Thursday, January 13, 2022
ရှောင်ရှားသင့်သော အီးစီးကရက်
ရှောင်ရှားသင့်သော အီးစီးကရက် 
===================
#ဆောင်းပါးရှင်_ပေါက်ပေါက် 
#E_Cigarette
#Smoking_Habits
(E_စီးကရက်ဆိုသည့်စကားလုံးကို ယနေ့ခေတ်လူငယ်တွေကြားမှာ ကြားကြားနေရတဲ့စကားလုံးတစ်လုံးပါ။ စီးကရက်၊ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေဖွာမယ့်အစား E_စီးကရက် တစ်မျိုးမျိုးကိုဖွာရှိုက်ခြင်းဖြင့် အဆုတ်ကျန်းမာရေးကို မထိခိုက်စေဖူးလို့ယူဆတာကြောင့် ရော၊ ဆေးလိပ်ဖြတ်မယ်ဆိုသော ရည်ရွယ်ချက်များကြောင့်ရော ခေတ်စားလာတယ်လို့ယူဆရပါတယ်။ သို့သော်လည်း အဆုတ်ကျန်းမာရေးကို အမှန်တကယ် မထိခိုက်စေဘူးလားသိရအောင် အောက်ပါဆောင်းပါးကို ဖတ်ကြည့်ကြပါဦး။)
အီးစီးကရက်။
အီးစီးကရက်ဆိုသည်မှာ အီလက်ထရွန်းနစ်စနစ်နှင့် ပြုပြင်ဖန်တီးထားသော စီးကရက်ကဲ့သို့ အငွေ့ထွက်စေသည့် ပစ္စည်းတစ်ခုဖြစ်ပါသည်။ အီးစီးကရက်ဟုခေါ်သော်လည်း ပုံမှားရိုက်ထားသည့် စီးကရက်တစ်ခုသာဖြစ်သည်။ စီးကရက်ပုံသဏ္႑ာန်နှင့် တူအောင်ပြုလုပ်ထားပြီး မူလထုတ်လုပ်သူ၏ ရည်ရွယ်ချက်မှာ စီးကရက်စွဲလမ်းနေသူများကို စီးကရက်ပြတ်စေလိုသည့် သဘောဖြင့် စီးကရက္ကို မီးရှုရှိုက်ရာတွင်ပါ၀င်သည့် နီကိုတင်းကို အခြားနည်း လမ်းတစ်ခုဖြင့် အစားထိုးပေးသည့် ကိရိယာတစ်မျိုးအဖြစ် တီထွင်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
အီးစီးကရက်ထုတ်လုပ်သော ရည်ရွယ်ချက်မှာ ဆေးလိပ်စွဲ လမ်းနေသောသူများကို စီးကရက်ပြတ်စေရန် ဖြစ်သော်လည်း အမှန်စင်စစ်မပြတ် နိုင်ဘဲ၊ စီးကရက်သောက်ဖို့ အစပျိုးနေခြင်းမျှသာ ဖြစ်နေကြသည်။ ၄င်းစီးကရက်ကို ၂၀၀၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တရုတ်နိုင်ငံတွင် ထုတ်လုပ်ရောင်းချလာ ခဲ့ကြပြီး ဆယ်စုနှစ်အတွင်း အီးစီးကရက်သောက်သုံးသူ ပိုများပြားလာသည်။ လက်ရှိ ဗြိတိန်နိုင်ငံတစ်ခုတည်းမှာပင် အီးစီးကရက်သောက်သူ သုံးသန်း ကျော် ရှိနေပါသည်။ လေ့လာမှုမှတ်တမ်းများအရ သောက်သုံးသူတွေမှာလည်း တစ်ယောက်မျှ ဆေးလိပ်ပြတ်သွားခြင်းမရှိဘဲ၊ ဆက်လက်သောက်နေကြ သည့်အတွက် အောင်မြင်ခြင်းမရှိကြောင်း တွေ့ရပါသည်။ 
အီးစီးကရက်တွင်ပါ၀င်သော ဓာတုပစ္စည်းများ။
အီးစီးကရက်တွင် ဓာတုပစ္စည်းပါ၀င်မှု အချိုးအစားများကို အတိအကျဖော်ပြထားခြင်း မရှိသော်လည်း၊ ထိုအီးစီးကရက်ထဲတွင် အောက်ဖော်ပြပါ ဓာတုအမျိုးအမည်များ ပါရှိကြောင်းတွေ့ရပါသည်။
         Benzene (ခေါ်) စက်မှုလုပ်ငန်းသုံးရည် တစ်မျိုးပါရှိနေပြီး ၄င်းဓာတုပစ္စည်းအား ရေနံစိမ်းမှ ချက်လုပ်ထားခြင်းဖြစ်ပါသည်။
         Arsenic (ခေါ်) အဆိပ်တစ်မျိုး ပါရှိနေပြီး ၄င်းပစ္စည်းကို သစ်သားထည်များ ကြာရှည်ခံအောင် ထိန်းသိမ်းရာတွင် အသုံးပြုလေ့ရှိပါသည်။
         Cadmium (ခေါ်) ဓာတုပစ္စည်းတစ်မျိုး ပါရှိနေပြီး ၄င်းကို ဘက်ထရီများထုတ်လုပ်ရာတွင် အသုံးပြုပါသည်။
         Lead (ခေါ်) ခဲဓာတ်ပါရှိပြီး ၄င်းကိုလည်း ဘက္ထရီမ်ား ထုတ် လုပ်ရာတွင် အသုံးပြုပါသည်။
         Formaldehyde ပါရှိနေပြီး၊ ၄င်းဓာတ်ငွေ့ကို ရင်ခွဲရုံများ၊ ရေခဲတိုက်များ နှင့် သုတ်ဆေးများ ထုတ်လုပ်ရာတွင် အသုံးပြုပါသည်။
         Polonium 210 (ခေါ်) ရေဒီယိုသတ္တိကြွပစ္စည်း တစ်မျိုးကို ထည့်သုံးထားပါသည်။
         Chromium (ခေါ်) ဓာတုဆေးတစ်မျိုးပါရှိပြီး ၄င်းကို ဆိုးဆေး၊ သုတ်ဆေးများနှင့် သတ္တုစပ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုလေ့ရှိ ပါသည်။
         Butadiene (ခေါ်) ဓာတုပစ္စည်းပါရှိနေပြီး ၄င်းကို ရော်ဘာထုတ်လုပ်ရာတွင် အသုံးပြုပါသည်။
         Nickel (ခေါ်) ဓာတုစ္စည်းတစ်မျိုးပါရှိနေပြီး ၄င်းကို သတ္တုထည်များအား သံချေးတက်ခြင်းမှ ကာကွယ်ရန် အသုံးပြုပါသည်။ 
         Vinyl Chloride (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိနေပြီး ၄င်းကို ပလပ်စတစ်နှင့် ဗီနိုင်းများ ထုတ်လုပ်ရာတွင် အသုံးပြုပါသည်။
         Beryllium (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိနေပြီး ၄င်းကို အဏုမြူဓာတ်ပေါင်းဖိုများတွင် အသုံးပြုပါသည်။
         Ethylene oxide (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိနေပြီး ၄င်းကို ဆေးရုံသုံးပစ္စည်းများအား ပိုးသတ်ရာတွင် အသုံးပြုပါသည်။
         Polycyclic (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိနေပြီး ၄င်းသည် DNA ပျက်စီးစေသော ဓာတုပစ္စည်း ဖြစ်ပါသည်။
         Ortho Toluidine (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိနေပြီး ၄င်းကို ပေါင်းသတ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုပါသည်။ 
အနောက်နိုင်ငံများ နှင့် အီးစီးကရက်စွဲလမ်းခြင်းပြဿနာ။
လတ္တေလာ စမ်းစစ်မှုမှတ်တမ်းများအရ အီးစီးကရက်သောက်သုံးခြင်းနှင့် ဆက်နွှယ်သည့် အဆုတ်ရောဂါ ဖြစ်ပွားသူ အရေအတွက် သည် ၈၀၅ ဦးအထိ ရှိလာနေပြီဖြစ်ပြီး ၁၂ ဦးမွာ သေဆုံးသွားကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ (CDC) က ဖော်ပြထားပါသည်။ အဆိုပါရောဂါသည် ယခုအခါတွင် အမေရိကန်၏ အပျိုစင်ကျွန်းကဲ့သို့သော နေရာများအပါအ၀င် ပြည်နယ် (၄၆) ပြည်နယ်တွင် ဖြစ်ပွားနေသည်ဟု သိရပါ သည်။ ထူးခြားဆန်းပြားသည့်ဖျားနာမှုကြောင့် ပြည်နယ် (၁၀) ခုတို့တွင် သေဆုံးမှုများ ဖြစ်ပွား ခဲ့ပါသည်။ ကယ္လီဖိုးနီးယား နှင့် ကန်းနက်စ်ပြည်နယ်တို့တွင် လူနှစ်ဦး သေဆုံးခဲ့ပြီး ဂျော်ဂျီယာ၊ ဖလော်ရီဒါ၊ အီလီနွီုက်စ်၊ အိန္ဒီယာနာ၊ မင်နက်ဆိုတာ၊ မစ္စရီ၊ မစ္စစပီ နှင့် အိုရီဂွန် ပြည်နယ်တို့တွင်လည်း သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
CDC က ရောဂါဖြစ်ပွားသူ ၃၇၃ ဦးတို့၏ အသက်အရွယ်နှင့် က်ားမ အချက်အလက်များကို ထုတ်ပြန်မှု အရ ဖြစ်ပွားသူများ၏ ၇၂ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ကြပြီး ၆၄ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်မှ ၃၄ နှစ်အတွင်း အရွယ်များ ဖြစ်ကြသည်ဟု သိရပါသည်။ အျခား ၁၆ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်အောက် အရွယ်များဖြစ်သည်ဟု သိရသည်။ လူနာအမ်ားစု၏ ဆရာ၀န်များအားပြောကြား ချက်အရ ၄င်းတို့သည် ဆေးခြောက်ပါ၀င်သည့် အီးစီးကရက်များကိုသောက်သုံးသည့် ရာဇ၀င်ရှိကြောင်းနှင့် လူနာများစွာတို့က ဆေးခြောက်နှင့် နီကိုတင်းဓာတ်ပါ၀င်သည့် အီးစီးကရက်များကို သောက် သုံးသည်ဟု ပြောကြားပြီး အချို့က နီကိုတင်းဓာတ် တစ်ခုတည်းသာပါ၀င်သည့် အီးစီးကရက်ပစ္စည်းများကို သုံးစွဲသည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။ 
ကမ်ဘာ့ကျန်းမာရေးအဖွဲ့၏ တိုက်တွန်းချက်။
ကမ်ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး ကွန်ဗီးရှင်းအဖွဲ့အစည်းများညီလာခံတွင် အီးစီးကရက္ကို နိုင်ငံအများအပြားတွင် သုံးစြဲလာ မှုနှင့်ပတ်သက်၍ ၂၀၁၀ ပြည့်နှစ်က စတင်လေ့လာမှုများပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သော ငါးကြိမ်မြောက် အဖွဲ့၀င် နိုင်ငံများ ညီလာခံတွင် အီးစီးကရက်ဆိုင်ရာ အစီရင်ခံစာ တင်ပြခဲ့ပြီးဖြစ်ကြောင်း နှင့် ထိုအစီရင်ခံစာအရ ကွန်ဗင်းရှင်းအဖွဲ့၀င်နိုင်ငံများ အနေဖြင့် အီးစီးကရက် နှင့် ဆက်စပ်ပစ္စည်း မ်ားကို ပြည်တွင်းသို့ တင်သွင်းခွင့် လုံး၀ပိတ်သိမ်းရန် နှင့် ပြည်တွင်း၌အသုံးပြုခြင်းကိုလည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ထိန်းချုပ်သည့် အတိုင်း ပြင်းပြင်းထန်ထန် အတိုင်းအတာ တစ္ခုအထိ ထိန်းချုပ်မှု၊ ကန့်သတ်မှုများ ထားရှိဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရသည်။ ထို့ပြင် ၄င်းကို သုံးစွဲသူများသည် အီးစီးကရက်ဆေးရည် အမျိုးမျိုး ထည့်သွင်းအသုံးပြုခြင်းအပြင် ဆေးခြောက်နှင့် အခြားမူးယစ်စေတတ်သော အရာမ်ားကိုပါ ထည့် သွင်းအသုံးပြုသောက်ရှု နိုင်သဖြင့်မူးယစ်ဆေးဝါးစွဲလန်းမှုနှင့် နောက်ဆက်တွဲပြဿနာများကိုပါ ဖြစ်ပွားစေနိုင်ကြောင်း အဆိုပါစီးကရက်များအား ပြည်ပ နိုင်ငံ အချို့တွင်လည်း သောက်သုံးရန် မသင့်သည့်အတွက် အရေးယူသည်အထိ စည်းကမ်းချက်များထုတ်ကာ တားမြစ်ထားကြောင်း သိရပါသည်။
ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်တားမြစ်ချက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ မြန်မာနိုင်ငံအတွင်း စီးကရက်အပါအ၀င် ဆေးလိပ်နှင့် ဆေး ရွက်ကြီးထုတ်ကုန်များကဲ့သို့ အီးစီးကရက်မှာလည်း သုံးစြဲသူကို စွဲလမ်းစေတတ်သော နီကိုတင်းဓာတ်များ လွန်ကဲစွာပါ၀င်နေသဖြင့် ကျန်းမာရေးကို ဆိုးဆိုး ရွားရွား ထိခိုက်စေနိုင်ကြောင်း တွေ့ရသည့်အတွက် အီးစီးကရက်များ သုံးစွဲခြင်းအား လုံး၀ တားမြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ ထို့ပြင် မြန်မာနိုင်ငံတွင်း လတ္တေလာ အသစ်ပြင်ဆင်နေသည့် ဆေးလိပ် နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေတွင် အီးစီးကရက်နှင့်ရေပြောင်း သုံးစှဲမှုမြားထျိနျးခြုပျရေး တို့ကိုပါ ထည့်သွင်းလုပ်ဆောင်နေကြောင်း သိရသည်။
အီးစီးကရက် နှင့် အဆုတ်ကင်ဆာ။
          အမေရိကန်နိုင်ငံတွင် အီးစီးကရက်သောက်ခြင်း နှင့် ဆက်စပ်သော နာမကျန်းဖြစ်သူ ၁,၂၉၉ ဦးရှိပြီး ၂၆ ဦး သေဆုံးကြောင်း အတည်ပြုထားသည်။ ၄င်းနာမကျန်းဖြစ်မှုသည် THC (ခေါ်) ဆေးခြောက်၌ပါ၀င်သော ဓာတ်တစ်မျိုး အသုံးပြုထားသည့် အီးစီးကရက် ဆေးရည်များကြောင့်ဖြစ်ကြောင်း လေ့လာ တွေ့ရှိရသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလဆန်းပိုင်းတွင် အမေရိကန်ရှိ သုတေသီများက ကြွက်များအား အီးစီးကရက်အငွေ့များဖြင့် လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါလေ့လာမှုအတွင်း ကြွက်များကို သီတင်းတစ်ပတ် လျှင် နာရီ ၂၀ ကြာ၊ သီတင်းပတ် ၅၄ ပတ်အထိ နီကိုတင်းပါ၀င်သော အီးစီးက ရက် အခိုးအငွေ့များနှင့် ထိတွေ့စေပြီးနောက် ကြွက်များ ၏ ၂၂ ဒသမ ၅ ရာခိုင်နှုန်းတွင် အဆုတ်ကင်ဆာတစ်မျိုး ဖြစ်ပွားကြောင်း တွေ့ရှိခဲ့ပါသည်။ အခြားကြွက်အုပ်စုတစ်ခုကို နီကိုတင်းမပါ သော အီးစီးကရက်အငွေ့များဖြင့် ယင်းအချိန်အတိုင်းပင် ထိတွေ့စေခဲ့သော်လည်း အဆုတ်ကင်ဆာ မျဖစ္ပြား ကြောင်း လေ့လာတွေ့ ရှိရသည်။ ထို့ကြောင့် ကြွက်များ၌ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်မြင့်မားရခြင်း၏ အကြောင်းရင်းသည် နီကိုတင်းကြောင့်ဖြစ်သည်ဟု နယူးယောက်တက္ကသိုလ်မှ သုတေသီများက ယူဆထားကြပါသည်။ 
အီးစီးကရက်၏ ဘေးထွက်ဆိုးကျိုးများ။
အီးစီးကရက်ငွေ့ပါ၀င်သော ဓာတုပစ္စည်းများသည် ရေရှည်တွင် အဆုတ်ကိုထိခိုက်ပျက်စီးစေနိုင်သကဲ့သို့ နောက်ဆက်တွဲ ကင်ဆာရောဂါများကို လည်း ဖြစ်ပွားစေနိုင်ပါသည်။ အီးစီးကရက်အရည် (Vape)ကို မတော်တဆသောက်မိခြင်း၊ တိုက်ရိုက်ရှုမိခြင်း၊ မျက်စိထဲ၀င်ရောက်ခြင်း နှင့် အရေပြားပေါ် ထိခြင်းတို့ကြောင့် အန္တရာယ်ဖြစ်စေပြီး ကလေးငယ်များတွင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ အီးစီးကရက်သောက်သုံးသူများထံမှ ထြက္လာ သော အငွေ့များသည် ပတ်၀န်းကျင်မှ လူမ်ားကို ရှုမိစေခြင်းများ ကြောင့် တစ်ဆင့်ခံစီးကရက်မီးခိုးငွေ့ ရှုရှိုက်ရသကဲ့သို့ပင် အလားတူဆိုးကျိုးများကို ခံစား ရနိုင်ပါသည်။ အထူးသဖြင့် ကိုယ်၀န်ဆောင် မ်ား၊ ကေလးငယ္မ်ား နှင့် သက်ကြီးရွယ်အိုများအတွက် ၄င်းတစ်ဆင့်ခံ အီးစီးကရက်မီးခိုးငွေ့များက ကြီးစွာ သော ဘေးအန္တရာယ်ဖြစ်စေ နိုင်ပါသည်။ ထို့ပြင် သုံးစြဲသူကို စွဲလန်းစေတတ်သော နီကိုတင်းဓာတ်များ လွန်ကဲစွာပါ၀င်နေခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများ အနေဖြင့် (အထူးသဖြင့်လူငယ်များတွင်) ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း၊ အာရုံစူးစိုက်မှုကို ကျဆင်းသွားခြင်း၊ သင်ယူနိုင်စွမ်းရည် နည်းပါး လာခြင်း စသည်တို့ဖြစ်ပေါ်စေနိုင်ပါသည်။ အီးစီးကရက်အတွင်းရှိ ဘက်ထရီပေါက်ကွဲခြင်းမှ ပြင်းထန်သော ထိခိုက်ဒဏ်ရာရခြင်း သင်ခန်းစာများကိုလည်း ကြားသိတွေ့မြင်နေရသည်။ သို့ပါ၍ အီးစီးကရက်များကို ရှောင်ရှားနိုင်ကြ ပါစေရန် သတိပေးတိုက်တွန်း လိုက်ရပါသည်။
အချုပ်အားဖြင့် အီးစီးကရက်သောက်၍ လုံး၀ ဆေးလိပ်မပြတ်နိုင်ပါ။ အီးစီးကရက္က ဆေးလိပ်စွဲလမ်းနေသောသူများကို စိတ်အာသာ ပြေရုံမျှ သာဖြစ်ပြီး အမှန်စင်စစ်မပြတ်နိုင်ဘဲ ဆေးလိပ်၊ ဆေးရွက်ကြီးသောက်ဖို့ အစပျိုးနေခြင်းသာဖြစ်ပါသည်။ ယနေ့ကမ်ဘာတွင် ခြောက်စက္ကန့်တိုင်းမှာ လူ တစ်ဦးနှုန်း ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများကြောင့် သေဆုံးနေကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ်ဘာ့နိုင်ငံများက ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုလျော့ကျရန် အခွန်တိုးမြှင့်ခြင်းနှင့်အတူ အသိပညာပေးလုပ်ငန်းများကို လည်း မီဒီယာဘက်ပေါင်းစုံဖြင့် နှိုးဆော်မှုများပြုလုပ်နေကြ သည်။ သို့ပါ၍ မိမိကိုယ္ကို တကယ်ချစ်လျှင်၊ မိသားစုကို စောင့်ရှောက်လို စိတ်ရှိပါလျှင် နီကိုတင်းပါသော (သို့မဟုတ်) နီကိုတင်းကို အခြေခံထားသော မည်သည့်အရာကိုမျှ စွဲလန်းဆုပ်ကိုင်ခြင်း မပြုကြပါရန် အကြံပြုလိုက်ရပါသည်။
စေတနာများစွာဖြင့်
ပေါက်ပေါက် (Tin Htet Htet Zaw တင်ထက်ထက်ဇော်)
(Zawgyi) 
===================
#E_Cigarette
#Smoking_Habits
အီးစီးကရက်။
         Lead (ခေါ်) ခဲဓာတ်ပါရှိပြီး ၄င်းကိုလည်း ဘက်ထရီများ ထုတ် လုပ်ရာတွင် အသုံးပြုပါသည်။
CDC က ရောဂါဖြစ်ပွားသူ ၃၇၃ ဦးတို့၏ အသက်အရွယ်နှင့် ကျားမ အချက်အလက်များကို ထုတ်ပြန်မှု အရ ဖြစ်ပွားသူများ၏ ၇၂ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ကြပြီး ၆၄ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်မှ ၃၄ နှစ်အတွင်း အရွယ်များ ဖြစ်ကြသည်ဟု သိရပါသည်။ အခြား ၁၆ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်အောက် အရွယ်များဖြစ်သည်ဟု သိရသည်။ လူနာအများစု၏ ဆရာဝန်များအားပြောကြား ချက်အရ ၄င်းတို့သည် ဆေးခြောက်ပါဝင်သည့် အီးစီးကရက်များကိုသောက်သုံးသည့် ရာဇ၀င်ရှိကြောင်းနှင့် လူနာများစွာတို့က ဆေးခြောက်နှင့် နီကိုတင်းဓာတ်ပါဝင်သည့် အီးစီးကရက်များကို သောက် သုံးသည်ဟု ပြောကြားပြီး အချို့က နီကိုတင်းဓာတ် တစ်ခုတည်းသာပါဝင်သည့် အီးစီးကရက်ပစ္စည်းများကို သုံးစွဲသည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တိုက်တွန်းချက်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး ကွန်ဗီးရှင်းအဖွဲ့အစည်းများညီလာခံတွင် အီးစီးကရက်ကို နိုင်ငံအများအပြားတွင် သုံးစွဲလာ မှုနှင့်ပတ်သက်၍ ၂၀၁၀ ပြည့်နှစ်က စတင်လေ့လာမှုများပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သော ငါးကြိမ်မြောက် အဖွဲ့ဝင် နိုင်ငံများ ညီလာခံတွင် အီးစီးကရက်ဆိုင်ရာ အစီရင်ခံစာ တင်ပြခဲ့ပြီးဖြစ်ကြောင်း နှင့် ထိုအစီရင်ခံစာအရ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အီးစီးကရက် နှင့် ဆက်စပ်ပစ္စည်း များကို ပြည်တွင်းသို့ တင်သွင်းခွင့် လုံးဝပိတ်သိမ်းရန် နှင့် ပြည်တွင်း၌အသုံးပြုခြင်းကိုလည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ထိန်းချုပ်သည့် အတိုင်း ပြင်းပြင်းထန်ထန် အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်မှု၊ ကန့်သတ်မှုများ ထားရှိဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရသည်။ ထို့ပြင် ၄င်းကို သုံးစွဲသူများသည် အီးစီးကရက်ဆေးရည် အမျိုးမျိုး ထည့်သွင်းအသုံးပြုခြင်းအပြင် ဆေးခြောက်နှင့် အခြားမူးယစ်စေတတ်သော အရာများကိုပါ ထည့် သွင်းအသုံးပြုသောက်ရှု နိုင်သဖြင့်မူးယစ်ဆေးဝါးစွဲလန်းမှုနှင့် နောက်ဆက်တွဲပြဿနာများကိုပါ ဖြစ်ပွားစေနိုင်ကြောင်း အဆိုပါစီးကရက်များအား ပြည်ပ နိုင်ငံ အချို့တွင်လည်း သောက်သုံးရန် မသင့်သည့်အတွက် အရေးယူသည်အထိ စည်းကမ်းချက်များထုတ်ကာ တားမြစ်ထားကြောင်း သိရပါသည်။
စေတနာများစွာဖြင့်
No comments: