Monday, January 17, 2022

ကမ္ဘာကျော် Designer Yves Saint Laurent

 ငယ်စဉ်က Gayဖြစ်နေလို့အနှိမ်ခံအနိုင်ကျင့်ခံခဲ့ရသော်လည်း စိတ်ဒဏ်ရာတွေကနေ ပြန်ရုန်းထပြီး ကမ္ဘာကိုကိုင်လှုပ်သွားနိုင်သူ

ကမ္ဘာကျော် Designer Yves Saint Laurent




YSLလို့ပြောလိုက်ရင် အရမ်းကို အထက်တန်းကျတဲ့ ဖိနပ်တွေ အိတ်တွေ ပြီးတော့ နှုတ်ခမ်းနီ Cosmetics စသဖြင့် အထက်တန်းကျတဲ့ ပစ္စည်းမျိုးစုံကို တန်းမြင်မိကြမှာပေါ့။

ဟုတ်ပါတယ်။ သူဟာ ကမ္ဘာကျော် Designerကြီးပါ။ 


ဒါပေမယ့် ဒီနေရာကိုသူ လွယ်လွယ်နှင့်ရခဲ့တာတော့ မဟုတ်ပါဘူး။

YSLရဲ့ဘဝက အတော်ကိုပဲ အတက်အကျများပါတယ်။ငယ်စဉ်က အတန်းထဲမှာ အနိုင်ကျင့် Bully လုပ်ခံရတယ်။ အသက်ကြီးလာပြန်တော့ လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံရတယ်။ စိတ်ဒဏ်ရာတွေများပြီး စိတ္တဇဆေးရုံတောင် ရောက်ခဲ့တယ်။ ဒါပေမယ့် သူ့ကိုအရာရာခွင့်လွှတ်နားလည်ပြီး Support လုပ်ပေးနိုင်တဲ့ ချစ်သူတယောက်ကြောင့်ပဲ သူဟာအားလုံးကိုအနိုင်ယူပြီး နံပါတ်(၁)နေရာကို ရလာခဲ့တာပါ။


ကြယ်တပွင့်မွေးဖွားခြင်း 


YSLကို 1936ခုနှစ် Augustလ 1ရက်နေ့မှာ French Algeriaမှာ မွေးဖွားခဲ့ပါတယ်။ French Algeriaဆိုတာ ပြင်သစ်လက်အောက်ခံကိုလိုနီနယ်ထဲက အာဖရိက နိုင်ငံလေးပါပဲ။ ခုတော့ လွတ်လပ်တဲ့ Algeriaနိုင်ငံဖြစ်သွားပြီပေါ့လေ။ Saint Laurentက ငယ်စဉ်ကတည်းက ရိုးတယ်။ အတယ်။ ရှက်တတ်တယ်။ လူကြောက်တယ်။ ဒါကြောင့်ပဲ သူဟာ အတန်းထဲမှာ အရမ်း အနိုင်ကျင့်ခံရတယ်။ သူက ပိန်ပါးပါးခပ်နွဲ့နွဲ့လေးဆိုတော့ အခြောက်ဆိုပြီး စကြတယ်။ အားမတန်တော့ ဘာမှလည်းပြန်မလုပ်နိုင် ၊မလုပ်ရဲတဲ့ YSLလေးဟာ ကျောင်းတောင် သွားရမှာ ကြောက်လာတယ်။ မဖြစ်မနေတော့ ကျောင်းသွားရပေမယ့်လည်း ကလေးတို့ ဘာသာဘာဝ ဘာမှဆော့ကစားတာ မရှိခဲ့တော့ဘူး။

အချိန်တိုင်း သူ့အခန်းလေးထဲမှာပဲ အောင်းပြီးတော့ စက္ကူအရုပ်မလေးတွေနှင့်ပဲ ဆော့နေခဲ့ရတာပေါ့။ လူတွေနှင့်ဝေးရာ ဒီအခန်းငယ်လေးထဲမှာပဲ အဲ့ဒီအရုပ်ကလေးတွေကိုပဲ င်္အကျီတွေဝတ်ပေးလဲပေး ဒါဟာ သူ့ရဲ့ငယ်ဘဝပဲ။


Designer ဘဝ အစ


အဲ့လိုအရုပ်မလေးတွေ နှင့်ဆော့နေတဲ့ YSLဟာ အသက်၁၃၊၁၄လောက်ကျတော့ သူ့အမေနှင့် ညီမတွေရဲ့ အင်္ကျီအဝတ်အစား Designလေးတွေကို ဆွဲပေးလာတယ်။

အသက်၁၇နှစ်မှာတော့ ဖက်ရှင်မြို့တော် ပါရီ(Paris) ကို ပြောင်းလာခဲ့ပြီး Design ပြိုင်ပွဲတခုမှာ ဝင်ပြိုင်တာပေါ့။

အဲ့ဒီမှာ သူ့Design တွေကို ဖက်ရှင်Magazine Vogueရဲ့ Editorက တွေ့သွားပြီး ကမ္ဘာ့Fashionဘုရင်ကြီး Christian Diorနှင့် မိတ်ဆက်ပေးလိုက်ပါရောလား။

မိတ်ဆက်ပေးရတဲ့အကြောင်းရင်းကဒီလို။ ဒီကောင်လေးဆွဲထားတဲ့ Design တွေက ကမ္ဘာ့Fashionဘုရင်ကြီး Diorဆွဲထားတဲ့ Designတွေနှင့် တော်တော်ကိုတူနေတာ။ ဒါဆို ဒီကလေးလေးက ကူးချထားတာလားမေးရအောင်လည်း Diorကြီး ဒီမနက်ကမှဆွဲလိုက်တဲ့ Design ကို သူကမြင်ဖူးစရာအကြောင်းရှိမနေဘူးလေ။ 

ဟာာဒါဆိုသခြောပွီ ဒီကောင်လေးဟာ တကယ့်ပါရမီရှင်ပဲ ဆိုပြီး Diorကြီးနှင့်မိတ်ဆက်ပေးလိုက်တာမှာ မင်းငါ့ဆီလုပ်မလား ဆိုပြီးချက်ချင်း အလုပ်ဆွဲခန့်လိုက်ပါရောလားတဲ့။


စစချင်းမှာတော့ အငယ်ဆုံး Juniorလေးဆိုတော့ Studioကိုအလှဆင်၊ ကော်ဖီဖျော် စတဲ့ အောက်ခြေသိမ်းလေးတွေ လုပ်ရတာပေါ့။

ဒါပေမယ့် အားတဲ့အချိန်မှာ ပုံဆွဲပြီး သူ့ရဲ့Design Sketchတွေကိုတော့ Diorဆီကို လာပြလို့ရတယ်လို့ သူpermitရထားတယ်။

ဒီလိုနှင့်ပဲ ဆွဲရင်း ပြရင်းနှင့် သူ့ရဲ့ Designတွေဟာ ကမ္ဘာ့နံပါတ်(၁) Fashion Houseကြီး Diorရဲ့ Showပွဲတွေမှာပါ ပြလာရတဲ့အဆင့်ကို ရောက်လာတယ်။ 

ဒီလိုနှင့်ပဲ ပုံမှန်ဝန်ထမ်းလေးကနေ သူ့ရဲ့ သူမတူတဲ့ လက်ရာတွေကြောင့် တနှစ်၂နှစ်လောက်အတွင်းမှာပဲ အခြားSenior Designerတွေ အားလုံးကို ကျော်တက်သွားပြီး Diorရဲ့ အားအကိုးရဆုံး လက်ရုံးတဆူ ဖြစ်သွားပါတော့တယ်။

ပြီးတော့ သူ့ရဲ့အမေ ကို Diorကခေါ်ပြီး ခများရဲ့သားကို ကျနော်သေသွားခဲ့ရင် ကျနော့်နေရာကမ္ဘာ့နံပါတ်(၁) design Houseကြီးရဲ့ ခေါင်းဆောင်နေရာကို ဆက်ခံဖို့ ကျနော်ရွေးချယ်ထားပြီးပြီလို့ ခေါ်ပြောလိုက်ပါတော့တယ်။


Christian Diorဆုံးပြီ။

Yves Saint Laurentရဲ့ဘဝကို မုန်တိုင်းဝင်မွှေပြီ။


၁၉၅၇ October လရဲ့ မနက်ခင်းတခုမှာတော့ Saint Laurent တင်မက တကမ္ဘာလုံးကို တုန်လှုပ်သွားစေတဲ့ သတင်းဆိုးကြီးတခုပေါ်ထွက်လာပါတော့တယ်။

Diorဆုံးပြီ။

အသက်၅၂နှစ်အရွယ်ပဲရှိသေးတဲ့ ကမ္ဘာ့Fashionဘုရင်ကြီးဟာ အပန်းဖြေခရီးထွက်နေရင်း နှလုံးရောဂါနှင့် ကွယ်လွန်သွားခဲ့ပါပြီ။

ကောလဟာလတွေအရတော့ Diorက တားရော့ကတ်တွေကို ယုံကြည်တယ်တဲ့။ ဒါကြောင့် သူသေရမှာကို ကြိုသိလို့ ၃လလောက်အလိုကတည်းက သူ့နေရာကိုဆက်ခံရမယ့်သူဆိုပြီး Saint Laurent ကို ကြိုရွေးခဲ့တာတဲ့။


အဲ့တော့ Fashionဘုရင်ကြီးလည်းသေရော သတင်းစာတွေမှာ Crown Price of Fashion World ကမ္ဘာ့ဖက်ရှင်ရဲ့ အိမ်ရှေ့မင်းသားလေးဆိုပြီး Saint Laurent ရဲ့ပုံတွေ ပလူပျံကုန်ပါရောလား။

Diorရဲ့ Director အဖွဲ့ အစည်းအဝေးကလည်း အမိန့်ချလိုက်ပါပြီ။ 

Dior Fashion Houseရဲ့ Creative Director နေရာကို Saint Laurentက ဆက်ခံရပါမယ် လို့ ကြေငြာလိုက်တယ်။


Saint Laurent ဘဝရဲ့မုန်တိုင်းတွေ ဒီမှာစတာပဲ။ ကမ္ဘာ့အကြီးဆုံး အခမ်းနားဆုံး Fashion Houseကြီးရဲ့ တာဝန်တွေက သူ့ပခုံးပေါ်ကိုကျလာပြီလေ။ လူကြောက်တတ်တဲ့ ကုပ်ချောင်းချောင်း အသက်၂၁နှစ်အရွယ်ကောင်ကလေးတယောက် ၊ဒီFashion Industryထဲကို ဝင်လာတာ ၄နှစ်လောက်ပဲရှိသေးတဲ့ ကောင်လေးတယောက်အတွက် ဒီတာဝန်ကြီးက ကြီးမားလွန်းလှပါတယ်။


ကျနော်ကြားကြားချင်း အံ့ဩတုန်လှုပ်မိတယ်။ ဝမ်းနည်းတယ်။ ပြီးတော့ ဒီနေရာအတွက် ဂုဏ်ယူတယ်။ပြီးတော့ အရမ်းဖိအားများတယ်။ ကျရှုံးမှာကြောက်တယ် လို့ ခံစားရတယ်ဗျာ  တဲ့ 

Saint Laurent က Diorဆုံးကာစ ဒီနေရာကို ဆက်ခံကာစက Interviewတခုမှာ ဖြေတယ်။


အလုပ်ခွင်ထဲက အနိုင်ကျင့်မှုများ


YSLက အမြဲကုပ်ချောင်းကုပ်ချောင်းနှင့် ရှက်တတ်ကြောက်တတ်တဲ့ကောင်လေး၊

ပြီးတော့ အသက်၂၁နှစ်နှင့် ထိပ်ဆုံးနေရာကိုရောက်နေတဲ့သူ၊ Gayကလည်း ဖြစ်ပြန်ဆိုတော့  ၁ဌာနလုံးမှာ သူ့ကိုမနာလိုတဲ့သူ အနိုင်ကျင့်ချင်တဲ့သူတွေချည်းပဲ။

လူကသာ Dior Design ဌာနရဲ့ အကြီးအကဲ

သူ့ဘေးမှာ  ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်ရ ဝင်ပညာပြတဲ့သူတွေ ၊သူခိုင်းလိုက်ရင် သေချာမလုပ်ပဲ ပညာပြတဲ့သူတွေချည်းပဲ။

သူကလည်း ဘယ်သူ့ကိုမှ ပြန်မပြောရဲ။

စိတ်ကပျော့ပျော့နှင့် အားကလည်းငယ်နှင့် ဘေးမှာရန်သူတွေပဲ ဝိုင်းနေတဲ့သူ့ဘဝဟာ တကယ်စိတ်ပျက်စရာပါ။


အပူပေါ် အပူဆင့်ရပြန်ပြီ။


အဲ့လို အလုပ်ခွင်အနိုင်ကျင့်မှုတွေနှင့် နေနေရပါတယ်ဆို သူ Diorရဲ့ Head of Design Houseအဖြစ် တာဝန်ယူပြီး ၃နှစ်အကြာ 1960ခုနှစ်မှာ သူ့ရဲ့မွေးရပ်မြေ Algeriaနိုင်ငံလေးက ပြင်သစ်ကိုလိုနီဘဝကနေ လွတ်မြောက်ဖို့ တော်လှန်ရေးစတယ်။

YSLက ပြင်သစ်နိုင်ငံရဲ့ နံပါတ်(၁) Designer Celebrityဆိုတော့ သတင်းမီဒီယာတွေကလည်း သူ့နောက်ကို လိုက်ပြီး မေးတာမျိုးတွေရှိတာပေါ့။  တဖက်က ကိုယ်ချစ်တဲ့ မွေးရပ်မြေ ၊ တဖက်က ကိုယ့်အသက်ရှင်သန်ရေးအတွက် အလုပ်လုပ်ရမယ့်နေရာ ပြင်သစ်လူမျိုးတွေနှင့် ထိပ်တိုက်တွေရတော့မယ့်ကိစ္စဟာ YSLအတွက်တော့ တကယ်ကို မလွယ်တာပါ။

အဲ့ဒီမှာ သူ ဖိအားမျိုးစုံကို ထပ်ခံစားရပါတယ်။

ဒါ့အပြင်  သူ့ကိုမနာလိုသူတွေ ၊ ထိုးချချင်သူတွေ ၊ ကျရှုံးစေချင်သူတွေနှင့် ပြည့်နေတဲ့ သူ့မိခင်Company , Diorကလည်း သူ့ဖက်က မရပ်တည်ခဲ့ပါဘူး။ Christian Diorကြီး သေဆုံးပြီးကတည်းက YSLအတွက် Diorဟာ အကာအကွယ်မဲ့တဲ့ စစ်တလင်းလိုပဲ ဖြစ်နေခဲ့တာလေ။

အဲ့ဒီမှာ Diorပိုင်ရှင် ပြင်သစ်ခရိုနီ    Marcel Boussac က YSLကို ဖြုတ်ချချင်တယ်။ ဒါပေမယ့်လည်း စာချုပ်တွေရှိနေသေးတာကြောင့် ဒီတိုင်းဖြုတ်ချလို့မရနိုင်တော့ အစိုးရနှင့် ညှိပြီး သူ့ကို စစ်ထဲဆွဲသွင်းဖို့ စစ်မှုထမ်းခေါ်လိုက်ဖို့ ယုတ်မာတယ်။

အစကတည်းက စိတ်ကလည်းပျော့တဲ့အပြင် အခက်အခဲတွေကကြားမှာ မနည်းအားတင်းထားရလို့ ခပ်ယဲ့ယဲ့ပဲ ကျန်တော့တဲ့ YSLဟာ ကိုယ့်ချစ်တဲ့မွေးရပ်မြေက ကိုယ်ချစ်တဲ့လူမျိုးတွေကို သတ်ဖို့ စစ်ထဲဝင်ရတော့မယ် ဆိုတဲ့အချိန်မှာ အရုပ်ကြိုးပြတ်ဖြစ်သွားပြီး တခါတည်း Military Mental Hospital လို့ခေါ်တဲ့ စိတ္တဇဆေးရုံကို တန်းရောက်သွားပါတော့တယ်။


ချစ်သူရဲ့ ရပ်တည်ပေးမှုနှင့် အရှုံးတွေထဲက ပြန်လည်ရုန်းထလာတဲ့ Yves Saint Laurent


Yvesအတွက် အဆိုးထဲက အကောင်းကတော့ သူ့ချစ်သူ သူ့ရဲ့ ဘဝလက်တွဲဖော် Pierre Berge နှင့် တွေ့ဆုံမိခဲ့ခြင်းပါ။

Yvesက စိတ်ပျော့တယ်။ အားနွဲ့တဲ့ အနုပညာသမား သူများအနိုင်ကျင့်တာခံရတဲ့ လူကြောက်ကလေး ဖြစ်ပေမယ့် သူ့ချစ်သူ Pierreကတော့ လုံးဝ ဆန့်ကျင်ဖက်ပါ။

ရဲရင့်တယ်။ ပြတ်သားတယ်။ထက်မြက်တယ်။  သူ့လျှောက်မယ့်လမ်းမှာ ပိတ်ပင်နေတဲ့အရာမှန်သမျှ တွန်းလှဲပစ်တတ်တဲ့ သတ္တိမျိုးရှိတယ်။


YSL ဘဝထဲကို Pierre စတင်ဝင်ရောက်လာတဲ့အချိန်မှာပဲ သူစလုပ်တာက Dior Companyကို တရားစွဲပစ်တယ်။ Breach of Contact တဲ့ စာချုပ်စာတမ်း ဖောက်ဖျက်မှု။ 

ရှေ့နေတွေက မင်း ဒီ ခရိုနီကြီး Marcel Boussac ကိုတရားစွဲလို့ ဖြစ်ပါ့မလား။ သူက အစိုးရနှင့် သိပ်ပေါက်ပေါက်မြောက် ရှိတယ်နော် ဆိုတော့ Pierreက မရဘူး။ သူတို့ဖက်ကလည်း ငါတို့ကို အဲ့လို တရားမစွဲရဲလောက်ဘူးလို့ပဲ ထင်ထားမှာပဲလေ။ YSLဆိုတာ ငနုံငအလေး လူကြောက်ကလေးလို့ပဲ ထင်ထားမှာ။ ဒါကြောင့် သူတို့ဘာမှ ကြိုတင်ပြင်ဆင်ထားမှာမဟုတ်ဘူး။ ဒါကိုက သူတို့အားနည်းချက်ဖြစ်နေပြီပဲ ဆိုပြီး တရားဆက်စွဲပလိုက်တယ်။ 

အမှုမှာ သူတို့နိုင်သွားတယ်။


ပြီးတော့ ချစ်သူ Pierre Bergeက YSLကိုမေးတယ်။ Yves မင်းဘာလုပ်ချင်လဲ ဆိုတော့ ငါ ကိုယ်ပိုင် Couture House ဖွင့်ချင်တယ်။ တဲ့။

အဲ့ဒီခေတ်က ကိုယ်ပိုင် Fashion Houseဖွင့်ဖို့ဆိုတာလေ အင်မတန်အကုန်အကျများတယ်။ မျက်စိထဲ မြင်အောင်ပြောရရင် ဒီဘက်ခေတ် ဘဏ်တိုက်တခု အသစ်ဖွင့်ဖို့လောက် အကုန်အကျများတယ်။ 


YSLက ပိုက်ဆံမရှိပဲ Couture Houseဖွင့်ချင်တယ် ပြောပေမယ့် Pierreကတော့ လက်မလျော့ဘူး။ သူ့ချစ်သူဖြစ်ချင်တာကို ဖြစ်အောင်လုပ်ပေးဖို့ပဲ သူဆုံးဖြတ်ထားတာ။

သူ ရင်းနှီးမြုပ်နှံသူတွေနှင့် တွေ့ဆုံတယ်။

အဲ့ဒီ Investorတွေ ယုံကြည်အောင် Project တွေ အများကြီးဆွဲပြီး သူတို့ကိုယုံကြည်လာအောင် ကြိုးစားတယ်။

ပြီးတော့ တဖက်ကလည်း Couture Houseကြီးကို လည်ပတ်ဖို့အတွက် မန်နေဂျာ ၊ အကူDesignerတွေ ၊ တံခါးပေါက်စောင့်ကအစ အကုန်သူပဲရှာတယ်။

ပြီးတော့ သူတို့ဆီကထွက်မယ့် Designတွေကိုဝယ်ဖို့ Americaက ကုန်တိုက်ပိုင်ရှင်တွေနှင့်လည်း တွေ့ဆုံ စည်းရုံးတယ်။

အဲ့ဒီအချိန် YSLဘာလုပ်နေသလဲဆိုတော့ ဟုတ်ကဲ့ အခန်းထဲမှာထိုင်ပြီး စိတ်ဓာတ်ကျနေပါတယ်။ဟုတ် ကျေးဇူးပါ။😂


ဒီလိုနှင့်ပဲသူတို့ရဲ့ Yves Saint Laurent Fashion Houseကြီး စတင်ဖွင့်လှစ်ဖြစ်သွားပါတော့တယ်။


YSLရဲ့ သမိုင်းတွင်ခဲ့တဲ့ ရွှေရောင်နေ့ရက်များ


Yves Saint Laurent Couture Houseဟာ စဖွင့်ပြီးတာနှင့် ပြင်သစ်ရဲ့ ထိပ်တန်း Designerစာရင်းမှာ တန်းပါလာတာပဲ။


YSLရဲ့ အောင်မြင်မှုလို့ ပြောရရင် ပြင်သစ်ရဲ့ Haute Couture Industry ကို ပြောင်းပြန်လှန်ပစ်ခဲ့ခြင်းပဲလို့ ဆိုလည်း မမှားပါဘူး။

အဲ့ဒီခေတ်က Haute Couture ဆိုတာ ကိန်းကြီးခန်းကြီးနိုင်ပြီး စည်းမျဉ်းဘောင်တွေ အရမ်းများတယ်လို့ ဆိုရမယ်ထင်တယ်။

YSLက အဲ့ဒီစည်းတွေဘောင်တွေကို တခုမကျန် ချိုးဖောက်ချပလိုက်ပါတယ်။ (အားကိုးရှိတော့မိုက်ရဲတာ😂)


1962 မှာ

Pea Coatကို မိတ်ဆက်ခဲ့ပါတယ်။

တကမ္ဘာလုံးက မိန်းကလေးဆိုတာ မိန်းမဆန်ဆန် ခါးကလေးသိမ် ၊ တင်ကလေးကားပြီး အလွှာလွှာအထပ်ထပ်တွေနှင့် ဂါဝန်ဖားဖားကြီးတွေ ခေတ်စားနေချိန်မှာ ထုတ်ချပစ်တာ Pea Coatတဲ့

အပေါ်က Coat နှင့် အောက်က ဘောင်းဘီရှည်။

လုံးဝမိန်းမမဆန် နွဲ့နှောင်းမနေတဲ့ အမိုက်စား အလန်းစား ခပ်မိုက်မိုက် အမျိုးသမီးပုံ။ အဲ့ခေတ်က ဗိုင်းကောင်းကျောက်ဖိတွေကို တော်လှန်ပစ်တဲ့ လုံးဝ မိန်းမ မဆန်တော့တဲ့ ပုံမျိုး။

အဲ့ဒီ First Collection မှာပဲ ပထမဆုံး အမျိုးသမီးဝတ် Trench Coatကိုပါ မိတ်ဆက်ခဲ့ပါတယ်။

ထုံးစံအတိုင်းပါပဲ အဝေဖန်ခံရတယ်။ အဆဲခံရတယ်။ ဒါပေမယ့် အမျိုးသမီးတွေကြိုက်ကြတော့ ပေါက်တာပါပဲ။ အမျိုးသမီးတွေကြိုက်ဖို့က အဓိကလေ။ အဲ့ဒီဆဲနေတဲ့ သတင်းထောက်ကောင်တွေ ကြိုက်ဖို့မှမလိုတာ။ သူတို့လည်း ဝယ်ဝတ်မှာမှ မဟုတ်ပဲ


သူ့ရဲ့ Fashion Revolution က ဘယ်လောက်ထိ ရောက်သွားသလဲဆို 1966မှာ Sheer Looksကိုပါ မိတ်ဆက်လိုက်တယ်။

Sheer Looksဆိုတာ ဇာအပါးနှင့်ပဲ ချုပ်ထားပြီး အတွင်းက ကိုယ်ခန္ဓာကို အတိုင်းသား မြင်နေရတဲ့ပုံပေါ့။

အဲ့ဒီမှာလည်း ထပ်ဝေဖန်ခံရပြန်ရော။

ဝေဖန်တဲ့သူတွေကို Yves ပြန်ပြောလိုက်တဲ့စကားလေး အရမ်းလှတယ်။

Nothing is more beautiful than a naked bodyတဲ့ 


1996မှာပဲ First Female Tuxedo ကို မိတ်ဆက်လိုက်ပါတယ်။

ပြောရရင်တော့ အမျိုးသားတွေ ဝတ်တဲ့ Suit ပုံစံကိုပဲ အမျိုးသမီးတွေဝတ်တဲ့ ပုံ ချုပ်လိုက်တာပါ။

အခုကျနော်တို့ ကြားရတာ ဘာမှထူးဆန်းမနေတော့ဘူးနော်။ အချို့ရုံးတွေမှာတောင် အမျိုးသမီးတွေရဲ့ ရုံးဝတ်စုံက Tuxedoတွေပဲ။

ဒါပေမယ့် အဲ့ဒီခေတ်တုန်းကတော့ အင်မတန်ပဲ ထူးဆန်းခဲ့ပါတယ်။ သူ Tuxedoကြီးကို မိတ်ဆက်လိုက်တော့ တစုံပဲရောင်းရတယ်တဲ့။ ယောကျာ်းအဝတ်အစားကြီးဆိုပြီး ဘယ်သူမှ မဝတ်ရဲကြဘူး။

အခုတော့ အားလုံး YSLထွင်ခဲ့တဲ့ Tuxedoတွေ ဝတ်နေကြရပြီမဟုတ်လား?

YSLရဲ့ အတွေးအခေါ်တွေက ခေတ်ရှေ့ပြေးလွန်းလို့ ဘယ်သူမှ လိုက်မမီဘူး ပြောရမယ်။ 

သူက နှစ်ပေါင်း၅၀လောက် ရှေ့ကိုစောနေခဲ့တာပဲ။

၁၉၆၆မှာ သူထွင်ခဲ့တဲ့ Tuxedoက နောင်နှစ်ပေါင်း၅၀ကျော် ၂၀၂၀လောက်ကျမှ လူတွေကြားမှာ ခေတ်စားလာတော့တာ။


YSLရဲ့ Fashion Revolution မှတ်တိုင်တွေအကြောင်းပြောရမယ်ဆိုရင်တော့ ပြောလို့ကိုဆုံးမှာ မဟုတ်တော့ပါဘူး။

အများဆို အများကြီးပါပဲ။

၂၀၀၂ခုနှစ်မှာတော့ သူ့ရဲ့ YSL companyကနေ အနားယူခဲ့ပါတယ်။

ပြီးတော့ အသက်၇၁နှစ်အရွယ် ၂၀၀၈ခုနှစ်မှာ  Brain Cancerရောဂါနှင့် ကွယ်လွန်ခဲ့ပါတယ်။


သူ့မှာ ဒီCancerရောဂါကြီး ရှိနေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ နောက်ထပ်၁ပတ် ၂ပတ်လောက်ပဲ အသက်ရှင်ရတော့မယ်ဆိုတာကိုတော့ သူ့ကို မပြောဖို့ သူ့ချစ်သူ Pierre Berge က ဆရာဝန်ကိုတောင်းဆိုခဲ့တာမို့ YSLဟာ သူ့ရောဂါအကြောင်း မသိလိုက်ရပဲ ကြောက်ရွံ့ခြင်းကင်းစွာ ဤကမ္ဘာမြေပေါ်ကနေ နှုတ်ဆက်ထွက်ခွါခဲ့ပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်ကိုတော့ မီးသဂြိုလ်လိုက်ပြီး အရိုးပြာတွေကိုတော့ 1980ကတည်းက သူတို့ချစ်သူ၂ဦး အတူဝယ်ထားခဲ့တဲ့ Moroccoက ဥယျာဉ်လေးမှာပဲ မြုပ်နှံခဲ့ပါတယ်။


ဒီနေ့ပြောသွားတာကတော့ ကမ္ဘာကျော် Fashion Brand ဖြစ်တဲ့ YSL, Yves Saint Laurent အကြောင်းပါ။

နောက်နေ့တွေမှာလည်း အဲ့လို စိတ်ဝင်စားဖွယ်ရာတွေကို တင်ဆက်ပေးသွားဦးမှာမို့ ကျနော့်Pageလေးကို Like & Follow လုပ်ထားပေးကြပါဦးခမျာ။


ကျနော့် Personal Account ကတော့ ဒီမှာပါ။

https://www.facebook.com/profile.php?id=100008222441381


 Instagram သုံးစွဲသူတွေအတွက်က

https://www.instagram.com/itsmekwyp/


Subscribe me on Youtube

https://youtube.com/channel/UCtyCL0FfrRBjBhi53k9OOww


(Zawgyi)

ငယ္စဥ္က Gayျဖစ္ေနလို႔အႏွိမ္ခံအနိုင္က်င့္ခံခဲ့ရေသာ္လည္း စိတ္ဒဏ္ရာေတြကေန ျပန္႐ုန္းထၿပီး ကမၻာကိုကိုင္လႈပ္သြားနိုင္သူ

ကမၻာေက်ာ္ Designer Yves Saint Laurent




YSLလို႔ေျပာလိုက္ရင္ အရမ္းကို အထက္တန္းက်တဲ့ ဖိနပ္ေတြ အိတ္ေတြ ၿပီးေတာ့ ႏႈတ္ခမ္းနီ Cosmetics စသျဖင့္ အထက္တန္းက်တဲ့ ပစၥည္းမ်ိဳးစုံကို တန္းျမင္မိၾကမွာေပါ့။

ဟုတ္ပါတယ္။ သူဟာ ကမၻာေက်ာ္ Designerႀကီးပါ။ 


ဒါေပမယ့္ ဒီေနရာကိုသူ လြယ္လြယ္ႏွင့္ရခဲ့တာေတာ့ မဟုတ္ပါဘူး။

YSLရဲ႕ဘဝက အေတာ္ကိုပဲ အတက္အက်မ်ားပါတယ္။ငယ္စဥ္က အတန္းထဲမွာ အနိုင္က်င့္ Bully လုပ္ခံရတယ္။ အသက္ႀကီးလာျပန္ေတာ့ လုပ္ငန္းခြင္မွာ အနိုင္က်င့္ခံရတယ္။ စိတ္ဒဏ္ရာေတြမ်ားၿပီး စိတၱဇေဆး႐ုံေတာင္ ေရာက္ခဲ့တယ္။ ဒါေပမယ့္ သူ႕ကိုအရာရာခြင့္လႊတ္နားလည္ၿပီး Support လုပ္ေပးနိုင္တဲ့ ခ်စ္သူတေယာက္ေၾကာင့္ပဲ သူဟာအားလုံးကိုအနိုင္ယူၿပီး နံပါတ္(၁)ေနရာကို ရလာခဲ့တာပါ။


ၾကယ္တပြင့္ေမြးဖြားျခင္း 


YSLကို 1936ခုႏွစ္ Augustလ 1ရက္ေန႕မွာ French Algeriaမွာ ေမြးဖြားခဲ့ပါတယ္။ French Algeriaဆိုတာ ျပင္သစ္လက္ေအာက္ခံကိုလိုနီနယ္ထဲက အာဖရိက နိုင္ငံေလးပါပဲ။ ခုေတာ့ လြတ္လပ္တဲ့ Algeriaနိုင္ငံျဖစ္သြားၿပီေပါ့ေလ။ Saint Laurentက ငယ္စဥ္ကတည္းက ရိုးတယ္။ အတယ္။ ရွက္တတ္တယ္။ လူေၾကာက္တယ္။ ဒါေၾကာင့္ပဲ သူဟာ အတန္းထဲမွာ အရမ္း အနိုင္က်င့္ခံရတယ္။ သူက ပိန္ပါးပါးခပ္ႏြဲ႕ႏြဲ႕ေလးဆိုေတာ့ အေျခာက္ဆိုၿပီး စၾကတယ္။ အားမတန္ေတာ့ ဘာမွလည္းျပန္မလုပ္နိုင္ ၊မလုပ္ရဲတဲ့ YSLေလးဟာ ေက်ာင္းေတာင္ သြားရမွာ ေၾကာက္လာတယ္။ မျဖစ္မေနေတာ့ ေက်ာင္းသြားရေပမယ့္လည္း ကေလးတို႔ ဘာသာဘာဝ ဘာမွေဆာ့ကစားတာ မရွိခဲ့ေတာ့ဘူး။

အခ်ိန္တိုင္း သူ႕အခန္းေလးထဲမွာပဲ ေအာင္းၿပီးေတာ့ စကၠဴအ႐ုပ္မေလးေတြႏွင့္ပဲ ေဆာ့ေနခဲ့ရတာေပါ့။ လူေတြႏွင့္ေဝးရာ ဒီအခန္းငယ္ေလးထဲမွာပဲ အဲ့ဒီအ႐ုပ္ကေလးေတြကိုပဲ အၤက်ီေတြဝတ္ေပးလဲေပး ဒါဟာ သူ႕ရဲ႕ငယ္ဘဝပဲ။


Designer ဘဝ အစ


အဲ့လိုအ႐ုပ္မေလးေတြ ႏွင့္ေဆာ့ေနတဲ့ YSLဟာ အသက္၁၃၊၁၄ေလာက္က်ေတာ့ သူ႕အေမႏွင့္ ညီမေတြရဲ႕ အကၤ်ီအဝတ္အစား Designေလးေတြကို ဆြဲေပးလာတယ္။

အသက္၁၇ႏွစ္မွာေတာ့ ဖက္ရွင္ၿမိဳ႕ေတာ္ ပါရီ(Paris) ကို ေျပာင္းလာခဲ့ၿပီး Design ၿပိဳင္ပြဲတခုမွာ ဝင္ၿပိဳင္တာေပါ့။

အဲ့ဒီမွာ သူ႕Design ေတြကို ဖက္ရွင္Magazine Vogueရဲ႕ Editorက ေတြ႕သြားၿပီး ကမၻာ့Fashionဘုရင္ႀကီး Christian Diorႏွင့္ မိတ္ဆက္ေပးလိုက္ပါေရာလား။

မိတ္ဆက္ေပးရတဲ့အေၾကာင္းရင္းကဒီလို။ ဒီေကာင္ေလးဆြဲထားတဲ့ Design ေတြက ကမၻာ့Fashionဘုရင္ႀကီး Diorဆြဲထားတဲ့ Designေတြႏွင့္ ေတာ္ေတာ္ကိုတူေနတာ။ ဒါဆို ဒီကေလးေလးက ကူးခ်ထားတာလားေမးရေအာင္လည္း Diorႀကီး ဒီမနက္ကမွဆြဲလိုက္တဲ့ Design ကို သူကျမင္ဖူးစရာအေၾကာင္းရွိမေနဘူးေလ။ 

ဟာာဒါဆိုသေချာပြီ ဒီေကာင္ေလးဟာ တကယ့္ပါရမီရွင္ပဲ ဆိုၿပီး Diorႀကီးႏွင့္မိတ္ဆက္ေပးလိုက္တာမွာ မင္းငါ့ဆီလုပ္မလား ဆိုၿပီးခ်က္ခ်င္း အလုပ္ဆြဲခန့္လိုက္ပါေရာလားတဲ့။


စစခ်င္းမွာေတာ့ အငယ္ဆုံး Juniorေလးဆိုေတာ့ Studioကိုအလွဆင္၊ ေကာ္ဖီေဖ်ာ္ စတဲ့ ေအာက္ေျခသိမ္းေလးေတြ လုပ္ရတာေပါ့။

ဒါေပမယ့္ အားတဲ့အခ်ိန္မွာ ပုံဆြဲၿပီး သူ႕ရဲ႕Design Sketchေတြကိုေတာ့ Diorဆီကို လာျပလို႔ရတယ္လို႔ သူpermitရထားတယ္။

ဒီလိုႏွင့္ပဲ ဆြဲရင္း ျပရင္းႏွင့္ သူ႕ရဲ႕ Designေတြဟာ ကမၻာ့နံပါတ္(၁) Fashion Houseႀကီး Diorရဲ႕ Showပြဲေတြမွာပါ ျပလာရတဲ့အဆင့္ကို ေရာက္လာတယ္။ 

ဒီလိုႏွင့္ပဲ ပုံမွန္ဝန္ထမ္းေလးကေန သူ႕ရဲ႕ သူမတူတဲ့ လက္ရာေတြေၾကာင့္ တႏွစ္၂ႏွစ္ေလာက္အတြင္းမွာပဲ အျခားSenior Designerေတြ အားလုံးကို ေက်ာ္တက္သြားၿပီး Diorရဲ႕ အားအကိုးရဆုံး လက္႐ုံးတဆူ ျဖစ္သြားပါေတာ့တယ္။

ၿပီးေတာ့ သူ႕ရဲ႕အေမ ကို Diorကေခၚၿပီး ခမ်ားရဲ႕သားကို က်ေနာ္ေသသြားခဲ့ရင္ က်ေနာ့္ေနရာကမၻာ့နံပါတ္(၁) design Houseႀကီးရဲ႕ ေခါင္းေဆာင္ေနရာကို ဆက္ခံဖို႔ က်ေနာ္ေ႐ြးခ်ယ္ထားၿပီးၿပီလို႔ ေခၚေျပာလိုက္ပါေတာ့တယ္။


Christian Diorဆုံးၿပီ။

Yves Saint Laurentရဲ႕ဘဝကို မုန္တိုင္းဝင္ေမႊၿပီ။


၁၉၅၇ October လရဲ႕ မနက္ခင္းတခုမွာေတာ့ Saint Laurent တင္မက တကမၻာလုံးကို တုန္လႈပ္သြားေစတဲ့ သတင္းဆိုးႀကီးတခုေပၚထြက္လာပါေတာ့တယ္။

Diorဆုံးၿပီ။

အသက္၅၂ႏွစ္အ႐ြယ္ပဲရွိေသးတဲ့ ကမၻာ့Fashionဘုရင္ႀကီးဟာ အပန္းေျဖခရီးထြက္ေနရင္း ႏွလုံးေရာဂါႏွင့္ ကြယ္လြန္သြားခဲ့ပါၿပီ။

ေကာလဟာလေတြအရေတာ့ Diorက တားေရာ့ကတ္ေတြကို ယုံၾကည္တယ္တဲ့။ ဒါေၾကာင့္ သူေသရမွာကို ႀကိဳသိလို႔ ၃လေလာက္အလိုကတည္းက သူ႕ေနရာကိုဆက္ခံရမယ့္သူဆိုၿပီး Saint Laurent ကို ႀကိဳေ႐ြးခဲ့တာတဲ့။


အဲ့ေတာ့ Fashionဘုရင္ႀကီးလည္းေသေရာ သတင္းစာေတြမွာ Crown Price of Fashion World ကမၻာ့ဖက္ရွင္ရဲ႕ အိမ္ေရွ႕မင္းသားေလးဆိုၿပီး Saint Laurent ရဲ႕ပုံေတြ ပလူပ်ံကုန္ပါေရာလား။

Diorရဲ႕ Director အဖြဲ႕ အစည္းအေဝးကလည္း အမိန့္ခ်လိဳက္ပါၿပီ။ 

Dior Fashion Houseရဲ႕ Creative Director ေနရာကို Saint Laurentက ဆက္ခံရပါမယ္ လို႔ ေၾကျငာလိုက္တယ္။


Saint Laurent ဘဝရဲ႕မုန္တိုင္းေတြ ဒီမွာစတာပဲ။ ကမၻာ့အႀကီးဆုံး အခမ္းနားဆုံး Fashion Houseႀကီးရဲ႕ တာဝန္ေတြက သူ႕ပခုံးေပၚကိုက်လာၿပီေလ။ လူေၾကာက္တတ္တဲ့ ကုပ္ေခ်ာင္းေခ်ာင္း အသက္၂၁ႏွစ္အ႐ြယ္ေကာင္ကေလးတေယာက္ ၊ဒီFashion Industryထဲကို ဝင္လာတာ ၄ႏွစ္ေလာက္ပဲရွိေသးတဲ့ ေကာင္ေလးတေယာက္အတြက္ ဒီတာဝန္ႀကီးက ႀကီးမားလြန္းလွပါတယ္။


က်ေနာ္ၾကားၾကားခ်င္း အံ့ဩတုန္လႈပ္မိတယ္။ ဝမ္းနည္းတယ္။ ၿပီးေတာ့ ဒီေနရာအတြက္ ဂုဏ္ယူတယ္။ၿပီးေတာ့ အရမ္းဖိအားမ်ားတယ္။ က်ရႈံးမွာေၾကာက္တယ္ လို႔ ခံစားရတယ္ဗ်ာ တဲ့ 

Saint Laurent က Diorဆုံးကာစ ဒီေနရာကို ဆက္ခံကာစက Interviewတခုမွာ ေျဖတယ္။


အလုပ္ခြင္ထဲက အနိုင္က်င့္မႈမ်ား


YSLက အၿမဲကုပ္ေခ်ာင္းကုပ္ေခ်ာင္းႏွင့္ ရွက္တတ္ေၾကာက္တတ္တဲ့ေကာင္ေလး၊

ၿပီးေတာ့ အသက္၂၁ႏွစ္ႏွင့္ ထိပ္ဆုံးေနရာကိုေရာက္ေနတဲ့သူ၊ Gayကလည္း ျဖစ္ျပန္ဆိုေတာ့ ၁ဌာနလုံးမွာ သူ႕ကိုမနာလိုတဲ့သူ အနိုင္က်င့္ခ်င္တဲ့သူေတြခ်ည္းပဲ။

လူကသာ Dior Design ဌာနရဲ႕ အႀကီးအကဲ

သူ႕ေဘးမွာ ဟိုဟာမလုပ္နဲ႕ ဒီဟာမလုပ္ရ ဝင္ပညာျပတဲ့သူေတြ ၊သူခိုင္းလိုက္ရင္ ေသခ်ာမလုပ္ပဲ ပညာျပတဲ့သူေတြခ်ည္းပဲ။

သူကလည္း ဘယ္သူ႕ကိုမွ ျပန္မေျပာရဲ။

စိတ္ကေပ်ာ့ေပ်ာ့ႏွင့္ အားကလည္းငယ္ႏွင့္ ေဘးမွာရန္သူေတြပဲ ဝိုင္းေနတဲ့သူ႕ဘဝဟာ တကယ္စိတ္ပ်က္စရာပါ။


အပူေပၚ အပူဆင့္ရျပန္ၿပီ။


အဲ့လို အလုပ္ခြင္အနိုင္က်င့္မႈေတြႏွင့္ ေနေနရပါတယ္ဆို သူ Diorရဲ႕ Head of Design Houseအျဖစ္ တာဝန္ယူၿပီး ၃ႏွစ္အၾကာ 1960ခုႏွစ္မွာ သူ႕ရဲ႕ေမြးရပ္ေျမ Algeriaနိုင္ငံေလးက ျပင္သစ္ကိုလိုနီဘဝကေန လြတ္ေျမာက္ဖို႔ ေတာ္လွန္ေရးစတယ္။

YSLက ျပင္သစ္နိုင္ငံရဲ႕ နံပါတ္(၁) Designer Celebrityဆိုေတာ့ သတင္းမီဒီယာေတြကလည္း သူ႕ေနာက္ကို လိုက္ၿပီး ေမးတာမ်ိဳးေတြရွိတာေပါ့။ တဖက္က ကိုယ္ခ်စ္တဲ့ ေမြးရပ္ေျမ ၊ တဖက္က ကိုယ့္အသက္ရွင္သန္ေရးအတြက္ အလုပ္လုပ္ရမယ့္ေနရာ ျပင္သစ္လူမ်ိဳးေတြႏွင့္ ထိပ္တိုက္ေတြရေတာ့မယ့္ကိစၥဟာ YSLအတြက္ေတာ့ တကယ္ကို မလြယ္တာပါ။

အဲ့ဒီမွာ သူ ဖိအားမ်ိဳးစုံကို ထပ္ခံစားရပါတယ္။

ဒါ့အျပင္ သူ႕ကိုမနာလိုသူေတြ ၊ ထိုးခ်ခ်င္သူေတြ ၊ က်ရႈံးေစခ်င္သူေတြႏွင့္ ျပည့္ေနတဲ့ သူ႕မိခင္Company , Diorကလည္း သူ႕ဖက္က မရပ္တည္ခဲ့ပါဘူး။ Christian Diorႀကီး ေသဆုံးၿပီးကတည္းက YSLအတြက္ Diorဟာ အကာအကြယ္မဲ့တဲ့ စစ္တလင္းလိုပဲ ျဖစ္ေနခဲ့တာေလ။

အဲ့ဒီမွာ Diorပိုင္ရွင္ ျပင္သစ္ခရိုနီ Marcel Boussac က YSLကို ျဖဳတ္ခ်ခ်င္တယ္။ ဒါေပမယ့္လည္း စာခ်ဳပ္ေတြရွိေနေသးတာေၾကာင့္ ဒီတိုင္းျဖဳတ္ခ်လိဳ႕မရနိုင္ေတာ့ အစိုးရႏွင့္ ညွိၿပီး သူ႕ကို စစ္ထဲဆြဲသြင္းဖို႔ စစ္မႈထမ္းေခၚလိုက္ဖို႔ ယုတ္မာတယ္။

အစကတည္းက စိတ္ကလည္းေပ်ာ့တဲ့အျပင္ အခက္အခဲေတြကၾကားမွာ မနည္းအားတင္းထားရလို႔ ခပ္ယဲ့ယဲ့ပဲ က်န္ေတာ့တဲ့ YSLဟာ ကိုယ့္ခ်စ္တဲ့ေမြးရပ္ေျမက ကိုယ္ခ်စ္တဲ့လူမ်ိဳးေတြကို သတ္ဖို႔ စစ္ထဲဝင္ရေတာ့မယ္ ဆိုတဲ့အခ်ိန္မွာ အ႐ုပ္ႀကိဳးျပတ္ျဖစ္သြားၿပီး တခါတည္း Military Mental Hospital လို႔ေခၚတဲ့ စိတၱဇေဆး႐ုံကို တန္းေရာက္သြားပါေတာ့တယ္။


ခ်စ္သူရဲ႕ ရပ္တည္ေပးမႈႏွင့္ အရႈံးေတြထဲက ျပန္လည္႐ုန္းထလာတဲ့ Yves Saint Laurent


Yvesအတြက္ အဆိုးထဲက အေကာင္းကေတာ့ သူ႕ခ်စ္သူ သူ႕ရဲ႕ ဘဝလက္တြဲေဖာ္ Pierre Berge ႏွင့္ ေတြ႕ဆုံမိခဲ့ျခင္းပါ။

Yvesက စိတ္ေပ်ာ့တယ္။ အားႏြဲ႕တဲ့ အႏုပညာသမား သူမ်ားအနိုင္က်င့္တာခံရတဲ့ လူေၾကာက္ကေလး ျဖစ္ေပမယ့္ သူ႕ခ်စ္သူ Pierreကေတာ့ လုံးဝ ဆန့္က်င္ဖက္ပါ။

ရဲရင့္တယ္။ ျပတ္သားတယ္။ထက္ျမက္တယ္။ သူ႕ေလွ်ာက္မယ့္လမ္းမွာ ပိတ္ပင္ေနတဲ့အရာမွန္သမွ် တြန္းလွဲပစ္တတ္တဲ့ သတၱိမ်ိဳးရွိတယ္။


YSL ဘဝထဲကို Pierre စတင္ဝင္ေရာက္လာတဲ့အခ်ိန္မွာပဲ သူစလုပ္တာက Dior Companyကို တရားစြဲပစ္တယ္။ Breach of Contact တဲ့ စာခ်ဳပ္စာတမ္း ေဖာက္ဖ်က္မႈ။ 

ေရွ႕ေနေတြက မင္း ဒီ ခရိုနီႀကီး Marcel Boussac ကိုတရားစြဲလို႔ ျဖစ္ပါ့မလား။ သူက အစိုးရႏွင့္ သိပ္ေပါက္ေပါက္ေျမာက္ ရွိတယ္ေနာ္ ဆိုေတာ့ Pierreက မရဘူး။ သူတို႔ဖက္ကလည္း ငါတို႔ကို အဲ့လို တရားမစြဲရဲေလာက္ဘူးလို႔ပဲ ထင္ထားမွာပဲေလ။ YSLဆိုတာ ငႏုံငအေလး လူေၾကာက္ကေလးလို႔ပဲ ထင္ထားမွာ။ ဒါေၾကာင့္ သူတို႔ဘာမွ ႀကိဳတင္ျပင္ဆင္ထားမွာမဟုတ္ဘူး။ ဒါကိုက သူတို႔အားနည္းခ်က္ျဖစ္ေနၿပီပဲ ဆိုၿပီး တရားဆက္စြဲပလိုက္တယ္။ 

အမႈမွာ သူတို႔နိုင္သြားတယ္။


ၿပီးေတာ့ ခ်စ္သူ Pierre Bergeက YSLကိုေမးတယ္။ Yves မင္းဘာလုပ္ခ်င္လဲ ဆိုေတာ့ ငါ ကိုယ္ပိုင္ Couture House ဖြင့္ခ်င္တယ္။ တဲ့။

အဲ့ဒီေခတ္က ကိုယ္ပိုင္ Fashion Houseဖြင့္ဖို႔ဆိုတာေလ အင္မတန္အကုန္အက်မ်ားတယ္။ မ်က္စိထဲ ျမင္ေအာင္ေျပာရရင္ ဒီဘက္ေခတ္ ဘဏ္တိုက္တခု အသစ္ဖြင့္ဖို႔ေလာက္ အကုန္အက်မ်ားတယ္။ 


YSLက ပိုက္ဆံမရွိပဲ Couture Houseဖြင့္ခ်င္တယ္ ေျပာေပမယ့္ Pierreကေတာ့ လက္မေလ်ာ့ဘူး။ သူ႕ခ်စ္သူျဖစ္ခ်င္တာကို ျဖစ္ေအာင္လုပ္ေပးဖို႔ပဲ သူဆုံးျဖတ္ထားတာ။

သူ ရင္းႏွီးျမဳပ္ႏွံသူေတြႏွင့္ ေတြ႕ဆုံတယ္။

အဲ့ဒီ Investorေတြ ယုံၾကည္ေအာင္ Project ေတြ အမ်ားႀကီးဆြဲၿပီး သူတို႔ကိုယုံၾကည္လာေအာင္ ႀကိဳးစားတယ္။

ၿပီးေတာ့ တဖက္ကလည္း Couture Houseႀကီးကို လည္ပတ္ဖို႔အတြက္ မန္ေနဂ်ာ ၊ အကူDesignerေတြ ၊ တံခါးေပါက္ေစာင့္ကအစ အကုန္သူပဲရွာတယ္။

ၿပီးေတာ့ သူတို႔ဆီကထြက္မယ့္ Designေတြကိုဝယ္ဖို႔ Americaက ကုန္တိုက္ပိုင္ရွင္ေတြႏွင့္လည္း ေတြ႕ဆုံ စည္း႐ုံးတယ္။

အဲ့ဒီအခ်ိန္ YSLဘာလုပ္ေနသလဲဆိုေတာ့ ဟုတ္ကဲ့ အခန္းထဲမွာထိုင္ၿပီး စိတ္ဓာတ္က်ေနပါတယ္။ဟုတ္ ေက်းဇူးပါ။😂


ဒီလိုႏွင့္ပဲသူတို႔ရဲ႕ Yves Saint Laurent Fashion Houseႀကီး စတင္ဖြင့္လွစ္ျဖစ္သြားပါေတာ့တယ္။




YSLရဲ႕ သမိုင္းတြင္ခဲ့တဲ့ ေ႐ႊေရာင္ေန႕ရက္မ်ား


Yves Saint Laurent Couture Houseဟာ စဖြင့္ၿပီးတာႏွင့္ ျပင္သစ္ရဲ႕ ထိပ္တန္း Designerစာရင္းမွာ တန္းပါလာတာပဲ။


YSLရဲ႕ ေအာင္ျမင္မႈလို႔ ေျပာရရင္ ျပင္သစ္ရဲ႕ Haute Couture Industry ကို ေျပာင္းျပန္လွန္ပစ္ခဲ့ျခင္းပဲလို႔ ဆိုလည္း မမွားပါဘူး။

အဲ့ဒီေခတ္က Haute Couture ဆိုတာ ကိန္းႀကီးခန္းႀကီးနိုင္ၿပီး စည္းမ်ဥ္းေဘာင္ေတြ အရမ္းမ်ားတယ္လို႔ ဆိုရမယ္ထင္တယ္။

YSLက အဲ့ဒီစည္းေတြေဘာင္ေတြကို တခုမက်န္ ခ်ိဳးေဖာက္ခ်ပလိုက္ပါတယ္။ (အားကိုးရွိေတာ့မိုက္ရဲတာ😂)


1962 မွာ

Pea Coatကို မိတ္ဆက္ခဲ့ပါတယ္။

တကမၻာလုံးက မိန္းကေလးဆိုတာ မိန္းမဆန္ဆန္ ခါးကေလးသိမ္ ၊ တင္ကေလးကားၿပီး အလႊာလႊာအထပ္ထပ္ေတြႏွင့္ ဂါဝန္ဖားဖားႀကီးေတြ ေခတ္စားေနခ်ိန္မွာ ထုတ္ခ်ပစ္တာ Pea Coatတဲ့

အေပၚက Coat ႏွင့္ ေအာက္က ေဘာင္းဘီရွည္။

လုံးဝမိန္းမမဆန္ ႏြဲ႕ႏွောင္းမေနတဲ့ အမိုက္စား အလန္းစား ခပ္မိုက္မိုက္ အမ်ိဳးသမီးပုံ။ အဲ့ေခတ္က ဗိုင္းေကာင္းေက်ာက္ဖိေတြကို ေတာ္လွန္ပစ္တဲ့ လုံးဝ မိန္းမ မဆန္ေတာ့တဲ့ ပုံမ်ိဳး။

အဲ့ဒီ First Collection မွာပဲ ပထမဆုံး အမ်ိဳးသမီးဝတ္ Trench Coatကိုပါ မိတ္ဆက္ခဲ့ပါတယ္။

ထုံးစံအတိုင္းပါပဲ အေဝဖန္ခံရတယ္။ အဆဲခံရတယ္။ ဒါေပမယ့္ အမ်ိဳးသမီးေတြႀကိဳက္ၾကေတာ့ ေပါက္တာပါပဲ။ အမ်ိဳးသမီးေတြႀကိဳက္ဖို႔က အဓိကေလ။ အဲ့ဒီဆဲေနတဲ့ သတင္းေထာက္ေကာင္ေတြ ႀကိဳက္ဖို႔မွမလိုတာ။ သူတို႔လည္း ဝယ္ဝတ္မွာမွ မဟုတ္ပဲ


သူ႕ရဲ႕ Fashion Revolution က ဘယ္ေလာက္ထိ ေရာက္သြားသလဲဆို 1966မွာ Sheer Looksကိုပါ မိတ္ဆက္လိုက္တယ္။

Sheer Looksဆိုတာ ဇာအပါးႏွင့္ပဲ ခ်ဳပ္ထားၿပီး အတြင္းက ကိုယ္ခႏၶာကို အတိုင္းသား ျမင္ေနရတဲ့ပုံေပါ့။

အဲ့ဒီမွာလည္း ထပ္ေဝဖန္ခံရျပန္ေရာ။

ေဝဖန္တဲ့သူေတြကို Yves ျပန္ေျပာလိုက္တဲ့စကားေလး အရမ္းလွတယ္။

Nothing is more beautiful than a naked bodyတဲ့ 


1996မွာပဲ First Female Tuxedo ကို မိတ္ဆက္လိုက္ပါတယ္။

ေျပာရရင္ေတာ့ အမ်ိဳးသားေတြ ဝတ္တဲ့ Suit ပုံစံကိုပဲ အမ်ိဳးသမီးေတြဝတ္တဲ့ ပုံ ခ်ဳပ္လိုက္တာပါ။

အခုက်ေနာ္တို႔ ၾကားရတာ ဘာမွထူးဆန္းမေနေတာ့ဘူးေနာ္။ အခ်ိဳ႕႐ုံးေတြမွာေတာင္ အမ်ိဳးသမီးေတြရဲ႕ ႐ုံးဝတ္စုံက Tuxedoေတြပဲ။

ဒါေပမယ့္ အဲ့ဒီေခတ္တုန္းကေတာ့ အင္မတန္ပဲ ထူးဆန္းခဲ့ပါတယ္။ သူ Tuxedoႀကီးကို မိတ္ဆက္လိုက္ေတာ့ တစုံပဲေရာင္းရတယ္တဲ့။ ေယာက်ာ္းအဝတ္အစားႀကီးဆိုၿပီး ဘယ္သူမွ မဝတ္ရဲၾကဘူး။

အခုေတာ့ အားလုံး YSLထြင္ခဲ့တဲ့ Tuxedoေတြ ဝတ္ေနၾကရၿပီမဟုတ္လား?

YSLရဲ႕ အေတြးအေခၚေတြက ေခတ္ေရွ႕ေျပးလြန္းလို႔ ဘယ္သူမွ လိုက္မမီဘူး ေျပာရမယ္။ 

သူက ႏွစ္ေပါင္း၅၀ေလာက္ ေရွ႕ကိုေစာေနခဲ့တာပဲ။

၁၉၆၆မွာ သူထြင္ခဲ့တဲ့ Tuxedoက ေနာင္ႏွစ္ေပါင္း၅၀ေက်ာ္ ၂၀၂၀ေလာက္က်မွ လူေတြၾကားမွာ ေခတ္စားလာေတာ့တာ။


YSLရဲ႕ Fashion Revolution မွတ္တိုင္ေတြအေၾကာင္းေျပာရမယ္ဆိုရင္ေတာ့ ေျပာလို႔ကိုဆုံးမွာ မဟုတ္ေတာ့ပါဘူး။

အမ်ားဆို အမ်ားႀကီးပါပဲ။

၂၀၀၂ခုႏွစ္မွာေတာ့ သူ႕ရဲ႕ YSL companyကေန အနားယူခဲ့ပါတယ္။

ၿပီးေတာ့ အသက္၇၁ႏွစ္အ႐ြယ္ ၂၀၀၈ခုႏွစ္မွာ Brain Cancerေရာဂါႏွင့္ ကြယ္လြန္ခဲ့ပါတယ္။


သူ႕မွာ ဒီCancerေရာဂါႀကီး ရွိေနၿပီဆိုတာ သိလိုက္ရတဲ့အခ်ိန္မွာ ေနာက္ထပ္၁ပတ္ ၂ပတ္ေလာက္ပဲ အသက္ရွင္ရေတာ့မယ္ဆိုတာကိုေတာ့ သူ႕ကို မေျပာဖို႔ သူ႕ခ်စ္သူ Pierre Berge က ဆရာဝန္ကိုေတာင္းဆိုခဲ့တာမို႔ YSLဟာ သူ႕ေရာဂါအေၾကာင္း မသိလိုက္ရပဲ ေၾကာက္႐ြံ႕ျခင္းကင္းစြာ ဤကမၻာေျမေပၚကေန ႏႈတ္ဆက္ထြက္ခြါခဲ့ပါတယ္။

သူ႕ရဲ႕ ခႏၶာကိုယ္ကိုေတာ့ မီးသၿဂိဳလ္လိုက္ၿပီး အရိုးျပာေတြကိုေတာ့ 1980ကတည္းက သူတို႔ခ်စ္သူ၂ဦး အတူဝယ္ထားခဲ့တဲ့ Moroccoက ဥယ်ာဥ္ေလးမွာပဲ ျမဳပ္ႏွံခဲ့ပါတယ္။


ဒီေန႕ေျပာသြားတာကေတာ့ ကမၻာေက်ာ္ Fashion Brand ျဖစ္တဲ့ YSL, Yves Saint Laurent အေၾကာင္းပါ။

ေနာက္ေန႕ေတြမွာလည္း အဲ့လို စိတ္ဝင္စားဖြယ္ရာေတြကို တင္ဆက္ေပးသြားဦးမွာမို႔ က်ေနာ့္Pageေလးကို Like & Follow လုပ္ထားေပးၾကပါဦးခမ်ာ။


က်ေနာ့္ Personal Account ကေတာ့ ဒီမွာပါ။

https://www.facebook.com/profile.php?id=100008222441381


 Instagram သုံးစြဲသူေတြအတြက္က

https://www.instagram.com/itsmekwyp/


Subscribe me on Youtube

https://youtube.com/channel/UCtyCL0FfrRBjBhi53k9OOww

No comments: