Wednesday, January 26, 2022

ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်းက ကိုဗစ်ကို ကာကွယ်ပေးနိုင်

 ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်းက ကိုဗစ်ကို ကာကွယ်ပေးနိုင်




စာရေးသူ Aye Thi Mon မှ ရေးသားသည်။ 

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။


ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်းက ကိုဗစ်ကို ကာကွယ်ပေးနိုင်

 ကိုဗစ် ဖြစ်ပွားမှုက ၃ နှစ်တာလောက် ကြာမြင့်လာပြီးတဲ့နောက်မှာတော့ သုတေသီတွေက ကိုဗစ်ကို ကာကွယ်ကုသနိုင်မယ့် နည်းလမ်းမျိုးစုံကို ရှာဖွေလာကြပါတယ်။ ကိုဗစ်အတွက် ကာကွယ်ဆေးတွေကို ကြိုးပမ်းနေသလို ကုသနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေနေကြပါတယ်။ ဒီရှာဖွေ ကြိုးပမ်းမှုရဲ့ ရလဒ်အနေနဲ့ မ​ကြာသေးခင်က ကိုဗစ်ကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတစ်ရပ်ကို တွေ့ရှိခဲ့ပါတယ်။


 ဒါက ဘာများဖြစ်မလဲ။ ဒီနည်းလမ်းက ဘယ်လောက်ထိ ထိရောက်မှု ရှိမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်လိုက်ရအောင်လား …….


 ဆေးခြောက်က ကိုဗစ်ကို ကာကွယ်ပေးနိုင်တော့မလား ………


 ဆေးခြောက် သောက်သုံးမှုက သောက်သုံးသူကို novel coronavirus ကနေ မကာကွယ်ပေးနိုင်လောက်ပေမယ့် ဆေးခြောက်ကို ဆေးဝါးအသုံးပြုမှုအနေနဲ့ အသုံးပြုတာက ကိုဗစ်ကို ကာကွယ်ပေးကောင်း ကာကွယ်ပေးနိုင်တော့မယ့် အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ဒီအနေအထားကို အတည်ဖြစ်လာစေဖို့ မျှော်လင့်နေသူတွေကလည်း အများကြီးပါ။


 ဆေးခြောက်ကို မှန်ကန်တဲ့ ပမာဏကို မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုတာက ကိုဗစ်ဗိုင်းရပ်စ် အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခြေ ရှိပါတယ်။ ဆေးခြောက်မှာပါတဲ့ CBD ဒြပ်ပေါင်းက Covid-19 ကူးစက်ခံရတဲ့အခါ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလို ဗိုင်းရပ်စ် ပြန့်ပွားမှုကိုတောင် တားဆီးပေးနိုင်စွမ်း ရှိတယ်လို့ အခုအပတ်အတွင်း လေ့လာတွေ့ရှိခဲ့ပါတယ်။


 ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်းက ကိုဗစ်ကို ကာကွယ်ပေးနိုင်


 ဆေးခြောက်မှာပါတဲ့ အချို့သော ဒြပ်ပေါင်းတွေက ကျန်းမာတဲ့ လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲကို ကိုရိုနာဗိုင်းရပ်စ် မဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်၊ လို့ Journal of Nature Productsမှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။


 ဒီလေ့လာမှုကို Oregon ပြည်နယ် တက္ကသိုလ်က ဦးဆောင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်း ၂ မျိုးဖြစ်တဲ့ cannabigerolic acid (CBGA)နဲ့ cannabidiolic acid (CBDA) တို့က ကိုရိုနာဗိုင်းရပ်စ်တွေကို ဆဲလ်တွေထဲ ဝင်ရောက်မှု မရှိအောင် တားဆီးပေးနိုင်ပါတယ်။


 လေ့လာမှုအရ ဒီအက်ဆစ်တွေက SARS-CoV-2 spike protein ကို တားဆီးပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကာကွယ်ဆေးတွေလိုပဲ ကိုဗစ် ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိနေပြီဆိုရင်လည်း ဆဲလ်တွေထဲ ဝင်ရောက်မှုကို နည်းနိုင်သမျှ နည်းအောင် တားဆီးပေးပါတယ်။


 သဘောကတော့ ကျန်းမာတဲ့ဆဲလ်တွေထဲကို ရောဂါပိုး မရောက်အောင် တားဆီးပေးသလို ဗိုင်းရပ်စ် အမှုန်တွေ ဆဲလ်တွေဆီ ကူးစက်မှု မရှိအောင် တားဆီးပေးပြီး ရောဂါပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကို လျှော့ချပေးသလို ရောဂါဖြစ်ပွားမှုကာလကိုလည်း တိုစေနိုင်ပါတယ်။ အဆုတ်တွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးပါတယ်။


 ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်းတွေက ကိုဗစ်မျိုးစိတ်တွေဖြစ်တဲ့ alpha မျိုးစိတ်ကိုရော beta မျိုးစိတ်ကိုပါ ထိထိရောက်ရောက် တားဆီးပေးနိုင်တာပါ။ ဆေးခြောက်ကို ယခင်ကတည်းကလည်း ဆေးဝါးအတွက် အသုံးပြုမှုတွေ ရှိခဲ့ပါတယ်။


 ဒီဒြပ်ပေါင်းတွေကို လက်ရှိ ကိုရိုနာမျိုးစိတ်တွေအပေါ်မှာရော နောက်ထပ် ထွက်ပေါ်လာမယ့် ကိုရိုနာမျိုးစိတ်တွေအပေါ်မှာပါ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ သုတေသီတွေက မျှော်လင့်နေကြပါတယ်။


 အခုလေ့လာတွေ့ရှိမှုအရ ဆေးခြောက်ကို မှန်ကန်တဲ့ပမာဏကို နည်းလမ်းမှန်မှန်နဲ့ အသုံးပြုမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မှာပါ။ ဆေးခြောက်ကို အလွဲသုံးတာ၊ သောက်သုံးတာမျိုးတွေကတော့ ကိုဗစ်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ထပ်ဆောင်း သတိပေးပါရစေ။


 ဆေးဝါးအနေနဲ့ ထုတ်လုပ်ပြုပြင်ထားတဲ့ အနေအထားကို နည်းလမ်းမှန်မှန်နဲ့ သုံးစွဲမှုကပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ကုသနိုင်မှာပါ။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 

 ေဆးေျခာက္မွာပါတဲ့ ျဒပ္ေပါင္းက ကိုဗစ္ကို ကာကြယ္ေပးနိုင္




စာေရးသူ Aye Thi Mon မွ ေရးသားသည္။ 


Hello Sayarwon Panel မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


ေဆးေျခာက္မွာပါတဲ့ ျဒပ္ေပါင္းက ကိုဗစ္ကို ကာကြယ္ေပးနိုင္


 ကိုဗစ္ ျဖစ္ပြားမႈက ၃ ႏွစ္တာေလာက္ ၾကာျမင့္လာၿပီးတဲ့ေနာက္မွာေတာ့ သုေတသီေတြက ကိုဗစ္ကို ကာကြယ္ကုသနိုင္မယ့္ နည္းလမ္းမ်ိဳးစုံကို ရွာေဖြလာၾကပါတယ္။ ကိုဗစ္အတြက္ ကာကြယ္ေဆးေတြကို ႀကိဳးပမ္းေနသလို ကုသနိုင္မယ့္ နည္းလမ္းေတြကိုလည္း ရွာေဖြေနၾကပါတယ္။ ဒီရွာေဖြ ႀကိဳးပမ္းမႈရဲ႕ ရလဒ္အေနနဲ႕ မၾကာေသးခင္က ကိုဗစ္ကို ကာကြယ္ေပးနိုင္မယ့္ နည္းလမ္းတစ္ရပ္ကို ေတြ႕ရွိခဲ့ပါတယ္။




 ဒါက ဘာမ်ားျဖစ္မလဲ။ ဒီနည္းလမ္းက ဘယ္ေလာက္ထိ ထိေရာက္မႈ ရွိမလဲဆိုတာကို ေဆာင္းပါးေလးထဲမွာ အတူတူ ဖတ္ၾကည့္လိုက္ရေအာင္လား .




 ေဆးေျခာက္က ကိုဗစ္ကို ကာကြယ္ေပးနိုင္ေတာ့မလား 




 ေဆးေျခာက္ ေသာက္သုံးမႈက ေသာက္သုံးသူကို novel coronavirus ကေန မကာကြယ္ေပးနိုင္ေလာက္ေပမယ့္ ေဆးေျခာက္ကို ေဆးဝါးအသုံးျပဳမႈအေနနဲ႕ အသုံးျပဳတာက ကိုဗစ္ကို ကာကြယ္ေပးေကာင္း ကာကြယ္ေပးနိုင္ေတာ့မယ့္ အေနအထားကို ေရာက္ရွိလာခဲ့ပါၿပီ။ ဒီအေနအထားကို အတည္ျဖစ္လာေစဖို႔ ေမွ်ာ္လင့္ေနသူေတြကလည္း အမ်ားႀကီးပါ။




 ေဆးေျခာက္ကို မွန္ကန္တဲ့ ပမာဏကို မွန္ကန္တဲ့ နည္းလမ္းနဲ႕ အသုံးျပဳတာက ကိုဗစ္ဗိုင္းရပ္စ္ အႏၱရာယ္ကေန ကာကြယ္ေပးနိုင္ေျခ ရွိပါတယ္။ ေဆးေျခာက္မွာပါတဲ့ CBD ျဒပ္ေပါင္းက Covid-19 ကူးစက္ခံရတဲ့အခါ ေရာဂါလကၡဏာ ျပင္းျပင္းထန္ထန္ ခံစားရနိုင္ေျခကို ေလွ်ာ့ခ်ေပးနိုင္သလို ဗိုင္းရပ္စ္ ျပန႔္ပြားမႈကိုေတာင္ တားဆီးေပးနိုင္စြမ္း ရွိတယ္လို႔ အခုအပတ္အတြင္း ေလ့လာေတြ႕ရွိခဲ့ပါတယ္။




 ေဆးေျခာက္မွာပါတဲ့ ျဒပ္ေပါင္းက ကိုဗစ္ကို ကာကြယ္ေပးနိုင္




 ေဆးေျခာက္မွာပါတဲ့ အခ်ိဳ႕ေသာ ျဒပ္ေပါင္းေတြက က်န္းမာတဲ့ လူ႕ခႏၶာကိုယ္ထဲက ဆဲလ္ေတြထဲကို ကိုရိုနာဗိုင္းရပ္စ္ မဝင္ေရာက္နိုင္ေအာင္ ကာကြယ္ေပးနိုင္ပါတယ္၊ လို႔ Journal of Nature Productsမွာ ထုတ္ေဝခဲ့တဲ့ ေလ့လာမႈ တစ္ရပ္အရ သိရပါတယ္။




 ဒီေလ့လာမႈကို Oregon ျပည္နယ္ တကၠသိုလ္က ဦးေဆာင္လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ေဆးေျခာက္မွာပါတဲ့ ျဒပ္ေပါင္း ၂ မ်ိဳးျဖစ္တဲ့ cannabigerolic acid (CBGA)နဲ႕ cannabidiolic acid (CBDA) တို႔က ကိုရိုနာဗိုင္းရပ္စ္ေတြကို ဆဲလ္ေတြထဲ ဝင္ေရာက္မႈ မရွိေအာင္ တားဆီးေပးနိုင္ပါတယ္။




 ေလ့လာမႈအရ ဒီအက္ဆစ္ေတြက SARS-CoV-2 spike protein ကို တားဆီးေပးနိုင္တဲ့ အာနိသင္ရွိပါတယ္။ ကာကြယ္ေဆးေတြလိုပဲ ကိုဗစ္ ဗိုင္းရပ္စ္ကို ကာကြယ္ေပးနိုင္ပါတယ္။ ကိုယ္ထဲမွာ ကိုရိုနာဗိုင္းရပ္စ္ ေရာက္ရွိေနၿပီဆိုရင္လည္း ဆဲလ္ေတြထဲ ဝင္ေရာက္မႈကို နည္းနိုင္သမွ် နည္းေအာင္ တားဆီးေပးပါတယ္။




 သေဘာကေတာ့ က်န္းမာတဲ့ဆဲလ္ေတြထဲကို ေရာဂါပိုး မေရာက္ေအာင္ တားဆီးေပးသလို ဗိုင္းရပ္စ္ အမႈန္ေတြ ဆဲလ္ေတြဆီ ကူးစက္မႈ မရွိေအာင္ တားဆီးေပးၿပီး ေရာဂါျပင္းျပင္းထန္ထန္ ခံစားရနိုင္ေျခကို ေလွ်ာ့ခ်ေပးသလို ေရာဂါျဖစ္ပြားမႈကာလကိုလည္း တိုေစနိုင္ပါတယ္။ အဆုတ္ေတြကိုလည္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ထိခိုက္နိုင္ေျခကို ေလွ်ာ့ခ်ေပးပါတယ္။




 ေဆးေျခာက္မွာပါတဲ့ ျဒပ္ေပါင္းေတြက ကိုဗစ္မ်ိဳးစိတ္ေတြျဖစ္တဲ့ alpha မ်ိဳးစိတ္ကိုေရာ beta မ်ိဳးစိတ္ကိုပါ ထိထိေရာက္ေရာက္ တားဆီးေပးနိုင္တာပါ။ ေဆးေျခာက္ကို ယခင္ကတည္းကလည္း ေဆးဝါးအတြက္ အသုံးျပဳမႈေတြ ရွိခဲ့ပါတယ္။




 ဒီျဒပ္ေပါင္းေတြကို လက္ရွိ ကိုရိုနာမ်ိဳးစိတ္ေတြအေပၚမွာေရာ ေနာက္ထပ္ ထြက္ေပၚလာမယ့္ ကိုရိုနာမ်ိဳးစိတ္ေတြအေပၚမွာပါ ထိထိေရာက္ေရာက္ အသုံးျပဳနိုင္ဖို႔ သုေတသီေတြက ေမွ်ာ္လင့္ေနၾကပါတယ္။




 အခုေလ့လာေတြ႕ရွိမႈအရ ေဆးေျခာက္ကို မွန္ကန္တဲ့ပမာဏကို နည္းလမ္းမွန္မွန္နဲ႕ အသုံးျပဳမယ္ဆိုရင္ ကိုရိုနာဗိုင္းရပ္စ္ကို ကာကြယ္ေပးနိုင္မွာပါ။ ေဆးေျခာက္ကို အလြဲသုံးတာ၊ ေသာက္သုံးတာမ်ိဳးေတြကေတာ့ ကိုဗစ္ကို ကာကြယ္ေပးနိုင္မွာ မဟုတ္ဘူးလို႔ ထပ္ေဆာင္း သတိေပးပါရေစ။




 ေဆးဝါးအေနနဲ႕ ထုတ္လုပ္ျပဳျပင္ထားတဲ့ အေနအထားကို နည္းလမ္းမွန္မွန္နဲ႕ သုံးစြဲမႈကပဲ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ကာကြယ္ကုသနိုင္မွာပါ။




Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။ 


No comments: