Tuesday, February 1, 2011

အမှားတွေက အမှန်ရှာ

-->
အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခု တိုးတက်မလာဘဲ တရွတ်ဆွဲနေတာဟာ အချစ်ဇာတ်လမ်း တစ်ခန်းရပ်လိုက်ရသလိုပါပဲ။ သင့် အမှားတွေကိုမသင်ယူရင်၊ အမှန်မရှားရင်၊ အဲဒီအများမျိုးထပ်လုပ်မိဦးမှာသေချာတယ်။နောက်အလုပ်တစ်ခုမှာ အမှားထပ်လုပ်မိဖို့ ဖြစ်နိုင် ခြေအများဆုံးပါပဲ။ပရော်ဖက်ရှင်နယ် တော်တော်များများဟာ မကောင်းတဲ့အလုပ်ကိုပစ်ပြေးချင်တာတအားပဲ၊မဟုတ်ရင်လည်း အလုပ် လက်မဲ့ဖြစ်မှာကို ကြောက်ကြတယ်၊ဒါကြောင့် သူတို့တွေဟာ အလုပ်တစ်ခုကနေ လိုက်ဖက်ဆက်နွယ်မှုမရှိတဲ့ နောက်အလုပ်တစ်ခုကို ခုန်ကူးတတ်ကြတယ်။ တချို့လူတွေပုဂ္ဂိုလ်ရေးဆက်ဆံမှုတွေမှာ မျက်နှာများတတ်သလိုပေါ့။သင်မြေကြီးပေါ်လဲပြိုကျပေမယ့် ဘာကို ခလုတ် တိုက်မိတယ်ဆိုတာ ပြန်မကြည့်ရင်နောက်တကြိမ်ခလုတ်တိုက်ပြိုလဲကျမှာပဲ။

ကျွန်တော်တို့အားလုံးအမှားတွေလုပ်နေကြတာပဲအဲဒီလိုမလုပ်ရင်လည်းကျွန်တော်တို့တတွေဟာ အံ့သြရလောက်အောင် တီထွင် ဥာဏ်ရှိတဲ့ နည်းစနစ်တွေ သုံးတတ်တဲ့ မန်နေဂျာတွေဖြစ်လာကြမှာ မဟုတ်ဘူး။ ဒါပေမယ့် တချို့မန်နေဂျာတွေက သူတို့လုပ်ခဲ့တဲ့ အမှားတွေကို မသိကျိုးကျွန်ပြုတတ်ကြတယ်။ သူတို့အမှားတွေ ဖုံးကွယ်တယ်၊  မြေမြှုပ်တယ်၊ မေ့ဖျောက်ပစ်တယ်။ သိပ်တော်တဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ ခင်ဗျားအဲဒီလိုမလုပ်ပါနဲ့ အဲဒီအမှားတွေအတွက် ကိုယ့်ကိုယ်ကို အနာတရမဖြစ်ပါစေနဲ့။ အဲဒါတွေကိုပဲ မကျေမချမ်းနဲ့ မြည်တွန်တောက်တီးမနေပါနဲ့။ သင်လုပ်ရမှာက ဘယ်နေရာမှာ မှားသွားလဲဆိုတာ စိစစ်လေ့လာပါ။ ဘာကြောင့်မှားသွား လဲ ဆိုတာလုပ်ဖော်ကိုင်ဖက်တွေနဲ့ဆွေးနွေးပါ။ နောက်ထပ်မမှားရအောင် ဘယ်လိုကာကွယ်မလဲဆိုတာ စိစစ်ဆောင်ရွက်ပါ။

ကျွန်တော်တို့ရဲ့ အမှားတွေဟာ ပေါ့တီးပေါ့ဆနိုင်တဲ့ အကဲဖြတ်ချက်၊ အရှုံးပေါ်သွားတဲ့အရောင်း၊ ထောင့်စေ့အောင် မတွေးပဲ ရေးလိုက်တဲ့ အစီရင်ခံစာ၊ အချိန် ဒါမှမဟုတ် အရင်းအမြစ်တွေကို လက်လွတ်စပယ်အသုံးချမှု သတ်မှတ်ချိန်အတွင်း အလုပ်မပြီးခြင်းစတာတွေထဲက ဖြစ်နိုင်တာပေါ့။ဖြစ်လာနိုင်တဲ့ အလွဲတွေ၊ အမှားတွေကို ချရေးလို့ကတော့ အဲဒီစာရင်းကဆုံးတော့မှာ မဟုတ်ဘူး။

သင်က အမှားတစ်ခုလုပ်မိပြီဆိုလျှင် အရေးတကြီးလုပ်ရမှာဖြစ်တဲ့အပြင် အခြားဟာတွေထက်ပိုအရေးကြီးတာက အဲဒါကို နောက် တစ်ကြိမ်ထပ်လုပ်ရင် မမှားအောင် နည်းမှန်လမ်းမှန် ရှာဖို့ပဲ။ မန်နေဂျာတစ်ယောက်ဖြစ်နေလို့ အတွေ့အကြုံကနေ စဉ်ဆက်မပြတ် သင်ယူ၊ ပညာရနေရမှာပဲ။ သင့်အနေနဲ့ ဘယ်တော့မှမလှုပ်မချောက်မနေပါနဲ့။ ငါအကုန်သိ ငါအကုန်တတ်လို့လဲ ကိုယ့်ကိုကိုယ် ဘယ်တော့မှ မထင်လေနဲက။ အားလုံးကို သင်မသိဘူး အားလုံးကို သင်မတတ်ဘူး။ အဲဒီလို ဖြစ်လည်းမဖြစ်နိုင်ဘူး။ ဒါပေမယ့် သင့်မှာ မသိရင်မေးစရာ ကိုးစားလောက်တဲ့ လူတွေရှိနိုင်တယ်။ သင့်ကို ညွှန်ပြပေးမယ့် အားထားစရာရည်ညွှန်းစာအုပ်ကောင်းတွေရှိနိုင်တယ်။ အမှားတွေဟာ သိပ်ချစ်ဖို့ကောင်းတယ်။ ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ကို ဘယ်နေရာမှာမှားတယ်ဆိုတာ သိစေရုံသာမက ဘယ်လို ပြုပြင်ရမယ်ဆိုတာကိုပါ အမှားတွေက နည်းပေးလမ်းပြလုပ်ပေးလို့ပါပဲ။ အမှားနည်းနည်းလုပ်ပြီးတဲ့အခါ သင်ဟာပိုတော်တဲ့ မန်နေဂျာ ဖြစ်လာတယ်။ အတွေ့အကြုံပိုကြွယ်ဝလာတယ်။ အတွေးအမြင်ရှု့ထောင့်တွေ ပိုကျယ်လာတယ်။

ကျွန်တော်တို့အားလုံးအမှားတွေလုပ်ကြတာပဲ။ ၀န်ခံလိုက်စမ်းပါ။ ပြီးရင် အမှားတွေကနေ သင်ခန်းစာယူ ရှေ့ဆက်လျှောက်။

လူသာကျော်

Bradley G. Richardson, ' To Move Ahead Again, Learn From Career Setbacks'
Ref: The Rules of Management, by Richard Templar
Credit: UMFCCI's Business Magazine – Vol: 10, No.2 April 2010

No comments: