိုးတွေ မလုပ်ပါနဲ့။ ဘော့စ်နဲ့ ပြောဆိုဆက်ဆံတာမှာလည်း တခြားသူတွေ မရှိတော့ဘူးဆိုပြီး အရိုအသေပေးတာကို မလျှော့ပါနဲ့။ ကိုယ် တစ်နေကုန်နေရိုးနေစဉ်၊ လုပ်ရိုးလုပ်စဉ်၊ ပြောရိုးပြောစဉ်အတိုင်းပဲ နေထိုင်ပြောဆို လုပ်ကိုင် ပါ။

 

ကိုယ်ဟန်မူယာ

ဘော့စ်နဲ့ တခြားလူတွေက ကိုယ်နေထိုင်၊ လုပ်ကိုင်ပုံပေါ်မှာ မူတည်ပြီးပဲ ကိုယ့်အပေါ်မှာ ရှုမြင်တတ်ကြတယ်။ ကိုယ့်အလုပ်ကို တာဝန်ယူ တယ်။ အဖွဲ့လိုက် လုပ်ရတာမှာ အဖွဲ့သားကောင်းတစ်ယောက်အဖြစ်နဲ့ တာဝန်ကျေပွန်စွာ လုပ်ကိုင်တယ်ဆိုရင် ကိုယ့်အတွက် အမှတ် တက်တာပဲပေါ့။ လုပ်ခွင်ပြင်ပ အနေအထိုင်ကလည်း အရေးကြီးတယ်။ အပြင်မှာ တခြားယောက်ျားလေးတွေနဲ့ အဆမတန် တွဲနေတာ ဟာ မကောင်းသလို ဘယ်သူနဲ့မှ မပေါင်းမသင်းဘဲ နေတာဟာလည်း မကောင်းပါဘူး။

 

အလုပ်ခွင်ဆိုတာ ကျောင်းစာသင်ခန်း မဟုတ်ဘူးလေ။ လွယ်လွယ်နဲ့ နားလည်ကျင့်သုံးနိုင်မယ့် ဒီနည်းလေးတွေကို မှတ်ထားပါ။

 

မရိုင်းပျပါနဲ့

ကိုယ်၊ နှုတ် စောင့်စည်းပါ။ စိတ်လိုက်မာန်ပါ ပြောဆို၊ လုပ်ကိုင်တာမျိုး လုံးဝ မရှိပါစေနဲ့။

 

ပြောသမျှ 'ဟုတ်ကဲ့' ချည်းမလုပ်ပါနဲ့

မတရားတာကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို နေစရာ မလိုပါဘူး။ အခြေအနေတွေက မဖြစ်သင့်တာမျိုး ဖြစ်နေတယ်ဆိုရင် ဘော့စ်နဲ့တွေ့ပြီး ရှင်းလင်းပြောပြပါ။

 

ခေါင်းမော့ရင်ကော့နေပါ

ကျရှုံးတာမျိုး၊ အဆင်မချောတာမျိုး ဖြစ်နေလား။ ဒီတစ်နေ့အတွက် ကိုယ်အောင်မြင်မှုရအောင် ဘာတွေကို ဘယ်လိုလုပ်မယ်ဆိုတာ နေ့စဉ် မနက်တိုင်း ချရေးပြီး ပြင်ဆင်လုပ်ကိုင်ပါ။

 

စည်းမျဉ်းစည်းကမ်း လိုက်နာပါ

ကိုယ်က လက်ရှိအလုပ်ကို တစ်သက်လုံး လုပ်သွားဖို့ စိတ်မကူးထားရင်တောင်မှ လက်ရှိလုပ်နေတုန်းမှာတော့ ဒီအလုပ်ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။

 

ကျန်းမာရေးကို ဂရုစိုက်ပါ။

ဘ၀မှာ အလုပ်တစ်ခုတည်းပဲ ရှိနေတာ မဟုတ်ဘူးဆိုတာ သတိရပါ။ အပန်းဖြေဖို့၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့တွေ့ဖို့ အချိန်ပေးရပါ မယ်။ အလုပ်ကြောင့် စိတ်ဖိစီးနေတာမျိုး အဖြစ်မခံပါနဲ့။

 

Credit: Myin Kwin Magazine – February 2011

No comments: