Saturday, January 15, 2022

လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ

 လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ




စာရေးသူ 

Dr. Htet Htet Zaw Win 

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။


လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ -


 ယောကျ်ားလေးနဲ့ မိန်းကလေးအတူလိင်ဆက်ဆံပြီးတဲ့အချိန်မှာ ကျန်းမာရေးအတွက် ဘာတွေလုပ်သင့်လဲ ဆိုတာသိပါသလား။ စိတ်ဆန္ဒ ပြင်းပြလို့အတူနေပြီးရင် နောက်ဆက်တွဲဂရုစိုက်ရမယ့် အချက်လေးတွေကို ပြောပြပေးသွားမှာမို့ လေ့လာကြည့်ပါအုံး။


 ၁. ဆီးသွားလိုက်ပါ


 လိင်ဆက်ဆံချိန်မှာ ဘက်တီးရီးယားပိုးတွေက ဆီးလမ်းကြောင်းထဲ ဝင်ရောက်သွားနိုင်ပါတယ်။ ဆီးမသွားဘဲ ထားလိုက်မယ်ဆို ပိုးတွေပိုပွှားလာပြီး ဆီးလမ်းကြောင်းထဲအထိ ပိုးဝင်သွားနိုင်တဲ့အတွက် ဆန္ဒပြီးမြောက်သွားရင် ဆီးသွားသင့်ပါတယ်။ ဆီးသွားလိုက်တာကြောင့် ဆီးလမ်းကြောင်းထဲက ပိုးတွေကို စွန့်ထုတ်ပစ်လိုက်သလို ဖြစ်သွားစေမှာပါ။ မိန်းကလေးတွေဆိုရင်တော့ ဆီးသွားပြီးရေပြန်သုတ်ရင် အရှေ့(မိန်းမကိုယ်) ကနေ အနောက်ဖက် (စအို) ကိုသုတ်ပါ။ ဒါမှ ပိုးတွေမပျံ့မှာဖြစ်ပါတယ်။


 ၂. ရေသေချာဆေးပါ


 လိင်ဆက်ဆံပြီးတာနဲ့ ရေတန်းချိုးဖို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ လိင်အင်္ဂါတွေကိုတော့ ဆက်ဆံပြီးတိုင်း သေချာဆေးကြောပေးရပါမယ်။ ဒီလိုဆေးပေးခြင်းက ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း ကာကွယ်ပေးတာ ကြောင့် ဆီးသွားပြီးတာနဲ့ ကိုယ့်ရဲ့လိင်အင်္ဂါကို တစ်ဆက်တည်း ဆေးကြောစေချင်ပါတယ်။ ဆေးတဲ့အခါမှာလည်း ရေနွေးနွေးလေးနဲ့ နှံ့စပ်အောင်ပွတ်တိုက်ဆေးကြောပေးရင် လုံလောက်ပါတယ်။


 အမွှေးဆီတွေ၊ ဆပ်ပြာအဆီ တွေသုံးဖို့မလိုပါဘူး။ မိန်းကလေးတွေလည်း လိင်ဆက်ဆံပြီးမိန်းမကိုယ်ထဲအထိ နှိုက်ပြီးဆပ်ပြာဆီနဲ့ ဆေးကြောတာမျိုးမလုပ်သင့်ပါဘူး။ ဒီလိုဆေးကြောခြင်းက မိန်းမကိုယ်ထဲမှာ ပုံမှန်အတိုင်းရှိနေသင့်တဲ့ ပိုးတွေကိုပါဖယ်ရှားလိုက်သလိုဖြစ်သွားစေလို့ပါ။


 လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့ ယောင်္ကျားလေးတွေဆိုရင်တော့ လိင်တံထိပ်အရေပြားအနောက်ဖက်ကို ညင်ညင်သာသာလေးဆွဲပြီး လိင်တံထိပ်နဲ့ အရေပြားကြားကိုသေချာဆေးကြောပေးပါ။


 ၃. ရေများများသောက်ပေးပါ


 တစ်ကြိမ်ဆီးသွားရုံနဲ့ ပိုးမွှားတွေဖယ်ရှားပစ်ဖို့ မလုံလောက်နိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်လက်သန့်စင်ပြီးရင်ရေ တစ်ခွက်ထပ်သောက်လိုက်ပါ။ ဆီးခဏခဏသွားရလေ ပိုးမွှားတွေပိုသန့်စင်လေဖြစ်သလို ရေဓာတ်ပြည့်ဝဖို့ လည်းအထောက်အပံ့ဖြစ်စေပါတယ်။


 ၄. ချောင်ချောင်ချိချိ အဝတ်အစားတွေဝတ်ပေးပါ


 Body fit ဖြစ်တဲ့အဝတ်အစားဝတ်ရင် ချွေးပိုထွက်ပါတယ်။ ချွေးအောင်းပြီးစိုစွတ်နေတဲ့အရေပြားပေါ်မှာ ဘက်တီးရီးယားပိုးတွေနဲ့ မှိုမျိုးစုံပေါက်ပွားနိုင်တာမို့ ကိုယ်လက်သန့်စင်ပြီးရင် ချောင်ချောင်ချိချိ အဝတ်အစား တွေဝတ်ပြီးနေလိုက်တာအကောင်းဆုံးဖြစ်ပါတယ်။ အတွင်းခံကိုဖြစ်နိုင်ရင် ချည်သားအတွင်းခံပဲဝတ်ပေးပါ၊ ဒါမှမဟုတ် အတွင်းခံလုံးဝမ၀တ်ဘဲ အိပ်ရာဝင်လိုက်လည်းရပါတယ်။


 ၅. လက်သေချာဆေးပါ


 လိင်ဆက်ဆံတာပဲဖြစ်ဖြစ် လက်နဲ့ဆန္ဒပြီးမြောက်အောင်လုပ်တာပဲဖြစ်ဖြစ် မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာတော့ လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောရပါမယ်။ လက်ဆိုတာ ပစ္စည်းတွေအကုန်ကိုင်တွယ်အသုံးပြုရတာမို့ ပိုးမွှားမျိုးစုံလည်းကပ်တွယ်နေမှာပါ။ ဒါ့ကြောင့် ကိုယ့်အဖော်ရဲ့လိင်အင်္ဂါကို မထိတွေ့ခင် ရေနဲ့ဆပ်ပြာသုံးပြီး သေချာဆေးဖို့ မမေ့နဲ့နော်။


 ၆. အသုံးပြုတဲ့ Sex Toy တွေကိုသေချာပြန်သန့်စင်ပါ


 စာရေးသူတို့နိုင်ငံမှာတော့ Sex toy တွေအသုံးပြုတာ သိပ်ခေတ်မစားသေးပေမဲ့ ကျန်းမာရေးအရ သိထားသင့်တာမို့ ပြောပြချင်ပါတယ်။ လိင်ဆက်ဆံတဲ့အချိန် အသုံးပြုလိုက်တဲ့ Sex toy တွေမှာလည်း ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုရောဂါတွေ ကပ်ညှိသွားနိုင်တာမို့ သုံးပြီးတာနဲ့ တစ်ခါတည်းဆေးကြောပေးရပါမယ်။ မဆေးကြောဘဲ ထပ်ခါ ထပ်ခါသုံးစွဲတာ၊ တခြားသူတစ်ယောက်နဲ့မျှဝေသုံးစွဲတာမျိုး လုံးဝ(လုံးဝ) မလုပ်ရပါဘူး။ ဆေးကြောသန့်စင်နည်းကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီအလိုက်ကွဲပြားတတ်ပါတယ်။


 ၇. သွေးမှန်မှန်စစ်ပါ


 အကယ်၍ ကိုယ်ကလိင်အပျော်အပါးလိုက်စားတတ်တဲ့သူဖြစ်မယ်ဆိုရင် ကူးစက်ရောဂါပိုးတွေရှိမရှိ သွေးမှန်မှန် စစ်ဆေးဖို့အကြံပေးချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီလိုလိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါအများစုက ရောဂါရှိ နေရင်တောင် ဘာလက္ခဏာမှသိပ်မပြတတ်လို့ပါ။ ဒါ့ကြောင့် သွေးစစ်ဆေးခြင်းကပဲ သေချာသိနိုင်တဲ့ နည်းလမ်း အဖြစ်ရှိနေပါသေးတယ်။ ဒါပေမဲ့ လိင်အင်္ဂါမှာပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုပြလာရင် (ဥပမာ – အနာပေါက် လာတာ၊ အဖုထွက်လာတာ၊ နာကျင်လာတာ၊ အရည်ထွက်တာ) တော့ ဆရာဝန်နဲ့ ချက်ချင်းပြသပါ။


 ရေးသားသူ – Dr.Htoo Tint


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi)

လိင္ဆက္ဆံၿပီးတိုင္း လုပ္ရမွာေလးေတြ




စာေရးသူ 

Dr. Htet Htet Zaw Win 

Hello Sayarwon Panel မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


လိင္ဆက္ဆံၿပီးတိုင္း လုပ္ရမွာေလးေတြ -


 ေယာက်္ားေလးနဲ႕ မိန္းကေလးအတူလိင္ဆက္ဆံၿပီးတဲ့အခ်ိန္မွာ က်န္းမာေရးအတြက္ ဘာေတြလုပ္သင့္လဲ ဆိုတာသိပါသလား။ စိတ္ဆႏၵ ျပင္းျပလို႔အတူေနၿပီးရင္ ေနာက္ဆက္တြဲဂ႐ုစိုက္ရမယ့္ အခ်က္ေလးေတြကို ေျပာျပေပးသြားမွာမို႔ ေလ့လာၾကည့္ပါအုံး။


 ၁. ဆီးသြားလိုက္ပါ


 လိင္ဆက္ဆံခ်ိန္မွာ ဘက္တီးရီးယားပိုးေတြက ဆီးလမ္းေၾကာင္းထဲ ဝင္ေရာက္သြားနိုင္ပါတယ္။ ဆီးမသြားဘဲ ထားလိုက္မယ္ဆို ပိုးေတြပိုပႊားလာၿပီး ဆီးလမ္းေၾကာင္းထဲအထိ ပိုးဝင္သြားနိုင္တဲ့အတြက္ ဆႏၵၿပီးေျမာက္သြားရင္ ဆီးသြားသင့္ပါတယ္။ ဆီးသြားလိုက္တာေၾကာင့္ ဆီးလမ္းေၾကာင္းထဲက ပိုးေတြကို စြန႔္ထုတ္ပစ္လိုက္သလို ျဖစ္သြားေစမွာပါ။ မိန္းကေလးေတြဆိုရင္ေတာ့ ဆီးသြားၿပီးေရျပန္သုတ္ရင္ အေရွ႕(မိန္းမကိုယ္) ကေန အေနာက္ဖက္ (စအို) ကိုသုတ္ပါ။ ဒါမွ ပိုးေတြမပ်ံ့မွာျဖစ္ပါတယ္။


 ၂. ေရေသခ်ာေဆးပါ


 လိင္ဆက္ဆံၿပီးတာနဲ႕ ေရတန္းခ်ိဳးဖို႔ ေျပာတာမဟုတ္ပါဘူး။ ဒါေပမဲ့ လိင္အဂၤါေတြကိုေတာ့ ဆက္ဆံၿပီးတိုင္း ေသခ်ာေဆးေၾကာေပးရပါမယ္။ ဒီလိုေဆးေပးျခင္းက ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကိုလည္း ကာကြယ္ေပးတာ ေၾကာင့္ ဆီးသြားၿပီးတာနဲ႕ ကိုယ့္ရဲ႕လိင္အဂၤါကို တစ္ဆက္တည္း ေဆးေၾကာေစခ်င္ပါတယ္။ ေဆးတဲ့အခါမွာလည္း ေရႏြေးႏြေးေလးနဲ႕ ႏွံ႕စပ္ေအာင္ပြတ္တိုက္ေဆးေၾကာေပးရင္ လုံေလာက္ပါတယ္။


 အေမႊးဆီေတြ၊ ဆပ္ျပာအဆီ ေတြသုံးဖို႔မလိုပါဘူး။ မိန္းကေလးေတြလည္း လိင္ဆက္ဆံၿပီးမိန္းမကိုယ္ထဲအထိ ႏွိုက္ၿပီးဆပ္ျပာဆီနဲ႕ ေဆးေၾကာတာမ်ိဳးမလုပ္သင့္ပါဘူး။ ဒီလိုေဆးေၾကာျခင္းက မိန္းမကိုယ္ထဲမွာ ပုံမွန္အတိုင္းရွိေနသင့္တဲ့ ပိုးေတြကိုပါဖယ္ရွားလိုက္သလိုျဖစ္သြားေစလို႔ပါ။


 လိင္တံထိပ္အေရျပားမျဖတ္ထားတဲ့ ေယာကၤ်ားေလးေတြဆိုရင္ေတာ့ လိင္တံထိပ္အေရျပားအေနာက္ဖက္ကို ညင္ညင္သာသာေလးဆြဲၿပီး လိင္တံထိပ္နဲ႕ အေရျပားၾကားကိုေသခ်ာေဆးေၾကာေပးပါ။


 ၃. ေရမ်ားမ်ားေသာက္ေပးပါ


 တစ္ႀကိမ္ဆီးသြား႐ုံနဲ႕ ပိုးမႊားေတြဖယ္ရွားပစ္ဖို႔ မလုံေလာက္နိုင္ပါဘူး။ ဒါ့ေၾကာင့္ ကိုယ္လက္သန႔္စင္ၿပီးရင္ေရ တစ္ခြက္ထပ္ေသာက္လိုက္ပါ။ ဆီးခဏခဏသြားရေလ ပိုးမႊားေတြပိုသန႔္စင္ေလျဖစ္သလို ေရဓာတ္ျပည့္ဝဖို႔ လည္းအေထာက္အပံ့ျဖစ္ေစပါတယ္။


 ၄. ေခ်ာင္ေခ်ာင္ခ်ိခ်ိ အဝတ္အစားေတြဝတ္ေပးပါ


 Body fit ျဖစ္တဲ့အဝတ္အစားဝတ္ရင္ ေခြၽးပိုထြက္ပါတယ္။ ေခြၽးေအာင္းၿပီးစိုစြတ္ေနတဲ့အေရျပားေပၚမွာ ဘက္တီးရီးယားပိုးေတြနဲ႕ မွိုမ်ိဳးစုံေပါက္ပြားနိုင္တာမို႔ ကိုယ္လက္သန႔္စင္ၿပီးရင္ ေခ်ာင္ေခ်ာင္ခ်ိခ်ိ အဝတ္အစား ေတြဝတ္ၿပီးေနလိုက္တာအေကာင္းဆုံးျဖစ္ပါတယ္။ အတြင္းခံကိုျဖစ္နိုင္ရင္ ခ်ည္သားအတြင္းခံပဲဝတ္ေပးပါ၊ ဒါမွမဟုတ္ အတြင္းခံလုံးဝမ၀တ္ဘဲ အိပ္ရာဝင္လိုက္လည္းရပါတယ္။


 ၅. လက္ေသခ်ာေဆးပါ


 လိင္ဆက္ဆံတာပဲျဖစ္ျဖစ္ လက္နဲ႕ဆႏၵၿပီးေျမာက္ေအာင္လုပ္တာပဲျဖစ္ျဖစ္ မလုပ္ခင္နဲ႕ လုပ္ၿပီးခ်ိန္မွာေတာ့ လက္ကိုဆပ္ျပာနဲ႕ ေသခ်ာေဆးေၾကာရပါမယ္။ လက္ဆိုတာ ပစၥည္းေတြအကုန္ကိုင္တြယ္အသုံးျပဳရတာမို႔ ပိုးမႊားမ်ိဳးစုံလည္းကပ္တြယ္ေနမွာပါ။ ဒါ့ေၾကာင့္ ကိုယ့္အေဖာ္ရဲ႕လိင္အဂၤါကို မထိေတြ႕ခင္ ေရနဲ႕ဆပ္ျပာသုံးၿပီး ေသခ်ာေဆးဖို႔ မေမ့နဲ႕ေနာ္။


 ၆. အသုံးျပဳတဲ့ Sex Toy ေတြကိုေသခ်ာျပန္သန႔္စင္ပါ


 စာေရးသူတို႔နိုင္ငံမွာေတာ့ Sex toy ေတြအသုံးျပဳတာ သိပ္ေခတ္မစားေသးေပမဲ့ က်န္းမာေရးအရ သိထားသင့္တာမို႔ ေျပာျပခ်င္ပါတယ္။ လိင္ဆက္ဆံတဲ့အခ်ိန္ အသုံးျပဳလိုက္တဲ့ Sex toy ေတြမွာလည္း ဘက္တီးရီးယားေတြ၊ ဗိုင္းရပ္စ္ေတြ၊ မွိုေရာဂါေတြ ကပ္ညွိသြားနိုင္တာမို႔ သုံးၿပီးတာနဲ႕ တစ္ခါတည္းေဆးေၾကာေပးရပါမယ္။ မေဆးေၾကာဘဲ ထပ္ခါ ထပ္ခါသုံးစြဲတာ၊ တျခားသူတစ္ေယာက္နဲ႕မွ်ေဝသုံးစြဲတာမ်ိဳး လုံးဝ(လုံးဝ) မလုပ္ရပါဘူး။ ေဆးေၾကာသန႔္စင္နည္းကေတာ့ ထုတ္လုပ္တဲ့ကုမၸဏီအလိုက္ကြဲျပားတတ္ပါတယ္။


 ၇. ေသြးမွန္မွန္စစ္ပါ


 အကယ္၍ ကိုယ္ကလိင္အေပ်ာ္အပါးလိုက္စားတတ္တဲ့သူျဖစ္မယ္ဆိုရင္ ကူးစက္ေရာဂါပိုးေတြရွိမရွိ ေသြးမွန္မွန္ စစ္ေဆးဖို႔အႀကံေပးခ်င္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုရင္ ဒီလိုလိင္မွတစ္ဆင့္ကူးစက္တဲ့ေရာဂါအမ်ားစုက ေရာဂါရွိ ေနရင္ေတာင္ ဘာလကၡဏာမွသိပ္မျပတတ္လို႔ပါ။ ဒါ့ေၾကာင့္ ေသြးစစ္ေဆးျခင္းကပဲ ေသခ်ာသိနိုင္တဲ့ နည္းလမ္း အျဖစ္ရွိေနပါေသးတယ္။ ဒါေပမဲ့ လိင္အဂၤါမွာပုံမွန္မဟုတ္တဲ့ လကၡဏာတစ္ခုခုျပလာရင္ (ဥပမာ အနာေပါက္ လာတာ၊ အဖုထြက္လာတာ၊ နာက်င္လာတာ၊ အရည္ထြက္တာ) ေတာ့ ဆရာဝန္နဲ႕ ခ်က္ခ်င္းျပသပါ။


 ေရးသားသူ Dr.Htoo Tint


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


No comments: