မိန်းကလေးအား ထိမ်းမြားလက်ထပ်ရန် ကတိပျက်ကွက်သည့် ယောက်ျားအပြင် ထိမ်းမြားလက် ထပ်ပေးရန်ကတိပြုသည့် ယောက်ျား ၏မိဘတို့ပါကတိပျက်ကွက်မှုအတွက် လျော်ကြေး ကျပ်သိန်းတစ်ရာ ပေး
လျော်ခဲ့ရသည့်ဖြစ်ရပ်သည် ၂၀၁၀ ပြည့်နှစ်အတွက် ထွက်ရှိသည့်စီရင် ထုံးများထဲတွင် ပါဝင်ခဲ့ပါသည်။
၂၀၁၀ပြည့်နှစ်စီရင်ထုံးများသည် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထွက် ရှိခဲ့ခြင်း ဖြစ်ပါသည်။စစ်ကိုင်းခရိုင်တရားရုံး၏ တရားမကြီးမှုအမှတ် ၅၂/၂၀၀၇ တွင် အရွယ်မရောက်သေးသူ အယူခံတရား ပြိုင် မ----က မောင်----နှင့် မိဘများအပေါ် ထိမ်းမြားလက်ထပ်ရန် ကတိပျက်သဖြင့် လျော်ကြေးငွေ ကျပ်သိန်း ၁၀၀ ရလိုမှုစွဲဆိုရာ စွဲဆို သည့်အတိုင်း အနိုင်ဒီကရီရရှိခဲ့ ကြောင်း၊ ထိုဒီကရီကို မောင်----တို့က စစ်ကိုင်းတိုင်းဒေသကြီး တရားရုံး၏တရားမအယူခံမှုအမှတ် ၁၅/၂၀၀၉ တွင်လည်းကောင်း၊ ထိုမှတစ်ဖန် တရားရုံးချုပ်မန္တလေး၏ တရားမဒုတိယ အယူခံမှုအမှတ် ၇၁/၂၀၀၉တွင်လည်းကောင်း အယူခံ အဆင့်ဆင့်ဝင်ရောက်ခဲ့သော်လည်း အယူခံမှုအသီးသီးပလပ်ခံခဲ့ရကြောင်း၊ ထို့နောက် မောင်----တို့က တရားရုံးချုပ် မန္တလေး၏တရားမ အထွေထွေလျှောက်လွှာ (အထူး)အမှတ် ၂၂၁/၂၀၀၉ တွင် လျှောက်ထားခဲ့ရာ "မိန်းကလေးအား ထိမ်းမြားလက်ထပ်ရန် ကတိပျက်ကွက်သည့် ယောက်ျားအပြင် ထိမ်းမြားလက်ထပ်ပေးရန် ကတိပြုသည့် ယောက်ျား၏မိဘကို ပါကတိပျက်ကွက်မှုအတွက် လျော် ကြေးကျပ်သိန်းတစ်ရာပေးလျော်စေ ရန် ဒီကရီချမှတ်ခြင်းသည် ဥပဒေ နှင့်ညီညွတ်မှု ရှိ၊ မရှိ" ဟူသည့် ပြဿနာဖြင့် အထူးအယူခံဝင်ခွင့်ရရှိခဲ့ ခြင်းဖြစ်သည်။
အမှုဆုံးဖြတ်ချက်တွင်ပါဝင်သည် မှာ '၂၀၀၇ ခုနှစ် သြဂုတ်လ ၂ ရက် နေ့က တရားလို မ. . . .အား တရားလို၏ မိဘများထံ သွားရောက်ပြန်လည်အပ်နှံ၍ လာမည့် သီတင်းကျွတ်လဆန်းတွင် ထိမ်းမြားလက်ထပ်ပေးရန်
ကတိပြုခဲ့ကြစဉ်က(၁)တရား ပြိုင် မောင်----သာမကတရား ပြိုင်၏မိဘများဖြစ်သည့် တရားပြိုင်နှစ်ဦးလည်းပါရှိကာ ထိုသို့ထိမ်းမြားပေးရန် ကတိပြုခဲ့ကြကြောင်း၊ နှစ်ဖက်အငြင်းမပွား အထင်အရှားပေါ် ပေါက်သည်။
ထို့အတူသီတင်းကျွတ် ကျော်သွားပြီးသည်အထိ တရားလိုတို့အား တရားပြိုင်တို့က အဆက်အသွယ် မပြုခဲ့တော့ခြင်း၊ တရားလိုဘက် က ရဲစခန်းတွင် အမှုဖွင့်ရန် ဆောင်ရွက်ခဲ့ရာ တရားပြိုင် မိဘနှစ်ပါးက တရားလိုနှင့် မောင် ----တို့အား မပေးစားနိုင်ဟု ငြင်းဆိုခဲ့မှုကြောင့် အမှုဖွင့်ခဲ့ရခြင်းစသည့်အချက်များမှာ တရားလိုဘက် စွပ်စွဲချက်များတွင်ပေါ်ပေါက်ပြီး တရားပြိုင်များဘက်မှ ချေပနိုင်ခဲ့မှုမရှိခြင်း တို့မှာလည်း ထင်ရှားသည်။ ထို့အပြင် ထိမ်းမြားလက်ထပ်ရန် ကတိပြုခြင်းနှင့် ပျက်ကွက် ခြင်းပြုစဉ်က တရားလိုနှင့်တရားပြိုင် တို့မှာ အရွယ်မရောက်သေးသူများ သာဖြစ်ပြီး အဓိကကတိပြုရသူနှင့် ပျက်ကွက်ခဲ့သူတို့မှာ တရားပြိုင်၏ မိဘများဖြစ်သည့် တရားပြိုင်တို့သာ ဖြစ်သည်မှာလည်း ထင်ရှားသည်။ အောက်ရုံးသုံးရုံးလုံးက ထိမ်းမြား လက်ထပ်ရန် ကတိပျက်ကွက်သည့် ယောက်ျားသာမက ယောက်ျား၏ မိဘများကိုပါ လျော်ကြေးပေးစေခဲ့ခြင်းမှာ မှားယွင်းခြင်းမရှိပေ' ဟု အမှုဆုံးဖြတ်ချက်တွင် ပါဝင်နေပါသည်။
တရားလိုမိန်းကလေးအား တရားပြိုင်ယောက်ျားက ထိမ်းမြားလက်ထပ်ပါမည်ဟု ယုံကြည်အောင်ပြောဆိုကာ ကာမစပ်ယှက်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် တရားပြိုင်မိဘတို့က တရားပြိုင်ယောက်ျားအား ရန်ကုန်မြို့သို့ ပို့ထားကာ ရှောင်တိမ်းနေစေပြီး ထိမ်းမြားရန်ကတိပျက်ကွက်ခဲ့ ခြင်းဖြစ်သည်ဟု စီရင်ထုံးတွင် ဖော်ပြထားပါသည်။
ကတိပျက်ကွက်ခဲ့၍ တရားလို မှာ အရွယ်မရောက်မီအပျိုရည်ပျက်ကာ ဘ၀အညွန့်ကျိုးခဲ့၍ ငွေကြေးတန်ဖိုးအားဖြင့် တိုင်းတာ၍ မရနိုင် အောင်နစ်နာခဲ့ရကြောင်း၊ တရားပြိုင်များမှာ ဆန်ပွဲရုံလုပ်ကိုင်သူများဖြစ်၍
တရားလိုတောင်းဆိုသည့် နစ်နာကြေးပေးရန် ဓနအင်အားတတ်နိုင်သူများ ဖြစ်ကြောင်းသုံးသပ်ကာ စွဲဆိုသည့်အတိုင်း ဒီကရီချမှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု စီရင်ထုံးတွင်ဖော်ပြထားပါသည်။
No comments:
Post a Comment