Friday, February 4, 2011

ဖိလစ်ပိုင်ရိုးရာ ငါးခေါင်းဟင်းချို ဒါမှမဟုတ် ကော်ပြန့်လုပ်စားမယ်

-->
ကျွန်တော်တော့ မချက်စားဘူးသေးပါဘူး။ ဒါပေမဲ့ သူက အဆီမများပဲ အသီးအနှံများများနှင့် အရည်သောက်ပုံစံလေးပါ။

ဖိလစ်ပိုင်ရိုးရာ ငါးပေါင်းဟင်းချို
လူဦးရေ လေးဦးစာ
လိုအပ်တဲ့ ဟင်းအမယ်များကတော့
၁။ ငါး (သို့မဟုတ်) ကြက်သား  - တစ်ပိဿာ (ဥပမာ - ငါးကြင်း)
၂။ ဂေါ်ဖီထုတ် - တစ်ခြမ်း
၃။ ခရမ်းချဉ်သီးအရွယ်ငယ် - လေးလုံး
၎။ ပဲသီးတောင့် (ပဲသီးတောင့်ရှည်) - ငါးတောင့်ခန့်
၅။ မန်ကျည်းမှည့် - ကွမ်းသီးလုံးခန့်
၆။ ဆားနဲ့ငရုတ်ကောင်း - အနည်းငယ်စီ
၇။ ငရုတ်သီးစိမ်းအရှည် - ငါးတောင့်ခန့်
ပြင်ဆင်ချက်ပြုတ်ပုံကတော့
၁။ ငါးကို အကောင်လိုက် အကြေးခွံခွာပါ။ ပြီးတဲ့အခါ ဦးခေါင်းကိုဖြတ်ပါ။
၂။ ထို့နောက် ရေစင်စင်ဆေးပြီး အကွင်းလိုက်ကို လက်တစ်လုံးသာသာ အတုံးတုံးပါ။ ပြီးလျှင် ဆား၊ငရုတ်ကောင်းတို့ဖြင့် နယ်ပါ။
၃။ ဂေါ်ဖီရွက်များကို တစ်လက်မပတ်လည်အရွယ်လှီးဖြတ်ပါ။
၎။ ပဲတောင့်ရှည်တွေကို မလှီးဖြတ်သေးဘဲ အတောင့်လိုက် ရေနွေးဆူဆူထဲထည့်၍ စိမ်ထားပါ။ အဲဒီရေထဲကို ဆားခပ်ပေး ပါ။
၅။ ခရမ်းချဉ်သီးများကိုတော့ မခွဲစိတ်ဘဲ အလုံးလိုက်ထားပေးပါ။
၆။ အိုးထဲသို့ ရေရှစ်ခွက်လောက်ထည့်ပြီး ဆူအောင်ထည်ပါ။ ရေဆူလျှင် အဲဒီအိုးထဲကို ငရုတ်သီးတောင့်နဲ့ ငါး (သို့မဟုတ်) အသားကိုထည့်ပါ။ ဒီလိုမျိုး ၁၅မိနစ်လောက်တည်ပေးပါ။
၇။ ပြီးလျှင် ဂေါ်ဖီထုတ်ထည့်ပြီး ၄၊၅မိနစ်ကြာထည်တည်ပါ။ အပေါ့အငန်အတွက် ဆားနှင့် ငရုတ်ကောင်းထည့်ပါ။
၈။ ပဲသီးတောင့်ကို အနေတော်အရွယ်လှီးဖြတ်ပြီး အိုးထဲထည့်ပါ။ ခရမ်းချဉ်သီးကိုလည်း ထပ်မံထည့်ပေးပါ။
၉။ ခရမ်းချဉ်သီးပျော့လာလျှင် မန်ကျည်းမှည့်ကို ရေဖျောထည့်ပြီး မီးခလုတ်ပိတ်လိုက်ပါ။
မန်ကျည်းသီးအစား ဆီးသီးကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒီလိုချက်ပြုတ်ရာမှာ မီးပြင်းပြင်းနဲ့ချက်ပြုတ်ပါက ငါး၊ ခရမ်းချဉ်သီးတွေ ကွဲသွားတတ်တဲ့အတွက် မီးအေးအေးဖြင့်သာ ချက်ပြုတ်ပါ။

ကော်ပြန့်လိပ် လုပ်စားမယ်
ပါဝင်သောပစ္စည်းများ


ကော်ပြန့်ရွက် - ၅၀ရွက်
စိမ်းစားဥ (ဥကြီး) - ၄လုံး
ပုစွန် - ၂၅ကျပ်သား
ဂဏန်း(လက်မချောင်း) - ၂၀ချောင်း
ဘဲဥ - ၅လုံး
ပဲပင်ပေါက် - ၂၀သား
ဆလပ်ရွက် - ၂စည်း
ကြက်သွန်မြိတ် - ၁စည်း
နံနံပင် - ၂စည်း
ဆီ - အနည်းငယ်
ဆား - အနည်းငယ်
ပဲငံပြာရည်(အနောက်) - အနည်းငယ်
ရှာလကာရည် - အနည်းငယ်
ကြက်သားမှုန့် - အနည်းငယ်
ငရုတ်ပွ - ၅တောင့်
ကြက်သွန်ဖြူ - ၁၀ သား
ကြက်သွန်နီ - ၅လုံး
ထန်းလျက်ခဲ(အဖြူ) - ၂ကျပ်သား


ပြုလုပ်ပုံ
စိမ်းစားဥကို အချောင်းလေးတွေ လှီးပြီးတော့ ဆား၊ကြက်သားမှုန့်၊ပဲငံပြာရည်ရောနယ်ပြီးတော့ကြော်ထားပါ။ ဂဏန်းကို ရေနွေးဆူဆူထဲမှာ ငါးမိနစ်ခန့်ပြုတ်ပါ။ ပြီးရင် အခွံခွာထားပါ။ ပုစွန်ကို ကြက်သွန်နီနဲ့ကြော်ထားပါ။ ပဲပင်ပေါက်ကို ရေနွေး နဲ့ နှစ်မိနစ်စိမ်ထားပါ။ ငရုတ်သီးပွကို ထောင်းပြီး ရှာလကာရည်နဲက ရောထားပါ။ ထန်းလျက်ကို ကျိုထားပါ။ ကြက်သွန်ဖြူ ကို ဆီချက်သတ်ပါ။ ပြီးရင် ကော်ပြန့်ရွက်အပေါ်မှာ ဆလပ်ရွက်ကိုတင် ကြော်ထားတဲ့ စိမ်းစားဥ၊ ပဲပင်ပေါက်၊ ဂဏန်း၊ ပုစွန်၊ ဘဲဥ၊ငရုတ်၊ ကြက်သွန်ဆီချက်၊ အချိုရည်၊နံနံပင်၊ ကြက်သွန်မြိတ်ထည့်ပြီးတော့ ကျစ်ကျစ်လေး လိပ်ထားပါ။ ဒါဆိုရင် ကော်ပြန့်လိပ်ကို အသင့်စားသုံးနိုင်ပါသည်။

No comments: