Tuesday, January 4, 2022

Windows 11 ကို ပြောင်းလဲအသုံးပြုသင့်တဲ့ အကြောင်းပြချက် ၁၁ ချက်

 Windows 11 ကို ပြောင်းလဲအသုံးပြုသင့်တဲ့ အကြောင်းပြချက် ၁၁ ချက်




#Windows_11

#Operation_systems

#Information_and_Technology


(Microsoft ကုမ္ပဏီထုတ် ကွန်ပျူတာ OS ထဲက နောက်ဆုံးပေါ် Windows 11 ကို မိမိကွန်ပျူတာမှာ စမ်းသပ်အသုံးပြုချင်သူများ သိထားသင့်တဲ့အချက်တွေကို စတင်ေ၀ငှချင်ပါတယ်။ iOS မဟုတ်ဘူးနော်။ ဘယ္လို OS ကိုအသုံးပြုပြု မိမိရှိသော အသုံးပြုသော ကွန်ပျူတာနဲ့ ကိုက်ညီမှုရှိမရှိ၊ upgrade လုပ်သင့်မသင့်ကတော့ အရင် ဆန်းစစ် စဉ်းစားရမှာသေချာပါတယ်။) 


Microsoft ဟာ Windows 11 ကို တရားဝင်မိတ်ဆက်ခဲ့တာ အချိန် ၁ လကျော်ရှိနေပြီဖြစ်ပါတယ်။ စမ်းသပ်အသုံးပြုချင်တဲ့သူတွေအတွက် Dev Channel နဲ့ Beta Channel ၂ မျိုးကို ထုတ်ပေးထားသလို Windows ISO File ကိုပါ Download ရယူနိုင်ပြီဖြစ်ပါတယ်။


အဲ့ဒါကြောင့် အခု Article မွာ Microsoft Windows 11 ကို ဘာကြောင့် ပြောင်းလဲအသုံးပြုသင့်လဲဆိုတဲ့အချက် ၁၁ ခ်က္ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အခုအချိန်အထိ Windows 10 ကို အသုံးပြုနေပြီး Upgrade ပြုလုပ်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် အထောက်အကူဖြစ်စေမှာပါ။


(1) MacOS နဲ့ ပိုဆင်တူလာတဲ့ User Interface


Windows 11 ဟာ ယခင်တုန်းက Windows 10 အပြင် Windows တွေအားလုံးထက် UI Design ပိုင်းကို လုံးဝပြောင်းလဲထားတာဖြစ်ပါတယ်။ အဓိကပြောင်းလဲမှုကတော့ Screen ရဲ့ အောက်ဖက် Task Bar ကို MacOS ရဲ့ Dock ပုံစံမျိုးပြောင်းလဲလိုက်တာဖြစ်ပါတယ်။ Application Menu ပုံစံကိုလည်း ပြောင်းလဲထားပြီး ယခင်ထက် ပိုပြီး သုံးရတာ ရိုးရှင်းလှပနေစေမှာဖြစ်ပါတယ်။


(2) Universal Media Control


Windows 11 ဟာ သီချင်းနဲ့ Media Playback ကို System Level ထိန်းချုပ်နိုင်မယ့် Universal Media Control Feature ကိုလည်း ထည့်သွင်းလာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဖွင့်ထားတဲ့ Music နဲ့ Media Control တွေအကုန်လုံးကို Action Center မွာ Notification အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါက Spotify သုံးတာပဲဖြစ်ဖြစ်၊ YouTube Video ပဲကြည့်နေတာပဲဖြစ်ဖြစ် ပိုပြီး အဆင်ပြေသွားမှာဖြစ်ပါတယ်။


(3) New Microsoft Store


ယခင်တုန်းက Windows ပေါ်မှာ Application တွေကို အသုံးပြုဖို့အတွက် သီးသန့် .exe File တွေကို Download ပြုလုပ်ပြီး Install ပြုလုပ်ရတာဖြစ်ပါတယ်။ Microsoft Store ရှိတယ်ဆိုပေမယ့် ရရှိနိုင်တဲ့ Application တွေနည်းပါးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Windows 11 မှာတော့ Microsoft Store Design ကို လုံးဝပြောင်းလဲလိုက်ပြီဖြစ်သလို ယခင်ထက်လည်း Application တွေအများအပြားရရှိနိုင်ပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ Windows 11 ကို အသုံးပြုမယ်ဆိုရင် လိုချင်တဲ့ Application တွေကို .exe File Install ပြုလုပ်မယ့်အစား Microsoft Store မွာပဲ Download ရယူနိုင်တော့မှာပါ။


(4) Android App Support


Windows 11 ဟာ Microsoft Store အသစ်ရရှိလာတဲ့အပြင် နောက်ထပ်အားသာချက်တစ်ခုကတော့ Android App တွေကိုပါ Windows 11 ပေါ်မှာ Install ပြုလုပ်ပြီး အသုံးပြနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Android App ကို အသုံးပြုနိုင်ဖို့အတွက် Microsoft ကေန Amazon App Store နဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး Amazon Account ရှိဖို့ လိုအပ်မယ်လို့ သိရပါတယ်။


(5) Widget


Windows 11 ဟာ Widget တွေကိုပါ သီးသန့် Panel အနေနဲ့ ပြန်လည်ပြီး ဦးစားပေးထည့်သွင်းလာပြီဖြစ်ပါတယ်။ ပုံမှန် Clock ၊ Calendar နဲ့ To-Do List တွေအပြင် လက်ရှိနောက်ဆုံးသတင်းတွေကိုပါ လက်ရှိအချိန်မှာ ဖော်ပြပေးနိုင်ပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ Third-party Widget တွေကိုပါ အလွယ်တကူထည့်သွင်းနိုင်မယ်လို့လည်း ယူဆရပါတယ်။


(6) Auto HDR & Dynamic Refresh Rate For Gaming


Windows 11 ဟာ Gamer တွေအတွက်လည်း ပိုပြီးကောင်းမွန်တဲ့ OS Upgrade ဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုရင် ဂိမ်းဆော့နေတဲ့အချိန်မှာ HDR ကို အလိုအလျောက် Enable ပြုလုပ်ပေးနိုင်တဲ့ Auto HDR Feature ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Screen Refresh Rate ကို အသုံးပြုတဲ့ Content ပေါ်မှုတည်ပြီး အလိုအလျောက်ပြောင်းလဲပေးနိုင်တဲ့ Dynamic Refresh Rate လည်းပါဝင်မှာဖြစ်ပါတယ်။


(7) Redesigned File Explorer


Windows File Explorer ဟာ Windows 7 နောက်ပိုင်းမှာ ပြောင်းလဲမှုအနည်းဆုံး Feature တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် Windows 11 မှာတေ့ာ Microsoft ကေန Windows File Explorer ကို လုံးဝ Design ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် File တွေကို ပိုပြီးအလွယ်တကူမြင်နိုင်ပြီဖြစ်သလို Manage ပြုလုပ်နိုင်တဲ့ Option တွေကိုလည်း ပိုပြီး အလွယ်တကူအသုံးပြုနိုင်မှာပါ။


(8) Faster Windows Update


Microsoft ကေန Windows 11 မွာ Windows Update ကိုလည်း ယခင်ထက် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေ Update ပြုလုပ်နိုင်အောင် ပြောင်းလဲပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။ Update ပြုလုပ်ရမယ့် File Size တွေဟာ ယခင်ထက် ၄၀ ရာခိုင်နှုန်းပိုသေးငယ်သွားမယ့်အပြင် Background မွာ Install ပြုလုပ်တဲ့အချိန်မှာလည်း ယခင်ထက် ပိုပြီး CPU ကို Workload ပိစေမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။


(9) Redesign User Interface


Windows 11 ဟာ MacOS နဲ့ အပြင်ပိုင်း User Interface တင်ပြောင်းလဲထားတာမဟုတ်ဘဲ Setting Menu တွေအပြင် အေသးစိတ္ကိုပါ လိုက်ပြီး Design ပြောင်းလဲထားတာဖြစ်ပါတယ်။ ဥပမာ Laptop တွေအတွက် Battery Section သီးသန့်ပါဝင်လာမှာဖြစ်ပြီး အသုံးပြုမှုပုံစံနဲ့ Battery ဘယ်လောက်ထိအသုံးပြုနိုင်ဦးမလဲဆိုတာကို စမတ်ဖုန်းတစ်လုံးအသုံးပြုနေသလိုမျိုး မြင်ရမှာဖြစ်ပါတယ်။


(10) Integrated Microsoft Teams


အခုလိုမျိုး Work from Home ပြုလုပ်ရတဲ့အချိန်မှာ အလုပ် Meeting တွေအတွက် Microsoft Teams ဟာလည်း အောင်မြင်တဲ့ Software တစ်ခုဖြစ်ပါတယ်။ ယခင် Windows 10 တုန်းက Microsoft Teams ကို အသုံးပြုနိုင်ဖို့အတွက် သီးသန့် Download ပြုလုပ်ထားရပေမယ့် အခုအချိန်မှာတော့ Windows 11 မွာ Microsoft Teams ကို Integrate ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် Microsoft Teams ကို အသုံးပြုချင်တယ်ဆိုရင် Taskbar ကေန တိုက်ရိုက်အသုံးပြုနိုင်မှာပါ။


(11) Improved Virtual Desktop Support


Windows 11 မွာ Virtual Desktop တွေကို အသုံးပြုချင်တဲ့သူတွေအတွက်လည်း ပိုပြီးလွယ်ကူအောင် ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ Virtual Desktop တွေကို Windows 11 မွာ စိတ်ကြိုက် နာမည်ပြောင်းလဲနိုင်သလို Reorder လည်းပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Desktop တစ္ခုစီမွာ Wallpaper တစ်ခုစီလည်း ထားနိုင်တာကြောင့် လုံးဝကို သီးသန့် Workspace တစ္ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။


အခုပြောသွားတဲ့ Feature တွေကတော့ လက်ရှိ Windows 10 ကေန Windows 11 ကို ပြောင်းလဲ Upgrade ပြုလုပ်သင့်တဲ့အချက် ၁၁ ချက်ပဲဖြစ်ပါတယ်။ တစ္ခုရွိတာကေတာ့ Windows 11 ကို Upgrade ပြုလုပ်မယ်ဆိုရင် ပိုပြီး Stable ဖြစ်စေဖို့အတွက် Dev Channel အစား Beta Channel ကိုပဲ အသုံးပြုဖို့အကြံပြုချင်ပါတယ်။

#Infinity_Tech


(Zawgyi) 

Windows 11 ကို ေျပာင္းလဲအသုံးျပဳသင့္တဲ့ အေၾကာင္းျပခ်က္ ၁၁ ခ်က္




#Windows_11

#Operation_systems

#Information_and_Technology


(Microsoft ကုမၸဏီထုတ္ ကြန္ပ်ဴတာ OS ထဲက ေနာက္ဆံုးေပၚ Windows 11 ကို မိမိကြန္ပ်ဴတာမွာ စမ္းသပ္အသံုးျပဳခ်င္သူမ်ား သိထားသင့္တဲ့အခ်က္ေတြကို စတင္ေ၀ငွခ်င္ပါတယ္။ iOS မဟုတ္ဘူးေနာ္။ ဘယ္လို OS ကိုအသံုးျပဳျပဳ မိမိရွိေသာ အသံုးျပဳေသာ ကြန္ပ်ဴတာနဲ႔ ကိုက္ညီမႈရွိမရွိ၊ upgrade လုပ္သင့္မသင့္ကေတာ့ အရင္ ဆန္းစစ္ စဥ္းစားရမွာေသခ်ာပါတယ္။) 


Microsoft ဟာ Windows 11 ကို တရားဝင္မိတ္ဆက္ခဲ့တာ အခ်ိန္ ၁ လေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ စမ္းသပ္အသုံးျပဳခ်င္တဲ့သူေတြအတြက္ Dev Channel နဲ႕ Beta Channel ၂ မ်ိဳးကို ထုတ္ေပးထားသလို Windows ISO File ကိုပါ Download ရယူနိုင္ၿပီျဖစ္ပါတယ္။


အဲ့ဒါေၾကာင့္ အခု Article မွာ Microsoft Windows 11 ကို ဘာေၾကာင့္ ေျပာင္းလဲအသုံးျပဳသင့္လဲဆိုတဲ့အခ်က္ ၁၁ ခ်က္ကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ အခုအခ်ိန္အထိ Windows 10 ကို အသုံးျပဳေနၿပီး Upgrade ျပဳလုပ္ဖို႔ စဥ္းစားေနတဲ့သူေတြအတြက္ အေထာက္အကူျဖစ္ေစမွာပါ။


(1) MacOS နဲ႕ ပိုဆင္တူလာတဲ့ User Interface


Windows 11 ဟာ ယခင္တုန္းက Windows 10 အျပင္ Windows ေတြအားလုံးထက္ UI Design ပိုင္းကို လုံးဝေျပာင္းလဲထားတာျဖစ္ပါတယ္။ အဓိကေျပာင္းလဲမႈကေတာ့ Screen ရဲ႕ ေအာက္ဖက္ Task Bar ကို MacOS ရဲ႕ Dock ပုံစံမ်ိဳးေျပာင္းလဲလိုက္တာျဖစ္ပါတယ္။ Application Menu ပုံစံကိုလည္း ေျပာင္းလဲထားၿပီး ယခင္ထက္ ပိုၿပီး သုံးရတာ ရိုးရွင္းလွပေနေစမွာျဖစ္ပါတယ္။


(2) Universal Media Control


Windows 11 ဟာ သီခ်င္းနဲ႕ Media Playback ကို System Level ထိန္းခ်ဳပ္နိုင္မယ့္ Universal Media Control Feature ကိုလည္း ထည့္သြင္းလာမွာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ဖြင့္ထားတဲ့ Music နဲ႕ Media Control ေတြအကုန္လုံးကို Action Center မွာ Notification အေနနဲ႕ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒါက Spotify သုံးတာပဲျဖစ္ျဖစ္၊ YouTube Video ပဲၾကည့္ေနတာပဲျဖစ္ျဖစ္ ပိုၿပီး အဆင္ေျပသြားမွာျဖစ္ပါတယ္။


(3) New Microsoft Store


ယခင္တုန္းက Windows ေပၚမွာ Application ေတြကို အသုံးျပဳဖို႔အတြက္ သီးသန့္ .exe File ေတြကို Download ျပဳလုပ္ၿပီး Install ျပဳလုပ္ရတာျဖစ္ပါတယ္။ Microsoft Store ရွိတယ္ဆိုေပမယ့္ ရရွိနိုင္တဲ့ Application ေတြနည္းပါးေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ Windows 11 မွာေတာ့ Microsoft Store Design ကို လုံးဝေျပာင္းလဲလိုက္ၿပီျဖစ္သလို ယခင္ထက္လည္း Application ေတြအမ်ားအျပားရရွိနိုင္ၿပီျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ Windows 11 ကို အသုံးျပဳမယ္ဆိုရင္ လိုခ်င္တဲ့ Application ေတြကို .exe File Install ျပဳလုပ္မယ့္အစား Microsoft Store မွာပဲ Download ရယူနိုင္ေတာ့မွာပါ။


(4) Android App Support


Windows 11 ဟာ Microsoft Store အသစ္ရရွိလာတဲ့အျပင္ ေနာက္ထပ္အားသာခ်က္တစ္ခုကေတာ့ Android App ေတြကိုပါ Windows 11 ေပၚမွာ Install ျပဳလုပ္ၿပီး အသုံးျပနိုင္မွာျဖစ္ပါတယ္။ ဒီလိုမ်ိဳး Android App ကို အသုံးျပဳနိုင္ဖို႔အတြက္ Microsoft ကေန Amazon App Store နဲ႕ ပူးေပါင္းခဲ့တာျဖစ္ၿပီး Amazon Account ရွိဖို႔ လိုအပ္မယ္လို႔ သိရပါတယ္။


(5) Widget


Windows 11 ဟာ Widget ေတြကိုပါ သီးသန့္ Panel အေနနဲ႕ ျပန္လည္ၿပီး ဦးစားေပးထည့္သြင္းလာၿပီျဖစ္ပါတယ္။ ပုံမွန္ Clock ၊ Calendar နဲ႕ To-Do List ေတြအျပင္ လက္ရွိေနာက္ဆုံးသတင္းေတြကိုပါ လက္ရွိအခ်ိန္မွာ ေဖာ္ျပေပးနိုင္ၿပီျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ Third-party Widget ေတြကိုပါ အလြယ္တကူထည့္သြင္းနိုင္မယ္လို႔လည္း ယူဆရပါတယ္။


(6) Auto HDR & Dynamic Refresh Rate For Gaming


Windows 11 ဟာ Gamer ေတြအတြက္လည္း ပိုၿပီးေကာင္းမြန္တဲ့ OS Upgrade ျဖစ္လာမွာပါ။ ဘာေၾကာင့္လဲဆိုရင္ ဂိမ္းေဆာ့ေနတဲ့အခ်ိန္မွာ HDR ကို အလိုအေလ်ာက္ Enable ျပဳလုပ္ေပးနိုင္တဲ့ Auto HDR Feature ပါဝင္လာမွာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Screen Refresh Rate ကို အသုံးျပဳတဲ့ Content ေပၚမႈတည္ၿပီး အလိုအေလ်ာက္ေျပာင္းလဲေပးနိုင္တဲ့ Dynamic Refresh Rate လည္းပါဝင္မွာျဖစ္ပါတယ္။


(7) Redesigned File Explorer


Windows File Explorer ဟာ Windows 7 ေနာက္ပိုင္းမွာ ေျပာင္းလဲမႈအနည္းဆုံး Feature တစ္ခုလို႔ေတာင္ ေျပာနိုင္ပါတယ္။ ဒါေပမယ့္ Windows 11 မွာေတ့ာ Microsoft ကေန Windows File Explorer ကို လုံးဝ Design ေျပာင္းလဲလိုက္ၿပီျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ File ေတြကို ပိုၿပီးအလြယ္တကူျမင္နိုင္ၿပီျဖစ္သလို Manage ျပဳလုပ္နိုင္တဲ့ Option ေတြကိုလည္း ပိုၿပီး အလြယ္တကူအသုံးျပဳနိုင္မွာပါ။


(8) Faster Windows Update


Microsoft ကေန Windows 11 မွာ Windows Update ကိုလည္း ယခင္ထက္ ပိုၿပီး ျမန္ျမန္ဆန္ဆန္နဲ႕ အဆင္ေျပေျပ Update ျပဳလုပ္နိုင္ေအာင္ ေျပာင္းလဲေပးထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ Update ျပဳလုပ္ရမယ့္ File Size ေတြဟာ ယခင္ထက္ ၄၀ ရာခိုင္ႏႈန္းပိုေသးငယ္သြားမယ့္အျပင္ Background မွာ Install ျပဳလုပ္တဲ့အခ်ိန္မွာလည္း ယခင္ထက္ ပိုၿပီး CPU ကို Workload ပိေစမွာမဟုတ္ေတာ့ဘူးလို႔ သိရပါတယ္။


(9) Redesign User Interface


Windows 11 ဟာ MacOS နဲ႕ အျပင္ပိုင္း User Interface တင္ေျပာင္းလဲထားတာမဟုတ္ဘဲ Setting Menu ေတြအျပင္ အေသးစိတ္ကိုပါ လိုက္ၿပီး Design ေျပာင္းလဲထားတာျဖစ္ပါတယ္။ ဥပမာ Laptop ေတြအတြက္ Battery Section သီးသန့္ပါဝင္လာမွာျဖစ္ၿပီး အသုံးျပဳမႈပုံစံနဲ႕ Battery ဘယ္ေလာက္ထိအသုံးျပဳနိုင္ဦးမလဲဆိုတာကို စမတ္ဖုန္းတစ္လုံးအသုံးျပဳေနသလိုမ်ိဳး ျမင္ရမွာျဖစ္ပါတယ္။


(10) Integrated Microsoft Teams


အခုလိုမ်ိဳး Work from Home ျပဳလုပ္ရတဲ့အခ်ိန္မွာ အလုပ္ Meeting ေတြအတြက္ Microsoft Teams ဟာလည္း ေအာင္ျမင္တဲ့ Software တစ္ခုျဖစ္ပါတယ္။ ယခင္ Windows 10 တုန္းက Microsoft Teams ကို အသုံးျပဳနိုင္ဖို႔အတြက္ သီးသန့္ Download ျပဳလုပ္ထားရေပမယ့္ အခုအခ်ိန္မွာေတာ့ Windows 11 မွာ Microsoft Teams ကို Integrate ျပဳလုပ္ေပးလိုက္ၿပီျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Microsoft Teams ကို အသုံးျပဳခ်င္တယ္ဆိုရင္ Taskbar ကေန တိုက္ရိုက္အသုံးျပဳနိုင္မွာပါ။


(11) Improved Virtual Desktop Support


Windows 11 မွာ Virtual Desktop ေတြကို အသုံးျပဳခ်င္တဲ့သူေတြအတြက္လည္း ပိုၿပီးလြယ္ကူေအာင္ ျပဳလုပ္ေပးလိုက္ၿပီျဖစ္ပါတယ္။ Virtual Desktop ေတြကို Windows 11 မွာ စိတ္ႀကိဳက္ နာမည္ေျပာင္းလဲနိုင္သလို Reorder လည္းျပဳလုပ္နိုင္ၿပီျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Desktop တစ္ခုစီမွာ Wallpaper တစ္ခုစီလည္း ထားနိုင္တာေၾကာင့္ လုံးဝကို သီးသန့္ Workspace တစ္ခုကို ဖန္တီးနိုင္မွာျဖစ္ပါတယ္။


အခုေျပာသြားတဲ့ Feature ေတြကေတာ့ လက္ရွိ Windows 10 ကေန Windows 11 ကို ေျပာင္းလဲ Upgrade ျပဳလုပ္သင့္တဲ့အခ်က္ ၁၁ ခ်က္ပဲျဖစ္ပါတယ္။ တစ္ခုရွိတာကေတာ့ Windows 11 ကို Upgrade ျပဳလုပ္မယ္ဆိုရင္ ပိုၿပီး Stable ျဖစ္ေစဖို႔အတြက္ Dev Channel အစား Beta Channel ကိုပဲ အသုံးျပဳဖို႔အႀကံျပဳခ်င္ပါတယ္။

#Infinity_Tech

No comments: